၁။ ကမ္ဘာပျက်ခြင်းအကြောင်း။
ကိံကရဏာ ဧဝံလောကောဝိနဿတိ။ ။ အကုသလကရဏာ အကုသလမူလေဟိ၊ ဥဿန္နေသု ဧဝံလောကော ဝိနဿတိ။ ။ အဓိပ္ပါယ်ကား။ ။ အကုသိုလ်မူလ အကြောင်းကြောင့် ပျက်၏ဟုလာ၏။
၁။ ရာဂများသောအခါ မီးဖျက်လေ၏။
၂။ ဒေါသများသောအခါ ရေဖျက်လေ၏။
၃။ မောဟများသောအခါ လေဖျက်လေ၏။
ဟုပြပြီးမှ၊ ကေစိဝါဒ တည်းဟူသော တပါးသောသူ၏ အယူဟူ၍။
၁။ ဒေါသများသောအခါ မီးဖျက်၏။
၂။ ရာဂများသောအခါ ရေဖျက်၏။
၃။ မောဟများသောအခါ လေဖျက်၏ဟူ၍ သတ္တင်္ဂုတ္တရပါဠိတော်၊ သတ္တသူရိယ သုတ်၌ ဆိုလေ၏။
နေ ၁ စင်း။ —အလုံးစုံ သစ်ပင်များသော။
နေ ၂ စင်း။ —မြစ်ငယ်၊ ထုံးအိုင်ခန်း။
နေ ၃ စင်း။ —မြစ်ကြီးငါးသွယ်ခန်း။
နေ ၄ စင်း။ —အိုင်ကြီးငါးသွယ်ခန်း။
နေ ၅ စင်း။ —သမုဒ္ဒရာ ၄ စင်းခန်း။
နေ ၆ စင်း။ —မြေကြီးနှင့် မြင့်မိုရ်မီးဖိုကဲ့သို့ အခိုးအလျှံဖြစ်။
နေ ၇ စင်း။ —အကုန်အစင် ကျွမ်းလောင်ကုန်၏။
၂။ ကမ္ဘာပျက်သောအခါ သတ္တဝါမပါ။
လောကဗြူဟာ နတ်တို့ကြွေးကြော်သံကြောင့်၊ လူတို့တရားအားထုတ်၍ အဆင့်ဆင့် အထက်နတ်ပြည် မီးလွတ်ရာဘုံ၌ဖြစ်၏။
အပါယ်လေးဘုံသားတို့လည်း၊ အပရာပရိယကံကြောင့်၊ အပါယ်မှလွတ်၍၊ ဗြဟ္မာ့ဘုံသို့ရောက်ကုန်၏။ (မိစ္ဆတ္ထအရိယာ ကျွတ်ပုံ) ကဌာန်း ပါဠိတော်။ အာပါရိကော၊ ကပ္ပဌောသံဃတေကော စူလဝါပါဠိတော်၊ ဣတိဝုတ်ပါဠိတော်လာ သံဃာသင်းခွဲသောသူ ငရဲကပ်တကပ် ခံရ၏။
ထိုရေသည် အစဉ်အတိုင်းတက်သည်မှ အစဉ်အတိုင်းလွမ်းမိုးစေ၍ နစ်မြုတ်နေသော ဗြဟ္မာပြည် တည်ရာ အရပ်၌ ဗြဟ္မာပြည် ထင်းရှာစွာဖြစ်လေ၏။ နတ်ပြည်တည်ရာအရပ်၌ နတ်ပြည်ထင်ရှားစွာ ဖြစ်လေ၏။ လူတို့ဖြစ်ရာ ဌာန၌ကား၊ ရသပထဝီ တည်းဟူသော မြေသည် ကောင်းစွာ ရေပေါ်ထိပ်ထက်တည်လပ်၍၊ မနုဿ လောကဓါတ်ဖြစ်လေ၏။
ပါဠိ။ ။ သမ္ပတိ မဟာ မေဃော ဥဌဟိတွာကောဋိ သတသ ဟဿံ။ ။စက္ကဝါဠေသုသဗ္ဗ ဍဍ္ဎုဌာနပူရေတွာ အန္တရဓါယတိ။ ။ဣတော၊ စိတောပဟရိတွာ ဥဒကံသဏ္ဍပေန္တာကမေနဥဒကံဘဿတိ။
မှတ်ရန်။ ။ ပဏ္ဍိတဝေဒနိယ ဒီပဏီကျမ်း မျက်နှာ ၁၇၆၌၊ စိတ်သည် လောကကို ဖန်ဆင်းကြောင်း။ စိတ္တေဿဧကဓမ္မဿ၊ သဗ္ဗောဝသမဒ္ဓဂူ။ ။ သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်။ ။လောကေ၊ လောကကို။ စိတ္တေန၊ စိတ်သည်။ နိယတိ၊ ဖြစ်အောင်ဆောင်တတ်၏။ ဖျက်လည်း ဖျက်ဆီးတတ်၏။ လောကေ၊ လောကကို။ စိတ္တေန၊ စိတ်သည်။ ပရိကဿတိ၊ ပြုပြင်တတ်၏။ စိတ္တဿ၊ စိတ်ဟူဆိုအပ်သော။ ဧကဓမ္မဿံ၊ တခုသောတရား၏။ ဝသံ၊ အလိုသို့။ သဗ္ဗေဝ၊ အလုံးစုံသော တရားတို့ပင်။ အဒ္ဓဂူ၊ အစဉ်လိုက်ရကုန်၏။
ဤပါဠိတော်လာရှိသည့်အတိုင်း။ စိတ်ကြောင့် လောကဖြစ်ကြောင်း၊ လောကကြီးကို စိတ်သည် ပြုပြင်ဖန်ဆင်းကြောင်းကိုဆိုသော်၊ ဤလောကကြီးသည် ဘယ်သူ၏ စိတ်ကြောင့် ဖန်ဆင်းလျှက် ရှိသနည်း။ ၄င်းစိတ်၏ အလိုကို သိတတ်သော သဘောသဘာဝကား ဘယ်တရားပါနည်း။ ဥတု၌၊ စိတ်ရှိပါသလော။ ထိုသို့ဆိုသော်၊ ဥတုသည်၊ ကြံစည်ခြင်း၊ စီစဉ်ခြင်း၊ ဆင်ခြင်ပိုင်းခြားခြင်း ရှိနိုင်ပါသလော။ ကံ၌လည်း ထိုသဘောများပါပါသလောဟု များစွာစဉ်းစားစရာရှိလေသည်။
ခရစ်ယာန်။ ။ လောကဓါတ်မှစ၍၊ လောကဓါတ်၌ရှိလေသမျှသော အရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်။ တမန်တော် ၁၇း၂၄။ အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ ကမ္ဘာဦး ၁း၁ ၄င်းအချက်အတိုင်း ဤကမ္ဘာလောကကြီးကို ဘုရားသခင်၏ စိတ်အကြံတော်အားဖြင့် ဖြစ်ကြောင်း ထင်ရှားလျှက်ရှိလေသည်။
ကမ္ဘာပျက်ခြင်းအကြောင်း။
ခရစ်ယာန် ဘာသာဝင်တို့အတွက် လုပ်ကြံမေးခွန်းများ၏ အဖြေများ
ဒီမေးခွန်တွေကို ရေးရတာ ဘာသာရေးကို တိုက်ခိုက် လိုတဲ့ ဆန္ဒနဲ့ ရေးသားခြင်းမဟုတ်ပါ
တိုက်ခိုက်လိုသော ဆန္ဒနှင့် ရေးသားတာ မဟုတ်ပါက ရေးသားရန်ပင်မလိုပါ။ ဘုရား၊ တရားကို ခုတုံးလုပ်ပြီး ထင်တိုင်းကြဲရေးသားပြီးကာမှ မိမိအပြစ်ကို မပေါ်စေခြင်သောကြောင့် ၀ိနည်းရှောင်ကာ `ကပ္ပိယံကရောမိ´ဟူ၍ ဒကာကို အပြစ်ရောက်စေသော အသင်ကြောင်သူတော်များအတွက် ကျွန်ုပ်ဖြေကြားလိုက်ပါတယ်။ အတုအယောင် ရဟန်း၊ ရှင်လူ အယောင်ဆောင်များအတွက် သာဖြစ်ကြောင်း အကယ်၍ မကျေနပ်ပါက လဲပြီးတော့ သေလိုက်ပါတော့ ဒေ၀ဒတ် နောက်လိုက်၊ မာရ်နတ် နောက်ပါ ဖုံးဖိပြီး အပြစ်လုပ်နေကြသော မဘုန်း တဘုန်းများခင်မျာ။
၁. ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က ထာဝရ ဘုရားသခင် ဘယ်မှာနေပါသနည်း?
ရှင်တော်ဂေါတမက လောက၌ မကြံစည်အပ်သော အရာ လေးပါကို ဖေါ်ပြထားပါသည်။ ရှင်တော်ဂေါတမထက် အတတ်ကြူးယောင်ဆောင်နေကြသော ကြောင်သူတော် ကြွက်သူခိုးများ မသိသေးပါက ကျွန်တော်မျိုးကြီးကပဲ ညွန်ပြလိုက်ပါရစေတော့။
ဘုရားသခင်ဘယ်က စသလည်း၊ သိရင်ဖြေပေးပါတဲ့… အစိန္တေ ယျအရာလေးပါးကို မသိဘူးလားဆိုတော့ သိပါတယ်. သို့သော်သိလျှက်နှင့် သူတပါးအပေါ်အောင်နိုင်သူအဖြစ်အတော်လိုလားသောကြောင့်၎င်း၊ အခြားဘာသာဝင်များအား အကျပ်ရိုက်ကာ ယုံမှားခြင်းများေ၀၀ါးစေကာ ဒွိဟဖြစ်စေခြင်းအလို့ငှါ လုပ်တတ်ကြလေသော အရာများထဲမှ အချို့ ကို ဤနေရာမှ ရေးသားရင်း ဆွေးနွေးလိုပါတယ်…
၁၊ ဘုရားအစကိုပြောပြပါ… အားလုံးကအကြိုးအကြောင်းရှိသည်မို့ဖြေရှင်းပါတဲ့
ဦးစွာမေးချင်တာက “က´´ ရှေ့မှာ ဘာရှိသလည်းဆိုတာအရင်ဖြေပေးပါဦးဗျာ …နောက်ပြီး “အ´´ ဆိုတဲ့အက္ခရာ ရဲ့နောက်မှာ ဘာရှိသလဲပေါ့ ။ အားလုံးအနေဖြင့် http://ashinnanda.blogspot.com မှာလည်းကြည့်နိုင်ပါကြောင်းအကြောင်းကြားအပ်ပါသည် …
၂. ထာဝရဘုရား ကို မည်သူဖန်ဆင်း ခဲ့သနည်း? ထာဝရ ဘုရားသခင်အဖြစ်သို့ ရောက်ရှိလာသည့် ထာဝရဘုရား၏ အတ္ထုပ္ပတ္တိ ကို ဖော်ပြပါ။
ရူပအစိန္တေ၊ ၂.ဣဒ္ဓိအစိန္တေ၊ ၂. ဥာဏအစိန္တေ၊ ၄. ၀ါစအစိန္တေ ဟူသောမနှိုင်းယှဉ်အပ်သော အနန္တရုပ်တော်၊ အနန္တတန်ခိုးတော်၊ အနန္တဥာဏ်တော်၊ အနန္တစကားတော် အပေါင်းတို့နှင့် ပြည့်စုံတော်မူမှသာလျှင် မှန်သောဘုရားသခင်ဖြစ်တော်မူ၏၊ ကျေးဇူးတော်အစုံဆိုသည်မှာ ဥပမာအားဖြင့်ပြရပါက ဤလောကတွင် မိဘတို့သည် သားသမီးတို့အား သက်သက်ကျွေးမွေးခြင်း ၊ ဆရာသည် တပည့်တို့အား အတတ်ပညာကိုသင်ပေခြင်း၊ တစုံအယောက်သောသူသည်၊ မိမိချစ်ခင်သောသူအား ၀တ္ထုပစ္စည်းတို့ကို သက်သက်ပေးကမ်းခြင်း၊ ကျွေးမွေးခြင်း အရာတို့သည် ကျေးဇူးဟူ၍ခေါ်ကုန်လေ၏ ။ ထို့အတူ မှန်သောဘုရားသခင်သည် ဤကမ္ဘာပေါ်ရှိ လူအပေါင်းတို့အား မိုးကိုရွာပေးတော်မူခြင်း၊ နေ၏အလင်း၊ လ၏အလင်း၊ ကြယ်နက္ခတ်တာရာတို့ကို အလင်းနှင့်တကွ၊ လေကိုရှုဖို့ပေးခြင်း၊ ရေတည်းဟူသော အဟာရမှာစ၍ အချိုအချဉ်၊ ဘေဇာဉ်ခဲဘွယ် အစားအသောက်အမျိုးမျိုးတို့ကို ဥတုရာသီ အလိုက်၊ ဗီဇနိယာမမျိုးနှင့်တကွ၊ ပေသနားတော်မူခြင်းတို့သည်၎င်း၊ ထိုပြင်မှတပါး မွန်မြတ်သောတရားကို ကိုးကွယ်သောသူမှန်သမျှတို့သည် နိစ္စထာဝရ တည်းဟူသော သုခချမ်းသာကို ခံစားစေရန် ပေးသနားတော်မူခြင်းများကြောင့် ကျေးဇူးတော်အစုံဟူ၍ဆိုရပါလေသည်။ ဤသို့ အစိန္တေယျ၊ အပ္ပမေယျ၊ ဂုဏ်တော်များနှင့် ပြည့်စုံသောဘုရားသည် ဘယ်အချိန်အခါ၊ ဘယ်အရပ်ဒေသကဖြစ်သည်၊ မည်သည့်ပုံသဏ္ဍာန်ရှိသည်ဟူ၍ မကြံစည်အပ်၊ မနှိုင်းအပ်ဖြစ်သတည်း၊ မှန်သောဘုရားသည် လောကီပုဂ္ဂိုလ် ဘုရားမဟုတ်၊ လောကုတ္တရာပုဂ္ဂိုလ် ဘုရားသာလျှင်ဖြစ်လေသည်၊ မှန်သောဘုရားသည် ပညာတ်သတ္တ၀ါမဟုတ်၊ ပရမတ်ပုဂ္ဂိုလ်ဖြစ်တော်မူ၏၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားနှင့်မကင်းသော သင်္ခါရနယ် လောကီဘုံအတွင်းမှာ မွေးဖွားခြင်းကိုခံသောပုဂ္ဂိုလ်မဟုတ်၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်အစဉ်ကင်းလွတ်တော်မူ၏၊ နိစ္စ၊ သုခ၊ အတ္တနှင့် ပြည့်စုံတော်မူသော လောကုတ္တရာဘုံရှင်၊ လောကုတ္တရာ၏အရှင်ဖြစ်တော်မူသောကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ နယ်အတွင်းမှာ မွေးဖွားခြင်းခံရသည့်အတွက်၊ ပညာတ်သတ္တ၀ါဖြစ်ကုန်သော၊ လောကီလူသားအပေါင်းတို့က လောကဥာဏ်နု၊ မံသစက္ခု၊ ပညာတ်မျက်စိဖြင့် ကြည့်ရှု၍မေးဖွယ်၊ ကြံဖွယ်ရာမဟုတ်ချေ။ ထိုကဲ့သို့မှန်သောဘုရားသခင်း၏ခြေတော်ရာကို ပိဋကတ်ကသက်သေခံသည့်အတိုင်းပြရပါလျှင်၊ သယမ္ဘူတံဟူ၍ခေါ်သည်၊ သယံ၊ သူမဆိုအလိုလိုဖြစ်တော်မူသောဘုရား၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်မကင်းသော တစုံတယောက်သောသူ၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့ကမွေးဖွားသော တရားကျင့်လူဘုရား၊ ဘုရားယောင် ဘုရားတုမဟုတ်ချေ၊ မှန်သောဘုရား၏ အစ၊ ဘုရား၏အခြေကိုလူသည် အဘယ်နည်းနှင့်မျှကြံစည်၍မရနိုင်ါ် ကြံစည်၍မသိနိုင်၊ လူသတ္တ၀ါတို့၏ အစ၊ အဆုံးကို ဘုရားကသာ သိနိုင၍ဘုရား၏အစ၊ အဆုံးကို လူသည်မသိနိုင်၊ ဘုရားမှန်ကား အစအဆံးမရှိချေ၊ ဇာတိတော် နဂိုတော်ကို လူသည်မကြံစည်ပအ်၊ မကြံစည်နိုင်သောကြောင့် ကြံကြီးစည်ရာမပြုသင့်ပါလေ၊ ဤကားပိဋကတ်၏အလိုပင်ဖြစ်လေတော့သတည်း။။ မှန်သောဘုရားသည်၊ ဓမ္မတာတရားဟုခေါ်သော နိယာမတရားကို ပြုပြင်စီရင်တော်မူကြောင်း ပိဋကတ်ကသက်သေခံသည်မှာ။ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ၊ ဓမ္မ၊ ပဉ္စနိယာမော ဗုဒ္ဓင်္ဂလော၊ ဗုဒ္ဓတိဝစနတောအတ္ထော။ ။ဟူ၍န၀မအင်္ဂုတ္ထိုရ်ကျမ်းတွင် ပြဆိုသည့်အနက်ကား၊ ပဉ္စနိယာမော၊ ငါးပါးသောတရားတို့ကို၊ ဗုဒ္ဓင်္ဂလော၊ အလုံးစုံစီရင်ပြုပြင်တော်မူသောကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ ဣတိအယံ၊ ဤသည်သာလျှင်၊ ၀စနတော၊ ဟောသော၊ အတ္ထော၊ အနက်တည်း၊။ ၎င်းန်ယာမငါးပါးကို ယထာဓမ္မ သာသနာတော်ဟူ၍ ခေါ်ဆိုလေသည်ကို ပါရာဇိကာဏ်ကျမ်းတွင်ပြဆိုသောအရာမှာ၊ ဓပဉ္စမတ္တေ၊ အဟံမမာ၊ တိညနော၊ ယထာဓမ္မဇတ္တဘာသတိ၊ ယထာဓမ္မသာသနန္တိဝုစ္စတိ၊ ဟူ၍ပါဠိပြဆိုသည်ကိုတွေ့ရလေသည်၊ အနက်ကား၊ ဓပဉ္စမတ္တေ၊ နိယာမတရားငါးပါးတို့နှင့်ပြုပြင်ခြင်းကိုခံရကုန်သော၊ အဟံမမာတိသညာတော၊ ငါကိုငါဟူ၍ အစရှိသဖြင့် စွဲလမ်းမှတ်သားကုန်သော သတ္တ၀ါတို့ကို။ ဇတ္တရထာဓမ္မံ၊ ဤနိယာမအတိုင်း၊ ဗုဒ္ဒ၊ မြတ်စွာဘုရားသခင်သည်၊ ဘာသတိ၊ စီရင်ဆုံးမကုန်၏၊ ဣတိတသမာ၊ ထို့သို့စီရင်ပြုပြင်ကုန်သောကြောင့်။ ဓပဉ္စမတ္တေ၊ ဤနိယာမတရားငါးပါးကိုသာလျှင်၊ ယထာဓမ္မသာသနန္တိ၊ ယထာဓမ္မသာသနာဟူ၍၊ ၀ုစ္စတိ၊ ဆိုကုန်၏၊ ၎င်းကျမ်းပါဠိ၏ အဓိပ္ပါယ်မှာ နိယာမတရားငါးပါး၊ ယထာဓမ္မသာသနာတော်မြတ်သည်၊ ဘုရားသခင်၏သာသနာတော်မြတ်ဖြစ်ကြောင်း၊ ဤလောကနှင့်တကွ လူအပေါင်းတို့သည်၊ ရှိခိုးပူဇော်ထိုက်သည်ဟူ၍ ပြဆိုလေသည်။ ၎င်းကိုကား အသိပညာနှင့်ပြည့်စုံသော သူတို့သာလျှင် သိအပ်သည်၊ မိုက်သောသူတို့မှာမူကား၊ သိအပ်သောအရာမဟုတ်ချေ။ ။
သာသနာတော်ခေါ်ခြင်းအရာကို၊ အဘိဓမ္မတ္ထ၀န္ဒနာကျမ်းတွင်ပြဆိုသည်မှာ၊ ဒိဌဓမ္မိကသပ္ပရာယီက ပရမတ္တေဟိ ယထာရဟံ၊ သတ္တေသာသတိ၊ ဧတေနာတိ သာသနံဟူ၍ ပါဠိလာရှိသည်။ အဓိပ္ပါယ်ကား၊ ဤနိယာမတရားငါးပါးသည်၊ လူသတ္တ၀ါအပေါင်းတို့အား၊ ယခု ပစ္စုပ္ပန်ဘ၀၌ ဓိဌဓမ္မ အကျိုးစီးပွားကို ခံစားရခြင်း၊ တမလွန်ဘ၀၌လည်း အိုခြင်း၊ နာခြင်း၊ သေခြင်နှင့်ကင်းလွတ်စေသော အကျိုးစီးပွားကို ရစေခြင်းငှာ ပြုစုတတ်သော အရာဖြစ်သောကြောင့် သာသနာဟု၍ခေါ်ဆိုလေသည်။ ဤကား ကျမ်းဂါနပါဠိ လာရှိသည့်အတိုင်း ပြဆိုလိုက်ခြင်းပင်ဖြစ်သည်။
၃. သာမန်ထူချွန်သော လူပုဂ္ဂိုလ်သည်ပင် ထူးချွန်လာဖို့ ကြိုးစား ဖြတ်သန်းလာခဲ့ရသည့် ခိုင်လုံသော အတ္ထုပ္ပတ္တိ သည် ရှိ၏ယခုကဲ့သို့ တုနှိုင်း
မမှီသော ဘုရားဂုဏ် နှင့် ပြည့်စုံသူတွင် သူတကာနှင့်မတူ ဘုရားတဆူဖြစ်ဖို့ ထူးခြားစွာ ကြိုးစားဖြတ်သန်းခဲ့ရသော ခိုင်လုံသော အတ္ထုပ္ပတ္တိ
သည် ရှိသင့်လှပေသည်။ ရှိက ဖော်ပြပါ။ အကျိုးတရား တခု တခု တိုင်းတွင် အကြောင်းတရား သည် ရှိ၏။ အကြောင်းတရား မရှိပဲ အကျိုး
တရား ပေါ်ရိုးထုံးစံ ရှိပါသလား? အခိုင်အမာ ဖြေကြားပေးပါ။
အတုမရှိ သယံဘူညာဏ်ဖြင့် မိမိအလိုလို သိတော်မူသော မြတ်စွာဘုရား လို့ နေတိုင်း ဖင်ထောင်ကာ အော်နေကြပေမဲ့၊ ဘာကိုအော်နေလို့ အော်နေမှန်း မသိသော ဗာလာနံ လူမိုက်တို့၊ သင်တို့သည်ကား လူအင်အားတောင့်တင်းကာ၊ အစုအဖွဲ့ဖြင့် ရှိပါက မိတ္တဟိံသကဲ့သို့ပင် မဟာအ၀ီစိငရဲကိုပင် အိုးစည် ဗုံမောင်းဖြင့် သွားမည့်သူများပင် ဖြစ်ပေတော့သည်တကား။ ဘုရားဟူသည် အတုမဲ့ အနှိုင်းမဲ့ပင်ဖြစ်ကြောင်းကိုသိသည့်အားလျှော်စွာ ဤနေရာတွင် အတ္ထုပ္ပတ္တိကို ပြဆိုရန်ကား ယနေ့ ဂေါတမသည်ပင် အချို့ အေဒီ ၅ သို့မဟုတ် ၆ ရာစုဟူ၍ အတိတကျမရှိ ဖြစ်နေကျချိန်များမှာ မြန်မာနိုင်ငံတွင် ရှိနေကြသော သူများက အတိအကျဖြင့် မြန်မာ ခုနှစ်၊ နေ့ရက်၊ လမျှားဖြင့် ဖေါ်ပြနေခြင်းမှာ မည်မျှ ရှက်ဖွယ်လိလိ ဖြစ်နေပါသနည်း။ ယနေ့ အိန္ဒယ နိုင်ငံတွင် မှီတင်းနေထိုင်ကျသော သူများပင်လျှင် ထိုနေ့ရက်ကို အာမမခံနိုင်ငြားအံ့ မနေ့တနေ့ကမှ စာမဖွဲ့သာ လူမျိုးနွယ် အဖြစ်ပေါ်လာသော ကိုရွှေမြန်မာတို့က အဘယ်သို့ သတ်မှတ်ယူဆကြကုန်ပါသနည်း။ လူကျိုးစား၍ ဘုရားကား ဘယ်သောအခါမှ ဖြစ်လာမည် မဟုတ်ပါပေ၊ ထိုအစား ဘုရားကို အာခံသော ဒေ၀ဒတ်လမ်းစဉ်ကိုသာ လိုက်သောသူဖြစ်လာပေလိမ့်မည်တည်း။ အသင်တို့၏ ဘုရားဟူမူကား ထင်တိုင်းချဲ့ကျသောကြေင့် လူစင်စစ်နှင့်ပင် မတူတော့ပါချေ…. ဥပမာပြရပါ
လူတိုင်းနှင့်မတူသောအဖြစ်တော်များကား….
၁။ လူသာမန် သုံးတောင်အား သူ့အနေဖြင့် တစ်ထွာသာ ရှိနေသော်ငြားလည်း၊ သာမန် အမျိုးသမီးကိုသာ လက်ထပ်ထိမ်းမြား၍ ကလေးရနိုင်ခြင်း။
၂။ လူသာမန်ကဲ့သို့သော အရိုးဖွဲ့စည်းမှုများမရှိခြင်း။
၃။ လူသာမန်ကဲ့သို့သော မွေးဖွားပြီး နောက် နှစ်ချီကြာမှ စကားပြောသူမဟုတ်ခြင်း။
၎။ လူသာမန်ကဲ့သို့မဟုတ် မွေးဖွားစ၌ ခြေလှမ်းစတွင် ကြာပွင့်ခံခြင်း။
၅။ ဘာမှမသင်ပဲ အရာရာကိုတတ်ကြွမ်းနေခြင်းများ ( မြားအတတ်၊ အခြားခြားသောအစွမ်းများ) က သာမန်မဟုတ်ပါက သူသည်စုန်းကဝေပင်ဖြစ်ပေတော့မည်။
စသည့်စသည့်အရာများကို ဇာနည်တိုင်းပြည် မြန်မာပြည်၌ အုတ်အုတ်သောင်းသောင်း လက်ခမောင်းခတ်နေကြသော်လည်း အသင်တို့အထင်ကြီးသော ကုလားပြည်၌ကား “ အဲ့လိုပြောတာလား´´ ဆိုသော ပြန်မေးခြင်းသာ ကြားခဲ့ရပါသည်။ ဤကား စာသာရှိ လက်တွေ့တွင် ဂေါတမ မွေးဖွားရာတွင်ပင် မသိ၊ မရှိ ဆိုခြင်းက အကယ်ပင် မဖြစ်ခဲ့၍လော။
ဤနေရာတွင် ဆိုစရာကား ဘုရားဟူသည် အစအဆုံးမထင်ဟူသော မြန်မာစကားအတိုင်း ဘုရား၏ ဂုဏ်ကို သင်တို့သေသည့်တိုင်၊ နောင် ငရဲ၌ ပင်ရေတွက်၍ ရနိုင်အံမည်ကား မထင်လေနှင့်။
၎. မွေးဖွားလာစကပင် တဦးနှင့်တဦး အတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။
မတူညီရသော အကြောင်းအရင်းမှန်ကား
—- ဘုရားအလိုတော်ကို ငြင်းဆန်သော လူသားတို့သည် ဘုရားစာရေ သင့်ခြင်းဟူသော ဘေးဒုက္ခဆိုးကြောင့်ပင်ဖြစ်သည်။ အကြောင်းရှင်းရသော်ကား မြန်မာပြည်မှာ မွေးဖွားသောသူသည် မြန်မာပြည်၏ စိတ်နေစိတ်ထားအတိုင်း ကြီးပြင်းရသောကြောင့် ထိုစိတ်နေ စိတ်ထားနှင့် လျှော်ညီစွာ ကာလဒေသ အလိုက် အကျိုးပေးတို့ကား ကွဲပြားရခြင်းဖြစ်လေသည်။ ဆိုကြပါဆို့ ခွေးမျိုးမှ ခွေးသာ ပေါက်ပါလိမ့်မည်၊ ထိုနည်းအတူ ဘုရား၊ တရားကို လိုသလို ပြုပြင်နေကြသော လူသားမျိုးနွယ်စုတို့သည် ထို အမင်္ဂလာ အကျိုးဆက်ကို အစဉ်အဆက်တိုင်အောင် ဆင့်ကမ်း သယ်ဆောင်နေသည်နှင့် မခြားနားပါလေ။ သင့်အနေဖြင့် လူတေကို အဆင့်အတန်း အကောင်းအဆိုး မည်သို့ပင် ခွဲခြားသတ်မှတ်နေပါစေ၊ ဘုရား၊ တရားဘောင်၌ကား အားလုံးသည် တညီတညွတ်တည်း ကျိန်ခြင်းကို ခံအပ်သောသူများဖြစ်သောကြောင့် ဤသို့သောဒုက္ခကို ရင်ဆိုင်နေကြရခြင်းဖြစ်ပါသည်ဆိုသည့်အကြောင်း ဘုရားကား အောက် မျောက်ကားအထက်သူတော်ကောင်းမဟုတ်သော သူတော်ဖေါင်းတို့ခင်များ။
၅. ထာဝရဘုရားသည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျော်ကိုးပြီး ဖန်ဆင်းပါသနည်း?
မြန်မာလိုရေးသားထားသော မြန်မာသမ္မာကျမ်းစာကိုပင် ကောင်းမွန်မှန်ကန်စွာ ပိုင်းခြား ဖတ်တတ်ခြင်းမရှိသေးသူများက အဘယ့်ကြောင့် ကုလားစကား ကိုတော်သည် တတ်သည်ဟူ၍ ပြောနိုင်ပါအံတော့နည်း။ အမြင်ကျယ်သော မြန်မာလူမျိုးအဖြစ် ကမ္ဘာကသိရန် သမ္မာကျမ်းစာကိုတော့ဖြင့် ဖတ်ကြည့်ကြပါဦး။
၆. ချမ်းသာစေလိုသောကြောင့်ဟု ဆိုပါက ယခု ခန္ဓာရှိသူတိုင်း ဆင်းရဲအမျိုးမျိုး ကြုံတွေ့နေရပါသည် ဘုရားသခင် ဖြစ်စေလိုသည့် ချမ်းသာမဖြစ်
သည်မှာ အနန္တတန်ခိုးတော် မရှိလို့ ဘာအစွမ်းအစမှ မရှိလို့ ဖြစ်ရသည်ဟု ဆိုပါက ဘယ်လိုပြန်လည် ဖြေရှင်းနိုင်ပါသနည်း?
ဘုရားရှင်၏ ဖန်ဆင်းခြင်းတွင် ထို အို၊ နာ၊ သေခြင်း စသော ဒုက္ခတွေ မပါဝင်ကြောင်း သမ္မာကျမ်းစာကိုပင် နည်းနည်းလောက်မှ မဖတ်ဖူးကြပါသလား အယောင်ဆောင် သူတော်ယောင်တို့၊ ထိုသို့ဖြစ်ပေါ်နေကြရသော ဆိုးကျိုးများသည်ကား ဓမ္မ န္တရယ်၊ ဗုဒ္ဓ န္တရယ် များကြောင့်ဖြစ်သည်ကို သမ္မာကျမ်းစာ၌ ရှင်းရှင်းလင်းလင်း မကွယ် မ၀ှက် မြန်မာများအတွက် မြန်မာလို၊ ကုလားအတွက် ကုလားလို၊ ဗိုလ်လို တတ်သူများအတွက် ဗိုလ်လို ရေးသားထားပါကြောင်းနှင့် နီးစပ်ရာ ခရစ်ယာန် စာအုပ်ဆိုင်တိုင်းမှာ ၀ယ်ပြီးဖတ်ရှုလေ့လာကြပါဦး။ အကယ်၍ မ၀ယ်နိုင်လောက်အောင် မွဲနေပါက ဤ မေးလ် လိပ်စာ allmydesireisyou@gmail.com ကိုဆက်သွယ်ပါ ရောက်အောင်ပို့ပေးပါ့မယ်။
၇-၁၃ အတွက်အဖြေများ
၇. လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုး သည် သေချာလေ့လာကြည့်ပါက ခန္ဓာရှိသူတိုင်း ဒုက္ခမကင်းကြောင်း သေချာပါသည် ဒါကြောင့်
လူသားတို့ကို ဖန်ဆင်းသော ထာဝရဘုရားသည် ချမ်းသာပေးသလား ဆင်းရဲပေးသလား ဆိုတာ ဖြေကြားပေးပါ။
၈. လူသားတို့ကို မေတ္တာ ဂရုဏာဖြင့် ဖန်ဆင်းသည်ဟု ဆိုပါက မည်သူကမှ မလိုချင်မတောင့်တတဲ့ အိုရခြင်း နာရခြင်း သေရခြင်း ဒုက္ခဆိုးကြီးကိုပါ
ဘာကြောင့်ဖန်ဆင်းခဲ့ပါသနည်း? ထာဝရဘုရား၏ မေတ္တာကို ရှင်းပြပါ။
၉. ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟု လူတိုင်းသိကြပါသည် သင်ကိုယ်တိုင်လဲ ဒုက္ခရှိတာ ငြင်းချက်မရှိသေချာပါ၏ ဒုက္ခ ဖြစ်စေနိုင်သည့် ဒီခန္ဓာကို ထာဝရ
ဘုရားက ဖန်ဆင်းပေးသည်ဟု ဆိုပါက ဒုက္ခဖြစ်ရခြင်း ရင်းမြစ် ဒုက္ခဖြစ်အောင်ပြုလုပ်သူမှာ ထာဝရဘုရားပင်ဖြစ်မနေဘူးလား?
ကျေးဇူးရှင်ဟုခေါ်မလား? စဉ်းစာပြီးဖြေကြည့်ပါ။
၁၀. ထာဝရဘုရားသာ မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေကို တွေ့ကြုံနိုင်ပါသလား? ဒီဖန်ဆင်းရှင်၏ လက်ချက်ကြောင့် မွေးရခြင်းဒုက္ခ စီးပွါးရေး လူမူရေး
ပညာရေး ကျန်းမာရေး အိမ်ထောင်ရေး သားရေး သမီးရေး အိုရေး နာရေး သေရေး ဒုက္ခအစုတို့ ဖြစ်ရသည်မှာ မည်သူငြင်းနိုင်ပါသနည်း။
စဉ်းစားပြီး သဘာဝကျကျ ငြင်းချက်ထုတ်ပါ။
၁၁. ထာဝရဘုရားသည် အနန္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျှက် ဘာကြောင့်လူ့ဘ၀ကို ကြမ်တမ်းစေသနည်း? မအို မနာ မသေသော ကောင်းကင်နိုင်ငံ
တော်သို့ အစကတည်းက ဘာကြောင့်မပို့ဘဲ လူသားတို့ကို ဒုက္ခ ခံစားစေသနည်း? အနန္တမေတ္တာ ဂရုဏာရှင်ဆိုသော စကားနှင့်ကိုက်ညီအောင်
သုံးနှုံးဖြေကြားပေးပါ။
၁၂. ထာဝရဘုရားသည် ကောင်ကင်နှင့်မြေကြီး ရေ သစ်ပင် တော တောင် လူတိရိစ္ဆာန်တို့ကို ဖန်ဆင်းခဲသည်ဟု ဆိုသည် သို့သော် ထိုထိုသော သက်ရှိ
တို့ အသက်ရှင်ရေးအတွက် ရှူရှိုက်စရာ လေ ကို ဖန်ဆင်းခဲ့သည်ဟု ကျမ်း၌မပါရှိပါ။ ထို့ကြောင့် လေ ကိုဖန်ဆင်းသည်ဟူသောကျမ်း၏စာအုပ်
စာမျက်နှာ အထောက်အထားတို့ ဖြင့် ခိုင်ခိုင်လုံလုံ သက်သေပြပါ။
၁၃. မွေးခြင်း သေခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်း ကြေကွဲခြင်း စသည့် အရာရာတိုင်းသည် ဘုရားသခင်၏ အလိုတော်အတိုင်း သာ ဖြစ်သည်
ဟုဆိုပါက သူတပါး၏ စော်ကားခံရသော အမျိုးကောင်းသမီးတဦး၏ အဖြစ်ဆိုးသည် ဘုရာသခင်၏အလိုတော် အတိုင်းဟု သဘောသက်ရောက်
ဖွယ်ရှိပေသည် ဒီလိုဆိုပါက ဘုရားသခင်၏ ဂရုဏာတော်က မည်သို့နည်း?
ဤနေရာတွင် ဘုရားကို ယိုးမယ်ဖွဲ့ချင်သော အသင်အတွက် အသင်၏ မိခင်အား အကျွန်ုပ် မဒိမ်းကျင့်ကာ အားရပါးရ ပြုကျင့်လေက သူ၏ ကံကမကောင်း၍လော၊ သို့မဟုတ် ကျွန်ုပ်ကပင် တဏှာရူး၍လော၊ ကံကိုယိုးမယ်ဖွဲ့သော သင်တို့သိစေရန်မှာ ကံသည်=ကမ္မ ပြုလုပ်မှု သို့မဟုတ် စေတနာဟူ၍ ခေါ်သည်ကိုထောက်သော် တဏှာရူးထတိုင်းလည်း ကံမမည်သလို အနေအထိုင်မတတ်သော သင့်မိခင်၏ မိန်းမ မပီသခြင်းသည်လည်း ကံကိုယိုးမယ်ဖွဲ့၍ မရစကောင်းသည်ကို အသင်နားလည်နိုင်ပါစေ။
၁၄. အပြစ်သားကို ကယ်တင်ခြင်းသည် အဆိပ်ပင်ရေလောင်းခြင်းသာ ဖြစ်တော့၏ ဥပမာ – သင့်အပေါ် စော်ကားချင်တိုင်း စော်ကားသောလူယုတ်မာသည်
အပြစ်မှလွတ်အောင် ဘုရားသခင်ထံချဉ်းကပ်ဆုတောင်း၏ ဘုရားသခင်သည် လူယုတ်မာ၏ အပြစ်ကို ခံယူပြီး ထိုလူယုတ်မာ အပြစ်သားကို ခွင့်လွတ်
ကယ်တင်ခဲ့ပါလျှင် သင်ဘယ်လိုခံစားရမည်နည်း? အဓိပ္ပါယ် ရှိပါသလား? ရှင်းပြပါ။
ဥပမာ – သင်ကိုယ်တိုင် ဆူး ကို တက်နင်းပြီး ဖြစ်ပေါ်လာတဲ့နာကျင်မူ့ဒဏ်ကို ဘုရားသခင် ခံစားပါသလား။ သင်ခံစားပါသလား။ အဓိပ္ပါယ် ရှိအောင်
ဖြေကြားပေးပါ။
ကံကိုယုံပြီး ဆူးပုံမနင်းနှင့်ဟူ၍ ဆိုသော စကားပုံကို သတိရပါ၊ နောက်ဘုရားဆိုတာ ခိုင်းစားဖို့လား၊ သို့မဟုတ် ကိုးစားဖို့လား ဆိုသည်ကိုလည်း ရှင်းလင်းအောင် သိမြင်ရန် လေ့လာပါ။ ခန္တီ သီးခံခြင်းသည် ပရမံ မြတ်၏ ဟူ၍ ဆိုထားသောကြောင့် ဘုရားရှင်က ခွင့်လွတ်သည့်နည်းတူ ခွင့်လွတ်ရန်မှာကား ကျွန်ုပ်၏ တာဝန်ပါ သင့်လို မိစ္ဆာကောင်က သင်လိုရာ အတိုင်း သာသနာ အဖျက်လုပ်ငန်းကိုသာ ဆက်ပြုရန် အားမွေးရင်း အပါယ်၌ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပါလေ။
၁၅-၁၆ အတွက်အဖြေများ
၁၅. ဆိုးမိုက်ပြီး မလိမ္မာသော လူယုတ်မာများကို အဘယ်ကြောင့်ဖန်ဆင်းထား ပါသနည်း? သူ့ဟာသူ ဆိုးမိုက်လာရသည်ဟု ဆိုပါက အနန္တတန်ခိုးတော်
ဖြင့် ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ်ကြောင့် သူဖန်ဆင်းသော လူတွေကို သူမထိန်းသိမ်းနိုင်သနည်း? ထာဝရဘုရား၏ တန်ခိုးတော်က
မည်သို့နည်း?
၁၆. ကိုယ့်ဟာကိုရှာစားပြီး ဘုရားကျွေးသည်ဟူသောစကား မိမိဘာသာစီးပွါးရှာ၍ ပြည့်စုံရှင်းကို ဘုရားပေးသည်ဟူသောအဓိပ္ပါယ်ကို ရှင်းပြပါ။
သင် မရှာထားပါက အစားအစာရပါမည်လော သင်စီးပွါးမရှာပါက ပြည့်စုံပါမည်လား ထိုသို့ (စားရခြင်း၊ ပြည့်စုံရခြင်းအကျိုးတရားတို့တွင်
ဘုရားသခင်၏ လုပ်ဆောင်ချက်ရှိပါသလား) ရှိပါက ဖော်ပြပါ။ ကိုယ့်ဟာကိုရှာစားပြီး တလွဲကျေးဇူးတင်ရာရောက်မနေဘူးလား၊ သဘာဝကျအောင်
စဉ်းစားဖြေကြားပေးပါ။
ဤနေတွင်ကား ဖြေခြင်နေသည့်မှာ အာပင် ယားနေပါကြောင်းဦးစွာပြောပါရစေ——
အဘယ်သို့ ပုံဆောင်ပြရအံနည်းကြည့်ရှုလော……..
ဤသည့်စားဖွယ် အမယ်မယ်ကို၊ မြူးရွယ်မာန်ကြွ ၊လှပစေခြင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓါတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျှက်၊ အပြစ်မသန်း၊ မမောပန်း၍၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းလည်း၊ မဖြစ်စေရ၊…………………………… ဟူ၍ ( ဤဆွမ်းကို) သုံးဆောင်မှီဝဲပါသတည်း၊ စသော ရှင်ကျင့်ဝတ်မှ ပေစ္စ၀က္ခဏာ ဆင်ခြင်ခြင်းကိုပင် မဖတ်ဘူးပါသလော၊ သို့ဆိုပါက အသင်သည် ယခုပင် ဘုန်းတော်ကြီးကျောင်းးသို့သွား၍ ကိုယ်ရင်သွားဝတ်ကာ သင်ကြားခံယူလိုက်ပါဦး။ သို့မဟုတ် လမ်းဘေးဆိုင်မှာ “ရှင်ကျင့်ဝတ်´´ ဆိုသော စာအုပ်ကို ရှာဖတ်၍ သိအောင်လေ့လာစမ်းပါဦး ငတုံးကောင်ရေ။ အမည်သာခံသော်လည်း ဖာသိဖာသာ အသင်ဗုဒ္ဓဘာသာဝင်သည် သေသည်၏ အခြားမဲ့၌ အပါယ်၌သာ လားရပေတော့မည်မှာကား မြေကြီးလက်ခတ်လွဲ၊ ဧကန်ဧက သနားစရာပင်ဖြစ်လေတော့သည်တကား။
၁၇-၁၈ အတွက်အဖြေများ
၁၇. ထာဝရဘုရား ဖန်ဆင်းသည်မှာ တစ်ကမ္ဘာပဲဟု သိရပါသည် (သို့သော်) စကြာသဠာ အနန္တဟူသော မရေတွက်နိုင်သောဂြိလ်အမျိုးမျိုး ကမ္ဘာအမျိုး
မျီုးရှိနေကြောင်းသိပ္ပံစမ်းသပ်မူတွေ၌ ဖော်ပြနေတာကို အဘယ်သို့ဖြေရှင်းမည်နည်း၊
၁၈. ထာဝရဘုရားသည် ဤကမ္ဘာကို ဖန်ဆင်းသည်ဟုဆို၏။ သို့သော် တခြားတခြားသော စကြာဝဠာ ဂြိလ်အသီးသီးမှ ဂြိလ်သားများ ဤကမ္ဘာသို့ရောက်
ရှိနေခြင်း ရောက်ရှိလာခြင်းတွေကို သိပ္ပသုတေသနပြုစာအုပ်များတွင် အထင်အရှား တွေ့မြင်နေရပါသည် ထိုဂြိလ်သားများကို ထာဝရဘုရားဖန်ဆင်း
ခဲ့သလား ဖန်ဆင်းခဲသည်ဆိုပါက ကျမ်းအထောက်အထား ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။
အထက်ပါ မေးခွန်းများအားလုံးအတွက် အဖြေမှာကား…………
အဗျာကရဏီယပဥှာ
ဤပြဿနာ၌ ရှင်နာဂသေနသည် မာလုကျပုတ္တရဟန်း မေးသည်ကို ဘုရားသျှင်မဖြေသည်မှာ မသိ၍လော?ဆရာစားချန်၍လော?ဟူသော မိလိန္ဒ၏အမေးကို မဖြေအပ်သောအမေးဖြစ်သောကြောင့်ဟု ဖြေပေသည်။အဘယ့်ကြောင့် မဖြေအပ်သောအမေး ဖြစ်ကြောင်းကိုလည်း ဆက်၍ဆိုပေသည်။ဤအမေး၌ ဖြေဆိုရန် အကြောင်းကြီးငယ်မရှိသောကြောင့်ဟု ဆိုပေသည်။ထိုအဖြေသည် မှန်သလိုလိုတော့ရှိသည်။ရမ်းပြောသောစကားဖြစ်သောကြောင့် မတိမကျရှိသည်။အကယ်စင်စစ်၌ ဤအမေးများသည်မှားနေသောကြောင့် မဖြေခြင်းဖြစ်ပေသည်။ဤအမေးများသည် အဘယ်သို့
မှားသနည်း?အမေး၌ပါသော လောကဟူသော စကားလုံး၊ သတ္တဟူသောစကားလုံး၊အသက်ဟူသောစကားလုံး၊ ဤအရာများသည် ရုပ်,
နာမ်အရှိမှ ဝေးနေသော အသွင်အပြင်၏အမည်များ ဖြစ်သည်။ဤအမေး၌ အမေးများသည် ကတ္တားမဲ့စကားလုံးများဖြစ်သည်။ထိုစကားလုံးများဆိုက်ရမည့် ကြိယာသည် ထိုစကားလုံးများကို ကျော်လွန်၍နေကြပေသည်။သတ္တဝါသည် သေပြီးလျင် ဖြစ်ဦးမည်လော?ဟူရာ၌ ဤစကားမှ
စကားလုံးတို့သည် ကတ္တား၊ပပဗ္ဗကာလကြိယာ၊အပရကာလကြိယာတို့ ဖြစ်သည်။ကတ္တားသည် ရှေ့ကြိယာသို့ ဆိုက်ကတည်းကပင် ကုန်ခဲ့ပြီဖြစ်
သည်။နောက်ကြိယာ လာဖို့ရန် မကျန်တော့ပေ။ထို့ကြောင့် နောက်ကြိယာသည် ကတ္တားမဲ့ကြိယာ ဖြစ်လာသည်။ကတ္တားမဲ့ကြိယာသည် စကား
ပင် မမည်တော့ပေ။အမေးစကားဖြစ်လျင် အမေးစကားပင် မမည်တော့ပေ။အမေးစကား မမည်တော့လျင် အဖြေလည်းပေးစရာ မရှိတော့ပေ။ထို့ကြောင့်
မဖြေခြင်းပင်။ရှင်နာဂသေနပြောသကဲ့သို့ ဖြေစရာဟေတုအကြောင်းနှင့်ကာရဏအကြောင်းများမရှိ၍မဟုတ်။အမေးမဟုတ်သော အမေးဖြစ်၍
ဖြေဘွယ်ကိစ္စမရှိသောကြောင့် မဖြေခြင်းဖြစ်ပါသည်။
၁၉.သိပ္ပံစမ်းသပ်မူတွေ၏တိုးတက်တွေ့ရှိမူတွေ ဖြစ်ပေါ်လာတိုင်း ထာဝရဘုရား၏ ဖန်ဆင်းရှင်ဝါဒကို ငြင်းဆန်နေသကဲသို့ သက်ရောက်နေပါသည် ထို့
ကြောင့် သိပ္ပပညာက မှာသည်ဟုပြောမလား ဖန်ဆင်းရှင်ဝါဒ မှားသည်ဟု ပြောမလား။ အဓိပ္ပါယ်ရှိရှိ ငြင်းချက်ထုတ်ပါ။
သိပ္ပံကိုသင်သည် အမှန်ယုံကြည်ပါက အောက်ပါအချက်အလက်များအား အဘယ်သို့ လက်ခံ ယုံကြည်နေသည်ကို ရှင်းလင်းစွာ ကျွန်တော်မျိုးကြီးကို တရားဟောလှည့်ပါဦး ကြောင်သူတော် ကြွက်သူခိုးကြီးခင်များ………………
ဘဝအယူထောက်ကူဖို့ သိပ္ပံ အားနည်းချက်
ရှေ့နောက်ဘဝရှိ,မရှိ တစ်ခုခုအယူ၏ မငြိမ်းချမ်းမှု ဖြစ်စေပုံကို မသိမမြင်ရုံမျှမက ဘုရား အထပ်ထပ်ဟောခဲ့သည်ကိုပင် မကြားကြဘဲ ငှက်မသိတော့ ဆက်ရက် ချိုးထင်၊ အချက်မသိတော့ သားမက် သူခိုးထင်ပမာ ဤအယူတစ်ခုခုကို ငြိမ်းချမ်းရေးဒဿနအဖြစ် ကြံဆကြသောသူများသည် သူတို့အကြံအောင်မြင်ရန် သိပ္ပံ၏အားနည်းချက်ကို အသုံးချကြသည်။အသုံးချပုံမှာ သိပ္ပံပညာသည် ရှေ့နောက်ဘဝရှိ,မရှိ ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်းမရှိသော ပညာရပ်ဖြစ်သည်၊ သိပ္ပံပညာသည် ရုပ်သဘောသာသိသည်၊ နာမ်သဘော မသိ၊ ရှေ့နောက်ဘဝ ရှိçမရှိသည် နာမ်သဘောဖြစ်သည်၊နာမ်သဘောသည် စိတ္တေန နိယျတေ လောကော-ဟု ဒေသနာရှိသောကြောင့်ရုပ်သဘောထက်စွမ်းသည်-ဟူ၍ ဖြစ်သည်။ဤဒေသနာသည် နာမ်က ရုပ်ထက်စွမ်းကြောင်း ဖွဲ့ဆိုသောစကား
မဟုတ်၊ လူများ စိတ်နောက်ကိုယ်ပါ ဖြစ်နေကြရကြောင်း ပြောဆိုချက်မျှ ဖြစ်သည်။ ဥပမာ သင်္ဘောမှလွှတ်သော ရေဒါသည် သင်္ဘောသွားရာလမ်းကို ညွှန်
သောကြောင့် ရေဒါညွှန်းသည့်အတိုင်း သင်္ဘောသွားရကာမျှဖြင့် သင်္ဘောထက်ရေဒါကစွမ်းသည်ဟု မဆိုရသကဲ့သို့ ဖြစ်သည်။နာမ်သည် ရုပ်ထက်စွမ်းသည်ဟူသော အဆိုသည် မှန်ကန်သောအကြောင်းပြချက်မရှိသော အဆို ဖြစ်သည်။ ဖြစ်ပုံမှာ အဆိုရှင်သည် နာမ်ကိုဓာတ်သား၏သဘာဝအထိ နှံ့စပ်အောင်မသိ။ ထို့အတူပင် အဆိုရှင်သည် ဘဝဖြစ်ပွားပေါ်ပေါက်ပုံကိုလည်း လုံးစေ့ပတ်စေ့ စပ်မိသည်အထိ မသိ။ ထိုသို့မသိ
သောကြောင့် မသိသောအရာတစ်ခု၏ လက်သည်သည် မသိသောအရာတစ်ခုသာ ဖြစ်သည်။ လက်သည်ဖြစ်သော မသိသောအရာသည် မသိသောဘဝ ဖြစ်ပေါ်မှု၏ လက်သည်ဖြစ်သောကြောင့် စွမ်းသည်-ဟူ၍ ဖြစ်သည်။ ထို့ကြောင့်ရုပ်ထက် နာမ်ကစွမ်းကြောင်း အဆိုသည် မလေးစားလောက်သောအဆို
ဖြစ်သည်။သိပ္ပံပညာ၏သက်တမ်းသည် ရင့်မာမှု နည်းပါးသေးသည်။ သိပ္ပံပညာ၏ ဤပျော့ကွက်ကို အခွင့်ကောင်းယူ၍ သိပ္ပံပညာသည် နာမ်ကိုမရှာဖွေနိုင်ဟု
ထိုသူတို့က ဆိုသည်။ သိပ္ပပညာသည် လူနှင့်ကင်းသော သီးခြားပညာရပ်မဟုတ်။ လူ့အာရုံခံအင်္ဂါတို့ဖြင့် သိနိုင်သောအရာမှန်သမျှ သိနိုင်ရန် အကြောင်း
ရှိသော ပညာရပ်ပင် ဖြစ်သည်။ ထိုသို့ဖြစ်သော်လည်း သိပ္ပံပညာရပ်သည် လူဖော်ထုတ်သိရှိနိုင်ပြီးသမျှ ခပ်သိမ်းကို သိရှိပြီးကောင်းမှ သိမည်၊ လူတို့ဖော်ထုတ်
သိရှိနိုင်ခြင်း မရှိသေးသည်ကိုလည်း သိရှိနိုင်လိုက သိရှိနိုင်မည် ဖြစ်သည်။ထို့ကြောင့် သိပ္ပံပညာသည် အဖိုစပမ်းနှင့် အမအိုဗမ်နှစ်ခုပေါင်း ဇိုင်ဂုတ်
ဟူသော သန္ဓေသားလောင်းအထိသာ ဖော်ထုတ်နိုင်သောအရာ ဖြစ်သည်။အခြားသော လူ့ ဆင်းရဲçချမ်းသာစသော အကြောင်းများကို ဖ်ာထုတ်နိုင်ခြင်းမရှိ
ဟု မဆိုသင့်ပေ။ လူ့အာရုံခံအင်္ဂါများဖြင့် ဤမျှကိုပင် မဖော်ထုတ်နိုင်ခဲ့သည်ကိုသိပ္ပံပညာက ဖော်ထုတ်၍ လူတို့ သိရသလို၊ လူတို့သိရှိသည်ကိုလည်း သိပ္ပံပညာ
ကဖော်ထုတ်လျင် ရမည်သာ ဖြစ်သည်။ သိပ္ပံပညာ၏ နုငယ်မှုကြောင့် မဖော်ထုတ်ရသေးခြင်းမျှ-ဟုသာ မှတ်ယူရမည် ဖြစ်သည်။သိပ္ပံပညာသည် လူ့ထက် အဆင့်မြင့်သောအရာလည်း မဟုတ်၊ အဆင့်နိမ့်သောအရာလည်း မဟုတ်၊ လူ့အတွက် လက်နက်ကိရိယာ တစ်ခုမျှသာ ဖြစ်၍၊ လူသိပြီးသည်ကိုလည်း ဖော်ထုတ်ရာ၌ အသုံးချ၍ရသည်။ လူမသိသေးသောအရာကို ဖော်ထုတ်ရာ၌လည်း အသုံးချ၍ရသော ကိရိယာ ဖြစ်သည်ဟုမှတ်ယူရမည်။
ရှင်ဥာဏ
(မြိုင်- ၁၅၉၈၅၅)
၁၁ရက် မတ်လ ၁၉၇၂ခုနှစ်
ရွှေမြင်တင်တောင် ၊ မင်းကွန်း၊ မန္တလေးစာတိုက်
မှတ်ချက်= သိပ္ပံကို ယုံကြည်က ဗုဒ္ဓဘာသာမှ ယခုပင်ထွက်ပြီး မျောက်နှင့်အမျိုးတော်လိုက်ကြပါတော့..
၂၀. ထာဝရဘုရားဆိုတာ ဘယ်သူပါလဲဘာကြောင့်ကိုယ်စားလှယ်သားတော် လွတ်ရသလဲ။ အဘယ်ကြောင့် လောကတွင်းသို့ မဆင်းသက်သလော။
လျှာအရိုးမရှိတိုင်း အကုသိုလ်ကို အတုံးအတက်လိုက် ပွေ့ပိုက်ယူလိုနေသော လူမိုက် သီလကြောင်တို့ သင်သည် သင်၏ ကံကြမ္မာကိုပင် ကောင်းစွာ မဖန်တီးနိုင်၍ အပါယ်လားမည်ကို ( လော၊ ဒေါ၊ မောနှင့် မကင်းသူ) မသိပါသလော၊ ထို့ကြောင့် ရှင်ကြီးဂေါတမ၏ စကားအတိုင်း ဆိုရပါက မျှားဘယ်ကလာ၍၊ ဘာသားဖြင့် လုပ်ထားသနည်း၊ ဘာဆိပ်ကို သုံးထားသနည်းဆိုသည်ကို ခေတ္တထား၍ သင့်ကြမ္မာကိုသာ သင်အပါယ်ငရဲမှ လွတ်ရေးဦးစားပေးကာပြုပါ။
သင်သိလိုသော အဖြေမှာကား——-
၇- ၁၃ ၌ရှိသောအဖြေကိုကြည့်ပါလေ
ဗုဒ္ဒေါဝါဒသင်္ခေပကျမ်း။ အခဏ်း ၁။
ဗုဒ္ဒေါဝါဒသင်္ခေပကျမ်း။ အခဏ်း ၁။ ကမ္ဘာအကြောင်း။ က။ ကမ္ဘာ၏အမည်များ သုညကပ္ပေါ၊ သုညကပ္ပေါတိ ဒွေကပ္ပါဟောန္တိဟူ၍ ကျမ်းလာသည်နှင့်အညီ၊ ကမ္ဘာသည် အကျဉ်းအားဖြင့် သုညကမ္ဘာ၊ အသုညကမ္ဘာဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင်၊ သုညကမ္ဘာဟူသည်ကား ဘုရားမပွင့် တိတ်ဆိတ်သောကမ္ဘာ။ အသုညကမ္ဘာဟူသည်ကား၊ ဘုရားပွင့်၍ မတိတ်ဆိတ်သော ကမ္ဘာမည်၏။ အကျယ်အားဖြင့်၊ အသုညကမ္ဘာတွင် ငါးပါးအပြားပြားရပြန်ကား အသုညကပ္ပေါ၊ ပဉ္စဝိဓေါ၊ သာရကပ္ပေါ၊ မဏ္ဍကပ္ပေါ၊ ဝရကပ္ပေါ၊ သာရမဏ္ဍကပ္ပေါ၊ ဘဒ္ဒကပ္ပေါတိဟူ၍ ကျမ်းလာသောကြောင့်၊ ၁။ သာရကမ္ဘာ၊ ဘုရားတစ်ဆူပွင့်သောကမ္ဘာ။ ၂။ မဏ္ဍကမ္ဘာ၊ ဘုရားနှစ်ဆူပွင့်သောကမ္ဘာ။ ၃။ ဝရကမ္ဘာ၊ ဘုရားသုံးဆူ ပွင့်သောကမ္ဘာ။ ၄။ သာရမဏ္ဍကမ္ဘာ၊ ဘုရား လေးဆူပွင့်သောကမ္ဘာ။ ၅။ ဘဒ္ဒကမ္ဘာ၊ ဘုရား ငါးဆူပွင့်သောကမ္ဘာဟူ၍ အကျယ်အားဖြင့် ငါးပါးပြန်လေသည်။ ကျွန်ုပ်တို့ယခုရှိနေသော ဤကမ္ဘာကား ဘဒ္ဒကမ္ဘာမည်၏။ ကမ္ဘာ၏ အမည်များကို ကမ္ဘာဦးတည်စ၌ ဗြဟ္မာတို့သည် ဆင်းသက်၍ ကြည်ရှု၍ နိမိတ်ဘတ်လျှက်၊ ဤကမ္ဘာသည် သာရ၊ မဏ္ဍ၊ ဝရ စသည်ဖြင့် မှည့်ခေါ်ကြလေသည်။ ထို့ကြောင့်၊ စကြဝဠာ၊ သင်္ချာတခန်း၊ ရေကြည်ဝန်းထက်၊ ပေါ်ထွန်းနွယ်ဆင့်၊ ကြာငါးပွင့်တွင်၊ နီရင့်ရောင်ရွှန်း၊ သင်္ကန်းငါးဆူ၊ နိမိတ်ယူ၍၊ မိုးသူဗြဟ္မာ၊ ထိန်းမှတ်လာသား၊ မဟာကပ္ပ၊ ဘဒ္ဒကဟု၊ သာလှမည်တွင်၊ ကျွန်းတွင်လက်ယာ၊ ဇမ္ဗူချာဝယ်၊ဟူ၍မင်းရဲကျော်စွာ အေးချင်း၌၄င်း။ ရှေးတည်းနှောင်းပျက်၊ အောင်မြေချက်ဝယ်၊ မြရွယ်ပဒုံ၊ ရှစ်စုံငါးပွင့်၊ ဆင့်ရရင့်ကြောင့်၊ တုံမြင့်မိုးသူ၊ နိမိတ်ဟူ၍၊ ငါးဆူပွင့်ရာ၊ မည်သာဘဒ္ဒ၊ သမိုက်ကျရှင့်၊ ဟုပလိပ်စားအေးချင်း၌၄င်း၊ လာသည်နှင့်အတိုင်း၊ ဤကမ္ဘာသည် ပရိက္ခရာ ရှစ်ပါး ငါးစုံပါသောကြောင့်၊ ငါးဆူပွင့်သော ကမ္ဘာဟုသမုတ်ကြလေသည်။ မှတ်ရန်။ ။ သုညကမ္ဘာထိုးသောအခါ၊ ဘုရားမပွင့်ဟုဆိုရာ ဘုရားသည် ကမ္ဘာအဆက်ဆက် ရှိသည်ပင်တည်း။ သို့သော်လူသတ္တဝါတည်းဟူသော၊ ဘူတရုပ်လောကကမ္ဘာကြီးသည် ရှိတော်မူသော ဘုရားကို မသိသောကြောင့်၊ ဘုရားမပွင့် ဘုရားမရှိဖြစ်သည်။ ယခု သာသနာတော်အတွင်း ကြုံကြိုက်ရသော်လည်း၊ ဘုရားကို မသိသောသူ၊ အသင်္ချေများလေသည်ဖြစ်၍ ကမ္ဘာသင်္ချေ၊ သုညဝေ၊ လုဆွေမပွင့်လင်းဟူသော ထွဋ်ခေါင်ဆရာတော် သံပေါက်အတိုင်း၊ သုညကမ္ဘာ ထိုးသောသူများလေသည်ဟုမှတ်လေ။ ခရစ်ယာန်။ ။ခပ်သိမ်းသော ငါတို့အဘဖြစ်တော်မူသော ဘုရားသခင်တဆူတည်း ရှိတော်မူ၏။ ဧဖက် ၄း၆။ ဘုရားများ အရှင်များဆိုသည့်အတိုင်း၊ ကောင်းကင်ပေါ် မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ်သမုတ်သော သူအများရှိသော်လည်း၊ အကြင်ဘုရားသခင် အထဲက ခပ်သိမ်းသော ဘုရားဖြစ်၍၊ အကြင်ဘုရားသခင်အဘို့အလို့ငှါ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော် ဘုရားသခင်တစ်ပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။ ၁ ကော ၈း၅-၆ လာသည့်အတိုင်း၊ ဘုရားအဆူဆူ မြေကြီးပေါ်တွင် ခေါ်သော်လည်း မုချပရမတ္ထ ဧကံနိယံနိက၊ နိစ္စ၊ ဓူဝ၊ အစိန္တေယျ၊ ထာဝရဖြစ်တော်မူသော ဘုရားကိုယ်တော်မြတ်ကြီးကား၊ ကမ္ဘာ့ ကမ္ဘာတွင် တဆူတည်းသာ ရှိတော်မူလေသည်။ ထို့ကြောင့် ဆာလံ ၉၀း၁ ၌ကား တောင်များကို မဖေါ်၊ မြေကြီးနှင့် လောကဓါတ်ကို ဖန်ဆင်းတော် မမူမီ။ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏။ တနည်း အိုထာဝရဘုရား ကာလအစဉ် အဆက် တည်ပါ၏ဟု ဆာလံ၁၀၂း၁၂ တွင်ဖေါ်ပြထားလေသည်။ ခ။ ကမ္ဘာပျက်ခြင်း သုံးပါး။ သတ္တသတ္တအဂ္ဂိနာဝါရ၊ အဌမေအဌမေဒေကာ၊ စတုသဌိယဒါပုဏ္ဏာ၊ ဧကောဝါယုဝါရောသိယာ။ ။သတ္တသတ္တဝါရ၊ ခုနှစ်ကြိမ် ခုနှစ်ကြိမ်။ အဂ္ဂိနာ၊ မီးဖြင့်။ လောကေ၊ လောကသည်။ ဝိနဿိ၊ ပျက်၏။ အဌမေ အဌမေ၊ ရှစ်ကြိမ် ရှစ်ကြိမ်မြောက် ကမ္ဘာ၌။ ဝါ၊ ကမ္ဘာသည်။ ဒကာဒကေန၊ ရေဖြင့်။ ဝိနဿိ၊ပျက်၏။ ယဒါ၊ အကြင်အခါ၌။ စတုသဌိ၊ ခြောက်ဆယ် လေးကမ္ဘာသည်။ ပုဏ္ဏာ၊ ပြည့်ကုန်၏။ တဒါ၊ ထိုအခါ၌၊ ဧကောဝါယုဝါယော၊ လေဖျက်သော ကမ္ဘာတကြိမ်သည်။ သိယာ၊ ဖြစ်ရာ၏။ ပမာ၊ ငွေတကျပ်တွင်၊ ပိုက်ဆံ ခြောက်ဆယ့်လေးပြားရှိရာ၊ တပြား တပြားကို မီးဖျက်သောကမ္ဘာအမှတ် အသားထား၍၊ ရှစ်ပြား ရှစ်ပြားမြောက် တမူးစေ့သော အခါတိုင်း၊ ရေဖျက်သော ကမ္ဘာမှတ်။ အဆုံး ခြောက်ဆယ့်လေးပြားစေ့၍ ငွေဒင်္ဂါးတကျပ်ကား လေဖျက်သော ကမ္ဘာမှတ်လေ။ ဤသို့အားဖြင့်။ ၁။ တေဇောသံဝဋ္ဋ၊ မီးဖြင့်ဖျက်အံငှါ၊ နေတစ်ဆင်းမှစ၍၊ ခုနှစ်ဆင်းတိုင် ထွက်သဖြင့်၊ မြေကြီးသည် အကြွင်းအကျန်မရှိ၊ အထက်ကောင်းကင်နှင့်၊ အောက် ကောင်းကင် တစပ်တည်းဖြစ်အောင် ပျက်လေသည်ဟု သတ္တင်္ဂုတ္တသူရိယသုတ်၌လာ၏။ ၂။ အာပေါသံဝဋ္ဋ၊ ရေဖြင့်ဖျက်ခြင်း။ ရှစ်ကြိမ်မြောက်၌တကြိမ်၊ ရေဖြင့် ဖျက်သောအခါ၊ အလွန်ခါးသော ငန်းသော မိုးကြီးရွာ၍၊ စကြာဝဠာ မဟာလောကဓါတ်ကြီးကို အကုန်ကြေမွစေပြီးလျှင်၊ အရည်ဖြစ်စေ၍ ပျက်လေ၏၊ ၃။ ဝါယောသံဝဋ္ဋ၊ လေဖြင့်ဖျက်ခြင်း၊ ခြောက်ဆယ်လေးကြိမ်မှာ တကြိမ်၊ လေဖြင့်ဖျက်သောအခါ၊ အလွန်ပြင်းထန်သောလေတို့သည် ထ၍၊ စကြာဝဠာ မဟာပထဝီမြေကြီးကို အစိတ်စိတ်ကွဲစေလျှက်၊ မြင့်မိုရ်တောင်မင်းကိုလည်း ကြေမွစေလျှက်။ အလုံးစုံကွယ်ပျောက်လွင့်စေ၍၊ အထက်အောက်ကောင်းကင်တစပ်တည်းသာ စပ်လျှက်၊ ဟင်းလင်းအပြင် ကောင်းကင်အမိုက်ကြီးသာ အတိဖြစ်လေ၏။ မှတ်ရန်။ ။ အဂ္ဂိနာတဿရာဟေဌာ၊ အာပေနသုတကိဏှတော၊ ဝေဟပ္ဖလတောဝါတေန၊ ဧဝံလောကော ဝိနဿတိ။ ။အာဘဿရာ၊ အာဘဿရဘုံမှ။ ဟေဌော၊ အောက်၌။ အဂ္ဂိနာ၊ မီးဖြင့်။ ဝိနဿတိ၊ ပျက်၏။ သုဘကိဏှိတော၊ သုဘကိဏှိ ဘုံမှ။ ဟေဌာ၊ အောက်၌။ အာပေန၊ ရေဖြင့်။ ဝိနဿတိ၊ ပျက်၏။ ဝေဟပ္ဖလတော၊ ဝေဟပ္ဖိုလ်ဘုံမှ။ ဟေဌာ၊ အောက်၌။ ဝါတေန၊ လေဖြင့်။ ဝိနဿတိ၊ ပျက်၏။ ဤသို့အားဖြင့်၊ မီးဖျက်သောအခါ၊ အာကဿရဘုံအောက်၊ ရေဖျက်သောအခါ၊ သုဘကိဏှိ ဘုံအောက်။ လေဖျက်သောအခါ၊ ဝေဟပ္ဖိုလ်ဘုံအောက် ပျက်ကြောင်းမှတ်လေ။ ဤကား လွန်သောအပိုင်းအခြားတည်း။ ဘုံစဉ်ကို အခဏ် သင့်တော်ရာတွင် ပြသသွားပါမည်။ ခေတ်ဝိသယ၊ အနန္တတွင် ရေဆကုဋေ၊ တသိန်းနေတို့၊ မီးရေလေမှတ်၊ သံဝဋ်သုံးဖြာ၊ ပျက်ခါညီမျ၊ ဖြစ်ကျတူပြိုင်၊ ရံဆိုင်သီးသီး၊ လွန်ပြီးပွားဆဲ၊ ထွန်းမြဲနောင်လာ၊ တိုက်များစွာကို၊ ထွဋ်ချာဆုံးမဲ့၊ ဥာဏ်ဖြင့်ချဲ့လည်း၊ ပြဲ့ပြဲ့လေးအင်၊ ကပ်သာဖြင့်ခဲ့၊ ပလိပ်စားအေးချင်း၊ လောင်ဘက်ပျက်ဘက် စကြာဝဠာ ကုဋေတသိန်းဖြစ်သည်။ ဝိသုဒ္ဓိမဂ်အဌကထာ၊ အဘိညာဉ်နိဒ္ဒေသ၊ မျက်နှာ ၄၅။ အပိုဒ် ၂၄၂။
အရိုးတော်များအကြောင်း
ဂေါတမသည် လူဖြစ်သော်လည်း လူတို့ကဲ့သို့ ကိုယ်ခန္ဓာဖွဲ့စည်းပုံ မတူပါတဲ့။ ရိုးရှင်းစွာ ဆိုရပါက အရိုးတော်တို့သည် ကွင်းဆက်များဖြစ်သည်ဟူ၏။ အကယ်၍ ဝေသာလီပြည်ကို ကြည့်လိုပါက လည်ပင်းလှည့်၍ ကြည်မရပါ သောကြောင့် ဆင်ကဲ့သို့ တကိုယ်လုံး လှည့်ကြည့်ရပေမည်ဖြစ်သောကြောင့် ထိုဝေသာလီပြည်ကသာ မဟာပထ၀ီမြေကြီးက အိုးထိန်းစက်သဖွယ် လှည့်ပေးခြင်းဖြင့် ဂေါတမရှေ့တော်သို့ ရောက်ရပေတော့သည်ဟူ၍ ဆိုထားလေ၏။ ဤသို့ဆိုက ဝေသာလီပြည်ကြီး လှည့်နေချိန်တွင် ဂေါတမသည် အဘယ်အရာပေါ်တွင် ရပ်နေပါသနည်း( အကြောင်းမှာ မြေကြီးနှင့် အတူမလယ်သွားသောကြောင့်ပါ) ။ အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည် တခုပဲသိတယ် ဒါကတော့ သဘာဝယုတ္တိ၊ အာဂမယုတ္တိ နှင့်မညီသော စာပေများပင်ဖြစ်လေသည်။ ယေရှုခရစ်တော်ကိုကား ငါတို့ဘုရားက လူထဲကလူဟူ၍ ပြောကာ သမုတ်ကြသော်လည်း လူထဲကလူဖြစ်ပေမဲ့ တင်စားမှုတွေက လွန်လွန်သွားတော့ စဉ်းစားစရာပင်ဖြစ်ပေတော့သည်။
မဟာပရိနိဗ္ဗာနသုတ်နှင့် အဌကထာ တွေအရဆိုရပါက အကျဉ်းမှတ်ရန်မှာ။
၁။ ဘုရားရှင်တို့၏ အရိုးတော်တိုကား ကွင်းဆက်။
၂။ ပစ္စေကဗုဒ္ဓါတို့၏ အရိုးတော်တို့ကား ချွန်းချိန်။
၃။ ရဟန္တာတွေနှင့် လူအားလုံးတွေရဲ့ အရိုးတွေကတော့ တေ့ဆက်များဖြစ်ပါတယ်တဲ့ခင်ဗျာ။
သာမန်လူထဲက ကျင့်လို့ဘုရားဖြစ်သွားပါတယ်ဆိုကြသော သူများအတွက် ဤအရာများအား အဘယ့်ကြောင့် ဆေးပညာအရ၊ လက်တွေ့ကျမကျ မစဉ်းစားမိပေကြလေရော့သလားဆိုတာ ကျွန်တော် မစဉ်းစားတတ်တော့ပါ။
ဒီလိုထူးခြားချက်တွေကြောင့်လည်း ဂေါတမက ပကတိဆင်တို့ရဲ့ ကုဋေတစ်ထောင် ပဏာမ အားနဲ့ညီမျသော အားတော်ရှိတယ်လို့ဆိုကြလေရဲ့။
အပြစ်အကြီးအသေးခွဲခြားခြင်း
အပြစ်ကြီးသေး ခွဲခြားနည်း။
အင်္ဂုလိမာလက လူပေါင်း ၉၉၉ ယောက်၏ လက်ချောင်းများကို ရလိုသောကြောင့် သတ်ဖြတ်ပေမဲ့ ပါဏာတိပါတကံ မကျရောက်ရပဲ အကုသိုလ်တွေက အဟောသိကံ ( အချည်းနည်း) ဖြစ်၍ ကျွတ်တမ်းဝင်သွားရပေမဲ့၊ တခါတုန်းက ရဟန်းတော်တစ်ပါး အလွန်သီလစင်ကြယ်ပါသော်လည်း။ တစ်နေ့ လှေစီးပြီးအသွား လှေပေါ်ကနေ ပိန်းပင်ကလေးကို လက်နှင့်လှမ်းဆွဲလိုက်မိတာနဲ့ ပိန်းပင်ကလေးပြတ်သွားတဲ့ တောမှာနေ၍ အာပါတ်ဖြေခြင်း မပြုလိုက်ရသောကြောင့် ၊ သီလစင်ကြယ်ပေမဲ့ သေလွန်တော့ တိရိစ္ဆာန် နဂါးကြီးဖြစ်သွားရပါတယ်တဲ့ ( ရတနာမွန်၊ အတွဲ ၂၆၊ အမှတ် ၁)။ နောက်ပြီး သောရေယျ သူဌေးသား တဦးကတော့ အရှင်ကစ္စည်းကို အလွန်တရာ လှပလွန်းသောကြောင့် သူ့မယားကလေး ဖြစ်သွားရင်ကောင်းမှာပဲလို့ စိတ်ကူးကလေးယဉ်လိုက်တာနဲ့ ချက်ခြင်းပဲ ဘုန်းကံတွေ ပျောက်ကွယ်ပြီး မိန်းမ ဖြစ်သွားရပြန်ပါရော့တဲ့( ဣမေသု တာဝ ဒွီသု လိင်္ဂေသု ပုရိသလိင်္ဂံ ဥတ္တမံ၊ ဣတ္ထိလိင်္ဂိံ ဟီနံ ( ပါရာဇိကဏ် အဌကထာ၊ပထမပါရာဇိက၊ ၀ိနီတ၀တ္ထု၊ ၂၃၈)၊ ကဲ့ဒီလိုဆိုရင်တော့ အင်္ဂုလိမာလလို မကောင်းမှုတွေ တသီတတန်းကြီးပြုပြီး သေခါနီးမှ ဘာသာပြောင်းသွားတဲ့ သူကတောင် တသက်လုံး ဘာသာမှာ သီလစင်ကြယ်နေတဲ့ သူထက် အာမခံချက်တွေက ဘာကြောင့်ကွာခြားနေပါသလည်း ဆိုတာ၊ လုပ်ကြံထားတဲ့ ကျောက်ကွင်းအရေးတော်ပုံကို ရေးကြီးခွင်ကျက် ဇာချဲ့နေသောသူများအတွက် မေးလိုက်ပါရစေ၊ ဒီနေရာမှာ ကြံစည်ယုံဖြင့် အပြစ်ဖြစ်သူရှိ၏၊ လက်တွေ့လုပ်သော်လည်း အပြစ်၏ အကျိုးကို မခံစားရသူရှိ၏ ကောင်းစွာကြည့်မြင်တတ်ကြပါစေသော်။ အင်္ဂုလိမာလကိုတော့ဖြင့်ကား `အတ္ထိ ခေါ ပန မယာ ပါဏော အတိပါတော၊ ယာဝတကော ၀ါ တာဝကော ၀ါ´ ( ဂါမဏိ သံယုတ် ပါဠိတော်) ဟူ၍ဆိုကာ အပြစ်လွတ်ကင်းခွင့်ပေးလိုက်သည်ကိုကား အဘယ်သို့ မေးခွန်းမေးရမည်ကို မသိ ထာဝရ ဘုရားရှင်၏ လက်တွေ့ကျကျ အပြစ်ဖြေလွတ်ခြင်းကိုကား အလုပ်မရှိ ဟိုဟာ သန်းရှာဆိုသလို လုပ်လည်း လုပ်တတ်ကြပါပေ၏။
ပါရာဇိကကျခြင်းဟူသည်
ပါရာဇိက ကျခြင်းဟူသည်။
၁။ သိက္ခာမချဘဲ မေထုန်မှီဝဲသော ပုဂ္ဂိုလ်။
၂။ တစ်မတ်၊ တစ်မတ်ထက်များတဲ့ ပိုက်ဆံ၊ တစ်မတ်ထက်ပိုတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းကို ခိုးတဲ့ပုဂ္ဂိုလ်။
၃။ လူသတ်မိတဲ့ ပုဂ္ဂိုလ်။
၎။ ဈာန်သမာပါတ် မရဘဲနဲ့ လိမ်ညာသော ပုဂ္ဂိုလ်တို့ လူသေသည် သေပြီးမှ ပြန်မရှင်နိုင်သကဲ့သို့ ထိုသူတို့သည် သာသနာအသက်ထွက်သွားပြီးသော သူများဖြစ်၍ ဘယ်သောအခါမှ ရဟန္တာပြန်မဖြစ်နိုင်တော့ဟူ၍ ဆိုသောကြောင့်၊ အဘယ်သူသည် ဤလောက အပြစ်ငရဲထဲမှ အဘယ်သို့သော နည်းများဖြင့် လွတ်မြောက်ရာကို ရနိုင်သောသူ ရှိနိုင်ပါအံ့တော့နည်း။ယနေ့သော်ကား လူတို့၏ နည်းပရိယယ် အသွယ်သွယ်ဖြင့် အယောင်ဆောင်အချို့က လုပ်ဇာတ်ခင်းကာ ကနေကြသည့် အရာကို အမှန်ဧကန် ရှိသည်ဆိုငြားအံ့ ထိုသူသည် အလိမ်အညာတို့၏ ဘုရင်၊ အလိမ်အညာတို့၏ သခင်ပင်ဖြစ်ပေမည်ဖြစ်သောကြောင့် ကြည့်၍သာ ရှောင်ကြပါတော့။
ဤနေရာတွင် စစ်မှန်သော ဘုရားသာသနာမှ ထွက်ခွါသွားပြီးသော သူတို့သည် ဗုဒ္ဓကျမ်းဂန်အရ နှစ်ဖြာကွဲသွားပြီးသော ကျောက်နှင့် လည်ဆစ်က ပြတ်သွားသော ထန်းငုတ်တို့သည် ဘယ်သောအခါမှ ပြန်၍ အရင်လို မဖြစ်လာနိုင်သကဲ့သို့ အပြစ်နွံတွင်ကျဆင်း၍ ဘုရားသာသနာမှ ဝေးကွာနေသူတို့ကား ဘုရားနည်းလမ်းကို မရယူသ၍ ဖြေဆေးမရှိတော့ပါပေ။
၈၄၀၀၀ မဖြစ်နိုင်ပေါင်
ရာဟုလို့ခေါ်တဲ့ အသရိန်နတ်ကြီးဟာ အလွန်ကြီးမားပါတယ်။ သူ့အရပ်က ယူဇနာ ရှစ်သောင်းလေးထောင် ရှိတယ်လို့ဆိုပါတယ်၊ သူဟာဘုရားရှင်ရဲ့ ဂုဏ်သတင်းတွေ ကြားရတော့ ဖူးမြော်ချင်ပေမဲ့ လူသားဖြစ်တဲ့ ဘုရားကို ငါသွားဖူးရင် ငုံပြီးဖူးနေရလိမ့်မယ်၊ သွားဖူးလို့မဖြစ်ပါဘူးဆိုပြီး နေလိုက်ရာက ဘုရားရှင်ရဲ့ ဂုဏ်သတင်းတွေ ထပ်ကာထပ်ကာ ကြားရပြန်တဲ့အခါ၊ ဖြစ်သလိုပဲ သွားဖူးတော့မယ်ဆိုပြီး သွားဖူးမြော်တဲ့အခါ ဘုရားရှင်က `မဟိမာ´ ဘုန်တော်ဖြင့် သူ့ထက်အဆမတန်ကြီးမားတဲ့ ကိုယ်တော်သဏ္ဍာန်ဖန်ဆင်းပြီး လျောင်းတော်မူလျှက် အဖူးမြော်ခံတော်မူပါတယ်၊ သည်အခါ အလွန်အရပ်မြင့်လှပါတယ်ဆိုတဲ့ အသူရိန်နတ်ကြီးဟာ တအားကုန်မော်ပြီး ဖူးမြော်ပေမဲ့ ဘုရားရှင်ရဲ့ အထက်ပိုင်း ကိုယ်တော်အဆုံးကို မမြင်နိုင်ဘူးလို့ဆိုပါတယ်။
ဒီနေရာမှာ မေးစရာရှိလာတာက သင်္ခါရဆိုတဲ့ မမြဲခြင်းတရားတွေကို ဒီအသူရိန်နတ်တွေကကော လွန်ဆန်နိုင်နေသလား?
နောက်ပြီး ယူဇနာ ၈၄၀၀၀ ဆိုတာကလည်း မိုင်နဲ့တွက်ချက်မယ်ဆိုရင် တယူဇနာကို အချို ဘုန်းတော်ကြီးတွေက ၈ မိုင်၊ အချိုက ၁၂ မိုင် ခွဲ ဆိုပြီး တွက်ချက်ကြပါတယ်။ ဂေါတမ မွေးဖွားတဲ့ အိန္ဒိယ နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံပေါင်းရင်တောင်မှ ဒီအချိုးအစားနဲ့ အညီအမျ မိုင်ကိုတောင် ရနိုင်ပါ့မလား ဆိုတာကိုပေါ့ဗျာ ?
၈၄၀၀၀ အမြောက် ၈ မိုင် ညီမျခြင်း ၆၇၂၀၀၀ မိုင်ဆိုတော့ ဒီလောက်ကြီးမားတဲ့ ခန္ဒာ တကယ်ရှိခဲ့တယ် ဆိုရင်တော့ ကိုယ်ရွှေမြန်မာတို့က သမိုင်းမှာ လက်မထောင်နိုင်အောင် မောင်းခတ်စည်တီး ပွဲတွေ ဟီးနေအောင် လုပ်ကြတော့မှာပေါ့နော အခုတော့ ဒါက စာအရ တဆင့်စကား ဆင့်ကားကြားပြီး မြုတ်ဇာတ်တွေပါလို့ဆိုရင်တော့ ကျွန်တော့်အပေါ်မှာ ဒေါမနဿတွေ ပွားနေကြဦးမှာ အသေအချာဆိုတာ သိပေမဲ့ ရေးပြလိုက်ရပါတယ်။
အထက်က အရပ်တော်ကို ၁၂ မိုင်ခွဲနှင့် မြောက်လိုက်ရင်တော့ ပိုပြီး ကြီးမားလာပြီး မရေအတွက်နိုင်လောက်အောင် ယုံတမ်းစကား ဖြစ်လာတော့မှာပါ။ ဒါက အသူရိန်နတ်ရဲ့ အရပ်ပဲရှိသေးတာ ရှင်တော်ဂေါတမက သူထက် ဘယ်လောက်ကြီးသလဲဆို ရင် မော်ကြည့်တာတောင် အထက်ပိုင်း ကိုယ်တော်ကို မမြင်ရသေးဘူးဆိုတော့ ဘယ်လောက်ကြီးမလဲ ထပ်စဉ်းစားရင် ရှုးတောင် ရှုးချင်ကြပါလိမ့်မယ်။ ဒါကလည်း ရတနာမွန် အတွဲ-၂၃၊ အမှတ် ၅ ကယူထားတာဆိုတော့ ယုံလိုက်ကြပါတော့ဗျာ။





