RSS

ဂေါတမ၏ ရုပ်တော်စင်စစ်

၁။ တပြေးညီသော ခြေဖဝါးရှိသူ။

၂။ ခြေထောက်တွင် အကွက်အပြောက် စသော အမှတ်အသားများရှိသူ။

၃။ ဧဏီသတ္တဝါသလုံးခေါင်းရှိသည်။

၎။ ဆင်ကဲ့သို့ လိင်ကိုဖုံးသော အရေး တန်ဆာရှိသူ။

၅။ ရပ်နေစဉ် လက်နှစ်ဖက်သည် ဒူးထိအောင်ရှိသော လက်ရှည်သူ။

၆။ ခြေ၊ လက်၊ ပခုံး၊ လည်ကုတ်တို့တွင် အသားပြည့်ဖေါင်းနေသူ။

၇။ ခြင်္သေရင်အုပ်ရှိသူ။

၈။ ပျဉ်ချပ်အမျိုးအစား ကျောပြင်ရှိသူ။

၉။ ခြင်္သေ့မေးရှိသူ။

၁၀။ အရောက်တလက်လက်တောက်သော အစွယ်လေးချောင်းရှိသူ။

၁၁။ နွားသူငယ် မျက်မွေးရှိသူ။

၁၂။ နဖူး၌ အသားပို ကပ်ပါသောသူ။

၁၃။ လုံးသော လည်ပင်းရှိသူ။

၁၄။ ကရဝိတ်ငှက် အသံမည်သူ။

၁၅။ မြင့်သော၊ ညွတ်သော၊ ရှည်သော၊ နီသော လက်သည်းရှိသူ။

၁၆။ ခြေဆယ်ချောင်း တညီတည်း တုံးတိတိ ရှိနေသူ။

၁၇။ ခြင်္သေ့၊ ဆင်၊ ဟင်္သာ၊ နွားများကဲ့သို့ သွားလာတတ်သူ။

၁၈။ ပြိုးပြိုးပြက်ပြက်အရောင်ထွက်နေသောသူ။

၁၉။ ကုဋေ ၁၀ဝ၀ သော ဆင်ကဲ့သိုသော အားကောင်းမောင်းသန်ဖြစ်သူ။

၂၀။ ဆင်နှာမောင်း ပေါင်ရှိသူ။

၂၁။ အလွန် နီမြန်းသော နှုတ်ခမ်း၊ သွားဖုံး၊ လျှာ ရှိသူ။

၂၂။ ခံတွင်း နက်နက်ရှိသူ။

၂၃။ ပါးစောင်း ဖေါင်းနေသူ။

၂၄။ သူသူငါငါကဲ့သို့ အကြောများ မမြင်ရသူ။

၂၅။ ထီးခေါင်းရှိသူ။

၂၆။ ချွန်းကဲ့သို့နှာခေါင်းရှိသူ။

၂၇။ ကိုယ်ခန္ဒာဝိုင်းနေသူ။

၂၈။ ဆံပင်သည် တူညီသော အနေအထားတွင် ရှိနေသူ။

၂၉။ အေးခဲနေသော ကိုယ်ကောင်ရှိသူ။

၃၀။ အရောင်တောက်နေသော ကိုယ်ကောင်ရှိသူ။

၃၁။ ဦးခေါင်းထက်မှ အမြဲ အငွှေ့ တထောင်းထောင်းထနေသောသူ……………….

ထိုကဲ့သို့သော ပုဂ္ဂိုလ်အား အဘယ်သို့သော စိတ်ဓါတ်ဖြင့် ကြည်ညိုစရာ အဖြစ်မြင်နေသည်ကို ကျွန်ုပ် ဘယ်လိုမှ စဉ်းစား၍ မရ၊ နားမလည်နိုင် ဖြစ်ရပေသည်။ ထိုကဲ့သို့သော သူကို တွေ့ပါက အဘယ်သူမဆို မေ့မျောကာတက်၍ သတိလက်လွတ် ဖြစ်သွားကြပေမည်။ အမျိုးသမီးများမှာမူကား သွေးတက်၍ အသက်ပင် ပါသွားနိုင်ပေသည်။ ဤနေရာတွင် ခရစ်ယာန်များကို ကြိုက်သလို ချိုးဖဲ့ရေးသာ နေသော မိတ်ဆွေများအား အသင်တို့၏ ဘုရားသည်ကား ထပ်၍ ကျမ်းဂန်အရှိအတိုင်း ရေးရမည်ဆိုချေက ရေး၍ မကုန်၊ ပြော၍ မကုန်ရှိနေသော်လည်း မရေးပါက ခရစ်ယာန်တို့သည် အ၊ န၊ ထုံထိုင်းသောသူများဟူ၍ မြင်ကာ ထင်တိုင်းကြဲနေကြသောကြောင့် မရေးသားလို၍ မရေးသားပဲနေကြသည်ကို သိမြင်စေလိုသောကြောင့် ထိုမျလောက်ရေးသားရင်း တင်ပြအပ်ပါသည်။
ဝန်ခံချက်။ ။ အထက်ပါ မေးခွန်းများ အားလုံးတို့သည် ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်၊ ပထမကျော် ပါဠိပါရဂူ ဓမ္မာစရိယ ကထိက၊ အနေကဂန္တကာရက၊ အရှင်ဓမ္မဿာမီဘိဝံသ စီရင်ခဲ့သော၊ ပုံတော်စုံ မူလ မဟာဗုဒ္ဓဝင် စာအုပ်မှသာဖြစ်ပြီး၊ ခင်ချိုထွန်းစာပေမှဖြန့်ဝေ၍၊ ဘာသာရေး စာမူခွင့်ပြုချက် အမှတ် ၅၁/၉၇(၁) ဖြင့် ထုတ်ဝေထားသည်ဖြစ်သောကြောင့် အမှားအယွင်းအဖြစ်မှတ်ယူရန်ကား လုံးဝ မသင့်လျှော်ပါလေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗုဒ္ဓဘာသာများအတွက် အမြင်မရှုင်းသည့်မေးခွန်းများ အပိုင်း ၁

၁။ လူသားအစ ဗြဟ္မာက ဆိုက ဗြဟ္မာအစ ဘယ်ကပါလဲ အကျိုးအကြောင်း ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။

၂။ ကံတရားအတိုင်း လူသည် ခံနေရပါက အရင်ဦးဆုံးကံမရှိမီ အဘယ်က ကံရောက်လာပါသနည်း။

၃။ ဂေါတမသည် ဘုရားအဖြစ် ဆုပန်ရာတွင် ဘုရားကိုလည်း ဖူးတွေ့မှ ဆိုသောကြောင့် ဦးဆုံးဘုရားသည် အဘယ်ဘုရားထံမှာ ဆုပန်ခဲ့သနည်။

၎။ ရုပ်၊ နံ မရှိဆိုသော ရူပ ဘုံ၊ အရူပဘုံမှ ရုပ်မှရှိ၊ နာမ်မရှိသည်ကို အဘယ့်ကြောင့်သတ္တ၀ါဟု သက်မဲ့ကို သုံးသနည်း။ သက်မဲ့သည် သတ္တ၀ါ မဟုတ်။ အကြောင်းပြချက် ခိုင်လုံစွာနှင့်ဖြေကြားပေးပါ။

၅။ လူသည် သဘာဝ အလျှောက် ပေါ်လာပါက အဘယ့်ကြောင့် ငရဲနောင်တမလွန် ရှိရန်လိုပါသနည်း။

၆။ မိမိကိုသာ အားကိုရာဆိုက ဘုရားမှတပါး အားကိုးရာ မရှိဟု အဘယ့်ကြောင့်ပြောကြပါသနည်း။

၇။ ပုထုဇဉ်သည် အဘယ်သို့ ဘုရား အထူးခံခြင်းကို နှစ်သက်သောကြောင့် အပြစ်မဖြစ်ရသနည်း။

၈။ မကြံစည်အပ်ဟု ဆိုလျှက် အဘယ့်ကြောင့် ရာကျော်တန်ဖြင့် ဂေါတမဘုရားဟု ကိုးကွယ်ကြသနည်း။

၉။ ဂေါတမက “ငါ့ပြောသလိုကျင့်ပါဟု´´ဆိုလျှက် အဘယ့်ကြောင့် မကျင့်ဘဲ ကိုးကွယ်နေသနည်း။

၁၀။ နိဗ္ဗာန်ဟူသည် ရှိသည်၊ မရှိသည် ဂေါတမက မပြောဟု ပြောလျှက်နှင့် အဘယ့်ကြောင့် မှန်းမျှော်နေသနည်း။

၁၁။ သတ္တတဒိဌိ နှင့် ဥစ္ဆေဒဒိဌိအကြားမှာ နေသည်ဆိုရုံဖြင့် သံသရာက လွတ်မည်လော။

၁၂။ အဘယ့်ကြောင့် “လူသေလူဖြစ်ကို မယုံပါဘဲ´´ ရှင်ဥက္ကဌ ၏ ကျောက်ကွင်းကို ကွက်ကျား ဆွဲကိုင်နေသနည်း။

၁၃။ နိဗ္ဗာန်ရောက်ဘူးသူများ၏ အမည်လိပ်စာများကို သိပါက ပြောပြပါ။

၁၄။ အရှင်ဥာဏ၏ “ သူမဟုတ်သော သူဝင်စားသည်´´ ဆိုသော စကားက မာရ်နတ်၏ လှည့်ကွက်ဖြင့်လျှက် အဘယ့်ကြောင့် မှိုင်းတိုက်ထားသော သံသရာကို ယုံကြည်နေရသနည်း။

၁၅။ သိပ္ပံသည် ဗုဒ္ဓ၏ ဟောချက်များကို မမှန်ကန်ကြောင်း သက်သေပြနေချိန်တွင် သိပ္ပံမှားကြောင်း သက်သေပြပေးပါ။

၁၆။ ငါသည်သင့်ကို မကယ်နိုင်ဟု ဆိုသော ဂေါတမအား အဘယ့်ကြောင့် နေ့ရက်စဉ် တောင်းဆုပန်နေပါသနည်း။

၁၇။ ရုပ်တုဟူသည် အသက်မရှိသည်ကို ကလေးပင် သိသလို ၊ မကြံစည် အပ်ကြောင်း ဂေါတမက ပြောလျှက်နှင့် အဘယ့်ကြောင့် ကြံစည်သနည်း။

၁၈။ မကြံစည်အပ်သော အရာ လေးပါးတွင် ပါလျှက်နှင့် အဘယ့်ကြောင့် ဘုရားကို ကစားစရာသဖွယ် တွေးဆပြုအား မတရားသဖြင် ပြုလိုပါသနည်း။

၁၉။ သမ္မာဒိဌိမှသာ မှန်သည်ဖြစ်သော်လည်း အဘယ့်ကြောင့် မသမာသော နည်းဖြင့် ဘာသာရေးတွင် ခုတုံးလုပ်နေကြသနည်း။

၂၀။ အသျှင် နန္ဒရေးသာ ဘလောဂ်များမှ အမေးများအား ရှင်းလင်းစွာ ဖြေကြားပေးပါ။

၂၁။ ဂေါတမ၏ တထွာသည် သာမန် ယောင်္ကျားကြီး သုံးထောင်ဆိုသောကြောင့် အကယ်ပင် အဘယ့်ကြောင့် သမိုင်းတွင် မရှိခဲ့ပါသနည်း။

၂၂။ ဂေါတမ၏ အခြား မယားများ အဘယ့်ကြောင့် မြုတ်ကွယ်ထားကြသနည်း။

၂၃။ မြင့်မိုရန်တောင်ဟူသည် ယနေ့တွေ့မြင်နိုင်ခြင်း အဘယ့်ကြောင့် မရှိရသနည်း။

၂၄။ ဤလောက စကြာဝဠာကြီး၏ အတိုင်းအရှည်ကို စာဖွဲ့တင်စားရန် အဘယ်သူသွား၍ တိုင်းထွာခဲ့သနည်း။

၂၅။ ဤအရာများသည် လုပ်ကြံဇာတ်ဖြစ်သည် ဆိုက သင်အဘယ်သို့ဖြေကြားမည်နည်း။

၂၆။ အဘယ့်ကြောင့် ယနေ့ ရဟန္တာဟူသည် မရှိရသနည်း။

၂၇။ တပါးကျိုးက အားလုံးကျိုးသည့် သီလကို အဘယ့်ကြောင့် လုံနိုင်သည်ဟု ပြောသနည်း။

၂၈။ ယေရှုကို ပြည့်တန်ဆာ သားဟုဆိုက သုဝဏ္ဏသာမ၊ ရှင်သီဝလိ၊ ဥပဂုတ္တ၊ ပဒုမ္မာဒေ၀ီ တို့ကား အဘယ်သို့ဖြေရှင်းမည်နည်း။

၂၉။ ပဒုမ္မာဒေ၀ီ သားငါးရာ ဖွားရလောက်အောင် သူမသည် လူမဟုတ်သော ငါး သို့ မဟုတ် ဖား မျိုး ဖြစ်နေသလော။

၃၀။ ရှင်တော်ဂေါတမသည် အဘယ့်ကြောင့် ဘုရားဖြစ်သည်ဆိုက ငါသည်သင့်ကို မကယ်နိုင်ဟု ဆိုခဲ့သနည်း။

စေတနာဖြင့်

ဗုဒ္ဓဖာသာ မှ စစ်မှန်သော ဗုဒ္ဓဘာသာ( ဘုရားအယူ) ဧကောဗုဒ္ဓေါ ထာဝရ ဘုရားကို ယုံကြည်သက်ဝင်လာသူ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗုဒ္ဓဘာသာများအတွက် အမြင်မရှင်းသည့်မေးခွန်းများ အပိုင်း ၂

၁။ ပလ္လင်တော်၏ ကွာခြားချက်ကို ရှင်းပြပါ။
က။မဏိဒိပဋီကာတစ်လက်မမှ မမြင့်(စုဒ္ဒသဟတ္ထုဗ္ဗေဓေါ ဥဗ္ဗေစ သဒ္ဒါ) -ပ၊ ၁၄၉။
ခ။ ပရိတ်ကြီးဋီကာ ၁၄ တောင်။

၂။ ဂေါတမ၏ မတူညီသော အရပ်တော်ဖေါ်ပြမှု။
က။ ဗုဒ္ဓဝံသ ၁၆ တောင် ( သေဠသ ဟတ္ထုဗ္ဗေဓေ)
ခ။ အဌကထာ ၁၈ တောင် ( အဌာရသ ဟတ္ထုဗ္ဗေဓေ)။

၃။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားတို့တွင် ဒီပင်္ကရာ အပါအဝင်၁၉ဆူ၏ပါရမီဖြည့်ရာကာလကို ထင်ထင်ရှားရှားဖေါ်ပြပေးပါ။

၎။ဂင်္ဂါဝါဠုမထားနှင့်ဦးဂေါတမနှင့်အရိမေတ္တယျမှအပအခြားဘုရားများကားအဘယ်သူထံတွင် ဘုရားဆုပန်ခဲ့သနည်း ဖေါ်ပြပါ။

၅။ အသိဆုံး၊ အတတ်ဆုံး၊ အမြတ်ဆုံးဟု အဘယ့်ကြောင့် အို၊နာ၊သေကိုမသိ၍အစေခံထံ၌ မေးမြန်းရသနည်း။

၆။ဂေါတမ၊ဝေသန္တရာ၊မဟော်သဓာတို့သည်မွေးကင်းစမှစ၍လမ်းစသွားခြင်း၊စကားပြောခြင်းမျှားပြုသည်ကိုဗုဒ္ဓဝင်စာပေမှအပ အဘယ့်ကြောင့် မတွေ့ရသနည်း။

၇။ထိုအသိဆုံး၊အတတ်ဆုံး၊အမြတ်ဆုံးသူကအဘယ့်ကြောင့်ကျွတ်တန်းတရာကိုတကယ်မသိသော ဥဒကနှင့် အာဠာရ ရသေ့ထံတွင် တပည့်ခံရပါသနည်း။

၈။ပုဗ္ဗနိမိတ်ကြီးများတွင်ပါသည့်အတိုင်းမတီးပဲအလိုလိုတူရိယာများမြည်ခြင်း၊မိုးလေငလျှင်လှုပ်ခြင်း၊ အချည်အနှောင်လွတ်ကြခြင်း၊ ငရဲမီးငြိမ်းခြင်းတို့ကို အဘယ့်ကြောင့် ကမ္ဘာသမိုင်းတွင် မှတ်တမ်းမရှိပါသနည်း။သမိုင်းမှား၍လား၊ဗုဒ္ဓသမိုင်းမှားလို့လားသေခြာရှင်းလင်းပြပါ။ဟုတ်လျှင်ကမ္ဘာကသိသင့်ပေသည်။ကမ္ဘာများစွာကိုပင်ရေတွက်ပါက မဝေးသေးသော အိန္ဒိယ သမိုင်းသည် ထင်ရှားရပေမည်။

၉။ ငယ်ရာက ကြီးရသည်ကို ခန္ဓာဗေဒအရ လူတိုင်းကသိသော်လည်း သိဒ္ဓတ္ထသည် ၂၉ နှစ်ရောက်သည့်တိုင်အဘယ့်ကြောင့်မသိရသနည်း၊ဖွားဖက်တော်ကိုပင်ငုံ၍ကြည့်ပါကသိနိုင်သည် မဟုတ်ပါလော။မောင်စံကိုလည်း ကျီစားလို၍ မေးဟန်မတူပါလေ။

၁၀။သယမ္ဘုတံအလိုလိုညာဏ်ဖြင့်သိခြင်းဟူသည်က၊ခ၊ဂ၊ဃ၊ငဆိုသောစာကိုကျောင်းမှာမသင်ပဲတတ်ရပါမှဆရာမကူသိသူဟုဆိုနိုင်ပေမည်၊သို့သော်ဂေါတမသည်လက်ဦးဆရာရှိခဲ့သောကြောင့်ဆရာမပါငါကိုယ်တိုင်သိသည်ဆိုခြင်းကကျေးဇူးကန်းသောတပည့်မိုက်အဖြစ်သို့မရောက်ပါသလော။အဘယ့်ကြောင့်မွေးကင်းစ၌အသိဆုံး၊ အတတ်ဆုံး၊ အမြတ်ဆုံးဟု ဆိုနိုင်ပါအံ့နည်း။

၁၁။ မောရိယသုတ်တွင် ဘုရားအလောင်းဥဒေါင်းမင်းအဘယ့်ကြောင့်နေကိုရှစ်ခိုးသနည်း။ နေကို ရှစ်ခိုးခြင်းသည် ဒိဌိပင်မည်သည်ဆိုသော စကားအရာတွင် ၄င်းနေရာ၌ အဘယ်သို့ဖြေရှင်းမည်နည်း။

၁၂။ ကေသာ၊ လောမာ စသော ၃၂ ကောဌာသစသော တရားတို့ကို ဥပေက္ခာပြုနိုင်သော သိဒ္ဓတ္ထမင်းသားသည် ၄င်း၏ ကိုယ်၌ အများနှင့်မတူ တမူထူးကဲစွာ ကျင်ကြီး၊ ကျင်ငယ် သွားရာတွင် ရွှေ၊ ငွေ၊ ရေမွှေးများသာ သွားနေသောကြောင့် ဤ တရားကို မသိကျိုးကျွံပြုနေခြင်းပင်လော။

၁၃။ မောင်းမ ၄၀ဝ၀ဝကို၎စုခွဲရာ၁စုတွင်ယသော်ဓရာကဦးဆောင်၍စေစားသောကြောင့်၊ အခြား သုံးဖွဲ့တွင် ဦးဆောင်မိဖုရား သုံးယောက်တို့ကား အဘယ့်ကြောင့် သမိုင်းတွင် မြုပ်ခဲ့သနည်း။

၁၄။ သဘာဝကို လွန်ဆန်၍ မရပါက အနော်မာမြစ်ကူးပြီး စံပယ်သောနောက် အဘယ့်ကြောင့် မုတ်ဆိတ်၊ ကျင်စွယ်တို့ကို နောက်ထပ်ရိတ်ပယ်ရခြင်း မရှိဆိုခြင်းကား အသဘာဝပင် မဟုတ်ပါလော အဘယ်နည်း လက်တွေ့ကျကျရှင်းပြပေးပါ။

၁၅။ တောထွက်ပြီးနောက် ပြည်တော်ကို ပြန်လိုသော သိဒ္ဓတ္ထအား ကမ္ဘာမြေကြီးသည် ချာချာလည်ကာ ရှေ့တော်အရောက်ပို့ပေးသည်ဆိုသည်ကို ပထဝီအရ ရှင်းလင်းဖြေကြားပေးပါ။

၁၆။ ဂိရိမေခလာဆင်သည် ယူဇနာ ၁၅၀ ( ၁၃+၁၅၀=၇၃၅၀ မိုင်) ရှိနေသောကြောင့် ထိုစစ်ပွဲသည် အပ်ဖျား၌ ဘောလုံးပွဲကျင်းပသည်နှယ် နယ်မြေဧရိယာ အရ သဘောသဘာဝအရ ရှင်းပြပေးကြပါ။
၁၇။ အရိမေတ္တယျ အလောင်းတော် သင်္ခစကြာဝတေမင်း သည် မိမိလက်သည်းဖြင့် မိမိလည်ပင်းကို ဖြတ်၍၊ မိမိလက်တွင် ဦးခေါင်းကိုတင်ကာ အမည်မသိသော ဘုရားတွင် ဘုရားဆုပန်သည်မှာ ဦးခေါင်းပြတ်သည့်နောက် လက်ဖဝါးပေါ်တွင်တင်ကာ ဆုတောင်းနိုင်ပါဦးမည်လော။ သင့်မြတ်လျှော်ကန်စွာ ဖြေရှင်းပေးပါ။
ဘုရားအား နား၊ နှာခေါင်း၊ လက်ချောင်း စသည်တို့ကို ဖြတ်၍ လှူခြင်းကို မပြုအပ်ကြောင်း အဌကထာတို့တွင် ဆိုထားပါသည်။ “အညံပန ကဏ္ဏနာသအင်္ဂုလိမာဒိံ ယံကိဥ္စိ ဆိန္ဒိန္တဿ တာဒိသံဝါ ဒုက္ခံ ဥပ္ပါ ဒေန္တဿ ဒုက္ကဋံ´´ဝိ၊ ဌ၊ ၄-၄၆) အရ နား၊ နှာခေါင်း၊ လက်ချောင်း စသည်တို့ကိုဖြစ်၍ လှူဒါန်းသောအလှူသည် အဘယ့်ကြောင့် ကျမ်းဂန်နှင့် မညီညွတ်သော်လည်း ဘုရားအလောင်းဖြစ်သော ထိုအရှင်သည် အပြစ်မဖြစ်သည့်အပြင် နောင်တွင် အနှိုင်းမဲ့ဖြစ်လာဦးမည်ဆိုက အဘယ်သို့နည်း။

၁၈။ဘုရားအဆူဆူတို့သည်၊ဃနာနို့ဆွမ်း၊အပင်အောက်၊တောထွက်၊ဘုရားဖြစ်ဆိုသည်တို့တွင် တူညီသော အချက်ကား အိန္ဒိယနိုင်ငံသားများသာဖြစ်သောကြောင့်၊ ထိုနိုင်ငံသည် အဘယ်ကြောင့် ထိုဘုရားဖြစ်ခြင်း လိုက်စင်ကို ရထားကြပါသနည်း။

၁၉။ စွန့်ခြင်းကြီးများကို အကြိမ်ကြိမ် ပေးလှူသော်လည်း မျောင်မင်းဘဝတွင် သူ၏ နှလုံးကို စားလိုသော မျောက်မကြီးကိုကား မပေးလှူသည့်အပြင် အဘယ့်ကြောင့် မုသာကိုပင် ပြောခဲသနည်း။ ဤနေရာတွင် လျှောက်ပတ်စွာ ဖြေပေးပါ။ သား၊ မယား၊ ကျေးကျွန်၊ ဥစ္စာ စသည်တို့ကိုလှူသော်လည်း သေရန်ကြောက်၍ မလှူခြင်းတော့ မဖြစ်တန်ရာ။

၂၀။ မယ်တော်မာယ ဝမ်းသည် အညစ်အကြေးမှရှိသလို သိဒ္ဓတ္ထမင်းသားလောင်းသည် သူမ၏ ဝမ်း၌ တင်ပျဉ်ခွေထိုင်နေခြင်းဖြင့် ကိုယ်ဝန်ယူခဲ့သည်ကို ခန္ဒာဗေဒ၊ ဆေးပညာ အရ ရှင်းလင်းပေးပါ။

၂၁။ မယ်တော်မာယာ ဝမ်းဗိုက်သည် ဖန်မှန်လွှာအလား ( မှန်ငါးကလေးလို) ပကတိမျက်စိဖြင့် သူမဝမ်းထဲမှ သူငယ်ကို မြင်ရသည်မှာ ဆီလျှော်ပါသလော။ သူမသည် ဧကန် ( မှန်ငါးမဟုတ်) လူဖြစ်သောကြောင့် သင့်နှင့် ကျွန်ုပ်တို့၏ မိခင်များကဲ့သို့သော ဝမ်းဗိုက်ရှိမနေပါက သူမသည် အဘယ်သတ္တဝါနည်း။

၂၂။ ဃနာနို့ထည့်သော ရွှေခွက်ကို ရေတွင်ချရာ ဆန်တက်သည်ဆို၏၊ ယခု အသင်ချပြပါ သဘာဝ အတိုင်း အောက်သို့ဆုန်မည်လော၊ အထက်ဆန်မည်လား ဆိုသည်ကို ကြည့်လိုပါသည်။

၂၃။ မိန်းမယူလို၍ အစွမ်းကောင်းပြရာဝယ် မြားဆရာကြီးများက တဦးတဦးလျှင် ၃၀ဝ၀ဝ ရှိသော မြားများကို သိဒ္ဓတ္ထက မြားတလက်ဖြင့် ဂျက်လီကဲ့သို့ ကာကွယ်ရင်း မြားဖြင့် အိပ်ကိုဆောက်၍ အဆုံး မြားများကုန်သောအခါ ထိုမြားအိမ်ထဲမှ အပျက်အဆီး မရှိ ခုန်ထွက်လာသည်မှာ မျက်လှည့်လေလား၊ လက်လှည့် ( စာ ) လေလား အကိုးအကား လက်တွေ့ဆန်ဆန် ဖြေရှင်းပေးပါ။

၂၄။ ပုဗ္ဗနိမိတ်ကြီး ၃၂ ပါးတွင် သိဒ္ဓတ္ထ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်တို့၌ မျက်ကန်း၊ နားပင်း၊ စကားအ၊ ခြေခွင်၊ လိမ်ကောက်တို့ကို အကောင်းပကတိ ဖြစ်ရကြောင်းကို ဗုဒ္ဓဝင်တို့တွင်သာ တွေ့ရသော်လည်း အခြား ကမ္ဘာ့သမိုင်းတွင်သော်၎င်း၊ ရှေးကျသော အိန္ဒိယ သမိုင်းတို့တွင်သော်လည်းကောင်း မတွေ့ရခြင်းက သမိုင်းမှားသည်လား၊ အယူအဆပင် လိုတာထက်ချဲ့ကား၍ မှားနေသည်လား ရှင်းပြပေးပါ။

ဝန်ခံချက်။ ။ အထက်ပါ မေးခွန်းများ အားလုံးတို့သည် ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်၊ ပထမကျော် ပါဠိပါရဂူ ဓမ္မာစရိယ ကထိက၊ အနေကဂန္တကာရက၊ အရှင်ဓမ္မဿာမီဘိဝံသ စီရင်ခဲ့သော၊ ပုံတော်စုံ မူလ မဟာဗုဒ္ဓဝင် စာအုပ်မှသာဖြစ်ပြီး၊ ခင်ချိုထွန်းစာပေမှဖြန့်ဝေ၍၊ ဘာသာရေး စာမူခွင့်ပြုချက် အမှတ် ၅၁/၉၇(၁) ဖြင့် ထုတ်ဝေထားသည်ဖြစ်သောကြောင့် အမှားအယွင်းအဖြစ်မှတ်ယူရန်ကား လုံးဝ မသင့်လျှော်ပါလေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS