RSS

သေသောက်ကြူး သော်လည်း နတ်ပြည်ရောက် ` သရဏဥပါသကာ´ အကြောင်း

သေသောက်ကြူး သော်လည်း နတ်ပြည်ရောက် ` သရဏဥပါသကာ´ အကြောင်း

ယနေ့ခရစ်ယာန်များနှင့်ပါတ်သက်၍ မကောင်းကြောင်းအထွေထွေရေးသားကာ ပုတ်ခတ်နေကြသော်လည်း၊ မိမိ၏အဖြစ်ကို မိမိမမြင် မိမိဘာသာတရားကိုတော့ဖြင့် အပြစ်မရှိဟု့ထင်နေကြသော သူများအတွက် `အရက်သမားပင် ငရဲမှ လွတ်ကြောင်း´ ဗုဒ္ဓစာပေတွင် တွေ့ရပါကြောင်း တင်ပြလိုက်ပါရစေ။
၎င်းမှာ ဗုဒ္ဓဘာသာလက်စွဲ ( သာသနာရေးဦးစီးဌာနမှ ထုတ်ဝေသော စာမျှက်နှာ ၅၃-၅၄ တွင်ဖေါ်ပြထားးပါသည့် အတိုင်းပင်ဖြစ်သည်) ကျမ်းမှဖြစ်ပြီး အရက်သေစာ သောက်စားသူပင် ဖြစ်လင့်ကစား ဗုဒ္ဓဘာသာဝင်ဖြစ်သောကြောင့် ကောင်းရာမွန်ရာ ရောက်ရသည်ဆိုသော အဖြစ်သည် ၊ ခရစ်ယာန်၏ ကျေးဇူးတရားကို မကောင်းဖေါ်ဆောင်သော သူများအတွက် အဖြေ ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ ကိုရွှေအလိမ်အညာ ကြောင်သူတော်များ၏ မှိုင်းမိနေသော သူများအတွက်လည်း ဖြေဆေးဖြစ်ပေမည်ဖြစ်သောကြောင့် ဤအရာကို ရေးသားလိုက်ရခြင်းဖြစ်သည်၊ ဖြစ်ပုံမှာ……………
ဘုရားရှင် လက်ထက်တော်၌ ဘုရားရှင်၏ ဆွေတော် အမျိုးသား တစ်ယောက်သည် အရက်သေစာကို လူမှန်းသိတတ်သည့် အရွယ်မှစ၍ မပြတ်မလပ် သောက်စားလေ့ရှိခဲ့သည်။ ထိုသို့ အရက်သေစာ သောက်စားလေ့ရှိသော်လည်း ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးအပေါ်၌ ယုံကြည်အားထားသည့်စိတ်ကား လွန်စွာကြီးမားခိုင်မာလှ၏။ အဘယ်မျလောက်ကြီးမားသနည်းဟူမူ……..
တစ်ဦးတစ်ယောက်က `` သင်သည် ဘုရားကို ဘုရားမဟုတ်ဘူး။ တရားကို တရားမဟုတ်ဘူး။ သံဃာကို သံဃာမဟုတ်ဘူးလို့ ပြောလျှင်ပြော၊ မပြောလျှင် သင်၏ဦးခေါင်းကို ဖြတ်ပစ်မည်´´ ဟု ဆိုခဲ့လျှင်`` သင်ဖြတ်လိုဖြတ်ပါ။ ငါ့အနေဖြင့် ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကို တရားမဟုတ်ဘူး၊ သံဃာကို သံဃာမဟုတ်ဘူးဟု အဘယ်နည်းနှင့်မျှ မပြောဝံ့ပါ´´…
ဟူ၍ပြန်ပြောနိုင်စွမ်းသည်အထိ ရတနာ သုံးပါးအပေါ်၌ ယုံကြည်အားထားသည့် စိတ်ဓါတ် ကြီးမားလွန်းသည့် အတွက်ကြောင့်လည်း ထိုအမျိုးးသား၏ အမည်ကို အများက `` သရဏဥပါသကာ´´ဟု ခေါ်ခဲ့ကြသည်။
``ထိုသရဏဥပါသကာ´´ ခေါ် သေသောက်ကြူးအမျိုးသားသည် ထိုဘ၀မှ သေလွန်သည် ရှိသော် ရတနာ သုံးပါးအပေါ် အသက်စွန့်၍ ယုံကြည်အားထားသော သရဏဂုံစိတ်ကြောင့် နတ်ပြည်သို့ လားရောက်ရလေသည်။
ဤသို့ နတ်ပြည်ရောက်ရကြောင်းကို ဘုရားရှင်က ဟောပြောတော်မူရာ သရဏဥပါသကာသည် ဘ၀တစ်လျှောက်လုံး အရက်သေစာ သောက်စားလာခဲ့သူ ဖြစ်ပါလျှက် သေသည့်အခါ နတ်ပြညသို့ ရောက်သွားသည်ဆိုသော ဘုရားရှင်၏ ဟောကြားချက်ကို ဆွေတော်မျိုးတော် အားလုံးက မယုံကြည်နိုင်ဖြစ်ကြသည်။ အချင်းချင်းစုမိတိုင်း ပြောဆိုကြ၍ မြတ်စွာလုရားအား ကဲ့ရဲ့ပြစ်တင်ကြတော့သည်။ ဤအကြောင်းကို ဘုရားရှင်၏ ဘထွေးတော် ``မဟာနာမ်´´ သာကီဝင်မင်းက ကြားရသည့်အတွက် ဘုရားရှင်အား လျှောက်ထားရာ…………
မဟာနာမ် ….. ရတနာ သုံးပါး၌ မတုန်မလှုပ် သက်ဝင် ယုံကြည်သူ ``သရဏဥပါသကာ´´ သည် သေဆုံးသည့်နှင့် တပြိုင်နက် သောတာပန် အဖြစ်ရောက်ပြီး နတ်ပြည်သို့ ရောက်သွားရခြင်းမှာ မှန်ပေသည်။ ``ရတနာ သုံးပါး၏ ဂုဏ်တော် ကျေးဇူးတော်များက အတိုင်းမသိ ကြီးကျယ်မြင့်မြတ်ခြင်း ရတနာ သုံးပါးအပေါ် အသက်စွန့်၍ မတုန်မလှုပ် ယုံကြည်သော သဒ္ဓါတရား ထားရှိခြင်း´´ ဟူသော အကြောင်းတို့ကြောင့် သေရည် သေရက် သောက်စားသော အကုသိုလ်အား အစွမ်းးသည် သရဏဂုံတည်ခြင်း၏ ကုသိုလ်စွမ်းအားကို ကာဆီးတားမြစ်ခြင်း မပြုနိုင်……… ဟူ၍ ဘုရားရှင်က ပြန်လည် မိန့်တော်မူခဲ့ပါသည် ( သံ၊ ၂။၃၂၆)။
ကျေးဇူးတရားကြောင့် ``ခရစ်ယာန် ယုံကြည်သူများ ကောင်းကင်နိုင်ငံရောက်သည်ကို ´´ ရှင်ဥက္ကဌ ကရေးသားသော အရာကို ကိုရွှေအလိမ်အညာများက သဘောအကျကြီးကျကာ ၀မ်းသားလုံးစို့နေကြသော်လည်း ရှင်တော်ဂေါတမက သူ၏ အမျိုး အရက်သေစာ လှော်စာ သမားကြီးကိုပင် အရက်သောက်က အပါယ်ကျမည် ဟောပြောနေပြီး ( သူရာမေရယ မဇ္ဖပမါဒ ဌာနံဝေရာမဏိ သိက္ခာပဒံ သမာဓိယာမိ ) သူ၏ အမျိုးတော် ငယ်စဉ်ကပင် အရက်ချိုး အရက်သမား ကိုတော့ဖြင့် နတ်ပြည်၌ နတ်စည်းစိမ်ကိုပင် ခံစားနေကြောင်း ပြောခဲ့ပါသည်။
ဤနေရာတွင် ကိုရွှေကြောင်သူတော်များ စကားအတိုင်း ဖြေနိုင်သော ကြောင်သူတော်ရှိက ဖြေပေးပါရန် ရေးသားလိုက်ရပါသည်၊
ကိုယ့်အဖြစ်ကို ကိုယ်မမြင်သော ကြောင်သူတော်များအား ``မေတ္တာလမ်းစဉ်အတိုင်´´ ဟောဖေါ်ပြညွန်နိုင်ကြပါစေသော်ဝ်။ အရက်သမားပင် နတ်ပြည်ရောက်နိုင်က ငရဲကျရန် ဤလောက၌ အကြောင်းအရင်းမရှိတော့ပါလေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာ့ အများဆုံး အမွှာမိခင် ပဒုမ္မာဒေ၀ီ။

ပဒုမ္မာဒေ၀ီ ကိုလည်း မမေ့သင့်ကြောင်း ဤကဏ္ဍမှ တင်ပြလိုက်ပါရစေ၊ ယနေ့ အမွှာပူးမွေးဖွားခြင်းတွင် ၊ ဟော တစ်ယောက်၊ ဟောတစ်ယောက်ဖြင့် ကမ္ဘာ့သမိုင်းတွင် စံချိန်တင်ရန် ကြိုးစားနေကြသော်လည်း။ ယနေ့ မြန်မာ့ အမွေအနှစ်ဖြစ်သော ဓမ္မစာပေတွင်ကား ` ပဒုမ္မာဒေ၀ီ´´သည် ကား သားငါးရာကိုပင် မွေးဖွားပေးနိုင်သော အမျိုးသမီးပင်ဖြစ်သည်ကို၊ အားလုံးကိုစား သမိုင်းတွင် ရန်ရေးသားအသိပေး၊ နှိုးဆော်လိုက်ရပေသည်။
ယနေ့ ခရစ်ယာန် ဘာသာနှင့် စပ်ဆိုင်၍ကား နှာဘူး ``ဆန်းလွင်´´ ( ယခု ဘုန်းကြီး ၀တ်နေသူ) ကပင် ၊ Roman Catholic မှအမျိုးသမီးတစ်ယောက်ကိုပင် သွားပြီး ၀ိုက်၍ မရသောအခါ မေတ္တာမပါ ရေးသား လုပ်ကြံကာ၊ မတရား ရေးသားထုတ်ဝေသော စာအုပ်ကိုပင်၊ တကယ့် အဟုတ်ကြီးထင်ကာ အထွဋ်အမြတ်ထားကာ၊ ရိုးသားသော ခရစ်ယာန်များအား ဝေဖန်တိုက်ခိုက်ကာ ပြုကြခြေသော်လည်း။ သူတို့၏ ဇာတ်တော်၊ လုပ်တော်တွေကိုကား တချက်မျှပင် ငဲ့စောင့်မကြည့်အားတော့ပေ။

ပဒုမ္မာဒေ၀ီ သည် တကယ်ပင် ကလေးပေါင်း ၅၀၀ ကိုမွေးဖွား ပေးနိုင်ပါမည်လား၊ မမွေးဖွားနိုင်သည်ကို၎င်း စဉ်းစားချင့်ချိန်ရန်ပင် မရှိလောက်အောင် မောဟ အားကြီးနေကြရလေသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာ့ ကမ္ဘာအစ။

ကမ္ဘာဦး လူသားတို့မှာ ကိလေသာ နည်းပါးသူများဖြစ်ကြသည်၊ နတ်၊ ဗြဟ္မာနှင့် မခြား ကိုယ်ရောင် ကိုယ်ဝါရှိပြီး ကောင်းကင်၌ သွားနိုင်ကြသည်။ ယင်း ကမ္ဘာဦး လူသားများအထဲမှ လျှပ်ပေါ်လော်လီသည့် လူတယောက်သည် အနံ့အရသာနှင့် ပြည့်စုံသော မြေသလင်းခဲကို စုံစမ်းသည့်အနေဖြင့် လျှက်ကြည့်မိသည်၊ ရသ တဏှာဖြစ်ပေါ်လာ၍ ထပ်ကာထပ်ကာ စားသုံးသည်။ အတုလိုက်၍ အခြားသော ကမ္ဘာဦး လူများလည်း စားသောက်ကြသည်။ ထိုအခါ ကမ္ဘာဦး လူတို့၏ ခန္ဓာကိုယ်များသည် လေးလံလာ၍ နတ်တို့ကဲ့သို့ ကောင်းကင်၌ မသွားနိုင်၊ မြေပြင်၌သာ ခြေကျင်သွားနိုင်ကြတော့သည်။ ရသတဏှာ တိုးပွားမှုကြောင့် ကိုယ်ရောင် ကိုယ်ဝါများ ကွယ်ပ၍ တန်ခိုးဣဒ္ဓိပါတ် မရှိတော့ချေ။ မြေသင်းခဲမှာ ဆီဥ ထောပတ် ပျားသကာကဲ့သို့ အနံ့အရသာနှင့် ပြည့်စုံသော အဟာရတစ်ခုဖြစ်သည်။
တဖြည်းဖြည်း ကမ္ဘာဦး လူသားတို့သည် ရုပ်ဆင်းအင်္ဂါ လှပမှု အဆင့်အတန်း ကွဲပြားလာခဲ့သည်။ ထိုအခါ လှပသူကို ၀ိုင်းဝန်း ငြူစူကြ၍ မလှပသူကို မထီမဲ့မြင် ပြုလာကြသည်။ ထိုအခါ မေတ္တာတရား ပျက်ပြားလာသည်။ ထို့ကြောင့် မြေသင်းခဲ မြေဆီလွှာသည် ကမ္ဘာမြေထု အတွင်းသို့ ငုပ်လျှိုးပျောက်ကွယ်သွားတော့သည်။ ထို့နောက် ကမ္ဘာဦး လူသားတို့သည် အလိုအလျှောက် ဖြစ်ပေါ်နေသော နမသလေးဆန်များကို ရယူစားသုံးကြသည်။ ထိုအခါ အစာအဟာရသည် အကြမ်းစားဖြစ်လာ၍ ၀မ်းမီးဖြင့် ကုန်စင်အောင် ချေချက်ခြင်း မပြုနိုင်၊ ကြွင်းကျန်သော အစာကြမ်းများကို စွန့်ထုတ်နိုင်ရန် ကျင်ငယ်ပေါက်၊ ကျင်ကြီးပေါက်များ ဖြစ်ပေါ်လာရတော့သည်။ ထိုအချိန်တွင် ကမ္ဘာဦးလူတို့သည် အထီး၊ အမ ကြွဲုပားလာကြတော့သည်။ ယောင်္ကျားနှင့် မိန်းမ အချင်းချင်းတပ်မက်၍ အိမ်ထောင်ပြုရာမှ လူသားများ အဆင့်ဆင့်ပေါက်ပွားလာတော့သည်။
ယနေ့ ထိုသလေးကိုပင် ကျွန်ုပ်ဆန်များကို ကျွန်ုပ်တို့စားနေမြဲပင် ဖြစ်သော်လည်း။ သိပ္ပံနည်း အရသော်၎င်း၊ အခြား စဉ်းစားချိန်ဆခြင်းဖြင့်၎င်း ယုတ္တတန်သည်၊ မတန်သည်ကို သိမြင်နိုင်ပါသည်၊ အမှန်ကား `` မာရန်နတ်၏ အတွေးအခေါ်သက်သက်ဖြင့်´´ ဘုရားမလို `` အတ္တာဟိ အတ္တနော နာထော ၀ါဒီ´´ ကို တည်ထောင်လိုသော မာရ်နတ်၏ လှည့်ကွက်ကိုပင် အဟုတ်ထင်ကာ၊ ပုံမှားရိုက်သော မိစ္ဆာလမ်းစဉ်ပင် ဖြစ်လေတော့သည်။( သာသနာရေးဦးစီးဌာန၊ သာသနာ ၂၅၃၇၊ ကောဇာ ၁၃၅၅၊ ခရစ်နှစ် ၁၉၉၃ နှစ်ထုတ်ဖြစ်ပါသည်၊ နှာ ၂၄၈-၂၄၉)။
သမ္မာကျမ်းစာတွင်ကား ဘုရားရှင်သည် လူသားအား ဖန်ဆင်း၍ ၊ မနာခံခြင်း၊ တနည်း ဘုရားဖြစ်လိုသော စာတန်မာရ်နတ်၏ အတုအယောင် တရားကို နာယူ၍ တပည့်ခံခဲ့သော အကျိုးဆက်မှ ထို အို၊ နာ၊ သေခြင်း တရားဝင်ရောက်လာခြင်းဖြစ်ပြီး၊ ထို့အတွက်လည်း တပါးတည်းသော သားတော် ယေရှုခရစ်တော်ကို စေလွတ်ကာ ကယ်တင်ခြင်း လမ်းကို ဖွင့်ပေးတော်မူခဲ့ပါသည်။ထို့ကြောင့် လည်း သြကာသ ကန်တော့ခန်း ရှင်းလင်းချက်ကို ( သာသနာရေးဦးစီးဌာန၊ သာသနာ ၂၅၃၇၊ ကောဇာ ၁၃၅၅၊ ခရစ်နှစ် ၁၉၉၃ နှစ်ထုတ်ဖြစ်ပါသည်၊ နှာ ၃၅) မှ အတိုင်း ရေးသားဖေါ်ပြလိုက်ပါသည်။

သြကာသ။ ။ အခွင့်ပြုတော်မူပါ၊
ကာယကံ။ ။ ကိုယ်ဖြင့် ပြောဆိုသော အမှု။
ဝစီကံ။ ။ နှုတ်ဖြင့် ပြောဆိုသော အမှု။
မနောကံ။ ။ စိတ်ဖြင့် ကြံစည်သော အမှု။
သဗ္ဗာဒေါသ။ ။ ခပ်သိမ်းသော အပြစ်တို့ကို။
ပထမ၊ ဒုတိယ၊ တတိယ။ ။ တစ်ကြိမ်-သုံးကြိမ်မြောက်အောင်။
ရတနာ။ ။ အလေးအမြတ် ပြုထိုက်သော။
ဘုရား။ ။ အလုံးစုံကို သိမြင်နိုင်သောဘုရာ။
တရား။ ။ သတ္တ၀ါများကို ဆင်းရဲတွင်းမှ လွတ်စေသောတရား။
သံဃာ။ ။ အရိယာပုဂ္ဂိုလ် ( အရိ= ရန်မျိုးအပေါင်းမှ၊ ပုဂ္ဂိုလ်= ကင်းလွတ်သောသူ)
ရတနာ မြတ်သုံးပါးကို။ ။ မြင့်မြတ်သော ထိုသုံးပါးကို။
အရိုအသေ။ ။ ၀ပ်သွားကျိုးနွံခြင်း။
အလေးအမြတ်။ ။ လေးစားခြင်း။

လက်အုပ်မိုး၍။ ။လက်ဝါးနှစ်ဖက်ကို စုံညီပြု၍။
ရှိခိုးပူဇော်။ ။ ရှိခိုးခြင်း။
ဖူးမြော်။ ။ မြင်တွေ့ခြင်း။
မာန်လျှော့။ ။ ရှိခိုးခြင်း ကန်တော့ခြင်းကို ပြုရာ၍ မာန်မာနကို လျှော့ချပြီးမှ ရှိခိုးကန်တော့နိုင်သည်၊ မိမိကိုယ်ကို ရတနာ သုံးပါးအောက်နိမ့်ကျသည်၊ ညံ့သည်ဟု ယူဆပါမှ ရှိခိုးကန်တော့နိုင်သည်၊ ထို့ကြောင့် ဤရှိခိုးခြင်းသည် မာန်လျှော့ချပြီး ဖြစ်ပါကြောင်း ဖွင့်ဟ မြွတ်ဆိုခြင်းဖြစ်သည်။
ကန်တော့ပါ၏။ ။ဝန်ချတောင်းပန်ပါ၏။
ကန်တော့ရသောအကျိုးအားကြောင့်။ ။ အကျိုးအားဖြင့်။
အပါယ်လေးပါး။ ။ ( ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ) ။
ကပ်သုံးပါး။ ။ ငတ်မွတ်ဘေး၊ စစ်ဘေး၊ ရောဂါဘေး၊
ရပ်ပြစ်ရှစ်ပါး။ ။ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ ဗြဟ္မာ ရုပ်မရှိသောဘုံ၊ လူရိုင်း၊ အယူမှား၊ လူစဉ်မမီ၊ သာသနာပ။
ရန်သူမျိုးငါးပါး။ ။ မီး၊ ရေ၊ မင်း၊ ခိုးသူ၊ အမွေခံဆိုး၊
ဝိပတ္တိတရား လေးပါး။ ။အပါယ်ဘုံ၊ ဥပဓိမကောင်းသူ၊ မင်းမဲ့စရိုက်ချိန်၊ ဖောက်ပြန်သောကာလ။
ဗျသနတရား ငါးပါး။ ။ ဆွေမျိုးပျက်၊ စည်းစိမ်ပျက်၊ အနာရောဂါ၊ သီလပျက်၊ အယူလွဲ၊
မဂ်တရား။ ။ နိုဗ္ဗာန်သွားရာလမ်း။
ဖိုလ်တရား။ ။နိဗ္ဗာန်သွားရာအကျိုး။
နိဗ္ဗာန်တရား။ ။ ထိုနိဗ္ဗာန်ကို ရောက်ရပါလို၏။

ဤနေရာတွင် လူတဦး ကောင်းရာမွန်ရာ မြန်နိဗ္ဗာန် သို့ရောက်ရန်မှာ ဦးစွား `` အတ္တာဟိ အတ္တနော နာထော ၀ါဒီ´´ ကိုစွန့်နိုင်မှသာလျှင် အမှန်လွတ်ရာလမ်းကို ရောက်နိုင်ပေတော့မည်။ ထို့ကြောင့် ဧကန်အမှန် လွတ်လိုပါက ဘုရားကို ဘုရားလို မြင်တတ်၍၊ အစွဲ ( ဒိဌိ) ကျွတ်မှ သာ ရောက်ရပေမည့်အကြောင်း ထင်ရှားစွာ မြင်နိုင်သိနိုင်ပေတော့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တရားတော်ကို ဂေါတမ ပူဇော်တော်မူခဲ့ခြင်း။

ဂေါတမသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ငါးပါတ်မျ အကြာ ``အဇပါလ သတ္တဟ´´ ၌စံနေတော်မူစဉ် ``လောက၌ ရိုသေကိုင်းညွတ်ဖို့ရာ အကြီးအကဲ မရှိဘဲ နေခြင်းသည် မသင့်လျှော်ချေ၊ ဆင်းရဲအတိဖြစ်၏၊ ငါသည် အဘယ်မည်သော သူကိုအရိုအသေ အလေးအမြတ် ပြု၍ဆည်းကပ်နေရပါမည်နည်း´´ ဟုဆင်ခြင် စဉ်းစားတော်မူရာ လောကသုံးပါးတွင် ဘုရားရှင်၏ ဆည်းကပ်ရိုသေမှု ခံနိုင်မည့်သူ ( ဆရာတင်လောက်သူ) ကို တစ်ဦးတလေမျှပင် မြင်တော်မမူပါ၊ တန်းတူရည်တူများကိုလည်း မြင်တော်မမူပါ။

ထိုအခါ ``ကိုယ်တော်တိုင် ထိုးထွင်းသိမြင်အပ်သော တရားတော်ကိုပင် မှီခိုအားထားရာ ဆရာတစ်ဆူ ပြု၍ အကြိမ်ကြိမ် အထပ်ထပ် မပြတ်မှီဝဲ ပူဇော်နေရတော့မည်´´ဟုကြံတော်မူကာ တရားတော်ကိုသာ အရိုအသေ အလေးအမြတ် ပြု၍ ပူဇော်နေတော်မူခဲ့သည်ကို မြင်တော်မူ၏။ ( သံ၊ ၁။ ၁၄၀။ အံ၊၁။၃၂၇။ ဗုဒ္ဓ၀င်၊ ဒု-တွဲ။ ၃၈၇။)
ဤနေရာတွင် ``ဘုရား ပြီးနောက် တရားသာ ကြားဘူးပါသည်´´ တရားပြီးမှ ဘုရားဟူ၍ တခြင်းကို မကြားဘူးပါလေ၊ ထို့ကြောင့် ``ဧကော ဗုဒ္ဓေါ´´ တစ်ဆူသော ဘုရားကို ပယ်နိုင်ရေးအတွက် လုပ်ဇာတ်ဆင်သော်လည်း ၊ ထိုလီဆယ်မှုတို့သည် ``ပုတ်၍ပေါ်၊ ဟုတ်၍ကြော်´´ အမှန်သည်ကား ပေါ်လာရခြင်းပင်ဖြစ်လေတော့သည်တကား။
ရှင်ကြီး ဂေါတမပင် တရားကို ထိုမျအားကိုးနေရပါက ယနေ့ ကိုရွှေ ကြောင်သူတော်တို့သည်ကား ၊ ထိုတရားကို အားကိုးသောသူကို ပင်တရားရှင်အဖြစ် ခံယူကာ ကိုးကွယ်ဆည်းကပ်ကိုးကွယ်ကာ တောင်းလျှောက်နေကြခြင်းက၊ ရှင်ကြီး ဂေါတမ၏ စကားထက် သူတို့၏ အတွေးအခေါ်တို့ကိုသာလျှင် အစားထိုးကာ ယုံကြည်မှုကိုတည်ထောင်နေကြသော သူများပင် ဖြစ်ကြပေတော့သည်။ အမှန်တကယ်ကား ``ဘုရား၊ တရား´´ ဆိုသော စကားသည် မှားနေသောကြောင့် ``တရား၊ ဘုရား´´ဟူ၍ တရပေတော့မည်။ ရှင်းသည်ကား ဘုရားပြီးမှ တရားလာသည်ကိုကား အားလုံးသိနိုင်ပေသည်။ မြန်မာလူမျိုး မပေါ်မှီတွင် မြန်မာစာ မပေါ်နိုင်၊ မရှိသကဲ့သို့။ ဘုရား နှင့် တရားတို့သည်ကား တရားထက် ဘုရားသည် ပဓါန ဖြစ်ကြောင်းကို အားလုံးသိနိုင်ကြပါစေရန် ရေးသားလိုက်ရပေတော့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာ့အံ့ဘွယ် ဇနက္ကမင်းသား။

ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပေမည် ဤကား ပုံပြင်ဒဏ္ဍာရီများတွင်ပင်ဖြစ်သည်၊ သင်္ဘောပျက်သောကြောင့် မဟာဇနက္က မင်းသားသည် မဟာပင်လယ် ကြီးတွင် ( ၇ ) ရက်လုံးလုံ အစားအစာ သောက်စားခြင်း မရှိ ဥပုဒ်စောင့်၍ ကူးခတ်နေသည်မှာ တကယ့် ကမ္ဘာ့ ရေကူး ချန်ပီယံကြီးပင် ဖြစ်သည်ကို ယနေ့လူသားများက မှတ်တမ်းတင်ခြင်းမရှိ မေ့နေကြသောကြောင့် ရေးသားလိုက်ရခြင်းပင် ဖြစ်သည်။
ဧကန်ကာ လူသည် ယနေ့ကမ္ဘာ့ ချန်ပီယံများပင် ( ၇ ) ရက် ရေးကူးနိုင်သူ မရှိပါ၊ ဤကား ဘေးအန္တရာယ် ကင်းရှင်းေးသာ နေရာများမှာပင် မတတ်စွမ်းနိုင်ပါ၊ ယခုမူကား ဇနက္ကသည်ကား အန္တရာယ် ထူပြောသော ပင်လယ်ကြီးထဲမှာပင် ( ၇ ) ရက် တိုင်တိုင် ကူးခတ်နေခဲ့သည်ကို အဘယ့်ကြောင့် ကျိုးကြောင်းမဲ့စွာ ယုံကြည်စရာ အဖြစ်သတ်မှတ်နေကြသည်မှာ တကယ့် ငတုံး၊ ငအများပင် ဖြစ်ပေသည်။ ၇ ရက်တွင် ရေထဲနေပါက၊ ဖြစ်နိုင်ချေရှိပါအံ့လော၊ ထိုမျတိုင်အောင် ဒါဏ်ခံနိုင်ပါမည့်လား၊ နောက် မစားမသောက် ဤမျရက်ကြာအောင် လူသည် နေနိုင်ပါမည်လော၊ ယနေ့ Video, Movies များထဲကကဲ့သို့ ကိုရွှေ ကြောင်သူတော်များ၏ ဇာတ်လိုက်ကြီးဖြစ်သော ဇနက္ကသည်ကား လက်တွေ့ ကျိုးကြောင်း ခိုင်လုံသည် ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ၊ ဒါရိုက်တာ သဘောအရ ``တရုတ်ဇာတ်ကားများကဲ့သို့ မဟုတ်မဟတ် အပျော်တမ်း´´ ဇာတ်များပင်ဖြစ်နေသည်ကို မြင်နိုင်စေရန်ဖြစ်ပါကြောင်း တင်ပြပါရစေ။ ဘာပဲဖြစ်ဖြစ် ဇာတ်လိုက်ကတော့ ဒါရိုက်တာ သဘောအတိုင်း အောင်နိုင်သူ၊ ဖြစ်လေမှ ကြည့်၍ လှပေမည်၊ ယုံလိုကယုံ၊ မယုံလိုသူကား အရူးဟူ၍ ထင်ခြင်း တဖက်သတ်ဆန်သော `` မိစ္ဆာ´´များပင်ဖြစ်လေတော့မည်၊ အကယ်၍ ဇနက္ကမင်းသားသည် ဖြစ်နိုင်ချေရှိပါက `` ကမ္ဘာ့စံချိန်တွင် ထည့်သွင်းရန် ´´ ဆော်သြော် ပေးလိုက်ပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗုဒ္ဓက ဆုံးမ၍ မရလျှင် သတ်ပစ်ခြင်း။

ဤအကြောင်းအရာကို ရေးသားရခြင်းက ဗုဒ္ဓဘာသာဝင်များက ခရစ်ယာန်ဘာသာတွင် မေတ္တာရှင်ဖြစ်လျှက် အဘယ့်ကြောင့် လူတွေကို ငရဲသို့သွားခိုင်းရသနည်း၊ ဤကား မေတ္တာရှင် မဟုတ်ဆိုသောကြောင့် ကောက် နှုတ်ရေးသားဖေါ်ပြရခြင်းပင် ဖြစ်ပါသည်။ အကြောင်းသော်ကား မိစ္ဆာ ဆရာ ကြောင်သူတော်များကား မည်မျှပင် တရားဟောဟော မကျွတ်လွတ်နိုင်သော အစိမ်းသေများကဲ့သို့ပင် ရှိနေချေပေမည်၊ ထို့ကြောင့် ခရစ်ယာန် ဓမ္မမိတ်ဆွေများ ရန်သူတော် စာတန်၏ သားသမီးပျိုများဖြစ်သော ကိုရွှေမြန်မာ တုများအား ရှောင်ရှားနိုင်ရန် ရေးသားရခြင်းပါ၊ သူတို့စကားနှင့် ဆိုရပါက `` မည်သူ့မျှ နစ်နာစေလိုသော ဆန္ဒမရှိပါ´´ယခုစာကား ဗုဒ္ဓဘာသာ လက်စွဲကျမ်း ( သာသနာရေးဦးစီးဌာန၊ သာသနာ ၂၅၃၇၊ ကောဇာ ၁၃၅၅၊ ခရစ်နှစ် ၁၉၉၃ နှစ်ထုတ်ဖြစ်ပါသည်၊ နှာ ၉၀) မှ ဖြစ်ပါသည်…… သာမန်လူမဟုတ်- သူတော်ပြောင်များ) မထေရ်မြတ်ရှစ်ပါးတို့က သက်သာရာ ရနိုင်ကြောင်း အောက်ပါအတိုင်း မိန့်မြွတ်ဖြေကြားတော်မူခဲ့ပါသည်…
``မင်းမြတ်…. သင် မင်းမြတ်သည် အက္ခောဘိဏီ မကသော ကျည်းကုလားများကို သတ်ဖြတ်သေစေရာ၌ ( သရဏဂုံ တည်သူ တစ်ယောက်နှင့် ငါးပါးသီလမြဲသူ တစ်ယောက် ပါဝင်သောကြောင့်) တစ်ယောက်နှင့် တပိုင်းအတွက်သာ ( လူသတ်မှု) အပြစ်ရှိသည်။ ကြွင်းသော ( မိစ္ဆာအယူရှိသူနှင့် သီလမရှိသူ) ရန်သူအားလုံးတို့ကို သတ်မှု အပြစ်မျိုးလောက်သာ ရှိသည်ဟု မှတ်ယူသင့်၏….. သင်မင်းမြတ်၏ တိရိစ္ဆာန် သားသမင်များ နွားများနှင့် တူသော ရန်သူများနှင့် တကွ လူတစ်ယောက်နှင့် တပိုင်းတို့ကို သတ်မိသော အကုသိုလ်သည် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ် သုံးပါးတည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် ရည်ရွည်သည်ဖြစ်သောကြောင့် သင်မင်းမြတ်အား နတ်ပြည်ရောက်ရန် အန္တရာယ်၊ မဂ်ဖိုလ်ရရန် အန္တရာယ် မဖြစ်နိုင်ပါ။ ပြီးခဲ့သည့် စစ်ပွဲများကို အကြောင်းပြု၍ နှလုံးမသာမယာခြင်း ဖြစ်နေလျှင် ယင်းကိုပယ်ဖျောက်လော့´´
ဟုရဟန္တာ မထေရ်မြတ်ရှစ်ပါးတို့က သက်သာရာ ရနိုင်ကြောင်းစကား မိန့်မြွတ်ဖြေကြားတော်မူခဲ့ပါသည်( မဟာဝံသ အဌကထာ)။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လူအသက်သတ်၍ အပြစ်မရှိဆိုသော ဗုဒ္ဓစာပေ။

(အပါဏာတိပါတာ ဝေရာမဏိ သိက္ခာမဒံ သမာဓိယာမိ = လူအသက်သတ်ခြင်းတည်းဟူသော အလိမ်အညာအား အကျွန်ုပ်သည် ဝေးစွာ ရှောင်ကျဉ်ပါ၏ မြတ်စွာဘုရား )
ဤအကြောင်းတရားကား ဗုဒ္ဓဘာသာသည် ခြောက်ပြစ်ကင်း သဲလဲစင်ကဲ့သို့ သံကုန်ဟစ်နေသော ကိုရွှေကြောင်သူတော်များအတွက် အဖြေနှင့် အမှန်တရားကို ဖေါ်ထုတ်ခြင်းသက်သက်သာ ဖြစ်ပါသည်။ ``နစ်နာစေလိုသော ဆန္ဒမရှိပါ´´၊ ယခုစာကား ဗုဒ္ဓဘာသာ လက်စွဲကျမ်း ( သာသနာရေးဦးစီးဌာန၊ သာသနာ ၂၅၃၇၊ ကောဇာ ၁၃၅၅၊ ခရစ်နှစ် ၁၉၉၃ နှစ်ထုတ်ဖြစ်ပါသည်၊ နှာ ၆၇-၆၈ ) မှ ဖြစ်ပါသည်……
ဒုဌဂါမဏိမင်းကြီးသည် အက္ခောဘိဏီ ( ၁-နှင့် သုညလေးဆယ့်နှစ်ရှိသော သင်္ချာသည် `` အက္ခောဘိဏီ´´ အရေအတွက် ဖြစ်၏။ ပါဠိအဘိဓါန်တ၌ကား ၀ါးအလုံး ၆၀-ကို တစ်စည်းစီ စည်း၍ ၀ါးအစည်း ၆၀-ပုံထားရာ၌ စစ်တပ် တစ်တပ်က နင်း၍ သွားရာ ၀ါးအားလုံး မြေမှုန့်ဖြစ်လောက်အောင် များသော စစ်တပ်ကို `` အက္ခောဘာဏီတပ်´´ ဟုဆို၏ မဟာဝံသဋီကာ၊ သဒ္ဒနီတိကျမ်းတို့၌ အဓိပ္ပါယ် တမျိုး ဆိုကြသေး၏ )၊မကသော ကျည်းကုလား တို့ကို သတ်ဖြတ်နှိမ်နှင်း၍ စစ်ခင်းအောင်မြင်ခဲ့ပြီးနောက် ယင်းကဲ့သို့ သတ်ဖြတ်သေစေခဲ့ခြင်းအတွက် မိမိအား သက်သာရာရနိုင်ရန် အကြောင်း အခွင့်ကောင်း ရှိ၊ မရှိ ရဟန္တာမထေရ်မြတ် ရှစ်ပါးတို့ထံ မေးမြန်း လျှောက်ထားခဲ့ရာ ရဟန္တာ ( တော်တန် လူတော်များမဟုတ်သော သူတို့က ) မထေရ်မြတ်ရှစ်ပါးတို့က သက်သာရာ ရနိုင်ကြောင်း အောက်ပါအတိုင်း မိန့်မြွတ်ဖြေကြားတော်မူခဲ့သည်……
(``မင်းမြတ်…. သင် မင်းမြတ်သည် အက္ခောဘိဏီ မကသော ကျည်းကုလားများကို သတ်ဖြတ်သေစေရာ၌ ( သရဏဂုံ တည်သူ တစ်ယောက်နှင့် ငါးပါးသီလမြဲသူ တစ်ယောက် ပါဝင်သောကြောင့်) တစ်ယောက်နှင့် တပိုင်းအတွက်သာ ( လူသတ်မှု) အပြစ်ရှိသည်။ ကြွင်းသော ( မိစ္ဆာအယူရှိသူနှင့် သီလမရှိသူ) ရန်သူအားလုံးတို့ကို သတ်မှု အပြစ်မျိုးလောက်သာ ရှိသည်ဟု မှတ်ယူသင့်၏….. သင်မင်းမြတ်၏ တိရိစ္ဆာန် သားသမင်များ နွားများနှင့် တူသော ရန်သူများနှင့် တကွ လူတစ်ယောက်နှင့် တပိုင်းတို့ကို သတ်မိသော အကုသိုလ်သည် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ် သုံးပါးတည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် ရည်ရွည်သည်ဖြစ်သောကြောင့် သင်မင်းမြတ်အား နတ်ပြည်ရောက်ရန် အန္တရာယ်၊ မဂ်ဖိုလ်ရရန် အန္တရာယ် မဖြစ်နိုင်ပါ။ ပြီးခဲ့သည့် စစ်ပွဲများကို အကြောင်းပြု၍ နှလုံးမသာမယာခြင်း ဖြစ်နေလျှင် ယင်းကိုပယ်ဖျောက်လော့´´
ဟုရဟန္တာ မထေရ်မြတ်ရှစ်ပါးတို့က သက်သာရာ ရနိုင်ကြောင်းစကား မိန့်မြွတ်ဖြေကြားတော်မူခဲ့ပါသည်( မဟာဝံသ အဌကထာ)။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘုရားအား လူတို့သတ်၍မရနိုင်ကြောင်း !

ဗုဒ္ဓါနံ ဇီဝိတဿ နသက္ကာကေနစိ အန္တရာယော ကတုံ တထာ မေဟောတု ( အဝေဏိကဂုဏ်တော်)

ဗုဒ္ဓါနံ မြတ်စွာဘုရား၏ ( ဂေါတမကိုပြောခြင်းမဟုတ်ပါ) ဇီဝိတဿ အသက်တော်ကို နသက္ကာကေနစိ တစ်စုံတယောက်သောသူမျ အန္တရာယော ကတုံ အန္တရယ်ပြုခြင်းငှါ တထာ မစွမ်းစောင်နိုင်သကဲ့သို့ မေ အကျွန်ုပ်၌ ဟောတု ဖြစ်ပါစေသတည်း ….. ဤကား အဝေဏိက ဂုဏ်တော်လာ ဘုရားတစ်ဆူ၏ အရည်အချင်းပင်ဖြစ်ပြီး မကြာမကြာလည်း ကိုရွှေမြန်မာတို့ ရွက်ဖတ်နေကြပါသသည်။ သို့သော် ယနေ့ ဂေါတမသည်ကား သူတပါး၏ ပယောဂဖြင့် ခြေမ အနာရ သွေးစိမ်းရှင်ရှင် မြစ်ကြီးတခုလုံးကိုပင် ရပ်တန့်စေသော ဆေးစွမ်းကောင်းပင် ပျောက်ကင်းခြင်းငှါ မစွမ်းစောင်နိုင်ခဲ့။ အစွမ်းဆုံ ပြောရပါက သေခြင်းတရားကိုပင် မအောင်မြင်ခဲ့ပါ သို့သော်လည်း ဖင်ဗူးတောင်းထောင်၍ ကြောင်သူတော်များကတော့ဖြင့် ဘုရားအသက်တော်ကို မည်သူမျ မသတ်နိုင်သကဲ့သို့ မိမိလည်း မသေလိုကြောင်းကို ဟစ်အော်နေကြပြန်ပါသည်။ ရေးရပြန်ကလည်း မကောင်းမှန်းသိသော်လည်း မေတ္တာရှင် ရဟန်းရှင်လူတချို့ အခြားဘာသာဝင်များ မကောင်းကြောင်းကို ထင်သလိုရေးနေပြန်သောကြောင့် သမိုင်းပေးတာဝန်သဖွယ် ရေးရပြန်ပါသည်၊ နောက်ဆုံးရှင်တော် ဂေါတမက `` ငါသည်လည်း သေခြင်းတရားကို မလွန်ဆန်နိုင်သောကြောင့်´´ ဆိုသော အမှာစကားကလေးက အရှင်းသားဖြစ်သော်လည်း အရှုပ်တကာ့ အရှုပ်ကောင် မာရ်နတ်သားများက မေတ္တာကိုသွင်သွင် ဟောလျှက် `` အနောက်တိုင်း ဘုရား´´ ကိုကိုးကွယ်သူများဆိုပြီး ရိုးသားသော တောသူတောင်သား ပြည်သူများကို ချိုးချိုးနှိမ်နှိမ် လုပ်ကြီဖန်တီးရေးသားတတ်ကြပြန်ပါသည်။ သို့တိုင်အောင် ဂေါတမကား ကုလား လူမျိုးဖြစ်ပြီး ကုလားပြည်၌ပင် သူ့အား ယုံကြည်သူသည် ၁.၀ ပင် မရှိပါချေ၊ ပြည်တွင်းဖြစ်ကို ကိုးကွယ်ရပါက ပြည်တွင်းဖြစ်မှန်သမျသည် `` အလိမ်အညာ၊ အကြံအဖန်၊ အတုအယောင်၊ ရှေးပဝေသဏီကအစ အရည်းကြီးများ´´သာရှိသောကြောင့် ဇာနည်မျိုးဟေ့ဟု နှုတ်ကအော်သော်လည်း လက်တွေ့ကား ဖွန်ကြောင်မျိုးဟေ့ဟုသာ ပြသနေလေသည်။ ကုလားစကားကို အဟုတ်ကြီးထင် ကုလားစာစကားရမှ ကျွတ်တမ်းရောက် `` ကြက်တူရွေး နှုတ်လွတ်ရွက် ပြည်သူပြည်သားမှာ အသိညာဏ်မဖက် ´´ ဆိုသော ဆောင်ပုဒ်ကိုသာ လက်ကိုင်ထားကြပြန်လေသည်။
ခရစ်တော်ဘုရားကတော့ ထိုသို့မဟုတ်ပါ သူများသတ်၍ သေခဲ့သည်မဟုတ် ၁။ အချက်က ယေရှုခရစ်တော်ဘုရားက လူသတ်လို့သေတဲ့ဘုရားမဟုတ်ပါဘူးလို့ ဆိုရတာက ဟော့ဒီမှာကြည့် ‘ငါသည် ကိုအသက်ကို ကိုယ့်အလိုအလျှောက်စွန့်၏ ’ ဆိုတာပါပဲ နောက်ပြီး ယေရှုခရစ်တော်ရဲ့ ကားတိုင်ခရီးစဉ်မှာကြည့်ရင်လည်း ခရစ်တော်ဘုရားက ‘ အကျွန်ုပ်၏ အသက်ဝိညာဉ်အား ကိုယ်တော်လက်သို့အပ်ပါ၏ ’ လို့ဆိုထားတယ်ကွာ နောက် လူသတ်သမားက လှံဖြင့် ထိုးသတ်ရန်ကြည့်ပြီး သေမသေကိုစမ်းတော့ ခရစ်တော်ဘုရားက ‘ အသက်တော်ကို စွန့်ပြီးနေပြီးသား ဖြစ်ကြောင်းကို အရှင်းသားအတိုင်း ’ လို့တွေ့မြင်နိုင်ပါတယ်ကွာ၊ ဒါ့ကြောင့် ငါကလူသတ်လို့သေတဲ့ဘုရားဆိုရင်တော့ ငါလည်း မကိုးကွယ်ဘူးလို့ပြောရတာပေါ့ကွာ”
၂။ အချက်က “ ခရစ်တော် ဤလောကကို ကြွလာရခြင်းက တိုက်ဆိုင်မှု မဟုတ်သလို သာမန်အမှုလည်းမဟုတ်ခဲ့ပါဘူး၊ ဤလောကကို ကြွလာမည့်အကြောင်းကို ဟိုနှစ်ပေါင်း ဘီစီ ၇၀ဝ ကတည်းက ကြိုတင်ပြောထားသော ကတိတော်စကားဖြစ်ပြီး၊ သူ၏မွေးဖွားခြင်းမှအစ သေခြင်းတိုင်အောင် အနာဂတ္တိဆိုတဲ့ တဘောင့်စကားတွေနှင့် ကြိုတင်ပြောဆိုထားတဲ့အရာတွေပါ။ လက်တွေ့ရှင်းရှင်းဆိုကြပါစို့ အခု မင်းတို့ငါတို တတွေအနေနှင့် ကာယ၊ ဝစီ၊ မနော ဆိုတဲ့ အကုသိုလ်အပြစ်ကြွေးတွေကို နေ့ရက်အစဉ်တိုင်းကျူးလွန်နေကြပြီး၊ ကုသိုလ်တပဲ ငရဲတပိဿာ ဆိုတဲ့အတိုင်း သူ့ကို ကိုယ်မကယ်နိုင်သလို၊ ကိုယ့်ကိုလည်း သူမကယ်နိုင်ဆိုတဲ့အခြေအနေမှာ ဘုရားရှင် က တပါးတည်းသော သားတော် ယေရှုခရစ်ကို ဤလောကသို့ စေလွတ်၍ ကိုယ်စားပြု ယတြာခံခဲ့ခြင်းဖြင့် အသက်လမ်းတံခါးကို ဖွင့်ပေးခဲ့တာက လူတိုင်းအတွက်ဖြစ်ပေမဲ့ ၊ မာန်ခဝါချပြီး လက်ခံယုံကြည်သောသူတိုင်းအတွက် ထာဝရအပြစ်စီရင်ခြင်းမှ လွတ်ကင်းကာ အို၊ နာ၊ သေခြင်းမှ လွတ်ကင်းရာ တမလွန်အေးငြိမ်းရာဘဝကို ရရှိပိုင်ဆိုင်နိုင်ရေးသက်သက်မို့ လွန်စွာအရေးပါအရာ ရောက်လှပါတယ်ကွာ၊ ဒါကိုမသိနိုင်ရန် သမ္မာကျမ်းစာမှကတော့ ဤလောက၏ ဘုရားသည် သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏ လို့ဆိုထားတယ်ကွ”………… ဟူ၍ စာရေးသူတချို့က ဖေါ်ပြထားပါသည်။ ထို့ကြောင့် အထက်က ဗုဒ္ဓါနံ ဇီဝိတဿ နသက္ကာကေနစိ အန္တရာယော ကတုံ တထာ မေဟောတု ( အဝေဏိကဂုဏ်တော်) ကုလားစကားအတိုင်း ကိုက်ညီနေသည်ကိုထောက်၍ ငါ့ဘုရား၊ ငါ့ဘာသာ ဆိုသော အတွေးမှားကိုရှောင်ကျဉ်ကာ သင်္ခါရ သဘောတရားကို သိမှတ်ကြပါတော့ဟု တိုက်တွန်းလိုက်ပါရစေ။ သို့မဟုတ် အယူတိမ်း၍ အစိမ်းတွေဖြစ်ကုန်ကြပေတော့မည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါဟုပြောတိုင်း ယုတ်မာသလော?

ငါဟူ၍ပြောသောကြောင့် ထာဝရဘုရားသည် ကြည်ညိုစရာအဖြစ် ကင်းမဲ့သည်ဟူသောစကားသည် သက်သက်မဲ့ပုတ်ခတ်စော်ကားသော လူမိုက်ဆန်ဆန်စကားပင်ဖြစ်သည်။ အကြောင်းမှာ ကျွန်တော်တို့မြန်မာလူမျိုးများသည် ရှေးဘိုးဘေး ရာဇ၀င်မှ အစကြည့်တတ်မြင်တတ်သော မျက်စိရှိပါက မြင်နိုင်သော အမှန်တရားဖြစ်သည့်နည်းတူ။ မမြင်တတ်ပါကလည်း ထိုသူသည် အ၀ဇ္ဇာဖုံးလွမ်းနေသော မိစ္ဆာသက်သက်သာဖြစ်ကြောင်း သိနိုင်မြင်နိုင်စေရန် ဤခေါင်းစဉ်အား ရေးသားလိုက်ရခြင်းပင်ဖြစ်သည်၊
လက်တွေ့သာဓကကို ဆိုရပါက ကျွန်ုပ်တို့ မြန်မာသမိုင်းသည် မဝေးသေးပါ တနည်း ရိုးရှင်းစွာပြောရပါက မြန်မာဖတ်စာများတွင်ပင် ယနေ့ ကြည့်လျှင်မြင်နိုင်ပါသေးသည်။ နောက်ပြီး မြန်မာ့ရုပ်မြင်သံကြားများကို၎င်း၊ သတင်းစာစောင်များတွင်၎င်း မြင်နိုင်ပါသည် ၎င်းတို့မှာ…………..
၁) ရှင်ဘုရင်တို့သည် တိုင်းသူပြည်သားတို့အား စကားပြောဆိုရာတွင် `` မင်းကြီးများ´´ ဟူ၍ခေါ်ပြီးနောက် ပြန်၍ထူးခြင်းကို ရပြီးသောအခါတွင် ``ငါကိုယ်တော်မြတ်´´ဟူသော ``ငါ ´´ များကိုသာသုံလေသည်မှာ ရိုင်းပြသော သဘောမရှိ `` အာဏာစက်တန်ခိုး´´ ကိုသာပြခြင်းဖြစ်သည်ကို မြင်နိုင်၊သိနိုင်၊ နားလည်နိုင်ပေသည်။ သို့မဟုတ်က မြန်မာမင်းများသည် လူယုတ်မာများပင် ဖြစ်ပေတော့မည် တကား။
၂) ရှင်တော် ဂေါတမ ကိုယ်တိုင်က သူ၏ နောက်လိုက်တပည့်သာဝကများကို စကားပြောရာတွင် `` ငါနုစဉ်အခါက ´´ ဟူသော စကားကို ကြိမ်ဖန်များစွာ သုံးသည်ကို အားလုံးသော ကိုရွှေမြန်မာများက သိပြီး၊ ၎င်း ``ငါ … ငါ´´ ဆိုသော စကားသည် အပြစ်နှင့်ယှဉ်သော အတ္တကို မဖေါ်ဆောင်။ အရှင်သခင်ဖြစ်ခြင်း၊ ဦးဆောင်ဦးရွက်ဖြစ်ခြင်းကို ဖေါ်ဆောင်ကြောင်း မြင်နိုင်သိနိုင်၊ နားလည်နိုင်ပေသည်။ သို့မဟုတ်က ရှင်တော်ဂေါတမသည် လူယုတ်မာပင် ဖြစ်ပေတော့မည် တကား။
၃) စစ်တပ်တွင်၎င်း၊ ၀န်ထမ်းများ၊ ရုံးကန် ကန္နားများတွင်၎င်း သုံးနှုံးသော `` ငါ… ငါ … ငါ …´´ ဟူသော စကားတို့သည် ရာထူး၊ ရာခံတွင် အဆင့်အတန်းကို ဖေါ်ဆောင်ခြင်းဖြစ်ပြီး အပြစ်နှင့် မယှဉ်ကြောင်းကို မြင်နိုင်သိနိုင်၊ နားလည်နိုင်ပေသည်။ သို့မဟုတ်က စစ်တပ်၊ ၀န်ထမ်း၊ ရုံးကန် ကန္နားရှိသောသူများသည် လူယုတ်မာများပင် ဖြစ်ပေတော့မည် တကား။
ထို့ကြောင့် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းသော ထာဝရအရှင်ဘုရား သခင်က ၊ ထိုအထက်ပါ သင်္ခါရ သွေးသား ပုဂ္ဂိုလ်အားလုံးတို့ထက် ကြီးမြတ်သောကြောင့် `` ငါ ´´ သုံးခြင်းသည် ကြည်ညိုဘွယ် မပျက်၊ ကြည်ညို ကိုးစား ကိုးကွယ်ထိုက်ပါသည်။
အများကြီးရှိသော ဥပမာ ၊ ဥပမေယျများထဲမှ အနည်းငယ်သော အထက်ပါ ဥပမာက အမှန်တရားကိုချစ်သော ဘုရား၊ တရားကို အမှန်တကယ်မြတ်နိုးသော ပုပုရွရွ လူသတ္တ၀ါမှန်သမျ မြင်နိုင်သိနိုင်၊ နားလည်နိုင်ပေသည်။
အချုပ်အားဖြင့် ဆိုရပါက ယနေ့ ဘာသာရေးခေါင်ဆောင်ဟူ၍ မိမိကိုယ်ကို မိမိတွေးနားထင်ရောက်နေသော အမှောင့် အဖျက်လုပ်ငန်းကို လုပ်ဆောင်နေသော ထိုဘာသာရေးဆရာတို့သည် စင်စစ်အားဖြင့် `` မိမိမျက်ချေးကို မိမိမမြင် သူတပါးမျက်ချေးကိုသာမြင်တတ်ကြသော နလဘိန်းတုံး ဒုဿီလကြောင်များပင် ဖြစ်နေပါကြောင်း ရေးသားရင်း အသိပေးအပ်ပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS