RSS

တမလွန်အရေးအတွက် နှိုင်းယှဉ်ပြခြင်း။


ဗုဒ္ဓလမ်းစဉ်။
      အနိစ္စတရားနှင့်အတူ ပြန်လမ်းမရှိ။
      ဆုံးပါးခြင်းနှင့်အတူ နိုးကြားလာခြင်းမရှိ။
      သေခြင်းတရားမှ ရှင်ပြန်ခြင်းမရှိ။
      လွတ်ရာလမ်းလည်းမရှိ။

ခရစ်တော်လမ်းစဉ်။
      အနိစ္စတရားမှ ပြန်လမ်းရှိ။
      တဖန်နိုးကြားရဦးမည်။
      ရှင်ပြန်ထမြောက်ခြင်းရှိသည်။
      လွတ်မြောက်လိုက ကယ်တင်ရာမဂ္ဂင်လမ်းရှိ။ 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကာမအကျိုးဆက်နှင့် ကာမမှလွတ်ရာလမ်း။

ဟိန္ဒူနှင့် ဗုဒ္ဓဘာသာတွင် ကာမဟူသည် လူ၏မကောင်းဆုံး အမှုအရာကိုပြဆိုပြီး၊ သူ၏အပြစ်တ သဘောဘ၀အခြေအနေနှင့် သူ၏ နောက်ဘ၀ကို အဆုံးအဖြတ်ပြုသောအရာအဖြစ်ဆိုသည် ( Webster's New 20th Century Dictionary) ။

      ``လူသည် တစ်ခါတည်းသေ၍ ထို့နောက်တရားစီရင်ခြင်းခံရမည် ´´ ဟေဗြဲ ၉း၂၇။
      သမ္မာကျမ်းစာ၍ ရှင်းလင်းစွာသိရသည်မှာ လူသည်တစ်ခါတည်းမွေး၍ တစ်ခါတည်းသေခြင်းတရားကို ရင်ဆိုင်ရရန် သာရှိသည်။ ကျွန်ုပ်တို့၏ ငယ်စဉ်က သင်ကြားခဲ့ရသကဲ့သို့ အကြိမ်များစွာ မွေးဖွားခြင်းဟူသော သံသရာ အမှန်တကယ်မရှိပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နောင်ကာလနှင့်ဆိုင်သော ဗုဒ္ဓ၏အနာဂတ္တိစကား

နောင်သောအခါ
ကမ္ဘာရှုပ်ထွေး
ကွဲပြားလူတို့ အစုစုတို့
သေကြေရိုက်နှက်
ချောင်းမြစ်ဖြစ်ဘိ
လုံခြုံလမ်းသစ်
ပညောင်ရိပ်၌
မည်သူထိုင်တန်
ကျွတ်တန်းမှန်၏
နန်းအမတမြေ
လှမ်းနိုင်လေအံ့ လှမ်းနိုင်အံ့။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကယ်တင်ရှင်နှင့်ဆိုင်သော အနာဂတ္တိစကားတော်။

ကျွန်ုပ်တို့အရပ်ဒေသတွင် လူတိုင်းသိသော အနာဂတ္တိစကားဖြစ်ငြားလည်း၊ ငယ်ရွယ်စဉ်က ကျွန်ုပ်အတွက် ထိုအရာသည် အရေးပါသည်ဟု ထင်မှတ်မထားခဲ့ပါ။ ခရစ်တော်၏ သက်တော်စဉ်ကို လေ့လာသည်နှင့်အမျှ ထိုအရာသည် သာ၍သာ၍ အရေးပါလာခဲ့ရလေတော့သည်။ တမလွန်လွတ်ရာလမ်းကို ကုသိုလ်ကောင်းမှု အားဖြင့် မရနိုင်မှန်း သိလာရပြီး ကြွလာသော ( အရိမေတ္တယျ) မေတ္တာတော်ရှင် ဘုရားအား ယုံကြည်ကိုးစားခြင်းရှိမရှိနှင့်သာ ဆိုင်ကြောင်းနားလည်လာရလေသည်။ ဗုဒ္ဓကိုယ်တော်တိုင်ပြောသော အနာဂတ္တိစကားတွင် ကျွန်တော်တွေ့လာရပါသည်။ အောက်ဖေါ်ပြပါ အကြောင်းအရာတို့သည် ( တိပိဋကကျမ်း ၂၇ အုပ်မြောက်၊ စာ ၂၃ ) ယနေ့တိုင်ရှိနေပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗုဒ္ဓ၏အနာဂတ၀ံစကားတော်


``အရင်ကျသည် နောက်ကျသည်ကအရေးမကြီး၊ မည်သူမည်ဝါဖြစ်သည်နှင့် ရည်ရွယ်ချက်သည်သာအရေးကြီးသည့် ပဓါနဖြစ်သည်၊ ဂေါတမနှင့် ယေရှုခရစ်တော်ဘုရား၏ ရှုထောင့်နှစ်မျိုးလုံးတွင် ကွဲပြားခြားနားလှပေသည်´´
Inta Chanthavongsouk

၁။ဗုဒ္ဓကျမ်းဂန်မှစကားများ။

လများကုန်သည်နှင့်အမျ၊ ကျွန်တော် ဂေါတမ၏ စကားများကို လေ့လာနေလိုက် သမ္မာကျမ်းစာနှင့် ချိန်ထိုးလိုက်ဖြင့် ဗုဒ္ဓ၏ ( ၇ ) ကြိမ်မြောက်တည်းဖြတ်ခြင်း စာမျက်နှာ ၃၃၀ တွင် ဤသို့တွေ့ရလေသည်။
``ကြည့်ရှုလော အမျိုးသမီးတစ်ဦးသည် ရဟန်းမအဖြစ် ( သင်္ကန်းဝတ်) မရှိလာပါက၊ ဗုဒ္ဓဘာသာသည့် ၅၀၀၀ ကြာလိမ့်မည်၊ အကယ်၍ရှိလာပါက ၅၀၀ သာဖြစ်လိမ့်မည်၊ ဤကားငါ၏ သွန်သင်ချက်၏ အရှည်တည်တံ့ရာကာလဖြစ်လိမ့်မည်´´။
              ထို့နောက် ၂၃ ကြိမ်မြောက် စာမျက်နှာ ၃၈၉ တွင် ဂေါတမီအမည်ရှိသော အမျိုးသမီးသည် သာသနာ့ဘောင်ဝင်ရောက်ရန် ခွင့်တောင်းလေရာတွင် ခွင့်ပြုချက်ရ၍ သာသာနာ့ဘောင်သို့ဝင်ရောက်ခဲ့လေသည်။ ထို့ကြောင့် ဗုဒ္ဓ၏စကားတော်အရ သွန်သင်ချက်တို့သည် နှစ် ၅၀၀ သာတည်ရှိခဲ့လေသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကယ်ချွတ်ရှင်ကြွလာခြင်းနှင့် ဆိုင်သော အနာဂတ္တိကာလ။


``မြည်းစမ်းသူသာ ရောင့်ရဲခြင်းရှိ၍၊ မမြည်းစမ်းသူသည် ၀လင်ရောင့်ရဲနိုင်လိမ့်မည်မဟုတ်´´
              ``တမလွန်နောင်ရေးအကျွတ်တရားအား ကိုယ်တိုင်ခံယူမှရပေမည်၊ ဆွေမျိုးသားခြင်းများနှင့် မစပ်ဆိုင်ပေ´´
                                          Inta Chanthavongsouk

ကယ်တင်ရှင်ကြွလာမည့်အနာဂတ္တိစကားတော်။

ယခင်ပြောခဲ့သကဲ့သို့ ကျွန်ုပ်တို့နိုင်ငံတွင်း တဘောင်စကားမှာ ``ဗုဒ္ဓကွယ်သွား၊ မေတ္တာဘုရား၊ ကြွမြန်း၍လာ၊ ကယ်မည်အမှန်´´ ဆိုသည့်အရာပင်ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗုဒ္ဓဘာသာကို အမှန်ယုံကြည်ပါသလော?

“ပြောတိုင်းမယုံကြပါနှင့် ဦးစွာဆန်းစစ်လေ့လာပါ” သွန်သင်ချက်ကိုသိ၍ ယုံကြည်ခြင်းသည် မှန်သော ယုံကြည်ကိုးစားမှုနှင့် မှန်သောကိုးကွယ်သူဖြစ်၏၊ ပြောစကားကြောင့် မယုံကြည်ပါနှင့် ဦးစွာကိုယ်တိုင် ဆန်းစစ်လိုက်ပါ။
Inta Chanthavongsouk

ဗုဒ္ဓဘာသာ၏ ယုံကြည်မှု။

 
ဗုဒ္ဓ၏ အနာဂတ္တိစကားကို မပြောမှီ ချစ်သော ညီအကိုအား မိမိကိုယ်ကိုမိမိ ဆန်းစစ်စေလိုပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရွှေတိဂုံ စေတီ၏ အကြောင်းအရာများကိုပြခြင်း။

မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော ရန်ကုန်မြို့၌ ရှိသော၊ ဘုရားလေးဆူတို့၏ ဓါတ်တော်စုဝေးရာဟူ၍ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ကိုးကွယ်ရာဖြစ်သော ရွှေတိဂုံစေတီ၏ အကြောင်းအရာကို ပိဋကတ်ကျမ်းဂန်တို့နှင့် လာရှိသည့်အတိုင်း စစ်ဆေး၍ဖေါ်ပြရလျှင် ရမညတိုင်း၊ ဥက္ကလပ ဇနပုဒ် ပေါက္ခရတီမြို့မှ ကုန်သည်ညီနောင် ဖြစ်သော တဖုဿနှင့် ဘလ္လိက တို့သည် လှည်းငါးရာနှင့် သွားရာ ရှင်တော်ဂေါတမသည် ဘုရားဖြစ်၍ သတ္တဌာန ၄၉ ရက်မြောက်သောနေ့တွင် လင်းလွန်းပင်အောက်၌ ၎င်းညီနောင်တို့သည် တွေ့၍ ဂေါတမမှ ဆံတော်ရှစ်ချောင်းကိုပေးလိုက်သည်ဟု ရွှေတိဂုံသမိုင်းတွင် ပြဆိုသည်။
သထုံမြို့ ရှင်မဟာဗောဓိရေးသားသော အနာဂတ၀ံကျမ်း၌ပြဆိုသည်မှာကား။ ။ တဖုဿဘလ္လိကဒွေးဘာဟိကာနံမုဌိကေသဓာတုယောဒတွာ။ ။ဟူ၍ပါဠိလာသည်နှင့်အညီ ၎င်းပါဠိကို မြန်မာလိုပြန်ဆိုရပါက။ တဖုဿဘလ္လိကဒွေးဘာဟိကာနံ တဖုဿ ဘလ္လိကာ ညီနောင်နှစ်ယောက်တို့အား။ မုဌိကေသဓာတုယော တစ်စုပ်သော ဆံတော်ကို။ ဒတွာ ပေးတော်မူ၏ဟူ၍ပြဆိုသည်။ ဆံတော်ရှစ်ချောင်းဟူ၍ မပြဆိုပါ။ ရှင်မဟာနာမရေးသားသော ၀ိနည်းမဟာဝါအဌကထာ၌ ဆံတော်မည်၍မည်မျှဟူ၍ ပိုင်ခြားခြင်းမရှိ၊ ပေးလိုက်ကြောင်းကိုသာပြဆိုသည်။ ၎င်းပြင် တဖုဿနှင့် ဘလ္လိက ညီနောင်တို့၏ နေရပ်ဌာနေ၊ မြို့ရွာများကို အင်္ဂုတ္တရအဌကထာ တဖုဿဝတ္ထု၌ပြဆိုသည်မှာ ၎င်းညီနောင် နှစ်ဦးတို့သည် ရှင်ဂေါတမပေးလိုက်သော ဆံတော်ကို မိမိတို့နေရပ်ဌာနဖြစ်သော အလိတဉ္စနမြို့သို့ ယူလာပြီးလျှင် ၎င်းမြို့တံခါးအနီး အ၀၌ စေတီပြုလုပ်၍ ကိုးကွယ်လေသည်ဟူ၍ပြဆိုသည်။ ရှင်ဓမ္မပါလရေးသားသော ထေရ်ရာကထာ၊ ဘလ္လိကထေရ်၏ သုတ်အဖွင့်တွင်ပြဆိုသည်မှာကား ၎င်းညီနောင်တို့သည် ရာဇဂြိုဟ်ပြည်တွင် ရှင်တော်ဂေါတမတရားကိုနာရ၍ ညီဘလ္လိကသည် ရဟန္တာဖြစ်သွားသည်ဟူ၍ပြဆိုသည်။ အင်္ဂုတ္ထိုရ်ဝတ္ထု၌ ၎င်းဘလ္လိက အမည်ကို ဘတ္တိကဟူ၍လည်းခေါ်သည်။ ။ထို့ကြောင့်ရွှေတိဂုံ သမိုင်းတွင် ပြဆိုသော အရာများနှင့် ပိဋကတ်ကျမ်းတို့တွင် ပြဆိုမှုများတို့သည် အလျှဉ်းမတူကြပါ။ သို့ဖြစ်၍ ၎င်းသမိုင်းစာဆိုသည့်အတိုင်း ဟုတ်သည် မဟုတ်သည်ကိုသာ၍သိရန်၊ ရွေးချယ်၍ကောက်နှုတ်ပြလိုက်ပါသည်။ ကြီးကျယ်သောအမှားများကိုသာလျှင် ကောက်နှုတ်၍ အချုပ်ဖေါ်ပြပါမည်။ ၎င်းသမိုင်းစာတို့ကို စာအုပ်တွင် ရေးပြရလျှင် ဂဏ္ဍဘာရဖြစ်၍ ကျမ်း၏၀န်ကို လေးမည်တစ်ကြောင်း။ ဘတ်ရှုသူတို့လည်း စိတ်မရှင်းမည်ကို စိုးသောကြောင့်တစ်ကြောင်း ထို့ကြောင့် သေးသိမ်သော အမှားတို့ကို ချွင်းချန်၍ ကြီးမားသော အမှားများကိုသာလျှင် ထုတ်နှုတ်ဖေါ်ပြသွားပါမည်။
ရွှေတိဂုံသမိုင်း၌ တချက်ပြဆိုသည်မှာ ၎င်းညီနောင် တဖုဿနှင့် ဘလ္လိကတို့သည် ရွှေတိဂုံစေတီ၏ တည်ရာ ဥက္ကလာပမြို့က အနောက်မဇ္ဈိမဒေသ ရှင်တော်ဂေါတမရှိရာ ဗောဓိပင် အနီးလင်းလွန်းပင်နေရာသို့ လှည်းငါးရာနှင့် ကုန်ရောင်းသွားသည်ဆိုသော စကားသည် မဟုတ်နိုင်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းမဇ္ဈိမဒေသနှင့် မြန်မာနိုင်ငံအကြားတွင် မြစ်ဘယ်မျှလောက်ခြားသည် တောင်ရိုးတောင်တန်းဘယ်မျှလောက်ကြီးကျယ်စွာခြားနားသည်ကို ယခုမျက်မှောက်ခေတ်နှင့် နှိုင်းစာလျှင်၎င်း၊ တိုင်းထွာလျှင်၎င်း သိနိုင်ပါသည်။
၎င်းအပြင် ဆံတော်ကို ယူလာစဉ်အခါက ၎င်းဆံတော်ကို ဌာပနာပြု၍ ကိုးကွယ်ဘို့ရာ ရှေးအထက်က ရှင်တော်ဂေါတမ၏ နောင်တော်ဖြစ်သော ကကုသံ၊ ဂေါဏဂုံ၊ ကဿဖစသော ဘုရားသုံးဆူတို့၏ တောင်ဝှေးတော်၊ ရေသနှုတ်တော်၊ ဓမ္မခရိုင်တော်များ ဌာပနာရာအရပ်ကို အသက်ကြီးသူလူမှစ၍ ဘုမ္မစိုး၊ ရုက္ခစိုး၊ နတ်၊ သိကြားမင်းမှစ၍၎င်း၊ ရေသဖန်းပင်စောင့်နတ် ၊ အိန္ဒရနတ်၊ ဂေါဝိလနတ် ၎င်းနတ်သုံးပါးတို့အားမေးရာ ၎င်းနတ်သားသုံးယောက်တို့ကလည်း အကျွန်ုပ်တို့သည် အသက်တမ်းအားဖြင့် ကမ္ဘာတစ်ဝက်မျှသာ ရှိပါသေးသောကြောင့် ဘုရားသုံးဆူတို့၏ ဓါတ်တော်များကို ဌာပနာရာအရပ်အား မသိကြပါဟုဆိုကြလေသည်။  ၎င်းသမိုင်းစာအရ ပိဋကတ်နှင့် အကိုက်ညီပေ။ ပိဋကတ်က ပြဆိုသည်မှာ အန္တရကပ်ခြောက်ဆယ့်လေးကပ်ကိုမှ မဟာကပ်ကြီးတကပ်ဟုပြဆိုသောကြောင့်၎င်း၊ ၎င်းမဟာကပ်ကြီးလေးကပ်ကို တကမ္ဘာဟုခေါ်သည်၊ ၎င်းဘုရားသုံးဆူတို့တွင် ကကုသံ ဘုရားသည် အန္တရကပ် ရှစ်ကပ်မြောက်တွင်ပွင့်သည်။ ကိုးကပ်မြောက်တွင် ဂေါဏဂုံ ပွင့်သည်။ ဆယ်ကပ်မြောက်တွင် ကဿဖပွင့်သည်ဟုပြဆိုထားလေသည်။ ထို့ကြောင့် ဘုရားလေးဆူတို့ပွင့်သော အချိန်ကာလသည် ကမ္ဘာတ၀က်မရှိသေး၊ ကမ္ဘာတ၀က် ရောက်ဘို့ရာကို မဆိုထားနှင့်ဦး မဟာကပ်တ၀က်ရောက်ဘို့ရာကိုမှ အန္တရကပ်နှစ်ဆယ့်တကပ်လိုသေးသည်။ ထို့ကြောင့် သမိုင်းစာတွင်ပြဆိုသော ကမ္ဘာတ၀က်ရှိသည့် ရေသဖန်းပင်စောင့်နတ်၊ အိန္ဒရနတ်၊ ဂေါပိရနတ်တို့သည် ရွှေတိဂုံသမိုင်းစာ၌ပြဆိုသည့်အတိုင်း အသက်ရှိရိုးမှန်သည်ဆိုပါလျှင်၊ ၎င်းရွှေတိဂုံ သမိုင်းစာပြဆိုသည့်အတိုင်းမှန်ပါကလည်း ၎င်းဘုရားသုံးဆူတို့၏ အကြောင်းအရာကို သိစရာရှိသည်။ ဤကားစဉ်းစာရန်နှင့် အမှားကိုထောက်ပြခြင်းပင်ဖြစ်သည်
၎င်းပြင် ရွှေတိဂုံသမိုင်း၌ ပြဆိုပြန်သည်မှာ ၎င်းဘုရားသုံးဆူတို့၏ ဌာပနာရာအရပ်ကိုသိသော ဒိက္ခိဏနတ်၊ ယောဟဏိနတ်၊ မှော်ဘီနတ်၊ အမြိဿာရနတ်၊ ဆူးလေနတ်ဟူ၍ နတ်သားငါးယောက်တို့ကို သိကြားမင်းခေါ်၍မေးရာ၊ အကျွန်ုပ်တို့၏ အသက်သည် တကမ္ဘာစီရှိပါပြီဟု ပြောသည်။ ထိုသို့ပြောသောအခါ ဘုရားသုံးဆူတို့၏ ဓါတ်တော်ဌာပနာရာအရပ်တို့ကိုမေးလေရာ ထိုနတ်သားငါးယောက်တို့အနက် ဆူးလေနတ်သားပြောသည်မှာ သူသည် ကကုသံ ဘုရားလက်ထက်တွင် ဘီလူးအဖြစ်နှင့် ဖူးတွေ့ရဘူးပါသည် ထိုအခါက ပေးတော်မူသော ဓမ္မခရိုင်အား ၎င်းကုန်း၌ပင် ဌာပနာထား၍ကိုးကွယ်ပါသည်ဟုလျှောက်ဆိုလေသည်။ ဒုတိယတဖန် မှော်ဘီနတ်ကိုမေးသောအခါတွင် မှော်ဘီနတ်ကပြောသည်မှာ အကျွန်ုပ်သည် ဂေါဏဂုံ ဘုရားလက်ထက်က ဘီလူးအဖြစ်နှင့် ဖူးတွေ့ရ၍ အကျွန်ုပ်ကိုးကွယ်ဘို့ရန်ပေးတော်မူသော ရေသနုတ်တော်ကို ၎င်းကုန်းပေါ်မှာပင် ဌာပနာပြု၍ ကိုးကွယ်ပါသည်ဟုလျှောက်လေသည်။ ၎င်းနောက် နတ်သားတစ်ယောက်ကို မေးပြန်သော် ၎င်းနတ်သားက ပြောပြန်သည်မှာ အကျွန်ုပ်သည် ကဿဖ ဘုရားလက်ထက်က ဘီလူးအဖြစ်နှင့် ဖူးတွေ့စဉ်က အကျွန်ုပ်ကိုးကွယ်ဖို့ တောင်ဝှေးတော်ကိုပေးသနားတော်မူပါသည် ၎င်းတော်ဝှေးတော်အား ၎င်းကုန်း၌ပင် ဌာပနာပြုထားပါသည်ဟုလျှောက်လေသည်။ ၎င်းနောက် အခြားနတ်သား တစ်ယောက်ကိုမေးပြန်သော် ၎င်းနတ်သားက အကျွန်ုပ်သည် ဂေါတမဘုရားဖြစ်သည်ကို သိပါသည်ဟုပြောသည်။ ၎င်းနောက် နတ်သားတစ်ယောက်ကိုမေးပြန်သော် အခြားနတ်သားတစ်ယောက်က အကျွန်ုပ်သည် ကမ္ဘာကုန်သည့်တိုင်အောင် ၎င်းဓါတ်တော်ကို စောင့်ရှောက်ရပါမည်ဟု ပြောဆိုလေသည်။ ၎င်းနတ်သား ငါးယောက်တို့တွင် ဆူးလေနတ်နှင့် မှော်ဘီနတ်သာလျှင်  ကကုသံ ဘုရားဓါတ်တော်နှင့် ဂေါဏဂုံ ဘုရားဓါတ်တော်ကို ထိန်းသိမ်းရကြောင်းကိုသာလျှင် သမိုင်းစာတွင်ပြဆိုသည်။ ကျန်နတ်သား သုံးယောက်တို့သည် မည်သည့်နတ်၊ မည်သည့်ဘုရားဓါတ်တော်ကိုစောင့်ရှောက်ရကြောင်း အတိအလင်းနှင့် ကမ္ဘာမည်၍မည်မျှ စသည်တို့ကိုဖေါ်ပြထားခြင်းမရှိပါ
၎င်းသမိုင်းစာအရ စဉ်းစားစရာရှိသည်မှာ နတ်သားငါးယောက်တို့သည် ဤကမ္ဘာတွင် အသက်အားဖြင့် တကမ္ဘာစီရှိသည်ဟူ၍ သမိုင်းစာတွင်ပြဆိုသည်ကတချက်၊ ၎င်းအပြင် ပြဆိုသောအရာမှာ ၎င်းနတ်သားငါးယောက်တို့တွင် သုံးယောက်သော နတ်သားတို့မှာ ဘုရားတစ်ဆူလျှင် ဘီလူးအဖြစ်နှင့် တွေ့ကြုံရသည်ဟူ၍ဆိုထားချေသည်။ ထို့ကြောင့် ၎င်းနှစ်ချက်ကို စဉ်းစားထောက်ရှုပါလျှင် အဘယ်မျှလောက် မှားသည်ကို မြင်တွေ့နိုင်ပေသည်။ သို့သော် သေချာစေရန် ထောက်ပြပါဦးမည်။ ၎င်းဘုရားလေးဆူတို့သည် အန္တရရှစ်ကပ်မြောက်မှစ၍ ဆယ့်တစ်ကပ်မြောက် အတွင်းမှာ ပွင့်ကြသည်ဟု ပိဋကတ်မှာ ပြဆိုသည်တစ်ချက်၊ ၎င်းနတ်သားငါးယောက်တို့တွင်လည်း သုံးယောက်သော နတ်သားတို့သည် ဘုရားသုံးဆူတို့အပွင့်တွင် ဘီလူးအဖြစ်နှင့် တွေ့ကြုံဘူးလေသည်ကတစ်ချက်၊ ၎င်းနတ်သားတို့အသက်သည်လည်း တကမ္ဘာစီရှိကြပြီဟု ပြဆိုသောအချက်တို့ကို တစ်ခုနှင့်တစ်ခု တိုက်ဆိုင်စစ်ဆေး၍ ကြည့်ရှုလျှင်ယခုပြဆိုသော ဘုရားလေးဆူတို့သည် ဤဘဒ္ဓကမ္ဘာတွင်းမှာသာလျှင်ပွင့်ကြကုန်သည်ဟု ပိဋကတ်တွင်ပြဆိုသောကြောင့် ၎င်းရွှေတိဂုံသမိုင်းစာတွင် ပြဆိုသော နတ်သားငါးယောက်တို့၏ အသက်တကမ္ဘာစီရှိသည်ဟု ပြဆိုခြင်းသည်လည်း ပိဋကတ်ကျမ်းစကားနှင့် မညီသည့်အပြင် မိမိရေးသားသော သမိုင်းစာတွင် ရှေ့စကားနောက် စကားမညီသောကြောင့် သိသာရန် ရွှေတိဂုံ သမိုင်းစာမှားချက်ကို ၀ကွက်၍ ရှင်းပြလိုက်ပါသည်။ ၎င်းအပြင်  သမိုင်းစာတွင် ပြဆိုပြန်သည်မှာ ၎င်းဆံတော်ဓါတ်ကို ဥက္ကလပမင်းကြီးနှင့်တကွ တဖုဿ၊ ဘလ္လိက ညီနောင်တို့ ဌပနာတိုက်တွင်းစဉ်အခါက ၎င်းဌာပနာတိုက်ထဲသို့ ဆံတော်ဓါတ်နှင့်အတူ တည့်သွင်းသည်မှာ ၎င်းဥက္ကလာပမင်းကြီးအရုပ်မှစ၍ မိဖုရားမောင်းမမိဿံ၊ ဆွေတော်မျိုးတော်တို့၏ အရုပ်၊ တဖုဿနှင့် ဘလ္လိက၊ ညီနောင်သမီးခင်ပွန်းတို့၏ အရုပ်စသည်တို့ကို သွန်းလုပ်၍ ထည်းထားကြကုန်သည်။ ၎င်းအပြင် လင်္ကျာရံ ရှင်သာရိပုတ္တရာအရုပ်၊ လက်ဝဲရံ ရင်မောဂ္ဂလံအရုပ်မှစ၍ အသီမိရဟန္တာ ရှစ်ကျိပ်တို့၏ အရုပ်တို့ကိုလည်း သွန်းလုပ်၍ထည့်ထားကုန်၏ဟု သမိုင်းစာတွင်ပြဆိုသည်။ ၎င်းပြဆိုခြင်းသည် မဟုတ်နိုင်ရာ အဘယ့်ကြောင့်ဆိုသော် တဖုဿ ဘလ္လိက ညီနောင်တို့သည် ရှင်တော်ဂေါတမနှင့် တွေ့ရှိစဉ်အခါက ရှင်တော်ဂေါတမသည် ဘုရားအဖြစ်သို့ရောက်၍ ၄၉ ရက်မျှသာရှိသေးသည်၊ မည်သူ့ကိုမှ မည်သည့်တရားကိုမှ မဟောရသေး၊ မည်သည့်ဇာတ်နိပါတ်ကိုမှလည်း မထုတ်ဖေါ်ရသေး၊ ဤအခါက တဖုဿ ဘလ္လိက ညီနောင်တို့သည် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုသော ဒွေးဝါစိက သရဏဂုံကိုသာလျှင် ခံယူရလေသည်ဟု ဗုဒ္ဓ၀င် အဌကထာကျမ်းတွင်ပြဆိုထားလေသည်။ ထို့ကြောင့် ၎င်းဆံတော်ကို ဌာပနာ စည်းစဉ်အခါက ဌာပနာတိုက်ထဲသို့ လင်္ကျာရံ၊ လက်ဝဲရံမှစ၍ အသီမိရှစ်ကျိပ်ရဟန္တာတို့၏ အရုပ်ကို သွန်းလုပ်၍ ဌာပနာသည်ဟု သမိုင်းစာတွင် ပြဆိုခြင်းများတို့သည် ၎င်းသမိုင်းစာတွင် ရေးသည့်အတိုင်း မမှန်ကြောင်းကို သက်သေခံပြထားသောကြောင့် ရှင်းလင်းစွာသိမြင်ရလေသည်။ အကယ်၍ ရှင်တော်ဂေါတမရှိစဉ်အခါက တဖုဿ၊ ဘလ္လိကတို့အား ဆံတော်ကို ကိုးကွယ်ဘို့ရာပေးသည်ဆိုစေဦးတော့၊ တဖုဿ၊ ဘလ္လိကတို့ စေတီတည်သည်ဆိုစေဦးတော့ ဤမြန်မာနိုင်ငံတွင် မဟုတ်နိုင်ရာဖြစ်သတည်း။  ဤကား ရွှေတိဂုံစေတီ၏ သမိုင်းအကြောင်းအရာတို့ကို စစ်ဆေး၍ပြလိုက်ခြင်းပင်ဖြစ်သတည်း။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စေတီ၏ မူလပြုလုပ်သည့် အကြောင်းအရာကိုပြခြင်း။

ယခုမြန်မာပြည်တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် စေတီအဆောက်အဦးတို့ကို အတင့်အတယ်၊ အလှအပများဖြင့် ပြုလုပ်၍ ကိုးကွယ်ခြင်းနည်းလမ်းများမှာ အဘယ်ကဆင်းသက်လာသောနည်းများဖြစ်ပါသနည်းဟုဆိုရသော်၊ ရှေးမာဂဓလူမျိုးများကပင် ဆင်းသက်လာသောနည်းများပင်ဖြစ်လေသည်။ အဘယ်အရာကိုထောက်၍ ရှေးအစဉ်အဆက်က စေတီရှိကြောင်းကို သိရသနည်းဆိုလျှင် ရှင်ဂေါတမရှိစဉ်အခါကပင် ဝေသာလီပြည်၏ မြို့ထောင့်တွင်၊ စပလေစေတီရှိသည်။ ရှေးမာဂဓ အဘယ်အရာကို အထိမ်းအမှတ်ပြု၍ စေတီပြုလုပ်ပါသနည်းဆိုသော် မာဂဓလူမျိုးတို့သည် မိမိတို့မြို့သည် စည်ပင်ဖွံ့ဖြိုး၍ လူနေအခြွေအရံ အုတ်အုတ်သောင်းသောင်း မရှိစေခြင်းငှါ၎င်း၊  ၎င်းမြို့၏ အဆက်မပျက်မစီး ရှည်စေခြင်းငှါ၎င်း မြို့ရိုးပြင်ဘက်၊ မြို့ထောင့်တို့၌ စေတီအဆောက်အဦးကိုပြုလုပ်တတ်ကြလေသည်။ ၎င်းစေတီအတွင်း၌ အဘယ်အရာကို ဌာပနာပြုလုပ်ကြပါသနည်းဆိုသော်၊ ဗေဒင်ကျမ်းလာ နက္ခတ်တို့လာသည့်အတိုင်း အချိန်၊ အခါ၊ ကာလ၊ စသည်တို့ကို ရွေးချယ်၍ ယဇ်နတ်ပူဇော်ရန် ရေတွင်းမျှလောက်၊ အကျယ်အ၀န်း၊ အနက်ရှိသော တွင်းကြီးထဲသို့ ဘောဇဉ်ခဲဘွယ်နှင့်တကွ အစားအသောက်အပြည့်အစုံတို့ကို ပြင်ဆင်ပြီးလျှင်၊ ၎င်းတွင်းပေါ်က အုတ်ဖြင့်စီမံ၍ စပါးပုံသဏ္ဍာန်ဖြစ်စေ၊ ချည်ဝင်ပုံသဏ္ဍာန်ဖြစ်စေ အင်္ဂတေသရွက်တို့ဖြင့် မွမ်းမံပြီးလျှင် အတင့်အတယ် အဘွယ်အရာပြုလုပ်ထားတတ်ကြလေသည်။ ၎င်းအရာကို မြို့စတေးသည်ဟူ၍လည်းခေါ်ကြသည်။ စေတီဟူ၍လည်းခေါ်ကြသည်။ ထူပါရုံဟုလည်းခေါ်သည်။ ပါသာဒဟူ၍လည်းခေါ်သည်။ ကူဟူ၍လည်းခေါ်သည်။
၎င်းအကြောင်းကို သာ၍ထင်ရှားစေခြင်းငှါ သက်သေခံကျမ်းဂန်ပါဠိတို့နှင့်ပြပေဦးမည်။ ၎င်းရှေးအထက်က မာဂဓလူမျိုးတို့ အသုံးအစွဲပြုသော နာမပညတ်၊ ဝေါဟာရ အရပ်ရပ်တို့ကို ဓါတ်ပစ္စည်းနည်းနှင့်တကွ မောဂ္ဂလာန်မဂဓသဒ္ဒါကျမ်း၌ ထိုသို့သောမြို့ကို အကြောင်းပြု၍။ ။ယုထုကူနံဒီဃောစ၊ ဟူ၍သဒ္ဒါကျမ်း၌ လေ့လာသောအခါ နောင်လာနောက်သားတို့ လိမ္မာကျွမ်းကျင်စေရန် ဥဒါဟရုဏ် ထုတ်ဆောင်၍ သုတ်တင်ပြလေသည်မှာ။ ။ထုအဘိတ္တဝေ။ ကုသဒ္ဒေ။ ။ဧတေဟိပေါဟောတိ။ ဧတေသံဒီဃောစ။ ဒီဃ၀ိဓါနသာမတ္တိယာသြတ္တဘာဝေါ။ ။စေတီယံ။ ။ကပန္တိနဒန္တိဧတ္ထာတိကူပေါ။ ။ဥဒါပနံ။ ဤကား ယုထုကူနံဒီဃောစ၊ ဟူ၍ပါဠိလာရှိသည်နှင့်အညီ သုတ်၏ အရာအတိတ်ကိုထုတ်ဆောင်၍ အစိတ်ပြသော ဥဒါဟရုဏ်သုတ်၏ အစဉ်ပါဠိများဖြစ်သတည်း။ ၎င်းအရာတွင် သိသာရုံမျသာ။ မြန်မာလို ပြန်ဆို၍ပြပါမည်။
ဧတ္ထ ဤမြို့၌။ ယုမိဿနော၊ အခြွေအရံများစေခြင်းငှါ၎င်း။ ထုအဘိတ္တဝေ၊ တင့်တယ်ဘွယ်ရာ အသရေရှိစေခြင်းငှါ၎င်း။ ကုသဒ္ဒေ၊ အသံမစဲစေခြင်းငှါ၎င်း။ ဒီဃ၀ိဓါနသာမတ္တိယာ၊ အရှည်သဖြင့် အစီအရင်နှင့်ပြည့်စုံ၍။ သြတ္တဘာဝေါ၊ စိုးရိမ်ကြောက်ရွှံ့ဘွယ် မရှိစေခြင်းငှါ၎င်း။ ဧတ္ထတိ၊ ဤမြို့၌။ ယုဝန္တိသဟာဝတ္တန္တိ၊ တပြိုင်နက်တည်းနှင့်တကွစီရင်သော။ ယူပေါ၊ လူယောင်္ကျား၏။ ယညယဌိ၊ ယဇ်ပူဇော်သောဌာနကို။ ပါသာဒေါ၊ ပြဿဒ်ဟူ၍၎င်း။ ထ၀ိယတီတိ၊ ထိုသို့တည်ထားရာအရပ်ကို။ ထူပေါ၊ ထူပါရုံဟူ၍၎င်း။ စေတိယံ စေတီဟူ၍၎င်း။  ဧတ္ထတိ၊ ဤအရပ်၌။ ကပန္တိနဒန္တိ၊ ငိုကြွေးမြည်တမ်းခြင်းကြောင့်လည်း။ ကူပေါ၊ ကူ (ဂူ)လည်းမည်ကုန်၏။ ဥဒပါနံ၊ ရေတွင်းလည်းရ၏။ ဧတေဟိ၊ ထိုအလုံးစုံတို့ကို။ ပေါ၊ ပစ္စည်းသက်သည်။ ဟောတိ၊ ဖြစ်၏။
ပေါ၊ ပစ္စည်းသက်၏ ဟူ၍ပြဆိုသော သဒ္ဒါ၏ပရိယာယ်အဓိပ္ပါယ်မှာ၊ မြို့ရွာစီရင်ခြင်း၊ အသရေရှိစေခြင်း၊ ဘေးရန်ကင်းစေခြင်း အကျိုးကိုရခြင်းသည်၊ မြို့စတေးခံရသော ( ပေါသော) ယောင်္ကျား၏ အကြောင်းခံကြောင့်ဖြစ်သတည်းဟု ဆိုလိုသတည်း။ ၎င်းပြင်လည်း ထူပါရုံ၊ စေတီ၊ ကူ (ဂူ) ဟူ၍ အစရှိသော နာမည်တို့သည်လည်း ၎င်းအစရှိသော နာမည်ကိုအစွဲပြု၍ခေါ်ဆိုလေသတည်း။ မဂဓခေါ် ပါသဒဟူသောအရာ၏အမည်ကို မြန်မာပြဿဒ်ဟူသောအမည်နှင့် နှိုင်းယှဉ်၍ခေါ်သည်။ ထူပေါ ဆိုသော အမည်ကို မြန်မာ၌နှိုင်းယှဉ်စရာမရှိသောကြောင့် ၎င်းမာဂဓအမည်ကိုပင် ကြောင်းတူသံကွဲ၊ ထူပါရုံဟူ၍၎င်း မည့်ခေါ်လေသည်။ စေတီ၊ ကူ (ဂူ) ဆိုသောအရာ၏ အမည်မျှားသည် မြန်မာ၌ နှိုင်းယှဉ်စရာ မရှိသောကြောင့် အထက်ပါနည်းအတိုင်း ကြောင်းတူသံကွဲအသံစွဲကာ မည့်ခေါ်သောအမည်များပင်ဖြစ်လေသည်။ ၎င်းမြန်မာအခေါ် အမည်နာမ စကားအချို့တို့သည် မာဂဓပါဠိပျက်စကားဖြစ်ကုန်၏။
ထို့ကြောင့် မြန်မာပြည်၌ ပြဿဒ်၊ စေတီ၊ ထူပါရုံ၊ ကူ (ဂူ) ဟူ၍ခေါ်ပြီးသမုတ်ကြလေသည်။ ၎င်းအရပ်ဌာန အမည်တို့သည် မာဂဓ လူမျိုးတို့က ဆင်းသက်ကြောင်းကို ထင်ရှားစေသည်ကို အကြောင်းပြု၍ မည့်ခေါ်ကြခြင်းပင်ဖြစ်သည်။  ၎င်းကို မောဂ္ဂလံမာဂဓသဒ္ဒါကျမ်းကပြဆိုသည့်အတိုင်းသိရလေသည်။  မြန်မာပြည်မှာလည်း ရှေးအထက်က ကျန်ရစ်မင်းသည်၊ အာနန္ဒာစေတီကို တည်လုပ်စဉ်အခါက မောင်ညိုသား မောင်ဖြူကို၊ ဌာပနာတိုက်သွင်းကြောင်းကို နတ်ရာဇ၀င်ဟောင်တစ်စောင်တွင် တွေ့ရလေသည်။ သထုံရှင်ဘုရင် မနူဟာမင်းလက်ထက်တွင်လည်း လူစွမ်းကောင်း ကုလား ဗျတ်ဝိကို ဖမ်းဆီး၍ သတ်ပြီးလျှင် လက်နှစ်ဖက်၊ ခြေနှစ်ဖက်တို့ကို မြို့ထောင့်လေးထောင့်မှာ စတေးပြီးလျှင် ဥက္ခောင်းကို မြို့တံခါးဝမှာ မြုပ်၍ ကိုယ်အသွေးအသားတို့ကို မြို့ရိုးပတ်လည်မှာလှည့်စေ၍ လိမ်းကျန်သည်ဟု ရာမညရာဇ၀င်သ စာတန်းဟောင်းတစ်စောင်တွင် တွေ့ဘူးလေသည်။ ဤကား စေတီ၏ မူလပြုလုပ်ခြင်း အကြောင်းအရာတို့ကို စစ်ဆေး၍ပြသလိုက်ခြင်းပင်ဖြစ်လေသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗုဒ္ဓ၏ အနာဂတ၀ံ ကျမ်း အမှာစာ

ကျွန်တော်ဒီဗုဒ္ဓမြတ်စွာဘုရားဆိုတဲ့ သူ၏တရားဟောချက်ကို အနည်းငယ် လေ့လာတဲ့အခါမှာ ကျွန်တော့်ရဲ့စိတ်နှလုံးသားထဲမှာ တို့ထိပါတယ်။ ဘာကြောင့် လည်းဆိုရင် တရားဟောဆရာတစ်ယောက်ဟာ သူ့ရဲ့ခံစားချက်ကို ဟောကြား သောသူများပါသည်။ ဒါပေမဲ့ ဓမ္မကျမ်းစာကိုလေ့လာတဲ့အခါမှာ အရှေ့ တိုင်းနိုင်ငံမှာ သိပ္ပံပညာရှင်သုံးဦး အကြောင်းတွေ့ရပါတယ်။ အနောက်ပိုင်းနိုင်ငံ မှာ ပရောဖက်ဟေရှာယ တွေ့ရတယ်။ မြောက်ပိုင်းတိုင်းနိုင်ငံမှာ ပရောဖက် မိက္ခာတွေ့ရတယ်။ တောင်ပိုင်းတိုင်းနိုင်ငံမှာ ပရောဖက် ယေရမိနောက်ဆုံး ဟောကြားခဲ့ပါသည်။အရှေ့တိုင်းနိုင်ငံမှာ ကျွန်တော်၏ အမြင်သည် ဗုဒ္ဓမြတ်စွာ ပရောဖက်ဖြစ်သည်ဟု ထင်ပါသည်။
            ထို့ကြောင့် မြန်မာလူမျိုး အရှေ့တိုင်းလူမျိုးများသည် သူ၏တရား ဟောချက်ကို သဘောမပေါက်သောကြောင့်ဖြစ်ပါသည်။ အမြင်နှင့် အထင် လွှဲသောကြောင့်ဖြစ်ပါသည်။
            ဗုဒ္ဓမြတ်စွာသည် ဘုရားတစ်ဆူရှိ၏။ တခြားဘုရားမရှိဟု ဟောခဲ့ပါ သည်။ ငါ့နောက် ဘုရားတစ်ဆူပွင့်မယ်ဟု ဟောခဲ့ပါသည်။ ဘုရားတစ်ဆူထက် ရှိသည်ဟုပြောချက်မှာ ယေရှုဘုရား (ခေါ်) အရိမေတ္တယျ ဘုရားတစ်ဆူပွင့်မယ်။ နောက်ဘုရားမရှိဘူးဟု ဟောခဲ့ပါသည်။ ဗုဒ္ဓမြတ်စွာဘုရား (ခေါ်) အရှင်အရဟံ ဟာ ငါနှင့် အလွယ်ရင် ဘုရားတစ်ဆူမှာမရှိဟု ပြောရမည်။ မပြောဘူး၊ သူ့နောက်ပွင့်မည် အရိမေတ္တယျ (ခေါ်) ယေရှုသခင်ဘုရားအကြောင်းကို ဟောခဲ့ သူဖြစ်ပါသည်။ ဘုရားဆိုတာ ငါသည်သင်တို့ကို ကယ်တင်ရှင်ဖြစ်သည်။ အပြစ်တရားမှ လွတ်မြောက်စေတယ်ဟု ဟောသောဘုရား၊ အရိမေတ္တယျ (ခေါ်) ယေရှုဘုရားသခင်ဖြစ်ပါသည်။  ယနေ့ကျွန်တော်ခံစားချက်တရား အရိမေတ္တယျ (ခေါ်) ယေရှုနာမတော်ဖြင့် ဆုတောင်းမေတ္တာပို့လိုက်ပါသည်။
            ဖတ်သောသူတိုင်း ဘုရားသခင်ကောင်းကြီး ခံစားပါစေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားချက်ပြည့်စုံပြီ

            ဗုဒ္ဓမြတ်စွာဘုရားသည် နှစ်ပေါင်း ၂၅၆၀၊ ဘီစီ ၅၆၀ မှာ နိပေါနိုင်ငံမှာ ဖွားတော်မူခဲ့ပါသည်။ ဗုဒ္ဓမြတ်စွာဘုရားဖွားပြီး အနှစ် (၅၀ဝ) ပြည့်တဲ့အချိန်မှာ အမြင်ပေါက်ပြီး ငါ့နောက်မှာ ဘုရားတစ်ဆူပွင့်မယ်။ နောက်ဘုရားမပွင့် တော့ဘူး၊ သူသည် လောကရဲ့ကယ်တင်ရှင်ဖြစ်မယ်။ သူ့ကိုလူမျိုးအပေါင်းတို့ သည် ကိုးကွယ်မည်။ အပျိုကညာမှ ပဋိသန္ဓေစွဲယူ၍ သားဖွားပြီး သူသည် "အရိမေတ္တယျဖြစ်မယ်"အရိမေတ္တယျသည် မြန်မာလူတွေရဲ့ပါဠိစကားဖြစ်ပါ သည်။ အိန္ဒိယနိုင်ငံမှာ ပါဠိစကားနဲ့ မေတရိယလို့ပြောတယ်။ သီရလင်္ကာ နိုင်ငံမှာ ပါဠိစကား မေထရိယလို့ပြောတယ်။ တရုတ်နိုင်ငံမှာ ပါဠိစကားနဲ့ မေထရီယလို့ပြောတယ်။ ကိုရီးယားလူမျိုး တွေက "မင်းနုန်း"လို့ပြောတယ်။
            ထို့နောက် အရှေ့အလယ်ပိုင်းများကတော့ "မေရှိယ" စသဖြင့် အသံထွက်မာဆတ်ဆတ်နဲ့ သွားကွဲနေတယ်။ အနောက်နိုင်ငံမှာကတော့ "ယေရှု" လို့ခေါ်ပါတယ်။ လောကမှာ လူသားအားလုံးစကားမတူသောကြောင့် ပြောချင်သောအရများတူပေမဲ့ အသံထွက်မတူသောကြောင့် ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာ ဘုရားဟာ မြန်မာနိုင်ငံကို ဘုရားတစ်ဆူပွင့်မည်ဟု သယ်ဆောင် သောသူဖြစ်ပါ သည်။
            အရှေ့အလယ်ပိုင်းမှာ ဟေရှာယ၊ ၇း၁၄ "သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောကျာ်းကိုဖွားမြင်လတံ့၊ ထိုသားတော်သည် ဧမာနွေလ အမည် ဖြင့်မှည့်၍ ထိုသူသည် မကောင်းသော အရာကို ပယ်၍၊ ကောင်းသော အရာကို ရွေးယူတတ်သည်။ ဧမာနွေလသည် ဘုရားသခင်ငါတို့၌ ရှိသည်ဟု အဓိပ္ပာယ်ပေါ်ပေါက်ပါသည်။ ထို့နောက်မြန်မာနိုင်ငံမှာ အနောက်နိုင်ငံသားဆရာ ယုဒသန်သည် မြန်မာနိုင်ငံကို ကယ်တင်ရှင်အရိမေတ္တယျကို ယေရှုလိုသယ် ဆောင်ထားသောကြောင့် လက်မခံကြဘူး။ ယေရှုဘုရားသည် မဟုတ်ဘူး။ အရိမေတ္တယျ  ဘုရားပွင့်မယ်ဟု  ဗုဒ္ဓမြတ်စွာဘုရားဟောကြားထား ပါသည်။ အရိမေတ္တယျဘုရား ပွင့်မည်ဟု မျှော်လင့်ကြပါသည်။ တချို့လူသည် သဘော ပေါက်ပြီး ယေရှုဘုရား သည် ကယ်တင်ရှင်ဖြစ်ကြောင်း ယုံကြည်ကြပါသည်။ တစ်ချို့သည် လက်မခံကြဘူး၊ အမြင်နှင့်အကြား မတူသောကြောင့် ဖြစ်ပါသည်။
            ယေရှုဘုရားသခင်၏နာမသည် ခေါ်သံများပါသည်။ အရိမေတ္တယျ၊ မေထရီယ၊ မေရှိယ၊ ဧမာနွေလ၊ ယေရှုဟုခေါ်ကြပါသည်။ ဒါပေမယ့် အဓိပ္ပာယ် အတူတူဖြစ်ပါသည်။ ယေရှုဘုရားသည် သားတော်၊ ခမည်းတော်၊ ဝိညာဉ်တော် ပေါင်းပြီး တစ်ဆူဖြစ်ပါသည်။ သားတော်ဟာ ယေရှုကို သားတော်ဟုခေါ်ပါသည်။ ခမည်းတော်သည် ထာဝရဘုရားသခင်ကို ခမည်းတော်ဖြစ်ပါသည်။ ဝိညာဉ်တော်၊ သန့်ရှင်းခြင်းပြည့်စုံသောဝိညာဉ်တော်ဖြစ်ပါသည်။ သုံးပါးတစ်ဆူ ဖြစ်ပါသည်။
            မဿဲ၊ ၁း ၂၃ "ဗျာဒိတ်တော်အချက်ဟူမူကား၊ ကြည့်ရှုလော့။ သတို့သ မီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောကျာ်းကို ဖွားမြင်လိမ့်မည်။ ထိုသားကို  ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့် အတူရှိတော်မူသော ဘုရားသခင်ဟုဆိုလိုသည်။ ယောသပ်သည် နိုးလာ တဲ့အခါမှာ အိပ်ပျော်နေတဲ့အခါ ကောင်းကင်တမန် မှာထားသည့်အတိုင်းပြု၍၊ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။ ထိုသားကိုလည်း ယေရှုဟူသောအမည်ဖြင့်မှည့် ရမည်ဟု ပြောသလို ယေရှုအမည်ဖြင့်မှည့်၏။ ယေရှုဘုရားသည် ယုဒပြည်၊ဗက် လင်မြို့မှ (ဗှီု) အေဒီတစ်နှစ်မှာ ဘွားမြင်တော်မူသည်။ ယေရှုသည် ကယ်တင် ရှင်ဖြစ်ပါသည်။
            ဗုဒ္ဓမြတ်စွာဘုရားက ကယ်တင်ရှင်အရိမေတ္တယျဘုရားပွင့်မည်ဟု ပြော တဲ့အခါမှာ သူ့ရဲ့ညီရှင်အာနန္ဒာ၊ ရှင်မောဂ္ဂလန်တို့ကနေပြီးတော့ ဘယ်တော့ ပွင့်လာမလဲလို့မေးလျှောက်တဲ့အခါမှာ ဗုဒ္ဓမြတ်စွာဘုရားက ကမ္ဘာလေးင်္ချေတစ် သိန်းကြာမယ် ပြောလိုက်ပါသည်။ ကမ္ဘာလေးင်္ချေတစ်သိန်းကြာပြီး စောင့်ရမယ်။ ငါကိုယ်တိုင်လည်းဘဲ လေးင်္ချေတစ်သိန်းကျင့်စဉ်ကို (၄၅)နှစ်နဲ့ ရအောင်ကျင့်  မယ်။ သင်တို့လည်း ကမ္ဘာလေးင်္ချေတစ်သိန်းစောင့်ရမည်။ မစောင့်ရင်သက်တမ်း တိုအောင်ကျင့်ပါ။ အနှစ်(၅၀ဝ)လည်း ကြာနိုင်တယ်။ နှစ်ပေါင်း (၂၅၀ဝ)လည်း ကြာနိုင်တယ်။ ကမ္ဘာလေးင်္ချေတစ်သိန်းလည်းကြာနိုင်တယ်ဟု ဗုဒ္ဓမြတ်စွာဘုရား ကြော်ငြာခဲ့ပါသည်။ သီရိလင်္ကာဘက်သွားတဲ့ သမိုင်းပညာရှင်တွေ၊ သံဃာတော် တွေက နှစ်ပေါင်း(၅၀ဝ)ကြာမယ်လို့ သယ်သွားကြတယ်။ တရုတ်ပြည်ဘက်မှာ သယ်တဲ့ သံဃာတော်တွေ၊ ပညာရှင်တွေက နှစ်ပေါင်း(၂၅၀ဝ) ကြာမယ်လို့သယ် သွားကြပါသည်။ ယခုယုဒပြည်ဟာ သီရိလင်္ကာနိုင်ဖြစ်ပါသည်။ နှစ်ပေါင်း(၅၀ဝ) မှာသီရိလင်္ကာနိုင်ငံ ယုဒပြည်ဘက်လင်မြို့မှာ အရှင်ကယ်တင်ရှင် အရိမေတ္တယျ ဘုရား (ခေါ်) ယေရှုဘုရားသည် တကယ်ပွင့်တော်မူခဲ့ပါသည်။ သကဲ့ပွင့်တဲ့အခါမှာ သူဟာ နိဗ္ဗာန်၏ သား၊ ထာဝရအသက်ရှင်ဘုရား၏ သားတော်၊ အမွန်မြတ်ဆုံး၊ ယုဒရှင်ဘုရင်ဘုရား၊ အရိမေတ္တယျဘုရားပွင့်မည်ဟု ပရောဖက်အမျိုးမျိုးတို့သည် ကြော်ငြာသော သီရိလင်္ကာနိုင်ငံတစ်ဝိုင်းလုံး အုပ်ချုပ်သော ယုဒရှင်ဘုရင်သည် သံကို ကြားတဲ့အခါ ငါ့ထက်ကြီးမြတ်သော ဘယ်သူပွင့်မလဲ ပွင့်ရင်သတ်မည်ဟု အကြံရှိသောကြောင့် ယုဒပြည်ဟေရုဒ်မင်းကြီး အကြံအစည် ထာဝရဘုရား သိတော်မူသောကြောင့် ယုဒပြည်ဗက်လင်မြို့နွားတင်းကုပ်မှာ "အေဒီ ၁"နှစ်မှာ ပွင့်တော်မူပါသည်။ အေဒီနှစ်ပြန်ကြည့်တဲ့အခါ ဗုဒ္ဓမြတ်စွာဘုရားကြော်ငြာချက် ဟာ တကယ်မှန်သွားတယ်။ ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားအများကြီးပွင့်မယ် မပြောဘူး။ ဘုရားတစ်ဆူပွင့်မယ်ဟု ကြော်ငြာထားတဲ့အတိုင်း အနှစ်(၅၀ဝ)တိတိ မှာ သီရိလင်္ကာနိုင်ငံ ယုဒပြည်ဗက်လင်မြို့မှာ အရိမေတ္တယျဘုရားကယ်တင်ရှင် (ခေါ်) ယေရှုဘုရားပွင့်တော်မူခဲ့ပါသည်။       ထို့ကြောင့်အရိမေတ္တယျကယ်တင်ရှင် (ခေါ်) ယေရှုခရစ်တော်၏ နာမ တော်သည် ဗုဒ္ဓမြတ်စွာဘုရားပြောသလို အနှစ်(၂၅၀ဝ)ကြာမှာ တရုတ်နိုင်ငံမှာ အချို့တို့သည် လက်ခံယုံကြည်ကြပါသည်။ ကယ်တင်ရှင်ယေရှုဘုရားနာမည်ကို လက်ခံယုံကြည်နှစ်မှာစ၍ တရုတ်နိုင်ငံမှာရှိတဲ့ ယုံကြည်သူများ ဆုတောင်းသံကို ကြားသောကြောင့်၊ တဘက်ဘက်မှာ တရုတ်နိုင်ငံသည် တိုးတက်လာတာကို တွေ့ရပါသည်။ ယခုတရုတ်နိုင်ငံဟာ ယေရှုဘုရားယုံကြည်သူ သိန်းပေါင်းများ စွာရှိပါသည်။ အရိမေတ္တယျဘုရား (ခေါ်) ယေရှုဘုရားသည် လောကမှာရှိသော လူသားအပေါင်းတို့သည် ယုံကြည်ပြီး ကိုးကွယ်နေကြပါသည်။ ယေရှုဘုရားသည် သေခြင်းတရားကို အောင်မြင်ပြီးရှင်ပြန်ထမြောက်သော ဘုရားဖြစ်ပါသည်။ ယေ ရမိ၊ ၁၀း ၁၁ ]]သာသနာပလူတို့အား ပြောရသောစကားမူကား၊ ကောင်းကင်  နှင့် မြေကြီးကို မဖန်ဆင်းသော ဘုရားတို့သည်၊ ဤကောင်းကင်အောက်၊ မြေ ကြီးပြင်မှာ ကွယ်ပျောက်ကြလိမ့်မယ်။ ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားဟောပြောသော အရိမေတ္တယျဘုရားသည် ဘုရားတကာထက်ဘုရား သူ့လိုလောကကယ်တင်ရှင် တပါးမှမရှိဘူး။ သူသည် လူသားအားလုံး ဖန်ဆင်းရှင်ဖြစ်ပါသည်။ ကမ္ဘာဦးကျမ်း၊ ၁း ၁ "အစအဦး၌ ဘုရားသည်၊ ကောင်ကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏" ဘုရားသခင်သည် အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြား၍ ခွဲထားတော်မူ၏။ အ လင်းကို နေ့ဟု၊ အမှောင်မိုက်ကို ညဟု ပေး၍ ည+နေ့ဟု ပေါ်ပေါက်လာလေသည်။ ပထမဖန်ဆင်း၏။
            ဘုရားသခင်သည် အစအဦး၌ရှိ၍ နှုတ်ကပတ်တော်၌ အတူရှိ၏။ ထို နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်း တော်မူခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိ။ ထိုနှုတ်က ပတ်တော်သည် အသက်ရှိ၏ ယောဟန်၊ ၁း ၁ မှ ၄ ပြောထားပါသည်။

လူကိုဖန်ဆင်း၏။
            ကမ္ဘာဦးကျမ်း ၁း၂၆" တဖန် ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့် တညီတသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကိုင်း၊ မိုးကောင်းကင်ငှက်တို့ကိုင်း၊ သားယဉ်တို့ကိုင်း၊ မြေတပြင်လုံးနှင့်တကွ မြေ ပေါ်မှာ တွားတတ်သော တိရိစ္ဆာန်အပေါင်းတို့ကိုင်း အုပ်စိုးစေဟု အမိန့်တော် ရှိ၏။"
            ကမ္ဘာဦးကျမ်း ၂း ၇ "ထို့နောက်ထာဝရဘုရားသခင်သည်၊ မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍ သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူသည်။ လူသည် အသက်ရှင်သောသတ္တဝါဖြစ်တော်မူ၏။
            ကမ္ဘာ၊ ၃း ၁ "လူသည် ဘုရားသခင်၏ ဧဒင်ဥယျာဉ်မှာ ဘုရားသခင် ထားတော်မူပြီး ဥယျာဉ်၏အလယ်၌ အပင်၏အသီးကိုမစားရဟု ပညတ်တရား ပေး၏။ ထို့နောက် ရှေြးွေမဟောင်းနဂါးသည် ဝင်လာ၍ လူကို အပြစ်သွေး ဆောင်ပြီး လူသည် မစားရဟု အသီးကို စားသောကြောင့် ဘုရားသခင်သည် ကျိန်၍ အငယ်၊ ၁၆ မှာ မိန်းမကိုလည်း သင်၌ ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာခံ၍ သားဘွားရမည်။ အငယ် ၁၉ မှာ သင်ထွက်ရာမြေသို့ မပြန်မှီတိုင်အောင် သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။ လူသည် ဘုရားသခင်၏ပုံသဏ္ဍာန်နှငု့်တူပါသည်။ ဘာကြောင့်လည်းဆိုရင် ငါနှင့်ပုံသဏ္ဍာန်နှင့်တူသော လူကိုဖန်ဆင်းမည်ဟု ပြော ထားပါသည်။
            ကမ္ဘာ၊ ၃း ၂၂"ထာဝရဘုရားသခင်ကလည်း လူသည် ငါတို့တွင် တစ်ပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းကိုသိတတ်၏။ ကောင်းမကောင်းသိခြင်း သည် ဘုရားသခင်၏ပုံသဏ္ဍာန်နှင့် တူခြင်းဖြစ်ပါသည်။ အတွေးအခေါ်၊ ဥာဏပညာ၊ အဆိုးအကောင်း၊ လှခြင်း၊ ဆိုးခြင်းလည်းသိကြပါသည်။ ကမ္ဘာပေါ် ရှိ သတ္တဝါအပေါင်းတို့ကို လူသည် အုပ်စိုးနေပါသည်။ တိရိစ္ဆာန်မှန်သမျှ လူကို မကြောက်သော သတ္တဝါမရှိဘူး၊ ဘုရားသခင်နှင့် ပုံသ္ဌဏာန်ကြောင့် ဖြစ်သည်။ ဘုရားသခင်ပြောသည်အတိုင်းဖြစ်ပါသည်။ ထို့နောက် လူသည် မြေမှုန့် နှင့်ဖန်ဆင်းကာ လူရဲ့ခန္ဓာကိုယ်ကပြနေပါသည်။ ဘာကြောင့်လဲ၊ မြေမှုန့်ဖြစ် ကြောင်း ခန္ဓာကိုယ်ညစ်ပတ်နေပါသည်။ နေ့၊ ညရေချိုးဘို့လိုအပ်ပါသည်။ လူသား အားရေမချိုးရင် အနာမှာနေလိုမဖြစ်ဘူး၊ မြေမှုန့်ညစ်ပတ်တာများ ထွက်နေ သောကြောင့် ရေချိုးဘို့လိုအပ်ပါသည်။
            အမျိုးသမီးများ ကလေးမွေးဖွားသည့်အခါ ဝေဒနာမခံစားသောသူ ရှိသလား၊ မရှိဘူး၊ ယောကျာ်းတိုင်းချွေးမထွက်ဘဲနဲ့ စားဘို့၊ သောက်ဘို့ ရသလား၊ မရဘူး၊ ဘုရားသခင်ဖန်ဆင်းပြောသည့်အတိုင်း လူအားလုံးကြုံတွေ့ နေကြပါသည်။ မပင်ပန်းဘဲနဲ့ စားသောက်သောသူမရှိပါ။ ဗြဟ္မာ (ခေါ်) နတ် ပြောသောအရာနှင့် လူသားလှုပ်ရှားနည်းဟာ တူညီသလား၊ မတူညီဘူး၊ အသက် ရှင်သောထာဝရဘုရားသခင် ပြောသည့်အတိုင်းဖြစ်သောကြောင့်ဖြစ်သည်။
            လူကိုဖန်ဆင်းသူသည် ထာဝရအသက်ရှင်သောဘုရားသည် ဖန်ဆင်း ထားသည်ဆိုတာ ပုံသက်သေပြခြင်းဖြစ်ပါသည်။ ( ဦးရွှေအောင်ရေးစာအုပ်)
            ဦးရွှေအောင်ရေးသောစာအုပ်မှာ ဝေဒခေတ်မှ ဗုဒ္ဓခေတ်တိုင်အောင် အတ္တဝါဒမှာ အနတ္တဝါဒခရီးစဉ်စာအုပ်ကို ဖတ်သည့်အခါမှာ၊ ဗြဟ္မာသည် ဖန်ဆင်း ရှင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ပြောခြင်း၊ ဆိုခြင်း၊ လုပ်ခြင်း၊ ကိုင်ခြင်း၊ တွေးေ ခေါ်ခြင်းသည် ဗြဟ္မာ၏ပြောခြင်းဖြစ်ပါသည်ဟု စာမျက်နှာ (၇၄) မှာရေးထား ပါသည်။ ဗြဟ္မာသည် အိုခြင်း၊ နာခြင်း၊ သေခြင်း စသည့် ဒုက္ခမျိုးစုံတို့မှ လွတ်မြောက်သွားခြင်းဖြစ်လေသည်။ ဗြဟ္မာသည် အရှိတရားဖြစ်၏။ သို့ဖြစ်၍ ဗြဟ္မာသည် နေရာတိုင်းမှာရှိ၏။ ကာလတိုင်းမှာရှိ၏။ အပြောင်းအလဲမရှိ၊ တစ်သားတည်းဖြစ်၍ စာမျက်နှာ (၇၉) မှာ တွေ့ရပါသည်။ စာမျက်နှာ (၂၀၅) မှာ ဤနေရာ  နတ်ဒေဝါများဆိုသည်မှာ ဗြဟ္မာဖြစ်ပါသည်။ နတ်ဒေဝါနေရာ ၌ ဗြဟ္မာကို အစားသွင်းလာပါသည်။ စာမျက်နှာ (၂၂၄) မှာ ထာဝရဘုရား သခင်သည် ဖန်ဆင်းရှင်မဟုတ်ဟု ငြင်းဆိုထားပါသည်။ စာမျက်နှာ (၃၁၄) မှာ ဗြဟ္မာသည် လောကကိုနှုတ်ယူ၍ ဖန်ဆင်းလိုက်လျှင်လည်း လောကသည် အန္တဖြစ်မသွားဘဲ အနန္တအဖြစ်သာ ကျန်ရစ်ပါ၏။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လူသား

         လူသည် ဗြဟ္မာမှဆင်းသက်လာသည်ဟူ၍လည်း ဆိုကြ၏။ အခန်း (၈) စာမျက်နှာ (၃၁၀) မှာတွေ့ရသည်။ မျောက်မှဆင်းသက်သည်ဟူ၍လည်း ဆိုကြသည်။ ထေရ်ဝါဒခေတ်မှ ဗုဒ္ဓဝါဒခေတ်မှာ လူဖန်ဆင်းခြင်းကိုမတွေ့ဖူး၊ လူဖန်ဆင်းသူသည် မသေချာ၊ မရေရာဖြစ်နေပါသည်။
စာမျက်နှာ (၃၂၈)
ဥပါဒါန်ပစ္စယသာဝေါဟူသော ပဋိစ္စသမုပ္ပာဒ်အရ လောကကိုဖန်ဆင်းသူမှာ ထာဝရဘုရားမဟုတ်ဘဲ ဥပါဒါန်သာဖြစ်ပါသည်။ ဥပါဒါန်သည် လောကကို ဖန် ဆင်းရာ၌ မိမိသည်ပင် ဖန်ဆင်းသူ (အတ္တဝါဒုပါဒါန်) မိမိသည်ပင် ဖန်ဆင်းစရာ ပစ္စည်း (ကာမုပါဒါန်) မိမိသည်ပင် ကိရိယာတန်ဆာပလာ (သီလဗ္ဗတုပါဒါန်) မိမိသည်ပင် အတတ်ပညာ ( ဒိဋ္ဌုပါဒါန်) အဖြစ်ဆောင်ရွက်ပါသည်။ လောက ကိုဖန်ဆင်းရန် ဥပါဒါန်အတွက် အားလုံးပြည့်စုံပြီးဖြစ်ပါသည်။ ဥပါဒါန်က ဥပါဒါန် ကိုပင် အသုံးပြုပါသည်။ သို့ဖြစ်၍လည်း ဥပါဒါန်သည် ဖန်ဆင်းရှင်အဖြစ် ပဋိသမုပ္ပာဒ် ဒေသနာတော်၌ ဖော်ပြထားခြင်းဖြစ်ပါသည်။
စာမျက်နှာ (၃၈၅)
ဗြဟ္မာဏတို့ အလိုအရ လောကနှင့်နိဗ္ဗာန်သည် တစ်ခုတည်းဖြစ်ပါသည်။ အစိတ်နှင်အပေါင်းအဖြစ်သာ ခြားပါသည်။ နိဗ္ဗာန်သည် အကြောင်းဖြစ်သည်။ လောကသည် အကျိုးဖြစ်သည်။ နိဗ္ဗာန်နှင့်လောကသည် ရွှေနှင့်လက်ကောက် ကဲ့သို့ အမျိုးအစားအားဖြင့် တစ်ခုတည်းဖြစ်ပါသည်။
စာမျက်နှာ (၃၈၈)
ဤဘာသာ သဝါဒအရ နိဗ္ဗာန်မရှိလျှင်လည်း လောကသည် မဖြစ်ပေါ်မလာနိုင်။ လောကမရှိလျှင်လည်း နိဗ္ဗာန်ကိုသိ၍မရ၊ ထို့ကြောင့် နိဗ္ဗာန်နှင့်လောကသည် အရှိနှင့်အသွင်သ္ဌဏာန် (သို့) သာမညနှင့် ဝိသေသအဖြစ် ဆက်သွယ်နေပါ သည်။
စာမျက်နှာ (၅၉)
လောကသည် သေတတ်၍ ဗြဟ္မာသည်မသေတတ်ဟူ၍လည်း ဆိုကြပါသည်။
            ဦးရွှေအောင်ရေးထားသောစာအုပ်ကို ကျွန်တော်ဖတ်လေ့လာသည့်အခါ မှာ ဗြဟ္မာနှင့်နတ်သည် မခွဲခြားဘူး၊ အတူတူပင်ဖြစ်ပါသည်။ ဗြဟ္မာသည် ဖန်ဆင်းရှင်ဖြစ်သည်ဟု အခိုင်အမာရေးထားပါသည်။ ဘယ်လိုဖန်ဆင်းပုံ၊ ဖန်ဆင်းနည်းဖော်မပြဘူး၊ မသေချာ၊ မရေရာဖြစ်ပါသည်။ နောက်ဆုံး ဖန်ဆင်း ရှင်သည် ဗြဟ္မာမဟုတ်ဘူး၊ ဥပါဒါန်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ လောက၏ ဖန်ဆင်းရှင်သည် ဖန်ဆင်းရှင်နှစ်ဦးဖြစ်နေပါသည်။ လူသားဗြဟ္မာမှ ဆင်းသက်  လာသည်ဟု ပြောထားပါသည်။ ဒါပေမဲ့ ဗြဟ္မာပုံဥ္ဌဏာန်နှင့် လူသား၏ပုံသ္ဌဏာန် တူသလား၊ မတူဘူး၊ မတူဘူး၊ ဗြဟ္မာနှင့်နတ်သည် အတူတူပင်ဖြစ်ပြီး ဖန်ဆင်း ရှင်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် လူသားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်ရမည့်အရာဖြစ်ပါသည်။
            ဗြဟ္မာခေါ်နတ်သည် လောကနှင့်လူသားကို ဖန်ဆင်းရှင်မဟုတ်ဘူး၊ ဗုဒ္ဓမြတ်စွာဘုရားလည်း ကန့်ကွက်ပါသည်။ ဘာကြောင့်လဲ၊ ငါ့နောက် ဘုရား တစ်ဆူပွင့်မည့်သူသည် လောကသားများ ကယ်တင်ရှင်ဖြစ်၍ ဖန်ဆင်းရှင် ဖြစ်သည်ဟု ဖော်ပြထားပါသည်။ အရိမေတ္တယျဘုရားသည် နောက်ဘုရားမရှိ ဘူးဟု ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် ပြောထားပါသည်။ ဗြဟ္မာ (သို့) နတ်ကို ဘာကြောင့် ဘုရားဟုမခေါ်တာလဲ၊ ဖန်ဆင်းရှင်မဟုတ်သောကြောင့် မခေါ်တာဖြစ်သည်။ လူသည် ဗြဟ္မာ (သို့) နတ်နှင့်မတူဘူး၊ ဖန်ဆင်းခြင်းသည် ဖန်ဆင်းရှင်နှင့်တူရမည်။ လူနှင့် ဗြဟ္မာ (သို့) နတ်ရုပ်လုံးဝမတူဘူး။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နတ်ဖြစ်ပေါ်လာပုံ

            နတ်သည် ထာဝရဘုရားသခင်၏ လက်ထောက်ဖြစ်ပါသည်။ သူသည် နိဗ္ဗာန်မှာ ထာဝရဘုရားသခင်နှင့်အတူတူနေပါသည်။ နတ်သည် စိတ်ဓါတ်မ ကောင်းသော ကြံစည်ပြီး သူ့၏လက်အောက် နိဗ္ဗာန်တမန်တော်များကို စည်း ရုံးပြီး ထာဝရဘုရားသခင် စစ်တိုက်မည်။ သူ့ရဲ့ထိပ်ဆုံးမှာ ငါထိုင်မည်ဟု ကြံ စည်၍ သူသည် ဘုရားနေရာကို လုယူချင်သောစိတ်ရှိပါသည်။ (ဟေရှာ၊ ၁၄း ၁၂- ၁၄) မှာ မိုးတိမ်ထိပ်ပေါ်သို့ငါတက်မည်၊ အမြင့်ဆုံးသော ဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိလေ၏။
            ဗျာဒိတ်ကျမ်း၊ ၁၆း ၁၄ နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင် တို့ထံသို့ထွက်သွား၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားသခင်၏ နေ့ ကြီး၌ စစ်တိုက်ခြင်းအလို့ငှါ စုဝေးစေကြသည်။
            ဗျာဒိတ်ကျမ်း၊ ၁၂း ၇-၉  "ကောင်းကင်၌စစ်ဖြစ်၍ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန် တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း နေစရာမရှိ၊ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား၍ မာရ်နတ်၊ စာတန်၊ နတ်ဆိုး၊ ဗြဟ္မာ အမည်ရှိသော ရှေြးွေမဟောင်းတည်းဟူသော လူစီဖါ နဂါးကြီးကိုင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုင်း မြေကြီးသို့ချလိုက်ကြ၏။
            ဗြဟ္မာ(ခေါ်) နတ်သည် ထာဝရဘုရားသခင်၏ လက်ထောက်ဖြစ်၍ ထာဝ၇ဘုရား၏နေရာကို ဝင်လုမရသော လောကလူသားများကို လှည့်ဖြားနေ ပါသည်။ နတ်သည် အစမှာ ကောင်းကင်နိုင်ငံ (ခေါ်) နိဗ္ဗာန်မှာ ထာဝရဘုရား သခင်နှင့် အတူတူနေသောသူဖြစ်၍ သူသည် ကောင်းကင်တမန်ဖြစ်၍ နံနှင့် ဝိညာဉ်နှင့် ပြည့်စုံသောသူဖြစ်ပါသည်။ သူသည် အောက်မှာမနေချင်ဘူး၊ ထိပ် ဆုံးမှာဘဲနေချင်ပါသည်။ သူပြောသောစကားသည် အပြောကောင်းသည်၊ လှည့် ဖြားခြင်းနှင့်ပြည့်စုံ၍ သူ၏တန်ခိုးသည် လှည့်ဖြားခြင်း အနန္တတန်ခိုးနှင့် ပြည့်စုံ သောသူဖြစ်ပါသည်။ နတ် (ခေါ်) ဗြဟ္မာ၊ စာတန်တို့အဖွဲ့မှာ နေစရာနေရာ သည် ထာဝရမီးငရဲအိုင်ဖြစ်ပါသည်။ သူသည် အိုခြင်း၊ သေခြင်း မရှိပါ။ နာ ခြင်းနှင့်ပြည့်စုံမည်။ သေခြင်းမရှိဘူး၊ ထာဝရမီးအိုင်ငရဲပြည်မှာ နတ်အဖွဲ့ဝင် မှာ ပါဝင်သော လူသားအားလုံး ဒုက္ခနှင့် ထာဝရသေခြင်းမရှိသောနေရာ နာခြင်း နှင့်ရင်ဆိုင်ရမည်။ နတ်သည် ဖန်ဆင်းရှင်မဟုတ်၊ လှည့်ဖြားသောသူဖြစ်ပါသည်။ လိမ်ညာခြင်းနှင့်ပြည့်ပါသည်။ ယောဟန်၊ ၈း ၄၄ "သူသည် မုသာ၏အဘဖြစ် သည"။ 

(ဝေဒခေတ်ကိုးကွယ်ယုံကြည်သူ) စာမျက်နှာ (၃၆)
      ဝေဒခေတ်နတ်များကို အုပ်စုသုံးစုခွဲကြပါသည်။ အုပ်စုတစ်စုလျှင် နတ်ပေါင်း (၁၃) ယောက်ကျစီဖြင့် စုစုပေါင်း (နတ်)ပေါင်း (၃၃) ယောက်ရှိကြောင်း ဆိုပါသည်။ အုပ်စုသုံးစုအနက် ပထမအုပ်စုဝင်နတ်များကို မြေနတ်များ ( ပထဝိဋ္ဌသိုက) ဟုခေါ်ပါသည်။ ထိုမြေနတ်များအနက် ထင်၇ှားသောနတ်များမှာ မြေနတ် (ပထဝိ) မီးနတ်(အဂိ) သောမနတ်တို့ဖြစ်ကြပါသည်။ ဒုတိယအုပ်စုဝင်နတ်များအနက် ထင်ရှားသောနတ်များမှာ သိကြား (ဣန္နြ) လေနတ် (ဝါယု) မိုးနတ် (ပဇ္ဇုန္န) ရေနတ် (အာပါ) တို့ဖြစ်ပါသည်။ ယင်းတို့ကို ကောင်းကင်နတ်များ               ( အန္တလိက္ခဋ္ဌာနိက) ဟုခေါ်ကြပါသည်။ တတိယနတ်များအနက် ထင်ရှားသော နတ်များမှာ နေနတ် (သူရိယ) အဂုဏ်နတ် (ဥဿ)ညဥ့်နတ် (ရာတြိတို့ဖြစ်ကြ ပါသည်။ ယင်းတို့ကို အာကာသနတ်များ ( ဒျုဋ္ဌာနိက) ဟုခေါ်ကြပါသည်။ မြန်မာလူမျိုးတို့နှင့်မကျွမ်းသော ဝိတ္တိပူရှန်ဒျော်စသော ဝေဒခေတ်နတ်များကို ဤနေရာ၌ ဖော်ပြခြင်းမပြုတော့ဘဲ ချန်ထားခဲ့ပါသည်။
            နတ်သည် ဖန်ဆင်းရှင်ဖြစ်ရင် ဘာကြောင့် မြန်မာလူမျိုးများ အာကာသနတ်များကို မကျွမ်းကျင်သလဲ၊ နတ်ဆိုတာအတူတူမဟုတ်ဘူး၊ ဖန်ဆင်း ရှင်မဟုတ်ဘူး၊ သားသမီးများက မိခင်နှင့်ဖခင်မသိရင် ဖခင်နှင့်မိခင် မဟုတ်လို့ ဖြစ်ပါသည်။
            ဗျာဒိတ်၊ ၁၂း၃-၄ "ကောင်းကင်၌ အခြားသောနိမိတ်လက္ခဏာပေါ် လာသည်ကား၊ အဆင်းနီသောနဂါးကြီးသည် ခေါင်းခုနှစ်လုံး၊ ချိုဆယ်ချောင်း နှင့်တကွ ခေါင်းပေါ်၌ သရဖူခုနှစ်ခုကို ဆောင်းလျက်ရှိ၏။ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစ်စုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။
            မြေကြီးမှာ နတ်များသည် သုံးစုတစ်စုရှိတယ်ဆိုတာ ကျမ်းစာမှာ ဖော် ပြထားပါသည်။ ထို့ကြောင့် နတ်ကို လူ၏စိတ်နှလုံးကို ကွယ်စေပါသည်။ နတ်သည် ဖန်ဆင်းရှင်မဟုတ်၊ လူကိုလှည့်ဖြားသွေးဆောင်၍ အကျွန်ုပ်တို့ပစ္စည်း ကို အတင်းအဓမ္မရယူသူ မုသာအဘဖြစ်ပါသည်။
            ကမ္ဘာ၊ ၃း ၄-၅ မုသာသုံးပြီး ယနေ့အထိ မုသာပြောသောနတ်ဖြစ် ၍  မုသာအဘဖြစ်ပါသည်။ ဘုရားတစ်ဆူတည်းရှိ၏။ ဘာကြောင့် နတ်ကို ဘုရားဟုခေါ်သနည်း။


ဘုရားသခင်
            ဗျာဒိတ်ကျမ်း၊ ၁း ၈ "ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်မိန့်တော်မူ၏"။
            ယေရမိ၊ ၁၀း ၁၁ "သာသနာပလူတို့အား ပြောစကားမူကား၊ ကောင်း ကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတဆို့သည် ဤကောင်းကင်အောက်၊ ဤ မြေကြီးပြင်မှ ကွယ်ပျောက်သွားလိမ့်မည်။ အငယ် (၁၀) မှာ ထာဝရဘုရား၊ မှန်သောဘုရား၊ အသက်ရှင်သောဘုရား၊ နိစ္စထာဝရဘုရားဖြစ်တော်မူ၏။ အမျက်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။ လူအမျိုးမျိုးတို့သည် အမျက်တော်ကို မခံနိုင်ကြ။ ဆာလံ (၈၃) ထာဝရဘုရားဟူ၍ နာမတော်ရှိသော ကိုယ်တော် တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား ဖြစ်တော်မူကြောင်းကို သိကြပါစေသော။ (မဿဲ၊ ၂၄း ၃၅) ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်၊ ထာဝရအသက်ရှင်သော ဘုရားသခင်အရှေ့မှာ မထင်ရှားသောအရာ တစ်ခုမျှမရှိပါ။
            ထာဝရဘုရားအရှေ့မှာ ဘာမျှဖုံးကွယ်လို့မရဘူး၊ အရာခပ်သိမ်းအုပ် စိုးသော ဘုရားဖြစ်သောကြောင့် ဖြစ်ပါသည်။ ယောဟန်၊ ၃း ၁၆ ]]ဘုရားသခင် သည် လောကီသားတို့ကို ချစ်တော်မူသောကြောင့် တစ်ဦးတည်းသောသားတော် စွန့်တော်မူသည့်တိုင်အောင် ချစ်တော်မူ၏။ သူ့ကိုယုံကြည်သောသူသည် ထာဝရ အသက်ကိုရမည်ဟု ပြောထားပါသည်။
            မဿဲ၊ ၁၁း ၂၈ ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည်ချမ်းသာပေးမည်၊ ဘုရားသခင်ပြောထားသောအရာ အများ ကြီးရှိပါသည်။ လောကမှာရှိတယ်၊ လူတို့သည် ဘုရားလို့ခေါ်သော အရာဝတ္ထုမှာ အများကြီးရှိပါသည်။ လူကိုအသက်ချမ်းသာပေးခြင်း၊ ဆရာဝန်များ မကုသနိုင်သောအရာ၊ ကုသပေးသောဘုရားမရှိပါ။ ထာဝရ အသက်ကိုပေးသောဘုရား၊ ကယ်တင်နိုင်သောဘုရား၊ ငရဲပြည်မှ လွတ်မြောက် စေသောဘုရားမရှိဘူး၊ ကောင်းကင်မြေကြီးမှာရှိသော မိုးကောင်းကင်၊ ကြယ်၊ လ၊ နေ ခပ်သိမ်းသောအရာအားလုံး ဖန်ဆင်းနည်းပုံများ သေသေချာချာ ပြောသောဘုရားမရှိဘူး၊ လောကဓါတ်အားလုံး ဖန်ဆင်းရှင်၊ ဖန်ဆင်းပုံသဏ္ဍာန် အားလုံး၊ နိဗ္ဗာန်ပြည်၊ ငရဲပြည်အားလုံး ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်သော ဘုရားသည် ထာဝရအသက်ရှင်တော်မူသော ဖန်ဆင်းရှင် တစ်ပါးတစ်ဆူ တည်းရှိပါသည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးတစ်ဆူဘုရားသာရှိသည်။
            ထာဝရအရိမေတ္တယျဘုရား (ခေါ်) ယေရှုဘုရားသည် ငါ့ကိုခေါ်လော့၊ ငါထူးမည်ဟု ပြောထားပါသည် (ယေရမိ၊ ၃၃း ၃)။ ခေါ်ပါ၊ ထူးမည်၊ ရောဂါ အားလုံးကို ကုသပေးသောဘုရားသခင်၊ မကုသနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိပါ။ အရာအားလုံး ကုသပေးနိုင်သော ထာဝရဘုရားသခင် ဖန်ဆင်းရှင်၊ ဖန်ဆင်းလို ကုသပေးနိုင်ပါသည်။
            ဗုဒ္ခမြတ်စွာဘုရားပွင့်မည်ဟုပြောသော အရိမေတ္တယျ (ခေါ်) ယေရှု နာမနှင့် ခေါ်သူတိုင်းထူးပါသည်။  
လူ၏ဘဝဟာ နားလည်ပြီလား။

မိတ်ဆွေ - ကယ်တင်နိုင်သောသူ ဘုရားတွေ့ပြီလား။
အသက်ရှင်သောဘုရားသခင်ဘဲ ကယ်တင်ရှင်ဖြစ်ပါသည်။
အသက်ရှိသောသူကား၊ အသက်ရှင်သောအရာပေးနိုင်ပါသည်။
အသက်မရှင်သောသူဟာ အသက်ရှင်ခြင်းမပေးနိုင်ဘူး။
ကယ်တင်ရှင်တွေ့ရင်ခေါ်ပါ။ ထူးလိမ့်မည်။
ယနေ့ လောကမှာ တခဏဘဲ ဒုက္ခဆင်းရဲခံစားရမည်။

ထာဝရဒုက္ခဆင်းရဲဘဝမှာ ကယ်တင်ရှင်ယေရှုဘုရား (ခေါ်) အရိမေတ္တယျသည် ကယ်တင်ရှင်ဖြစ်ပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လောကတွင် လူဖြစ်ခြင်း

လောကတွင် လူဖြစ်ခြင်းနှင့်ပါတ်သက်၍ တွေးတော ကြံဆချက်မျှား အမျိုးမျိုး အထွေထွေ၊ လူတစ်ကိုယ် စိတ်တစ်မျိုးဆိုသည့်စကားအတိုင်း ခံယူတွေးခေါ်ကာ လက်ခံကျင့်သုံးကျသော်လည်း၊ မှန်သည်၊ မှားသည် ဤနှစ်လီကိုကား သေချာဝေဖန် ပိုင်းခြားခြင်းဖြင့် ကြည့်တတ်ရန်ကား လွန်စွာမှပင် အရေးပါလှပေသည်။ ဆိုပါစို့ အမှန်တကယ်ပင် အရေးပါလှသော အဓိက အချက်သည်ကား တစ်ဘဝစာအတွက်ပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း လောကတွင် ဧကောဗုဒ္ဓေါ တစ်ဆူတည်းသော ဘုရားမြတ်ရှင်တော်ကိုယ်တော်တိုင်က ထာဝရ “ဘုရားကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့” ဟူသော အသက်ရှင်သည်၊ သိမှတ်နိုင်သည်၊ လွတ်လပ်စွာဖြင့် အဓမ္မမပါ ကိုးကွယ်ကြနိုင်စေရေး ဤကဲ့သို့သော  မိန့်ဆိုစကားထားပေးတော်မူခဲ့ပါသည်။
      လက်တွေ့တွင် လောကီလူသားအများစုတို့က ဘုရားမြတ်ရှင်က လူတို့ကို ဖန်ဆင်းခဲ့သည် ဆိုခြင်းကိစ္စကို လက်မခံကြလိုသော်လည်း၊ ယုတ္တိမတန်သော စကားတို့ကိုကား အလွယ်ယုံမှတ်မှားကြလေသည်။ ထို့ကြောင့်လည်း အထက်ပါစကားနှင့် စပ်လျှဉ်း၍ သမ္မာကျမ်းစာက လူဖြစ်ခြင်းကို လေးမျိုးလေးစားဖြင့် ခွဲခြားကာ ပြသခဲ့ပါသည်။
      ၁။ မိခင်၊ ဖခင် မရှိမြေမှုန့်မှ အရွယ်ရောက်ပြီးသော  လူဖြစ်ခြင်းကို အာဒံအားဖြင့်သိနိုင်သလို၊
      ၂။ နံရိုးမှ လူဖြစ်လာသော အချင်းအရာကို ဧဝအားဖြင့် ချက်ခြင်း အရွယ်ရောက်ပြီးသော ကလေးဘဝမရှိအသက်တာကို အာဒံကဲ့သို့ ဧဝကိုလည်း တွေ့မြင် သိရှိနားလည်နိုင်ပေသည်၊
      ၃။ မိဘ နှစ်ပါးမှ ဖွေးဖွားလာသော အရာကို ကျွန်ုပ်တို့ ကိုယ်တိုင်အားဖြင့် သိနိုင်ပေသည်၊
      ၄။ မိခင်သာရှိပြီး ဖခင်မရှိသော အဖြစ်ကိုကား သန့်ရှင်းသော ဝိညာဉ်တော်ဘုရားအားဖြင့် လူဇာတိကို ခံယူတော်မူခဲ့သော ခရစ်တော်ဘုရား၏ အဖြစ်တော်တွင် မြင်တွေ့နိုင်ပေသည် . . . . . . . ..
ဟူ၍လည်းကောင်း အမျိုးလေးပါကို တွေ့ရသော်လည်း၊ လူတိုင်းနာလည်နိုင်သော ဘာသာစကားများအားဖြင့်လည်းကောင်း သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သော်လည်း လူအချို့တို့သည် လက်မခံလိုကြ၊ အထူးသဖြင့် ယုတ္တိမတန်ဆိုကာ ငြင်းပယ်ကြလေတော့သည်။ သို့သော်လည်း လူတို့သည် အလွယ်တကူဖြင့် လက်ခံယုံကြည်ထားကြသည်ကို ဖေါ်ပြရပါမူကား။
      ၁။ ဥပပတ်ပဋိသန္ဓေ  ယခယခင်ဘဝက ဝိညာဉ်ချုပ်သည်နှင့်     ဥုံဖွဟူသော အသွင်ဖြင့် ရုတ်ချည်းပင်၊ ၁၆၊ ၁၇ အရွယ်စသော အဖြစ်ကိုရသော ဘဝဟူ၍လည်းကောင်း။ နတ်သား၊ နတ်သမီး၊ ရုက္ခစိုး၊ အာကသစိုးနတ်စသည်ဖြင့်တွေ့မြင်လေ့လာမှတ်သားခဲ့ရပါသည်။
      ၂။အသံသေဒဇ ပဋိသန္ဓေ အညှိကို စွဲ၍ သေးငယ်သော ကလပ်စည်းတခုမှ ကြီးထွားလာကာ လူအဖြစ်ကို ယူသော သူတို့သည် ရှိလေ၏။  သစ်ပင်၊ တောတောင်ရှိ၊ အညစ်အကြေးတို့မှလည်း လူဖြစ်လာခြင်း ဟူ၍လည်းကောင်း။ ကြာပန်းမှ မွေးသော၊ ပဒုမ္မာဒေဝီ၊ ဝါးပင်မှ မွေးသော၊ ဝေဠုဝ နှင့် မန်းကျည်းပင်မှမွေးသော စိဉ္စာမာနနှင့် သာမန်မဟုတ် နားအတွင်းမှ မွေးဖွားခဲ့သော ရှင်သီဝလိ၊ ချက်အတွင်းမှ မွေးခဲ့သော ရှင်ဥပဂုတ္တမထေရ် စသည်တို့ပင်ဖြစ်သည်။
      ၃။  အအဏ္ဍဇ ပဋိသန္ဓေ ကြက်များကဲ့သို့ ဥမှဖြစ်လာသော သူများကို ကျိုက်ထီးရိုးသမိုင်းမှ မင်းသားများကို မြင့်တွေ့ သိရှိနိုင်ပေသည်။   မိမရှိ၊ ဖမရှိ အလိုလို ဖြစ်ပေါ်လာသော ဘဝဟူ၍လည်းကောင်း။
      ၄။ ဂဗ္ဘသေယျက ပဋိသန္ဓေ စသော လူမိဘ မျိုးရိုးနှစ်သွယ် ပေါင်းစပ်ခြင်းအားဖြင့် ဘဝဟူသော အရာကို ရသည်ဟူ၍လည်းကောင်း ရှိသော စကားတို့ကိုကား အတိုင်းမသိ အဟုတ်ထင်ကာ၊  သမ္မာကျမ်းစာကို ဆန့်ကျင်နေသော မူများကိုကား လူတို့သည် အလွယ်တကူပင် အမေးအမြန်းမရှိ လက်ခံယုံကြည်တတ်ကြလေသည်။
 

ထို့ကြောင့် ဆိုရေးရှိက ဆိုအပ်လှသည် ဆိုသောစကားအတိုင်းပင် အထက်ပါ လူဖြစ်နည်း တို့တွင် သိပ္ပံအားဖြင့် သော်လည်းကောင်း၊ သဘာဝဓမ္မအားဖြင့်သော်လည်းကောင်း၊ အဘယ်အရာသည် မှန်သည်၊ မှားသည်ကို ကိုယ်တိုင်သာ ချင့်ချိန်၍ ယုံမှတ်ကာ ဘဝကို ပုံအပ်၍ ကိုးကွယ်အားထားရာဖြစ်ကြောင်း သိမှတ်ကာ၊ ယခုဘဝနောင်ဘဝအတွက် စိတ်အေးချမ်းသာ မြတ်သော နန်အမတကို တက်လှမ်းနိုင်ကြပါစေဟု ဆန္ဒပြုကာ ရေးသားလိုက်ရပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘုရားသာသနာတော်မြတ်ကို ဖျက်ဆီးသောသူတို့အား ရွေးချယ်၍ပြဆိုခြင်း။

ဘုရားသခင်၏ သာသနာတော်မြတ်ကို၊ အဘယ်သူတို့သည် ဖျက်ဆီးတတ်ပါသနည်းဆိုလျှင်။ သင်္ဃန်းကို ၀တ်ရုံကုန်သော ဦးပြည်းခေါင်းတုံး ရိတ်သော ရဟန်းတို့သာလျှင်ဖျက်တတ်သည်ဟူ၍၊ ဗုဒ္ဓဃောသ သုပ္ပတ္တိကျမ်းတွင်ပြဆိုသည်။ ၄င်း ပြဆိုသော ပါဠိမှာ။ ။ ယထာဟိမိဂိန္ဒဿ၊ သီဟဿ မိဂရာဇိနော၊ နတဿ မံသံခါဒန္တိ၊ သိင်္ဂါလသုနက္ခာဇမ္မော။ ။သရိယေသု သမုပ္ပန္နာကိမိယော၊ မံသဘောဇနာ သီဟမံသာနိ၊ ခါဒန္တိနအညေသာမဒမိဂါ။ ။တထေ၀ ဗုဒ္ဓဿသာနနေ၊ နဒူသရန္တိ၊ သဒ္ဓမ္မံဣဒ္ဓိ၊ ပတ္တာအပတိဌိယာ၊ ဣဒေဝေ ပါပဘိက္ခုယေ၊ မုဏ္ဍသံဃာဋိပါရုတာ၊ တေဒူသရန္တိ၊ သဒ္ဓမ္မံ၊ သမ္မာသမ္ဗုဒ္ဓဒေသိတံ။ ။ဟူ၍ ပါဠိလာရှိသည်နှင့်အညီ၊ မြန်မာလို ဘာသာပြန်ဆိုရလျှင်ကား။ ။ယထာဟိ၊ အကြယ်ချဲ့၍ ပြဆိုရပေအံ့။ မိဂိန္ဒဿ၊ သားကောင် အပေါင်းတို့ကို အစိုးရသော ၊ မိဂရာဇိနော၊ သားကောင်တကာတို့၏ မင်းလည်းဖြစ်သော။ သီဟဿ၊ ခြင်္သေ့မင်း၏။ မံသံ၊ အသားကို။ ဇမ္မော၊ ယုတ်မာကုန်သော၊ သိင်္ဂါလသုနက္ခာ၊ မြေခွေးတို့သည်။ နခါဒန္တိ၊ မစားဝံ့ကုန်။ တဿသီဟဿ၊  ခြင်္သေ့မင်း၏။ သရိယေသု၊ ကိုယ်၌။ သမုပ္ပန္နာ၊ ဖြစ်ကုန်သော။ ကိမိယော၊ အလှေးတို့သည်။ ခါဒန္တိ၊ စားကုန်၏။ နအညေ၊ အလှေးမှတပါးဖြစ်ကုန်သော။ သာပဒမိဂါ၊ ခြေရှိခြေမဲ့ဖြစ်သော၊ သားကောင်အပေါင်းတို့သည်။ နခါဒန္တိ၊ မစားဝံ့ကုန်၊ တထေ၀၊ ထိုနည်းတူ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားသခင်၏။ သာသနံ၊ သာသနာတော်ကို။ သဒ္ဓမ္မဣဒ္ဓိ၊ ကောင်းသော တန်ခိုးနှင့်ပြည့်စုံသောသူတို့သည်၎င်း။ ပတ္တာပိ အပတိဌိယာ၊ တံခိုးမရှိသော သူတို့သည်ဘည်းကောင်း။ နဒူသရန္တိ၊ မဖျက်ဆီးဝံ့ကုန်သော။ ယေပါပဘိက္ခူ၊ အကြင်ယုတ်မာကုန်သော ရဟန်းတို့သည်။ သမ္မာသမ္ဗုဒ္ဓ ဒေသိတံ၊ ဘုရားသခင်၏ ဒေသနာတော်ဖြစ်သော သာသနာတော်မြတ်ကို။ ဒူသရန္တိ၊ ဖျက်ဆီးကုန်၏။ ။၎င်းပြဆိုသော ကျမ်းဂါန်ပါဠိသဘောကို သာ၍သိသာထင်ရှားအောင်၊ အဓိပ္ပါတယ်ဖွင့်ပြလျှင် သားကောင်အပေါင်းတို့၏ မင်းဖြစ်သော ခြင်္သေ့၏ အသားကို အခြားသော တိရိစ္ဆာန်တို့သည် မစားဝံ့ကုန်။ ခြင်္သေ့၏ အသားကို စာကုန်သောသူတို့သည်ကား ခြင်္သေ့ကိုယ်ကို အမှီပြု၍ ဖြစ်ကုန်သော အလှေးတို့မူကား၊ ခြင်္သေ့၏ အသားကိုစားကုန်သကဲ့သို့၊ ထိုနည်းတူစွာ၊ မြတ်စွာဘုရားသခင်၏ နိယာမငါးပါး၊ ယထာဓမ္မတရားသာသနာတော်မြတ်ကို၊ ကောင်းသောအသိညာဏ်ပညာတန်ခိုးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် မဖျက်ဆီးကုန်၊ ထိုမှတပါးလည်း၊ တန်ခိုးမရှိ ဒိဌိဘာဝ ကာမဂုဏ်ငါးပါးကို လိုက်စားပျော်မွှေ့လျှက် ပျော်ပါးနေသော သူတို့သည်လည်း မဖျက်ဆီးဝံ့ကုန်၊ ခြင်္သေ့၏ ကိုယ်ကိုအမှီပြု၍ ဖြစ်ကုန်သော အလှေးတို့ကဲ့သို့ ဦးပြည်းခေါင်းတုံးရိတ်၍ သင်္ဃန်းကို ၀တ်ရုံပြီးလျှင်။ သူတော်ကောင်းရောင်ဆောင်နေသော၊ ရဟန်းခေါင်းတုံးတို့သာလျှင်၊ ဘုရားသခင်၏ သာသာနာတော်မြတ်ကို၊ ဖျက်ဆီးကုန်သည်ဟူ၍ပြဆိုထားလေသည်။ ။ဤကား ပိဋကတ်မှာ တွေ့ရှိသည့်အတိုင်း ပြဆိုလိုက်သည်။ ၎င်းပြဆိုခဲ့သော နိယာမတရား ငါးပါးယထာဓမ္မ သာသနာတော်မြတ်ကို၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း ပြုပြင်ခြင်း၊ စီရင်တော်မူပြီးလျှင်၊ ယခုတိုင် ကမ္မနိယာမအမှုဖြင့် အစဉ်ပြုလုပ်တော်မူလျှက် နောတော်မူသည်ကို၊ မိမိတို့ပိဋကတ်ကိုမှ၊ သေချာစွာ မတတ်မြောက်သော ရဟန်း၊ရှင်လူအချို့က၊ ဘုရားသခင်၏ ကျေးဇူးတော်ကို၊ နာရီ၊ မီးနစ်မလပ်ခံစားစံစား၍နေလျှက်ပင်၊ ဤကမ္ဘာမိုးမြေနှင့် ခပ်သိမ်းသောအရာတို့သည်။ အလိုလိုဖြစ်သည်ဟု ယူခြင်း၊ ဟောပြောခြင်းအရာများသည်၊ ဘုရားသခင်၏ ယထာဓမ္မ သာသနာတော်မြတ်ကို ဖျက်ဆီးသည်၍၊ ပိဋကတ်ကပြဆိုသည်အတိုင်း မှတ်ရမည်။ ။ စဉ်းစားစရာဘို့ရာကား အဓိပ္ပါယ်နှင့်တကွ ရှင်းရလျှင်။ ။ဤကမ္ဘာမိုးမြေနှင့် ခပ်သိမ်းသောအရာတို့သည်၊ အလိုလိုဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို စဉ်းစားဘို့ရာ အကြောင်းဆိုလျှင်၊ သစ်ပင်ပေါ်တွင် အသိုက်တစ်ခုကိုမြင်လျှင်၊ ၎င်းအသိုက်သည် အလိုလိုဖြစ်သည်ဟု ပြောလျှင်၊ မည်သူတစ်စုံတစ်ဦးတစ်ယောက်ကမျှ မယုံနိုင်။ ၎င်းအသိုက်ကို လုပ်သော ငှက်ကိုမမြင်ရသော်လည်း ငှက်လုပ်သည်ဟု လူတိုင်းဝန်ခံရပေမည်။ ၎င်းအပြင် လူနေသော အိမ်တစ်လုံးကို မြင်ပြန်လျှင်လည်း၊ အလိုလိုဖြစ်သည်သည်ဟု၊ မည်သူတစ်ဦးတစ်ယောက်ကမျှမယုံနိုင်။ ဆောက်လုပ်သော လက်သမားဆရာကို မမြင်ရသော်လည်း။ လူလုပ်သည်ဟု ၀န်ခံရပေမည်။ ၎င်းလူလုပ်သောအိမ်ကို ငှက်လုပ်သည်ဟု ပြောသော်လည်း၊ မည်သူကမှ ယုံမည်မဟုတ်၊ ၎င်းဥပမာအတိုင်း ကောင်းကင်နှင့်မြေကြီးကို၎င်း၊ ကောင်းကင်မှာရှိသော နေတစ်လုံးကို၊ လူနတ်ဗြဟ္မာ သတ္တ၀ါတစ်စုံတစ်ယောက်မျှ မလုပ်နိုင် လူလုပ်သောအရာကို၊ တိရိစ္ဆာန်မလုပ်နိုင်သကဲ့သို့ဖြစ်သတည်း။ ၎င်းကောင်းကင်မှာရှိသောနေကို လုပ်သောအရှင်မရှိပဲ၊ အလိုလိုဖြစ်သည်ဟုဆိုချေက၊ ယုံနိုင်ဘွယ်ရာမရှိ။ အဘယ့်ကြောင့်ဆိုသော်၊ လူတိုင်းဆောက်လုပ်နိုင်သောအိမ်ကိုသော်လည်းကောင်း၊ လုပ်သောအရှင်ရှိသည်မှန်လျှင်၊ ဘာမျှမဟုတ်သော အသိုက်အတွက်၊ အိမ်တို့ထက်မက၊ အလွန်ထူးဆန်းအံ့သြဘွယ်ရာကောင်းသော၊ နေကိုပြုပြင်စီရင်သောအရှင်မရှိဟု ဆိုသော်လည်း ယုံကြည်ဘွယ်ရာမရှိ။ ထိုကြောင့် အအေး၊ အပူ၊ ဥတု၊ ရတုဓါတ်လေးပါး အစုစုတို့မှအစပြု၍၊ ကမ္ဘာမိုးမြေ ခပ်သိမ်းသော အရာတို့သည် အလိုလိုမဖြစ်နိုင်၊ အလိုလိုဆိုသော စကား၏ အဓိပ္ပါယ်မှာ၊ အလကားဟူ၍ ဆိုလိုသည်။ အဘယ်အရာတစ်စုံတစ်ခုမျှ အလကား မဖြစ်နိုင်ချေ၊ မီးရထားးသည်၊ မီး၊ရေ၊ လေ၊ သတ္တိ အစွမ်းအားဖြင့်သာ သွား၏။ သို့သော်လည်း မီး၊ ရေ၊ လေတို့သည် အချင်းချင်းတိုင်ပင်စီမံ၍၊ အလိုအလျှောက် မီး၊ ရေ၊ လေတို့ပေါင်းစီးကာ မီးရထားတွဲတို့ကို ဆွဲယူသွားကြသည်မဟုတ်။ မီးရထားသွားဘို့၊ ရပ်ဘို့တို့ကို စက်ဗိုလ်၏ ဥာဏ်ပြုပြင်စီရင်ခြင်းအားဖြင့်သာလျှင်၊ ရပ်ရ၊ သွားရသည်။ ထိုနည်းတူစွာ ကောင်းကင်မှာရှိသော၊ နေ၊ ကြယ်၊ နက္ခတ်၊ င်္ဂြိုဟ်၊ တာရာ အပေါင်းတို့နှင့်တကွ၊ ဥတု၊ ရတုတို့သည် အချင်းချင်းတိုင်ပင်၍ သွားလာနေကြသည်မဟုတ်ချေ၊ ဤကမ္ဘာကို ဖန်ဆင်း၍ ပြုပြင်ကာ အစဉ်အမြဲကြည့်ရှု စီရင်တော်မူသောအရှင်မရှိလျှင်၊၎င်းကမ္ဘာသည် အလိုအလျှောက်တည်နေနိုင်မည်မဟုတ်။ ထို့ကြောင့် လူသည်၊ လူ၏သိတန်သလောက်ကို ပိုင်းခြား၍သိရမည်။ လူလုပ်သောအရာကိုမြင်လျှင်၊ လူလုပ်သောအရာဟု သိရမည်၊ တိရိစ္ဆာန်လုပ်သောအရာကိုမြင်လျှင်၊ တိရိစ္ဆာန်လုပ်သောအရာအဖြစ်သိရမည်။ ဘုရားလုပ်သောအရာကိုမြင်လျှင်၊ ဘုရားလုပ်သောအရာဟုသိရမည်။ ထို့ကြောင့်အဘယ်အရာ တစ်စုံတစ်ခုကိုမျှ အလကားဖြစ်သည်ဟူ၍ မယူကောင်းချေ။ အဘယ့်ကြောင့်ဆိုသော်၊ ယခုဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည်၊ ခံယူကြသည့်အတိုင်း၊ ဤကမ္ဘာမိုးမြေ၊ နေ၊ လ၊ ကြယ်၊င်္ဂြိုဟ်၊ တာရာ အပေါင်းတို့သည်၊ အလိုလို အလကားဖြစ်လာကြသည်ဟု ယူဆပါလျှင်၊ ရှင်တော်ဂေါတမသည်လည်း၊ ဤကမ္ဘာလောကမြေကြီးပေါ်တွင်၊ နေ၊ လ၊ ကြယ်နက္ခတ်၊ င်္ဂြိုဟ်တာရာအပေါင်းတို့၏ အောက်၌ မွေးဖွားလာသောပုဂ္ဂိုလ်ဖြစ်သောကြောင့်၊ အလကားဘုရားသာဖြစ်သည်။ အလကားဘုရားကို ကိုးကွယ်သောသူတို့သည်လည်း၊ အလကားလူတွေဖြစ်သည်။ ကျွန်ုပ်က နှိုမ်နှင်း၍ ဆိုလိုသည်မဟုတ်ပါ၊  အလကားဆိုသော အဓိပ္ပါယ်ကို ကုန်ဆုံးအောင် ကောက်ယူ၍ပြလိုက်ခြင်းသာဖြစ်သည်။ သို့သော်လည်း ရှင်တော်ဂေါတမမှစ၍ ပိဋကတ်ကို စီမံရေးသားထားကြသော ရှေးဆရာတို့သည်၊ ယခုရှင်လူ၊ ရဟန်းတို့ကဲ့သို့ အလကားဖြစ်သည်ဟူ၍ မယူဆကြပါ။ အဘယ်ကိုထောက်၍ သိရပါသနည်းဆိုသော်။ နောက်ကပြဆိုခဲ့သော ကျမ်းဂန်းပါဠိစကားတို့ကို ထောက်၍သိရလေသည်။ ဤကား ပိဋကတ်ကျမ်းဂန်ပြဆိုသည့် အတိုင်းအဓိပ္ပါယ်ကို ရှင်းလင်းစွာဖေါ်ပြလိုက်သည်။ဘုရားရှင်၏ ကျေးဇူးတော်အစုံ၊ ဂုဏ်တော်အန္တအားဖြင့်သာ အရာရာတို့သည် အချိန်မှန်မှန်သွားလာနေခြင်းသည်။ ထာဝရဘုရားသခင်၏ ဥာဏ်တော်ပြုပြင်စီရင်ခြင်းဖြင့်သာလျှင် အချိန်မှန်မှန်သွားလာကြ၏။ နေ၊ လ၊ ကြယ်၊တို့သည် လောက လူသားတို့အကျိုးအလို့ငှါသာဖြစ်သတည်း။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သံဃာခေါ်သောအရာကို ပြခြင်းအကြောင်း။

သံဃာခေါ်သောအရာကို၊ ယခုမြန်မာပြည်သူ၊ ရဟန်း၊ ရှင်လူအပေါင်းတို့က အ၀တ်ဝါ၀ါဝတ်၍၊ ခေါင်းတုံးနှင့်နေသော သူတို့ကို၊ သံဃာဟူ၍ ထင်မှတ်ကြသည်။ အချို့သော သူတို့ကလည်း၊ ဤပုဂ္ဂိုလ်တို့သည် ပရမတ္ထသံဃာအစစ်မဟုတ်၊ သမုတိသင်္ဃာမျသာဖြစ်သည်ဟု အယူရှိကြသည်။ သမုတိ ဆိုသောစကား၏ အဓိပ္ပါယ်မှာ၊ လူတို့က အတုအယောင်လုပ်ခြင်း၊ အတုပလုပ်၍ ခေါ်ခြင်းကို သမုတ်ပြုစုခြင်းအရာကိုသာလျှင် သမုတိဟူ၍ ခေါ်ဆိုသည်။ အချို့တို့ကလည်း ရှင်တော်ဂေါတမလက်ထက်က၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလန်တို့မှအစပြု၍၊ နိဗ္ဗာန်ဝင်သော ပုဂ္ဂိုလ်တို့သာလျှင်၊ ပရမတ္ထ အရိယာ သံဃာဖြစ်သည်ဟု အယူရှိကြသည်။ ထိုကဲ့သို့ယူကြ၊ ပြောကြသည့်အတိုင်း၊ ပိဋကတ်ကျမ်းဂန်တို့က ပြသည်မဟုတ်ချေ။ ပိဋကတ်ကျမ်းဂန်တို့က ပြဆိုသည်မှာ။ ။သံသုဋ္ဌုံတိ လေဟိံ သတီတိသံဃော။ ။ဟူ၍ ၀ိနည်းအဌကထာဒက္ခိဏ၀ိဘင်းသုတ်တို့၌ ပြဆိုသည်။ ။ မြန်မာလို အနက်ဆိုရလျှင်ကား။ သံသုဋ္ဌုံ၊ ကောင်းစွာ၊ ကိလေသေ၊ ကိလေသာတို့ကို။ ဟိံသတိ၊ ညှင်းဆဲသုတ်သင် ကင်းစင်စေတော်မူတတ်၏။ ဣတိတသ္မာ၊ ထိုသို့ကိလေသာတို့ကို ညှင်းဆဲသုတ်သင် ကင်းစင်စေတော်မူတတ်သော သတ္တိကြောင့်။ သံဃော၊ သံဃာမည်ကုန်၏။ ။ထို့ကြောင့် ၎င်းပါဠိတော်အရ အဓိပ္ပါယ်ဆိုရလျှင်။ လူတို့၏ အတွင်း၌၊ လောဘ၊ ဒေါသ၊ မောဟ ဟုဆိုအပ်သော၊ ကိလေသာတရားတို့ကို ပယ်ရှားသုတ်သင်၍၊ လူတို့၏ စိတ်နှလုံးကို သန့်ရှင်းဖြူစင်စေအောင် ပြုပြင်စီရင်သောအရာသာလျှင်။ ပရမတ္ထ သန့်ရှင်းတော်မူသော ၀ိညာဉ်တော် သံဃာအစစ်ပင်ဖြစ်သည်။ ဤကဲ့သို့သန့်ရှင်းအောင် ပြုပြင်သောအရာကို၊ သင်္ဂြိုဟ်ဆရာ အရှင်အနုရုဒ္ဓါက၊ အမောဟ ပညိနြေ္ဒစေတသိတ်ဟူ၍ ခေါ်ဆိုသည်။ ၎င်းခေါ်ဆိုသော အဓိပ္ပါယ်မှာ။ လောဘ၊ ဒေါသ၊ မောဟ ဟုဆိုအပ်သော ကိလေသာ တရားတို့ကို၊ ပယ်ရှားသုတ်သင်သောကြောင့်၊ အမောဟပညိနြေ္ဒစေတသိတ်ဟုခေါ်သည်။ ထို့ကြောင့် အ၀တ်ဝါ၀ါဝတ်သော်၎င်း၊ ဖြူဖြူသော်၎င်း၊ ၀တ်သည်ဖြစ်စေ၊ မ၀တ်သည်ဖြစ်စေ၊ ခေါင်းတုံးတုံးသည်ဖြစ်စေ၊ မတုံးသည်ဖြစ်စေ၊ အရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလန်ဖြစ်စေ၊ ဤလောကအတွင်း၌ မွေးဖွားခြင်းကို ခံရသော၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပုဂ္ဂိုလ်မှန်သမျှတို့သည်။ လူ၏စိတ်သဘောကို ညစ်ညူးစေသော၊ လူ၏အတွင်း၌ရှိသော ဒုစရိုက်အပြစ်ကို နှုတ်ပစ်ခြင်းငှါ၎င်း၊ သန့်ရှင်းစေခြင်းငှါ၎င်း၊ စုံလင်ခြင်းသို့ရောက်ရန် အပြီးအပိုင် အမြစ်ပြုတ်နှုတ်ရန် သန့်ရှင်းသော အတွင်းပရမတ္ထသံဃာမှတပါး မည်သည့်ပုဂ္ဂိုလ်မှ မတတ်နိုင်ချေ။ ရှင်တော်ဂေါတမ ကိုယ်တိုင်ကလည်း၊ သဗ္ဗေသတ္တာ ကမ္မသကာ ဟူ၍ ဟောဆိုထားခဲ့လေသည်။ ထိုကဲ့သို့သော ခေါင်းတုံးရိတ်၍ အကျင့်သီလကို ကျင့်သော ပုဂ္ဂိုလ်၊ ဆံကျစ်ထိုး၍၊ အကျင့်ကျင့်သောပုဂ္ဂိုလ်တို့သည်။ မိမိတို့၏ အတွင်း၌ ရှိသော လောဘ၊ ဒေါသ၊ မောဟ တရားတို့ကို၎င်း၊ မသန့်ရှင်း မစင်ကြယ်စေနိုင်ကြောင်းကို၊ ပိဋကတ်ကျမ်းတို့ကပြဆိုသည်။ ပြဆိုသောအရာကို ပထမ ပိုင်းတွင် ပြခဲ့ပြီးဖြစ်သော်လည်း သိလိုပါက ကံသုံးပါးဖြင့်ပင် မိမိကိုယ်ကို မိမိမညာစတမ်း စစ်တမ်းထုတ်ကာ နေကြည့်ပါလေ။ 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မှန်သောဘုရားနှင့် မှန်သောတရားတို့ကို လူတို့မမြင်ရန်ကွယ်စေသောအရာ။

   ပရမတ္ထနိယာမဖြစ်တော်မူသော လောကုတ္တရာ၏ ဘုရင် ထာဝရမြတ်စွာဘုရားသခင်ကို၊ လူတို့သည် မမြင်မသိနိုင်အောင်၊ အဘယ်အရာအားဖြင့် ကွယ်ကာ၍နေပါသနည်းဆိုလျှင်၊ သမုတိပညာတ်အားဖြင့် လူတို့ခေါ်ဝေါ်သမုတ်အပ်သော ရုပ်ဘုရားအပေါင်းတို့နှင့် မာရ်နတ်သည် ကွယ်ကာထားသောကြောင့် မမြင်နိုင်အောင်ဖြစ်သတည်း။ ၎င်းရုပ်ဘုရား အပေါင်းတို့ကို ဖယ်ရှားစွန့်ပစ်၍၊ ဥာဏစက္ခုဖြင့် ကြည့်ရှုလျှင်၊ လူတို့ကို အပါယ်ငရဲဘေးမှ ကယ်လွတ်တော်မူသော ဘုရားကိုမြင်ပေလိမ့်မည်။ လူတို့ကို အပါယ်ငရဲဘေးမှ ကွယ်လွတ်တော်မူသော နိယာမဓမ္မ ဖြစ်တော်မူသော ဧ၀ံဂေလိ ၀မ်းမြောက်ဖွယ်ရာဖြစ်သော မင်္ဂလာတရားကို ၊ အဘယ်အရာအားဖြင့် ကွယ်ပါသနည်းဆိုသော်၊ လူအပေါင်းတို့ကို အပါယ်ငရဲ၌ နစ်မြုပ်သေစေအောင်၊ မာရ်နတ်သည် သုတ်ဝတ္ထုနိပါတ်ပညာတ်တရားတို့နှင့် ကွယ်ကာထားသောကြောင့်၊ မမြင်နိုင်အောင်ဖြစ်လေသည်။ ၎င်းသုတ်ဝတ္ထုနိပါတ်ပညာတ်တရားတို့ကို ဖယ်ရှားစွန့်ပယ်၍ကြည့်လျှင်၊နိယာမဓမ္မပရမတ္ထဖြစ်သော ဧ၀ံဂေလိဝမ်းမြောက်ဖွယ်၊ အပါယ်ငရဲမှ ကယ်လွတ်နိုင်သော မင်္ဂလာတရားစစ်ကို မြင်ပေလိမ့်မည်။ လူတို့၏ အတွင်းစိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေအောင် ပြုပြင်တော်မူသော ၀ိညာဉ်တော်အတွင်း ပရမတ္ထသံဃာကို လူတို့မမြင်နိုင်အောင်၊ အဘယ်အရာများက ကွယ်ကာပါသနည်းဆိုသော်။ လောဘ၊ ဒေါသ၊ မောဟနှင့်တကွ  တစ်ထောင့်ငါးရာ ကိလေသာတို့ဖြင့် ခြံရံလျှက်၊ ကာမစိတ် ၅၄ ပါးတို့နှင့်အပြည့်ရှိသည့် သမုတိ ပညာတ်ဖြစ်ကုန်သော ဘုန်းကြီး၊ ရဟန်းတို့နှင့်တကွ မာရ်နတ်သည် ကွယ်ကာ၍ ထားခြင်းအားဖြင့်၊ လူတို့မမြင်နိုင်အောင်ဖြစ်သတည်း။ ထို့ကြောင့် သမုတိ ပညာတ်ဖြစ်ကုန်သော ဘုန်းကြီး၊ ရဟန်းတို့ကို စွန့်ပစ်ဖယ်ရှား၍၊ ညာဏစက္ခုဖြင့် ကြည့်ရှုလျှင်၊ နိယာမ ပရမတ္ထဖြစ်သော သန့်ရှင်းတော်မူသော ၀ိညာဉ်တော်အတွင်း သံဃာကို မြင်ပေလိမ့်မည်။ ၀ိညာဉ်တော် သံဃာတော် အစစ်အမှန်တို့ကို၊ အယ်ပုဂ္ဂိုလ်တို့သာလျှင်၊ သိမြင်နိုင်သနည်းဆိုရပါလျှင်၊ သိနိုင်မြင်နိုင်သော ပုဂ္ဂိုလ်တို့ကို၊ ပိဋကတ်ပါဠိတော်၌ပြဆိုသည်မှာ။ ။ပစ္စသံဝေဒိတပ္ပေါဝိညူဟိတိ။ ။ဟူ၍ပါဠိပြရှိသည်။ ၎င်းပါဠိကို မြန်မာဘာသာဖြင့် ပြန်ရပါလျှင်။ ပစ္စတံ၊ ထင်ရှားရှိသော တရားကို၊ ၀ိညူဟိ၊ ပညာရှိတို့သည်။ ဝေဒိတပ္ပေါ၊ သိအပ်ကုန်၏ဟူ၍ ပြဆိုသောကြောင့်၊ ၎င်းပါဠိ၏ အဓိပ္ပါယ်မှာ။ ပရမတ္ထနိယာမဖြစ်တော်မူသော ထာဝရဘုရားကိုသော်လည်းကောင်း။ နိယာမဓမ္မဖြစ်တော်မူသော ဧ၀ံဂေလိ ၀မ်းမြောက်ဖွယ်ရာဖြစ်သော ကယ်တင်ခြင်း မင်္ဂလာတရားကိုသော်လည်းကောင်း။ လူတို့၏ စိတ်ကိုသန့်ရှင်းစင်ကြယ်စေအောင် ပြုပြင်တော်မူသော ပရမတ္ထ၀ိညာဉ်တော်အတွင်း သံဃာကို၎င်း၊ ညာဏစက္ခုကို အသုံးပြုသော လူပညာရှိတို့သည်သာလျှင် သိနိုင်၊ မြင်နိုင်အပ်သည်ဟူ၍ ဆိုလိုသတည်း။ ဤကား ကွယ်ကာထားသော အရာများကို ရှင်းလင်းစွာ ခြားနာအောင်ပြဆိုလိုက်ခြင်းပင်ဖြစ်သည်။
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရုပ်တုဆင်းတုကိုးကွယ်ခြင်း အမှုကိုစစ်ဆေး၍ပြခြင်း။

ဘုရားရုပ်တုမှစ၍၊ ရုပ်တုအမျိုးမျိုးတို့ကိုပြုလုပ်၍၊ ကိုးကွယ်ဆည်းကပ်ခြင်း၌၊ အကြိုးရမည် မရမည်ကို၊ ဥာဏ်အားဖြင့် ရွေးချယ် စစ်ဆေးစရာရှိသည်မှာ။ ရုပ်တုတို့ကို အဘယ်အရာအားဖြင့် ပြုလုပ်တတ်ပါသနည်းဆိုလျှင်။ မြေကြီးကိုသော်လည်းကောင်း၊ သစ်သားကိုသော်လည်းကောင်း။ ရွှေ၊ ငွေ၊ ကျေး၊ ကျောက်၊ သံ အစရှိသည်တို့ကို၎င်း။ အ၀တ်စုန် အစရှိသည်တို့ကို၊ သစ်စေးသရိုးဖြင့် ပြုလုပ်၍သော်လည်းကောင်း။ လူလပ်ဖြင့် လုပ်သော အရာမျှသာဖြစ်သည်။ ၎င်းရုပ်တုအပေါင်းတို့ကို ပိုင်းခြား၍ကြည့်ရှုလျှင်၊ ၎င်းရုပ်တုအပေါင်းတို့၌၊ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ ၀ဏ္ဏ၊ ဂန္ဓဏ္ဍ၊ ရသ၊ သြဇာဟုဆိုအပ်သော အ၀ိညာဏက အသက်မရှိ၊ အဌကလပ် ယုတ်သက်သက်သာဖြစ်သည်။ ၎င်းရုပ်တုတို့ကို ပြုလုပ်ကိုးကွယ်သော လူမှာကား၊ ရှင်အနုရုဒ္ဓါဆရာရေတွက်၍ ပြသည့်အတိုင်း၊ လူတစ်ယောက်လျှင် ယုတ်ပေါင်း ၂၇ ရှိသည်။ ထို့ကြောင့် အ၀ိညာဏက အသက်မရှိသော၊ လူလက်ဖြင့်လုပ်သော အရုပ်နှင့်၊ သ၀ိညာဏက အသက်ရှိသော လူပုဂ္ဂိုလ်ယုတ်နှင့် နှိုင်းစာကြည့်လျှင်၊ အ၀ိညာဏက အသက်မရှိသော ရုပ်တုထက်၊ သ၀ိညာဏက လူပုဂ္ဂိုလ်က ယုတ်ပေါင်း ၁၉ ခုသာသောကြောင့်၊ နည်းသောအရာနှင့် များသောအရာသည် အဘယ်အရာက မြတ်သင့်သည်ကို ဆင်ခြင်စရာရှိသည်။ ဥပမာဆိုလျှင်၊ သူဌေးနှင့် သူဌေးအစေအခိုင်းပြုလုပ်ခြင်းကို ခံရသောကျွန်နှင့်၊ သူဌေးခြားနားသည်ထက်မက၊ ရုပ်တုနှင့် လူသည် ခြားနားခြင်းရှိ၏။ အဘယ်ကြောင့်ဆိုသော်၊ ယုတ်သောကျွန်ကသာလျှင် သူဌေးကို အမှီပြုနိုင်သည်။ သူဌေးက ကျွန်ကို အမှီမပြုနိုင်ကဲ့သို့ဖြစ်သတည်း။ ထို့ကြောင့် ဘုရားကို ကိုးကွယ်သောအမှုသည်၊ အကြီးကျယ်ဆုံးသော အမှုဖြစ်၏။ အကြီးကျယ်ဆုံးသော အတတ်ပညာလည်းဖြစ်ကုန်၏။ အဘယ်မျှလောက် ခက်ခဲနက်နဲသောအတတ်ပညာကြီးဖြစ်ပါသနည်းဆိုလျှင်၊ ကျမ်းဂန်ပြဆိုသည့်အတိုင်း။ ။ လောက၌ အတတ်ကြီး တဆယ့်ရှစ်ပါး၊ အတတ်ငယ်ခြောက်ဆယ့်လေးပါးတို့တွင်၊ အခက်ခဲဆုံးဖြစ်သော ဆေးအတတ်သည်ပင်၊ နှုံသောသူ၌ပင်လျှင် ဆရာကောင်းထံတွင် တဆယ့်နှစ်နှစ်သက်လျှင်၊ တတ်မြောက်နိုင်သည်၊ ဥာဏ်ကောင်းသောသူသည် သုံးနှစ်သင်လျှင် တတ်မြောက်နိုင်ကြောင်းကို ကျမ်းဂန်တို့၌ ပြဆိုသည်။ ဘုရားကို ကိုးကွယ်ခြင်းအတတ်မူကား၊ ထိုအတတ်ပညာထက် အဆတရာ၊ အဆတထောင်မက ခက်ခဲနက်နဲသည်ဖြစ်၍၊ ဘုရားသခင်သိစေလိုသောသူ၊ တတ်စေလိုသောသူမှ တတ်နိုင်သည်ဖြစ်သောကြောင့်၊ ဘုရားကို ကိုးကွယ်ခြင်းအတတ်ပညာအမှုသည် အကြီးကျယ်ဆုံးသော အရာဖြစ်သောကြောင့်၊ကြပ်ကြပ် စဉ်းစား၍ ဥာဏ်အားဖြင့် သာလျှင်ရှာမှီးကိုးကွယ်ရသောအရာဖြစ်သတည်း။ ထိုကဲ့သို့ ဥာဏ်အားဖြင့် ဆွေးနွေးမေးမြန်းသင်ကြားရှာမှီး၍၊ ဘုရားအမှန်၊ တရားအမှန်တို့ကို သိရ၊ ကိုးကွယ်ရအောင် မပြုလုပ်သောသူ၊ ပညာဥာဏ်နုံသောသူတို့ကို၊ ပိဋကတ်သမောဟ အဌကထာကျမ်းက ပြဆိုသည်မှာ။ ။ မန္ဒပညောအ၀တ္ထုသ္မိံပသီဒတိ။ ။ဟူ၍ ပါဠိလာရှိသည်။ အနက်မြန်မာ ဘာသာဆိုရလျှင်။ ။မန္ဒပညော၊ ပညာဥာဏ်နည်းသောသူတို့သည်။ အ၀တ္ထုသ္မိံ၊ ဘုရားမဟုတ်သောအရာတို့ကို။ ပသီဒတိ၊ ယုံကြည်မြတ်နိုးကိုးကွယ်တတ်၏။ ။ဤပါဠိအလိုအားဖြင့် ပညာဥာဏ်မရှိသောသူတို့သည် ဘုရားမဟုတ်သောအရာတို့ကို ဘုရားအမှတ်၊ ထင်မှတ်မှားကာ ကိုးကွယ်တတ်သည်ဟူ၍ဆိုလိုသတည်း။ ။ ဤကား ရုပ်တုကိုးကွယ်ခြင်းအမှုကို စစ်ဆေးရှင်းလင်း၍ ပြလိုက်ခြင်းပင်ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာမိုးမြေကိုပြုပြင်စီရင်သောအရှင်မရှိဟူ၍ ယူသောသူတို့ကို ပြခြင်းအကြောင်း။

ဤကမ္ဘာမိုးမြေနှင့် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းသော၊ စီရင်ပြုပြင်သောအရှင်မရှိဟု ယူဆသော အယူဝါဒသည်၊ ယခုရှင်၊ လူ၊ ရဟန်းတို့သာလျှင် ယူဆကြသည်မဟုတ်။ ရှေးရှေး အထက်ကပင်၎င်း အယူကို ယူသောသူတို့အများရှိကြလေသည်။  ထိုကဲ့သို့သော အယူကို ပိဋကတ်ကပြဆိုသည်မှာ အဟေတုကဒိဌိဟူ၍ အင်္ဂုတ္တရအဌကထာ၊ အင်္ဂုတ္တရဧကနိပါတ်၊ မိစ္ဆာဒိဌိသုတ်အဖွင့်တွင် ပြဆိုသည်။ ပြဆိုသော ပါဠိကို ဖေါ်ပြဦးမည်။ ။ နတ္ထိအယံလောကော၊ နတ္ထိဟေတုကပစ္စယော၊ သတ္တနံဝိသုဒ္ဓိယာ၊ သံကိလေသာယ၊ အဟေတုက ဒိဌိယာနာမ။ ။မြန်မာလိုပြန်ရလျှင်။ ။အယံလောကော၊ ဤလောက၌၊ နတ္ထိ၊ ပြုပြင်စီရင်သောသူမရှိ။ သတ္တာနံ၊ သတ္တ၀ါတို့ကိုလည်း၊ သံကိလေသာယ၊ ပူပန်ဆင်းရဲစေခြင်းငှါ၎င်း။ ၀ိသုဒ္ဓိယာ၊ သန့်ရှင်းဖြူစင်စေခြင်းငှါ၎င်း၊ နတ္ထိဟေတုနတ္ထပစ္စယော၊ အကျိုးအကြောင်းတို့ကို ပြုပြင်စီရင်သောအရှင်မရှိဟု ယူခြင်းသည်။ အဟေတုကဒိဌိယာနာမ၊ အဟေတုကဒိဌိမည်ကုန်၏။ ။ အဓိပ္ပါယ်ကား ဤကမ္ဘာမိုးမြေနှင့် ခပ်သိမ်းသော လောကဓါတ်တို့ကို ပြုပြင်စီရင်သော အရှင်မရှိဟု ယူခြင်း၊ ထိုလောကဓါတ်ပေါ်၌ ရှိသော သတ္တ၀ါပုဂ္ဂိုလ်တို့ကို ညစ်ညူးစေခြင်းငှါ၎င်း၊ သန့်ရှင်းစေခြင်းငှါ၎င်း။ ပြုပြင်စီရင်သော အရှင်မရှိဟု ယူခြင်း။ ထိုကဲ့သို့သော ယူခြင်းကို အဟေတုကမိစ္ဆာဒိဌိဟူ၍ ခေါ်ဆိုသည်။ ဤကား ပိဋကတ်ကျမ်းလာ စကားတော်ပင်ဖြစ်သတည်း။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စေတီရုပ်တု မလုပ်အပ်သည်ကိုပြခြင်း။

ရှင်တော်ဂေါတမသည်။ ရုပ်တုစေတီတို့ကို တည်၍ကိုးကွယ်ဘို့ရာ မဟောသည်သာမက၊ ရုပ်တုစေတီတို့ကို မလုပ်အပ်ကြောင်း၊ လက်နှင့်စေတီရုပ်တု အရုပ်မျှ မရေးအပ်ကြောင်းကို၊ ပိဋကတ်သုတ္တမဟာပဒေသ ပါဠိတော်ကျမ်းတို့တွင် ရှင်တော်ဂေါတမ တားဖြစ်သော ပါဠိကိုတွေ့ရသည်မှာ။ ။ကမ္မံသံဃုပ္ပစေတီဒပဌပနာဒိနံနကရေယ။ ။မြန်မာဘာသာဖြင့်ဆိုရပါက။ ။ သံဃုပ္ပေစေတီယုပ္ပါဒပဌ၊ စေတီရုပ်ပွား ပုထိုးအစရှိသော အရာတို့ကို။ ပနာဒီနံ၊ ရေးသားခြင်း၊ တည်ထားခြင်းဖြစ်သော။ ကမ္မံ၊ အမှုကို။ နကရေယ၊ မပြုရာ။ ။ ထိုကဲ့သို့သောအနေဖြင့် ရှင်ဂေါတမသည် မြစ်တားပိတ်ပင်သော၊ သုတ္တမဟာပဒေသပါဠိတော်ရင်းတို့ကို ကွယ်ဝှက်ဖျောက်ဖျက်၍၊ အသစ်သော ပါဠိတို့ကို၊ မိမိတို့သဘောအလျှောက် ထပ်သွင်းခြင်း၊ ပြင်ဆင်တည်းဖြတ်ခြင်းပြုပြီးလျှင်၊ အသစ်သော ထပ်မံစီရင်၊ရေးသားကုန်၍ တထုံးတဖွဲ့တကျမ်းရေးသားကြကုန်၏။  ပရိနိဗ္ဗာနသုတ်အဌကထာ၊ မိလိန္ဒပညာကျမ်း၊ ၀ိနည်းကျမ်းတို့၌ ပရိယာယ်ဥာဏ်အားဖြင့် သွင်းထားလေသည်။ ၎င်းသွင်းထားခြင်း၏ အကြောင်းမှာ။ ၎င်းပါဠိတော်တို့ကို အကုန်လည်း မပျောက်ပျက်ဝံ့၍၊ ၀ိနည်းပရိယာယ်အားဖြင့် ရဟန်းတို့သာလျှင်၊ စေတီ၊ ရုပ်တု၊ ဓါတ်တော်အစရှိသည်တို့ကို၊ တည်လုပ်ကိုးကွယ်ခြင်း အမှုတို့ကိုသာလျှင် မလုပ်အပ်သည်။ လူတို့တည်လုပ် ကိုးကွယ်အပ်သည်ဟူ၍ စီရင်ရေးသားထားကြလေသည်။ ထိုကဲ့သို့ ဘုန်းကြီးရဟန်းတို့စီရင်ပြုလုပ်သော အရာတို့ကို ၀ိသုဒ္ဓိမဂ်ဋီကာ၊ မသန္တပါသာဒိက အဌကထာ၊ သုတ္တမဟာပဒေသာ ပါဠိတော်ရင်းများနှင့် တိုက်ဆိုင်၍။ ပါဠိကိုနားလည်သော ပုဂ္ဂိုလ်တို့ကြည့်ရှုလျှင်၊ ကွယ်ဝှက်ထားသော အကြောင်းအရာတို့သည် ကောင်းစွာ သိမြင်ပေလိမ့်မည်။ ပိဋကတ်ကျမ်း အမျိုးမျိုးတို့သည် ရေးနည်းတနည်းနှင့် ရေးကြသည်မဟုတ်။ အနည်းနည်းအားဖြင့် ရေးသားထားကြသည်။ ထို့ကြောင့် ပိဋကတ်ကို ကြည့်ရှုသောသူတို့သည် နည်းအမျိုးမျိုးတို့ကို တတ်သိလိမ္မာမှ ပိဋကတ်ကျမ်းတို့ကို နားလည်ပေလိမ့်မည်။ မည်ကဲ့သို့သောနည်းဖြင့် ဖတ်သိ၊ နားလည်နိုင်သနည်းဆိုလျှင်ကား အနွတ္တနည်း၊ ယုံလည်နည်း၊ သညီသညာနည်း၊ ဂါထာနည်း၊ လိင်အံနည်း၊ ဆန်းဂိုဏ်းနည်း၊ ဌာန်ကရိုဏ်းနည်း၊ ပုပ္ပဒ်နည်း၊ ၀ိဘတ်နည်း၊ ကံနည်း၊ ကတ္တာနည်း၊ ပစ္စည်းနည်း။ စသော နည်းကြီးနည်းငယ် အထွေထွေဖြင့်ပင်ဖြစ်သည်။တနည်းတွေနှင့် မစေ့မစပ် မလျှပ်ပေါ်လာဆိုသောစကားနှင့်အညီ၊ တနည်းတတ်နှင့် အရပ်ရပ်ကျမ်းဂန်ပါဠိတို့ကို ၊ လှေနံထားထစ်ဆိုသော အရာကဲ့သို့၊ မယူရာဖြစ်သတည်း။ ဤကား ရုပ်တုစေတီမလုပ်အပ်သည်ကို ကျမ်းဂန်ပါဠိလာရှိသည့်အတိုင်း ပြဆိုခြင်းပင်ဖြစ်သည်။ 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရုပ်တုစေတီကိုကိုးကွယ်သော အဂ္ဂိဒဌပုဏ္ဏားအား ဂေါတမတရားဟောခြင်း။

ရုပ်တုစေတီတို့ကို ကိုးကွယ်ခြင်း ဘာသာထုံးတမ်းသည် ယခုဤ မြန်မာပြည်တွင်၊ မြန်မာလူမျိုးတို့သာလျှင် ကိုးကွယ်ကြသည်မဟုတ်ချေ။ ရှင်တော်ဂေါတမ မပေါ်ထွန်းမီ ရှေးအထက်ကပင် ရှိသည်။ ရှင်တော်ဂေါတမ လက်ထက်တွင်လည်း၊ ဝေသာဠီပြည်သားတို့သည် ၊ စပလ အမည်ရှိသော စေတီတို့ကို ကိုးကွယ်ကြသည်။ ၎င်းပြင်လည်း၊ ဥရုဝေလ တောကြီး၌ တပည့်အပေါင်း တသောင်းခန့်ရှိသော အဂ္ဂိဒဌပုဏ္ဏားကြီးသည်၊ သဲပုံစေတီ၊ ရုပ်တု အစရှိသည်တို့ကို ပြုလုပ်၍ မီးဖြူ၊ မီးဝါ၊ ချိုချဉ်ဘောဇဉ် တို့နှင့် ပူဇော်ပွဲပြုလုပ်၍ နေသည်ကို၊ ရှင်ဂေါတမတွေ့မြင်လျှင်၊ ၎င်းအဂ္ဂိဒဌအား ရှင်တော်ဂေါတမ ဆုံးမသည်မှာ။ ။ဗဟုဝေသရဏံယန္တိ၊ ပပ္ပတာနိဝနာနိစ၊ အာရာမရုက္ခစေတျာနိ၊ မနုဿာဘယာတဇ္ဇိတာ။ ။နေတံခေါ်သရဏံ ခေမံ၊ နေတံသရဏမုတ္တမံ၊ နေတံသရဏမာဂမ္မ၊ သပ္ပဒုက္ခာနမုစ္စတိ။ ။ ဓမ္မပဒပါဠိ၊ အဂ္ဂိဒဋ္ဌ၀တ္ထုဖြစ်သည်။ မြန်မာပြန်ဘာသာဆိုရပါလျှင်ကား။ ဘောအဂ္ဂိဒဋ္ဌ၊ အိုပုဏ္ဏားရသေ့။ ဗဟု၊များစွာကုန်တတ်သော။ မနုဿာ၊ လူအပေါင်းတို့သည်။ ဘယတဇ္ဇိတာ၊ ဘေးကိုကြောက်ရွံ့ခြင်းကြောင့်။ ပပ္ပတာနိဝနာနိစ၊ တောကြီး၊ တောင်ငယ်၊ သစ်ပင်ကြီးတို့ကိုလည်းကောင်း။ အာရာမရုက္ခေစေတျာနိ၊ အရံတံတိုင်း မီးတားတို့ဖြင့် ပြုလုပ်စီမံကာရံထားသော။ ဗောဓိသစ်ပင်၊ အုပ်ပုံ၊ စေတီ၊ ပုထိုး၊ ရုပ်တုအစရှိသောအရာတို့ကိုလည်းကောင်း။ ဝေ၊ စင်စစ်။ သရဏံ၊ ကိုးကွယ်ဆည်းကပ်ခြင်းသို့ ။ ယန္တိ၊ရောက်ကြကုန်၏။ ဘောအဂ္ဂိဒဋ္ဌ၊ အို ပုဏ္ဏားရသေ့။ ဧတံခေါသရဏံ၊ ဤကိုးကွယ်ခြင်းအမှုသည်။ ခေမံ၊ ဘေးမရှိသော ကိုးကွယ်ခြင်းမည်သည်။ နဟောတိ၊ မဖြစ်။ ဧတံခေါသရဏံ၊ ဤကိုးကွယ်ခြင်းအရာသည်။ နဥတ္တမံ၊ မမြတ်။ ဧတံသရဏံ၊ ဤမိစ္ဆာဒိဌိ ကိုးကွယ်ခြင်းအမှုကို။ အာဂမ၊ စွဲလမ်းပြုလုပ်သော်လည်း။ သပ္ပဒုက္ခော၊ ခပ်သိမ်းသော၊ ဘေးအပေါင်းတို့မှ။ နမုစ္စတိ၊ မလွတ်မြောက်နိုင်ဟူ၍။ ဤသို့ဥရုဝေဠ တောကြီးအတွင်း အဂ္ဂိဒဋ္ဌ အမည်ရှိသော ပုဏ္ဏားရသေ့ကြီးအား ရှင်တော်ဂေါတမသည် ဟောပြောဆုံးမလေသည်။ ။ ထို့ကြောင့် မြန်မာနိုင်ငံတွင်၊ ဗုဒ္ဓဘာသာဟူ၍ အမည်နာမခေါ်တွင်သော၊ မြန်မာ ၊ ရဟန်း၊ ရှင်လူတို့ ယခုပြုလုပ်ကြသော ရုပ်တု၊ စေတီ၊ ပုထိုးပွဲ၊ ဆွမ်းတော်ကြီးပွဲ၊ မီးထွန်းပွဲသဘင် အစရှိသမျသော အလေ့အထတို့သည်၊ ၎င်းအဂ္ဂိဒဋ္ဌပုဏ္ဏား ရသေ့ကြီးက ဆင်းသက်သော အလေ့အလာဖြစ်သူဟု ယူဆရန်သာရှိသည်။ ဤကား ပိဋကတ်ကျမ်းတို့၌ တွေ့ရသော တရားအတိုင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘုရားကို အတုလပ်၍ ကိုးကွယ်သောသူတို့ကို မိစ္ဆာဒိဌိဟုဆိုသည်ကိုပြခြင်း။

ဘုရားအတုကို လုပ်၍ မကိုးကွယ်အပ်ကြောင်း၊ ဆွမ်းကွမ်း အစရှိသော အရာတို့မှစ၍ မလှူအပ်ကြောင်းကို၊ ဒိဌိဝိသောဓနီကျမ်း၌ ပြဆိုသည်မှာ။ ။အတုလ ဘဂ၀တော၊ သက္ကောယပူဇာစ အနိစ္စသဇီဝကော၊ အနိစ္ဆိဝကော၊ ဂန္တံကာယေ၊ ဂုဿီတ၊ ပိဏ္ဍပါဒံ အလက္ကဋူပဒါနံ သတ္တအန္တောမိစ္ဆာဒိဌိ။ ။ဟူ၍ ပါဠိလာရှိသည်ကို မြန်မာလို ဘာသာပြန်ရလျှင်။ ။အတုလဘဂ၀တော၊ အတုမရှိသော မြတ်စွာဘုရားကို။ အတုလုပ်၍ ကိုးကွယ်ခြင်း။ အနိစ္စ၊ အမြဲမရှိသော။ သဇီဝကော၊ သဇီဘ၀မှ။ အနိစ္ဆိဝကော၊ အဆုံးဘ၀သို့။ ဂန္တံ၊ ပြောင်းသွားသော။ ကာယေ၊ ကာယတည်းဟူသော၊ အလောင်းကျန်ကို။ ဂုဿီတ ပိဏ္ဍပါဒံ၊ ဂုဿီထမင်း၊ ဂုဿီဟင်းတို့ဖြင့်။ အလက္ကဋူပ
ဒါနံ၊ လက်မကွာ ပေးလှူခြင်းအမှုကိုပြုသော။ သတ္တအယူတည်း။ ။ ၎င်းပြဆိုသော အဓိပ္ပါယ်မှာ အစိန္တေယ အပမေယ အရှင်ဖြစ်တော်မူသော၊ အတုမရှိသည့် မြတ်စွာဘုရားကို၊ အတုသဏ္ဌာန် လုပ်၍ ကိုးကွယ်ခြင်း။ ထို့အပြင်မှ တပါး ဤလောက အတွင်းမှာ၊ လူထက်မမြတ်သော အရာဌာနတို့ကို လူထက်အမြတ်ထား၍၊ ရိုသေစွာပြုလုပ်ပူဇော်ခြင်း၊ တမလွန် ဘ၀သို့ ပြောင်းသွားသော လူသေ၏ ကာယအလောင်းကို၊ ထမင်း၊ ဟင်းလက်မကွာ အစရှိသောအရာတို့ဖြင့် ကျွေးမွေးခြင်း၊ လူရှင်ကဲ့သို့ ကျွေးမွေးခြင်း၊ ပေးကမ်းလှူဒါန်းခြင်း ပြုလုပ်ခြင်းအမှုတို့သည်၊ မသိသော ပုထုဇဉ် သတ္တ၀ါတို့၏ မှားသော မိစ္ဆာဒိဌိ အယူကြီးပင်ဖြစ်လေတော့သည်ဟူ၍ ဆိုလိုခြင်းပင်ဖြစ်သည်။ ဂုဿီထမင်း၊ ဂုဿီဟင်းဆိုသည်မှာ ရှေးအခါက မြန်မာလူမျိုးတို့သည်၊ လူသေလျှင်၊ လူသေကို ကျွေးမွေးဘို့ရာ လူသေ၏ အဘို့အလို့ငှါသက်သက်ဖြင့်  ဖိုခနောက်နှစ်လုံးနှင့် တယ်ချက်သော ထမင်းဟင်းတို့ကို  ဂုဿီထမင်း၊ ဂုဿီဟင်းဟူ၍ ခေါ်သည်။ ယခုအချိန်တွင်ကား ထိုကဲ့သို့သော လူသေအဘို့ သတ်သတ်ချက်ပြုခြင်း မပြုလုပ်ကြတော့။ သို့သော်လည်း လူရှင်စားဘို့ရာ ချက်ပြုတ်သော ထမင်းဟင်းထဲက ယူ၍ လူသေကို ထမင်းခွက်ထဲ့သောအရာများကို အလွန်ရိုင်းသော မြန်မာတောရွာတို့၌ တွေ့မြင်ရသေးသည်။ ဤကား မှားသော မိစ္ဆာအယူဖြစ်သည်ကို ပြလိုက်သည်။ ။၎င်းဖေါ်ပြခဲ့သော ဒိဌိဝိသောဓနီကျမ်းသည် ဇင်းမယ်က ပြုသောကျမ်းဖြစ်သည်၊ ၎င်းကျမ်းနှင့်တကွ၊ သောတတ္ထဂီနိဒါန်း၊ ဇာတတ္ထဂီနိဒါန်းများကို၊ အချို့သော ရဟန်းဆရာတို့သည်၊ မိမိတို့သဘောနှင့် မတိုက်ဆိုင်သောကြောင့်။ သံဃာရတနာတင် ကျမ်းမဟုတ်ဟူ၍ ဆိုကြသည်။ သို့သော်လည်း ထိုရဟန်းတို့သည် ဆိုသည့်အတိုင်း မဟုတ်နိုင်ရာ၊ အဘယ့်ကြောင့်ဆိုသော်၊ ၎င်းဖေါ်ပြခဲ့သော ကျမ်းသုံးကျမ်းတို့ကိုေ၇းသားပြုစုသော ရှင်စူဠဗုဒ္ဓပေသ၏ နာမည်သည်၊ သင်္ဃာရတနာတင်သော စာရင်းတွင်ပါဝင်သောပုဂ္ဂိုလ်ဖြစ်သောကြောင့်၊ ၎င်းကျမ်းတို့သည် သင်္ဃာရတနာတင်ရာတွင် မပါဟု မဆိုနိုင်ရာ။ မြန်မာ ရှင်ဘုရင် အဆက်ဆက်လက်ထက်တို့၌၊ မြန်မာဘုန်းကြီးရဟန်းတို့သည်၊ မိမိတို့ အတ္တမနောမဟိ၊ အယူဝါဒရှိသည့်အတိုင်း၊ ကျမ်းဂန်ပြုပြင်စီရင်ပြီးလျှင်၊ ရှင်ဘုရင်ဆရာ၊ သာသနာပိုင်ဆရာနှင့်တကွ မိမိတို့၏ အယူဝါဒကို အများလိုက်နာဘို့ရန် ကျိုးစားတတ်ကြသည်။ မြန်မာ ရှင်ဘုရင်များလည်း၊ မိမိတို့ဆရာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ သင်္ဃာရာဇာသာသနာပိုင် တင်မြောက်တတ်ကြသည်၊ အချို့သော ဘုန်းကြီးများကလည်း မိဖုရားများကို အမှီပြု၍ မိမိတို့ ဂုဏ်သတင်းကို ပျံပွားစေသည်။ ရဟန်းရှင်လူအများတို့ကလည်း၊ ရင်ဘုရင်မိဖုရားတို့၏ မျက်နှာကိုလိုက်၍၊ မစစ်ဆေးမတွေးတောပဲ၊ ကိုးကွယ်ယုံကြည်သက်ဝင်၍နေကြသည်။  အချို့သော ရဟန်းပုဂ္ဂိုလ်တို့မူကား မှန်သည်၊ မှားသည် သိသော်လည်း ရှင်ဘုရင်၏ ရာဇပြစ်ဒါဏ်ကို ကြောက်ရွှံ့သောကြောင့် ရဲရဲဝံ့ဝံ့ မဟော မပြောဝံ့၊ မိမိအယူဝါဒနှင့်သာ တိတ်တိတ်နေခဲကြရလေသည်။ ယခုတိုင် ရုပ်တုစေတီတို့ကို ရှိမခိုးသော ဘုန်းကြီး ရဟန်းတို့ကိုလည်း မကိုးကွယ်၊ ပရမတ္ထဟူ၍ အခေါ်ခံနေသော မြန်မာလူမျိုးများလည်း ရှိနေကြမြဲပင်ဖြစ်သည်။ 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရှင်တော်ဂေါတမသည်၊ မိမိကာယရုပ်ကလပ်အား အရိုအသေမပြုလုပ်ခြင်း ပြောဆိုတားမြစ်ခြင်း။

ရှင်တော်ဂေါတမသည်၊ မိမိကွယ်လွန်ခါနီးသောအခါ၊ ညီတော်အာနန္ဒာက လျှောက်ထားသည်မှာ။ အရှင်ဘုရား၊ ကွယ်လွန်တော်မူလျှင်၊ အရှင်ဘုရား၏ ရုပ်ကလမ်အလောင်းကို အဘယ်ကဲ့သို့ပြုလုပ်ရမည်နည်းဟု လျှောက်ထားတော်မူသောအခါ၊ ရှင်တော်ဂေါတမက၊ ညီတော်အာနန္ဒာအား မိန့်ဆိုခဲ့လေသည်မှာ။ ။ ကထံမယံဘန္တေတထာဂဂတဿ၊ သရီရေ ပဋိပဇ္ဇာ မာတိအဗျာဝတာတုမှေ အာနန္ဒာဟောထ၊ တထာဂတဿ သရီရပူဇာယ ဣင်္ဃတုမှေ အာနန္ဒ သာရတ္ထေ ဃဋထ သာရတ္ထေ အနုယုဉ္ဇထ သာရတ္ထေ အပ္ပမတ္တာ အာတာမိနော ပဟိတတ္ထာ ၀ိဟရထေ။ ။ဟူ၍ ပရိနိဗ္ဗာနသုတ်တွင်၊ ပါဠိပြရှိသည်ကို တွေ့ရသည်။ ၎င်းပါဠိကို မြန်မာလို ထင်ရှားစွာ ဆိုရပါက။ ။ ဘန္တေ၊ အရှင်ဘုရား။ တထာဂတဿ၊ အရှင်ဘုရား၏ ။ သရိရေ၊ အလောင်းတော်ကို။ မယံ၊ အကျွန်ုပ်တို့သည်။ ကထာပဋိပဇ္ဇာမ၊ အဘယ်ကဲ့သို့ပြုရပါမည်နည်း။ ဣတိ၊ ဤသို့။ အာဝေါစ၊ လျှောက်သော်။ အာနန္ဒ၊ အာနန္ဒာ။ တုမှေ၊ သင်တို့သည်။ တထာဂတဿ၊ ငါ၏။ သရီရ၊ အလောင်းကို။ ပူဇာယ၊ ပူဇော်ခြင်းငှါ။ အဗျာဝတာ၊ အကျိုးမရှိသော အမှုကို။ နဟောထ၊ ရှောင်ကြဉ်ကုန်လော့။ အာနန္ဒ၊ အာနန္ဒာ။ ဣန္ဒ၊ ငါတိုက်တွန်းလိုသည်ကား။ တုမှေ၊ သင်တို့သည်။ သာရတ္ထေ၊ အနှစ်သာရရှိသောတရား၌။ ဃဋထ၊ စပ်ကြကုန်လော့။အနုယုဉ္ဇထ၊ လုံးလအားထုတ်၍ ရှာမှီးကြကုန်လော့။ အပ္ပမတ္ထာ၊ မမေ့မလျှော့ကုန်သည်ဖြစ်၍။ အာထာပိနော၊ ပူပန်ခြင်းကင်းစေသောငှါ။ ပဟိတ္တာ၊ မြတ်သောစိတ်ဖြင့်။ ၀ိဟာရထ၊ နေကြကုန်လော့။ ဣတိ၊ ဤသို့။ အာဝေါစ၊ မိန့်မှာကုန်၏။ ။ ဤကဲ့သို့ ရှင်ဂေါတမသည်၊ မိမိကွယ်လွန်ခါနီးသောအခါ၊ ညီတော်အာနန္ဒာအား မိန့်မှာခဲ့သောအရာဖြစ်သတည်း။ ထို့ကြောင့် ယခုပြုလုပ်နေထိုင်ကြသော ၊ ဗုဒ္ဓဘာသာအယူဝါဒတို့ကို၊  ထိုပိဋကတ် သုတ္တမဟာပဒေသာ ပါဠိတော်ရင်းများနှင့်၊ သေခြာစွာတိုက်စစ်ဆေးသောအခါတွင်ကား၊ ရုပ်တုဘာသာ၊ နတ်ဘာသာ၊ ပုဏ္ဏား ဘာသာအမျိုးမျိုးတို့နှင့်၊ ရောနှောလျှက်ရှိကြောင်းကို အတတ်သိကြမည်။ ထို့ကြောင့် အမှန်နှင့်အမှားကို ပိုင်းခြား၍ သိလိုသော ပုဂ္ဂိုလ်မြတ်တို့သည်၊ ကျွန်ုပ်ကဲ့သို့ စစ်ဆေး၍ ကြည့်ပါကုန်လေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာပြည်၌ ဦးစွာရုပ်တုပြုလုပ်ခြင်းအစကို ပြခြင်း။

ဤမြန်မာပြည်၌၊ ရှေးဦးစွာပြုလုပ်သော ရုပ်တု၏ အစကိုဆိုသော်၊ ကျန်ရစ်မင်း၏ သမီးတော် ရွှေအိမ်စီသည် စောလူမင်း၏ သားတော် စောယွန်းမင်းသားနှင့်ညား၍၊ ရွှေအိမ်စီ မွေးဘွားသည့် အလောင်းစည်သူဟု အမည်တွင်သော မင်းသည်။ ပေါက္ကံပြည်ကို အစိုးရ၏။  ပေါက္ကံပြည်ကို အစိုးရသော ထိုမင်းသည်၊ ဖေါင်တော်နှင့် စုန်လာရာ၊ ဧရ၀တီမြစ်အဆုံး၊ အောက်အရပ်ပင်လယ်ဝတိုင်အောင် ရောက်သောအခါ။ သီဟိုဠ်ကူး ရွက်သင်္ဘောကို စီးနင်း၍ လိုက်သောအခါ၊ သီဟိုဠ်ကျွန်းသို့ရောက်သောအခါ၌ မိမိနိုင်ငံနှင့်မတူ၊ ထူးခြားသော အရပ်တို့ကို လှည့်လည်၍ ကြည့်ရှုပြီးလျှင်၊ သီဟိုဠ် ရှင်ဘုရင်နှင့် မဟာမိတ်ဖွဲ့သောကြောင့် ပြန်လာသောအခါ၊ သူကဲ့သို့ ဘုန်းတန်းခိုးကြီးမားသော မင်းမရှိဟု မိမိကိုယ်ကို ထင်မှတ်ပြီးလျှင်၊ မာန်မာနအားဖြင့် ၀ါကြွား၍ မိန့်ဆိုသည်မှာ၊ ငါ၏ ဘေးလောင်းတော်၊ ဘိုးတော်အပေါင်းတို့သည် ငါ့ကဲ့သို့ ဘုန်းတန်းခိုးမရှိသောကြောင့်၊ ငါရောက်သော အရပ်သို့မရောက်နိုင်။ ငါမြင်ရသော တွေ့ရသော အရာတို့ကိုလည်း မမြင်ရ၊ မတွေ့ရလေဟူ၍ ပြောဆိုပြီးလျှင်။ နောက်များမကြာ ထိုမင်းသည် မျက်စေ့နှစ်ကွင်းသည်ရောဂါရောက်လေသော်၊ စက္ခုနှစ်ကွင်းသည် အလင်းမရသောအခါ၊ မင်းအမတ်ပုဏ္ဏားတို့ တင်လျှောက်ကြသည်မှာ။ အရှင်မင်းကြီးသည်၊ ဘိုးဘွား မိဘတို့ကို ပြစ်မှားသောကြောင့် ၊ ဘိုးဘွားမိဘ စာရေသင့်ခြင်းအားဖြင့်၊ စက္ခုနှစ်ကွင်း အလင်းမရကွယ်ရပါသည်ဟု လျှောက်ထားကြလေသည်။ ရှင်ဘုရင်ကလည်း မျက်စေ့မြင်အောင် အဘယ်သို့ပြုရပါမည်နည်းဟု မေးသော်။ မူးမတ်တို့က တင်လျှောက်သည်မှာ၊ ဘေးနော်ယထာ၊ ဘိုးတော် ကျန်ရစ်မင်းတို့၏ ကိုယ်စား ရွှေကို၊ အရုပ်သွန်းလုပ်ပြီးလျှင်၊ နန်းတော်ဦးကထား၍၊ ဆံပန်းပေါက်ပေါက်တို့ကို နေ့စဉ်ပူဇော်ကန်တော့ရမည်ဟု ဟောပြောသွန်သင်ကြလေသည်။ အလောင်းစည်သူမင်းသည်၊ ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့၏ ကိုယ်စား အရုပ်တို့ကို ရွှေဖြင့် သွန်းလုပ်စေပြီးလျှင်၊ မိမိနန်းတော်ဦးကထား၍ ကိုးကွယ်လေသည်။ ထိုအခါတွင် မင်းမူးမတ်တို့မစ၍၊ တိုင်းသူပြည်သား အပေါင်းတို့သည်လည်း၊ ရှင်ဘုရင်၏ နည်းတူ သေလွန်သော မိမိတို့ဘိုးဘေးများ၊ ဆရာသမားများအစရှိသော ရုပ်တုတို့ကို ထုလုပ်ကိုးကွယ်လာကြသည်မှာ တတ်နိုင်သည့်အတိုင်း ဇာချဲ့ကာပြုခဲ့ကြလေတော့သည်။ ထို့နည်းတူ အိမ်ဦး၌ ထားကာ ကိုးကွယ်ကြလေတော့သည်။ ၎င်းအချိန်ကစပြီး၊ ဤမြန်မာပြည်တွင် ရှေးဦးစွာ ရုပ်တုထုလုပ်ကြောင်းကို ၊ ရာဇ၀င်သစာစောင်တို့၌ ယနေ့တိုင်တွေ့ရလေသည်။ ၎င်းအလောင်းစည်သူမင်းသွန်းလုပ်ခဲ့သော အရုပ်တို့ကို၊ နောက်မင်းတို့သည်လည်း ရွှေဖြင့် ထပ်၍ မွမ်းမံကြလေသည်။ ၎င်းနောက် ကာလရွှေ့လျှားလာသောအခါ၊ ၎င်းရုပ်တုတို့ကို ဘုရားရုပ်ထင်မှတ်ကာ အယူရှိကိုးကွယ်ကြလေတော့သည်။ ဤကား မြန်မာပြည်၏ ရုပ်တုဆင်းတုတို့ကို ပြုလုပ်ခြင်း၏ အစကို စစ်ဆေးပြလိုက်ခြင်းပင်ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒက္ခိဏသာခါ မြန်မာပြည်သို့ ရောက်ရှိလာခြင်းအကြောင်း။

ဤမြန်မာနိုင်ငံသို့၊ သီဟိုဠ်ကျွန်းက ဒက္ခိဏသာခါခေါ်သော ရုပ်တု ရောက်လာခြင်း၏ အစကိုဆိုရသော်။ သက္ကရာဇ် ၇၇၀ ခုနှစ်တွင် ၊ ရတနာ ပူရမြို့၌ နန်းတက်တော်မူသော ရှမ်းမျိုးမိုးညှင်းမင်းတရားလက်ထက်တွင်၊ ညောင်သားကို ထုလုပ်သည့် ဒက္ခိဏသာခါခေါ်သော ရုပ်တုတို့သည် အဆူသုံးရာကျော်၊ သီဟိုဠ် ဘုန်းကြီးများနှင့် တကွ၊ သီဟိုဠ်ကုလားတို့သည်၊ ဤမြန်မာပြည်သို့လာ၍ ရောင်းချကြောင်း။ မြန်မာပြည်သူ၊ မင်းမူးမတ်၊ ရဟန်း၊ ရှင်လူတို့မှ အစပြု၍ လူအပေါင်းတို့သည်လည်း ၀ယ်ယူ၍ အမြတ်တနိုး ကိုးကွယ်ကြကြောင်း။ ၎င်းနောက်လည်း မိုးညှင်းမင်းတရား သားတော် မင်းရဲကျော်စွာ လက်ထက်မှစ၍၊ မင်းကြီးသီဟသူရ လက်ထက်တိုင်ရောက်သော် အဆက်မပြတ် သီဟိုဠ်ကျွန်းက ရုပ်တုအများယူလာကြောင်း ဒက္ခိဏသာခါ မှတ်စု စာတမ်းတို့၌၎င်း၊ အစဉ်အဆက် ပဝေသဏီကထာ မှတ်စုများတွင်၎င်း၊ အရှင်အာစရိယ၀ံသဓဇ ရေးသားစီရင်သည့် ရာဇ၀င်ထွက်ဆိုသော စကားများနှင့် တိုက်ဆိုက်ကြည့်ရှုခြင်းအားဖြင့်၎င်း။ ဤမြန်မာပြည်သို့ ဒက္ခိဏသာခါရုပ်တု၏ ရောက်ခြင်းအစကို သိရသည်။ ၎င်းနောက် မြန်မာပြည်သားတို့သည်လည်း ၎င်း ဒက္ခိဏသာခါ၏ ရုပ်တုအတိုင်းပင် အထက်မြေတူးအရပ်ကစ၍ ထုလုပ်ရောင်းချခြင်း အလေ့အလာကို ပြုလုပ်၍၊ ယခုတိုင်အောင် အဆက်ဆက်ကနည်းအတိုင်း မြို့တိုင်း၊ ရွာတိုင်း၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရုပ်တုဆိုင်ကိုတည်၍ ရောင်းချကုန်သွယ်ခြင်းအမှုကို ပြုလုပ်လျှက်ရှိနေလေတော့သည်။  ၎င်းထုလုပ်သော အဖိုးတန် ရုပ်တု အကြီးအကျယ်တို့ကို နောက်ဘုန်းကြီးရဟန်း၊ ဆရာတို့ကတဖန် ၎င်းရုပ်တုကိုပင် အနေကဇာတင်ပွဲပြုလုပ်ဘို့ရာ စီမံပြန်လေသည်။ အနေကဇာပွဲစီမံသောနည်းမှာ၊ ရုပ်တုကိုဝယ်ယူအပြီး ဒါယိကာ၊ ဒါယိကာမတို့အား မဏ္ဍာပ်ကနားထိုးစေကာ ရုပ်တုအား စင်နှင့်တကွ ထားပြီးလျှင်၊ တတ်နိုင်ကြသည့်အတိုင်း၊ ဆွမ်း၊ သင်္ကန်း၊ ပရိက္ခရာ၊ ပဒေသပင်၊ အလှူဝတ္ထုအမျိုးမျိုးတို့မှစ၍ ၊ ဗျောစည်၊ ကချေသဘင်အတီးအမှုတ်တို့နှင့်တကွ ပြုလုပ်စေပြီးလျှင်၊ နံနက်စောစော နေထွက်စချိန်တွင်၊ တစ်ပြိုင်တည်း ရွက်ဖတ်ပြီးလျှင်၊ ဒါယကာ၊ ဒါယကာမတို့အား ကိုးကွယ်စေသည်။ ၎င်းအရာတွင်၊ အနေကဇာတင်ဆိုသောစကား၏ အဓိပ္ပါယ်မှာ ၊ ဧကန်ဘုရားမဟုတ်ဟူ၍ ဆိုသည်။ ဤကား ၀ိနည်းပရိယာယ်စကားဖြစ်သည်။ အနေကဇာတင်သည်ဆိုသော နည်းမှာ။ ရှေးအထက်က အရီးကြီး၊ အရီးကလေးတို့ဂိုဏ်းဝင်ဖြစ်သော၊ မှော်ဆရာ၊ နတ်ဆရာတို့ကို၊ ဂ၀ံရုပ် ထုလုပ်၍၊ ပွဲနတ်ရကာ ကျင်းပပြီးလျှင်၊ သြောင်း သိဒ္ဓိ တင်သည့်နည်းတူ၊ ဘုရားရုပ်တုတို့ကိုလည်း၊ ဘုန်းကြီးရဟန်းတို့က၊ မိမိတို့ဥာဏ်ဖြင့် စီမံ၍ ကမ္မသိဒ္ဓိတင်မြောက်ကြလေသည်။ ပိဋကတ်သုတ္တမဟာပဒေသာ ပါဠိတော်ကျမ်းတို့တွင်၊ ဤကဲ့သို့သောအရာကို ရှင်ဂေါတမကိုယ်စားရုပ်တု ထုလုပ်၍ အနေကဇာတင်ပြီးလျှင်၊ ကိုးကွယ်ရမည်ဟု၊ မည်သည့် ပါဠိတော် ကျမ်းဂန်တို့ကမှ မပြဆိုကြပါ။ ။ ဤကား ဒက္ခိဏသာခါ ရုပ်တု အကြောင်းနှင့် အနေကဇာပြုလုပ်ခြင်း အကြောင်းအရာတို့ကို ရှင်းလင်းစွာ ဖေါ်ပြခြင်းပင်ဖြစ်လေသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လီဇယ် သီလကြောင်တို့လုပ်ဇာတ်

ယနေ့ဤအဖြေလွှာများတွင် အဆွေကျေနပ်မှုရရှိသည်သော်၎င်း၊ မရှိသည်သော်၎င်း အဆွေသိစေရန် ကျွန်ုပ်ရေးသား သိစေလိုသောအရာမှာ အဆွေတို့သည် အခြားသူတပါးက မိမိတို့အား ရေးသားခြေပသောအခါတွင် လုံးဝကြိုက်နှစ်သက်ခြင်း မရှိကြပါပဲလျှက် မိမိတို့ကိုယ်တိုင်ကား သူတပါးဘာသာတရားကို ထင်သလို ချယ်လှယ်ခြင်းပြုခြင်း၊ မဟုတ်တမ်းရား ရေးသားခြင်း၊ ထုတ်ဝေခြင်း စသည်တို့သည်ကား အဆင့်အတန်းမှန်ကို ပြသနေသော ကျွန်ုပ်တို့၏အနွယ်ကို လူရှေ့သူရှေ့တွင် အရှက်ကွဲစေသော အမျိုးယုတ်သစ္စာမရှိသောသူမျာမှပင်ဖြစ်သည်။


အထက်ပါ အမေးအဖြေများနှင့် ပါတ်သက်ပြီး စာမေးသူအနေဖြင့် မဟုတ်တမ်းရားများကို ရေးထားသည်ကို ဦးစွာ ရှင်းလင်းလိုပါသည်။ ၄င်းတို့မှာ


(၁ ) ပလန်းနက်မှ ပြေးထွက်သွားခြင်းဟူသည် ဘယ်တော့မှ ရှိမည်မဟုတ်ပါ အကြောင်းအရင်းမှာကား အကြိမ်ကြိမ် ပိတ်ပင်ခံလိုက်ရသောကြောင်းသာလျှင် အမည် အမျိုးမျိုးဖြင့် ဝင်ရောက်ကာ ရေးသားရခြင်းပင်ဖြစ်လေသည်ကို ဦးစွာ သိမှတ်ရန်။


(၂) မဟုတ်တမ်းရာရေးထားသည်မျှားကို အမှန်ကြိုက်သောသူများက ဘယ်သောအခါမှ လက်ပိုက်၍ ကြည့်နေနိုင်မည်မဟုတ်သောကြောင့် တနေ့နေ့တချိန်ချိန်တွင် အမှန်ဟူသည် ပေါ်လာမည်မလွဲဆိုသည်ကို သိရှိထားရန်။


(၃) မှောင်ခို တရားဝင်ဖြင့် ဖွင့်လစ်ထားသော ပလန်းနက်မှ ကြောင်သူတော်အများစုသည် စည်းမျဉ်းစည်းကမ်းများ ထားရှိသည်ဟုဆိုသော်ငြားလည်း ထိုစည်းကမ်းတို့မည်သည် လိုရာဆွဲတွေးရေးသော စည်းကမ်းများဖြစ်သည်ကို အားလုံးကသိသောကြောင့် တနေ့ တရား၏ အဆိုအတိုင်း ဒုက္ခရောက်ရမည်ကို သိထားစေလိုပါသည်။


ဘာပဲဖြစ်ဖြစ် လက်ရှိ မေးထားသော မေးခွန်းများကိုကား သင်းအုပ်ဆရာများကိုပင် ခေါ်ဆိုမေးမြန်းရန်မလို၊ အနီးအနားရှိ ဥပုဒ်စာဖြေ ကလေးသူငယ်များကိုပင် မေးပါက ဖြေပေးနိုင်သော မေးခွန်းများဖြစ်သော်လည်း၊ ပညာရှိသတိဖြစ်ခဲဆိုသည့်အတိုင်း သတိလက်လွတ်ဖြစ်သွားသော အဆွေအတွက်ဤနေရာမှရေးသား ဖြေရှင်းပေလိုက်ရပါတော့သည်။


မေးခွန်း(၁)အနေနဲ့
ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်၊၊ ကြည့်ရှုလော့၊၊ သတို့သမီးကညာသည်၊ ပဋိသန္ဓေယူ၍၊ သားယောက်ျားကို ဘွားမြင် လတံ့၊၊ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့၊၊ (ဟေရှာယအနာဂတ္တိကျမ်း ၇:၁၄)


အခုကျမ်းပိုဒ်ဟာ ခရစ်ရှန်တွေထဲမှာ တော်တော်အကိုးအကားများပါတယ်။ ဆူးလေနားက ဧမာနွေလဘုရားကျောင်း ဆိုတဲ့နာမည်ကလည်း ဒီကျမ်းပိုဒ်ထဲကလာတာဖြစ်ပါတယ်။ အရေးလည်းပါပါတယ်။ ခရစ်ရှန်တွေတဖွဖွပြောနေတဲ့ အပျိုစင်မာရီကနေ ယေရှုကိုမွေးဖွားလိမ့်မယ်လို့ ဗျာဒိတ်ပေးထားတာပါဆိုပြီး ခရစ်ရှန်တွေယုံကြည်ကြပါတယ်။ အဲဒီမှာသတို့သမီးကညာဆိုတာကို မူရင်းဟီဘရူးလိုဖတ်ကြည့်မယ်ဆိုရင် ငယ်ရွယ်သောအမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ရပြီးကလေးမွေးလိမ့်မယ်လို့ လွယ်လွယ်လေးပဲပြောထားတာပါပဲ။ ယေရှုကိုဘုရားသခင်အဖြစ် သရဏဂုံတင်ချင်တဲ့ ယေရှုနောက်လိုက်တွေရဲ့လက်ရာ လိုရာဆွဲဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ မူရင်းဟီဘရူးစာကြောင်းကိုကူးပြပါမယ်
לָכֵן יִתֵּן אֲדֹנָי הוּא לָכֶם אוֹת הִנֵּה הָעַלְמָה הָרָה וְיֹלֶדֶת בֵּן וְקָרָאת שְׁמוֹ עִמָּנוּאֵלခရစ်ရှန်များအနေနဲ့ အကောင်းဆုံးလုပ်သင့်တာကတော့ ဟီဘရူးစာတတ်တဲ့ ဖာသာတွေ သင်းအုပ်တွေဆီသွားပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာခေါင်းချင်းဆိုင်ဆွေးနွေးဖို့ပါပဲ။

စကားချပ်အနေနဲ့ မာရီဟာအပျိုစင်ဖြစ်ခဲ့ပုံမပေါ်ပါဘူး။ ဘာလို့လည်းဆိုတော့ လုကာ ၁:၅၆ မှာ မာရီဟာ သူ့ရဲ့အမျိုး အဲလိဇဘက်ဆီမှာ ၃လနေထိုင်ခဲ့တယ်လို့ဆိုပါတယ်။ ပြီးတော့သူ့အိမ်လည်းရောက်ရော ကိုယ်ဝန်ရှိနေကြောင်းသိရပါတယ်။ မဿဲ ၁:၁၉ မှာပြောထားတာက မာရီနဲ့စေ့စပ်ထားတဲ့ ဂျိုးဆပ်ဟာ သူနဲ့ပေါင်းသင်းနှီးနှောဖူးခြင်းလည်းမရှိဘဲ ကိုယ်ဝန်ရနေတဲ့မာရီကို တိတ်တဆိတ်ခွဲခွာဖို့ ကြံစည်ခဲ့တယ်လို့ပြောပါတယ်။ အဲဒါဆိုရင် ဂျိုးဆပ်နဲ့လည်းရတာမဟုတ် လွန်ခဲ့တဲ့၃လလောက်တုန်းကလည်း မာရီကသူများအိမ်မှာသွားနေထိုင်ခဲ့တာဆိုတော့ ကြားကားဖြစ်ဖို့များပါတယ်။ လျော့လျော့ပေါ့ပေါ့လေးတွေးပေးပါ့မယ် အချစ်နယ်ကျွန်ပြီး မှားခဲ့တာဖြစ်မှာပါလို့။

 


အဖြေ။ အပျိုးကညာ မာရိအားဖြင့် ဖွားမြင်ခြင်းကို ခံယူတော်မူခဲ့သော အရှင်သည် အဆွေစာရှုသူဆိုသော လုံမငယ် အပျိုစင်ပင်ဖြစ်ပါသည်။ အကြောင်းကား ဟေဗြဲစာ ကူးပေးကာ တတ်ယောင်ကား များအတွက် တဆင့်ပြောလိုသည်မှာ 'almah' has rendered "virgin" or " young woman" . Virgin is favors since:


(1) the other uses of 'almah' in Old Testament have the meaning;

(2) the context favors it;

(3)  the Septuagint ( the Greek translation mad before Christ) used to  Greek word for , 'virgin' ;

(4) the New Testament writes Matthew quoted the verse using the Greek word for "virgin''.


ရှေးပဝေသဏီကပင် အနာဂတ္တိစကားကို ပေးတော်မူသော ဘုရားမြတ်တို့၏ ဧကဝါစာ စကားတော်အတိုင်း ခရစ်တော်သည် အပျိုးကညာဝမ်းမှပင် ဖွားမြင်တော်မူခြင်းကို ခံယူခဲ့ကြောင်း အရှင်းသား သမ္မာကျမ်းစာတွင် ဤသို့တွေ့ရပါသည်။ သမ္မာကျမ်းစာတွင် မဿဲ၁း၁၈၌ ယေရှုခရစ်သည် ဘွားမြင်ခြင်းကိုခံတော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့်ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓွေစွဲနေ၏။ ဧလိရှဖင်သည် ငါးလလွန်သောအခါဟူ၍ လု၁း၂၅-၂၆ တွင်၎င်း၊ အငယ် ၂၆-၃၀ တွင် ကောင်းကင်တမန်နှင့်တွေ့ဆုံပြီးနောက် သွားလည်သည်၊ ထိုမှအပြန်တွင် ကိုယ်ဝန်ရှိနေသည်မှာ အရှင်းသားတွေ့ရပါသည်။ လုပ်ကြံဇာတ်လမ်းမဟုတ်ပါ မြန်မာလိုနှင့် အားလုံးဖတ်ရှုနိုင်ပါသည် ရဟန်း၊ ရှင်လူ၊ ပြည်သူအပေါင်းတို့ခင်များ။


အဆွေသည် အမှန်တရားကိုပင် ကောင်းစွာမမြင်သေးသော ဘဝဖြင့် ဘဝကို အချိန်ကုန်ခံနေမည့်အစား ရခဲလှသော ဘဝတွင် ဘာသာအစွဲ၊ လူမျိုးအစွဲ စသော အစွဲတရား ဒိဋ္ဌိတွေကို ဖြုတ်ကာ နန်းအမတကို တက်လှမ်းနိုင်သူဖြစ်သော လမ်းစကိုသာ အမှန်ရှာကြံနိုင်ပါစေ။


မေးခွန်း(၂)

အထက်ပါ ဟေရှာယအနာဂတ္တိကျမ်း ၇:၁၄ အရပဲ ယေရှုကိုမွေးလိမ့်မယ် ပြီးတော့ ဧမာနွေလလို့အမည်ပေးလိမ့်မယ်လို့ ပရောဖက်ကြီး ယေရှာယက ဟောခဲ့ပါတယ်။ ဒါဆိုပြန်မေးကြည့်ရအောင် ယေရှုမှာ နာမည်ဘယ်နှမျိုးရှိခဲ့လဲ? သူ့ကိုသူ့အမေမာရီက ဧမာနွေလလို့နာမည်ပေးခဲ့လား? ဘယ်သူကကော သူ့ကိုအဲဒီနာမည်ခေါ်ဖူးလဲ? အထက်ပါမေးခွန်းတွေနဲ့ကိုက်ရင် အခုကျမ်းပိုဒ်ဟာ မှန်ခဲ့တယ် မကိုက်ညီရင် ပရောဖက်ကြီးဟေရှာယက ဖောရှောလား ယေရှုနောက်လိုက်တွေက ဖောရှောလားဆိုတာ ကြိုက်တာရွေးကြပါခရစ်ရှန်အပေါင်း သူတော်ကောင်းတို့။


အဖြေ။ ဧမာနွေလ အမည်ဖြင့်မည့်ရမည်ဆိုသည့်အတိုင်း ခရစ်တော်သည် ဧမာနွေလ အရှင်ပင်ဖြစ်ပါသည်။ အကြောင်းမှာကား ဧမာနွေလ အနက်ကား ငါတို့နှင့် အတူရှိတော်မူသော ဘုရားဟူ၍ အနက်အဓိပ္ပါယ်ရပါသည် အင်္ဂလိပ်လို God is with us! ဟူ၍အမည်ကို ကြည်ခြင်းအားဖြင့် အနန္တမျက်မှောက်တော်ဖြစ်တော်မူသော ခရစ်တော်ဘုရားက ငါသည်သင့်ကို အလျှဉ်းစွန်း၍မထားဆိုသည့်အတိုင်း ယုံကြည် ကိုးစားသော သူများအားလုံးအတွက် ဧမာနွေလအရှင် ဘုရားမြတ်ရှင်ပင်ဖြစ်တော်မူသည့်အတိုင်း ဧမာနွေလ အမည်ကို အမှန်ပင် သက်ဝင်ယုံကြည်ခြင်းမှာ ဧကန်ဧက အမှားအယွင်းမရှိသော ခရစ်ယာန်တို့၏ ယုံကြည်ချက်ပင်ဖြစ်လေသည်။


  • မဿဲ၁း၂၃ တွင် ကြည့်ပါက ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓွေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့်မှည့်ရလတံ့ ဟုလာသတည်း။ ဧမာနွေလအနက် ကား၊ ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဟုဆိုလိုသတည်း။



မေးခွန်း(၃)

ယေရုရှလင်မြို့အနီးသို့ ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ရောက်ကြသောအခါ၊ ယေရှုသည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊ သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာ၌ချည်နှောင်လျက်ရှိသော မြည်းမနှင့်မြည်းကလေးကို သင်တို့သည် ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။ သူတပါးသည် သင်တို့အား တစုံတခုကိုဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။ ထိုအကြောင်းအရာမူကား၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး၍၊ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ ဟူသောပရောဖက်၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းဖြစ်သတည်း။ (ရှင်မဿဲခရစ်ဝင် ၂၁:၁-၅)်

ဒီအပိုဒ်မှာတော့ ယေရှုကဟိုးရှေးကရှိခဲ့တဲ့ ပရော်ဖက်စီကို ဖြည့်သလိုလို သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဇာခရိအနာဂတ္တိကျမ်း ၉:၉ လာ ပရော်ဖက်စီကို ပြောနေတာဖြစ်ပါတယ်။ အဲဒီမှာဘာပြောထားလည်းဆိုတော့

အိုဇိအုန်သတို့သမီး အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့သတို့သမီး ကြွေးကြော်လော တရားသဖြင့် စီရင်၍၊ ကယ်တင်ခြင်းသို့ရောက်သောသခင် သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ကြွလာတော်မူသည်ကို ကြည့်ရှုလော့။ ငါသည် ဧဖရိမ်ပြည်၌ ရထားကို၎င်း၊ ယေရုရှလင်မြို့၌၄င်း ပယ်ဖျက်မည်။ စစ်လေးကိုလည်းပယ်ဖျက်မည်။ တပါးအမျိုးသားတို့ သည် စစ်ငြိမ်းမည်အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည်။ အာဏာတော်လည်း ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင်အောင်၎င်း၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင်၎င်းတည်လိမ့်မည်။ ( ဇာခရိအနာဂတ္တိကျမ်း ၉:၉-၁၀)

တိုက်စစ်ကြည့်လိုက်ပါ။ တူသလားလို့? ဓမ္မဟောင်းမှာပြောထားတာက မြည်းစီးပြီးဝင်လာမယ့်လူက စစ်ခေါင်းဆောင်တစ်ဦးကိုပြောတာဖြစ်ပါတယ်။ ယေရှုမှာစစ်တိုက်တတ်ဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုယ် ကားစင်ပေါ်စို့ရိုက်သတ်တဲ့လူတွေလက်ကနေ လွတ်အောင်မပြေးနိုင်ရှာပါဘူး။ အဲဒီတော့ အခုပရော်ဖက်စီအရ ယေရှုကအလွန်သရုပ်ဆောင်ကောင်းတဲ့ လူလိမ်ဖြစ်ချင်ဖြစ် မဟုတ်ရင် ဒီပရော်ဖက်စီမပြည့်စုံခဲ့ဘူးလို့ မှတ်ရပါမယ်။


အဖြေ။ ယေရုရှလင်မြို့အနီး ဗက်ဖာဂေရတွင် ခရစ်တော်ဘုရားက မြည်းကလေးကို စီးလျှက် ဝင်ရောက်သောနေရာတွင် အဆွေပြောသည့်အတိုင်းပင် အမှန်ဖြစ်ပါသည်။ ထို့အတူ အဆွေဖေါ်ပြထားသော စစ်သူကြီးအသွင်ယူဆောင်ထားသော အနာဂတ္တိစကားသည်လည်း နောင်လာမည့် ခရစ်တော်သည် လူမျိုးတကာတို့ကို တရားစီရင်မည့်အရှင်ဖြစ်ကြောင်းကို နီးစပ်ရာ အသင်းတော်တွင် ခံယူလေ့လာနိုင်ပါသည်။ ဤနေရာတွင် ခရစ်တော်၏ အသက်စွန့်လှုအသေခံတော်မူခြင်းသည် သင်နှင့် ကျွန်ုပ်တို့ လုံးဝ တရားသဘောအားဖြင့် လွတ်လမ်းမရှိ ငရဲတွင် အပါယ်ဆိုက်ရောက်ရမည်ကို မလိုလားသော ဘုရားမြတ်က တပါးတည်းသော သားတော်ကို စေလွှတ်ကာ အပါယ်တံခါးကိုပိတ်စေ၍ ထာဝရ နန်းအမတကို ဖွင့်ထားပေးသော အချိန်ကာလကို ကျေးဇူးတော်ကာလဟု ဆိုထားသော်လည်း နောင်တွင်ကား ခရစ်တော်ဘုရား၏ ဒုတိယ ကြွလာတော်မူခြင်းတွင်ကား ကျေးဇူးတော်မရှိ ခရစ်တော်ဘုရား၏ မျက်မှောက်တော်တွင် လူတိုင်း ဒူးထောက်ဝန်ခံကာ အရှင်သခင်အဖြစ် အသိအမှတ်ပြုကြရသော်လည်း တမလွန် အပါယ်ငရဲသည်ကား လုံးဝ ရှောင်လွှဲမရတော့ပေ။


မေးခွန်း(၄)

ဘိုင်ဘယ်လ်မူခွဲပေါင်း ၁ဒါဇင်လောက်ရှိပါတယ်။ အခုအောက်မှာပြောထားတဲ့ဟာတွေက အထင်ရှားဆုံးဟာတွေပါပဲ။ ဘိုင်ဘယ်လ်ကပြုပြင်ပြောင်းလဲခြင်းခံရတာတွေရဲ့ အထောက်အထားလို့ပြောလည်း မမှားပါဘူး။ ကျွန်တော်သိချင်တာက ဘယ်ဘိုင်ဘယ်လ်က ထာဝရဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အစစ်အမှန်ပါလဲ ဆိုတာပါ။


Septuagint - ၂၅၀အေဒီ - ဂရိဘာသာစကား

Vulgate- ၄၀၀ အေဒီ၊ ကာသေ့ခ်ျမြို့ညီလာခံမှာ ပထမဦးဆုံးကျမ်းပြုပုံနှိပ်ခဲ့တဲ့ ဘိုင်ဘယ်လ် - လက်တင်ဘာသာစကား

မာတင်လူသာရဲ့ ဂျာမန်ဘိုင်ဘယ်လ် - ၁၅၃၄ အေဒီ

King James Version- ၁၆၁၁ အေဒီ . လူသုံးအများဆုံးမူဖြစ်ပေမယ့် စာရေးသူတွေကဟီဘရူးစာကို ကောင်းကောင်းနားမလည်လို့ အမှားပေါင်းမြောက်များစွာပါနေတယ်။

Revised Standard Version- ၁၉၅၂ အေဒီ၊ အစောဆုံးဖြစ်နိုင်ချေရှိတဲ့ ကျမ်းစာတွေကိုသုံးပြီးတော့ ဘက်မလိုက်ပဲ အမေရိကန်အင်္ဂလိပ်စာသို့ ပြန်ဆိုခဲ့တယ်။

New International Version - ၁၉၆၀-၇၀ အေဒီ. ခေတ်ပေါ်ရှေးရိုးစွဲ အင်္ဂလိပ်မူ

Jerusalem Bible- ၁၉၆၆ အေဒီ. အေဒီ၎ရာစုကတည်းက ကတ်သလစ်အသင်းတော်က တာဝန်ယူပြုစုနေတဲ့ ပထမဆုံးမူ

New Revised Standard Version- ၁၉၉၀ အေဒီ. ပညာရှင်တွေနဲ့ လေ့လာသူတွေကပြုစုထားတဲ့ မူရင်းကျမ်းစာတွေကို အတတ်နိုင်ဆုံးတိတိကျကျဘာသာပြန်ထားတဲ့မူ။


အဖြေ။ သမ္မာကျမ်းစာနှင့် စပ်လျှဉ်း၍ အဆွေစာရှုသူက မွတ်ဆလင်တစ်ဦးထံမှ ယူထားသည်ဟု ဆိုသော်လည်း မဖြစ်နိုင်ပါ အကြောင်းကား မွတ်ဆလင်တို့သည် အဆွေထက် ဤနေရာတွင် သာ၍သိရှိနားလည်နိုင်သောကြောင့် သွေးထိုးစကားဆိုသော်လည်း ယုံနိုင်စရာ ယုတ္တိမတန်ပါ။ သို့သော် အဖြေမှာကား သမ္မာကျမ်းစာကို ကျွန်ုပ်တို့က ဘုရားမြတ်၏ ဧကဝါစာ စကားတော်မြတ်အဖြစ် ယုံကြည်လက်ခံသည့်အတိုင်း ဆက်လက်၍လည်း ယုံကြည်နိုင်ပါသည်။ အကြောင်းမှာ သမ္မာကျမ်းစာသည် ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်ဆိုသော တစ်ဆူတည်း အတုမရှိသော ဘုရားမြတ်က စကားဖြင့်သာ ဆိုထားရုံသက်သက်မဟုတ် လက်တွေ့လည်း ကမ္ဘာက အသိပင်ဖြစ်ပါလေတော့သည်။ မူပေါင်းများစွာ ရှိနေသည်ဆိုသည်မှာလည်း အဆွေတို့လို ပါဠိသာလျှင် နိဗ္ဗာန်သွားရာ လမ်းတစ်ခုလို မသတ်မှတ်ထားသလို လူမျိုးတကာတိုင်းအတွက် ဖြစ်သောကြောင့် လူမျိုးတကာ နားလည်နိုင်ရန်အလို့ငှါ အင်္ဂလိပ်စကားပြေ အမျိုးမျိုးဖြင့် ရေးသားထားပါသည်။ သို့သော် ဘုရားမြတ်၏ စကားတော်ကို လုံးဝမမှားမယွင်းနိုင်သည့်အကြောင်းကို သင်္ဃာယနာ တင်သောစည်းမျဉ်းတွင်ကြည့်ပါက မူရင်း ပုရပိုဒ်စာသာဖြစ်ကြောင်း အဆွေသိနိုင်ပါစေ၊ တဖန် နီးစပ်ရာတွင် အသင်ပြောသော စကားများထဲမှ ဂျိန်းစ်ဘုရင်မူကွဲတွင် အဆွေပြောသော အမှားဟူသည်ကို ကြည့်လိုမြင်လိုပါကြောင်း ပြောကြားရင်း ဤနေရာတွင် ရပ်နားလိုက်ပါသည်။


မေးခွန်း(၅)

သားအမိ၂ယောက်ရှိတယ်ဆိုပါတော့။ အမေကသားကိုအရမ်းချစ်တယ်။ အမေလုပ်တဲ့လူက born again ခရစ်ရှန်အစစ်အမှန်။ သားလုပ်တဲ့လူက မယုံကြည်သူ အပြစ်သား။ တရားစီရင်တဲ့နေ့ရောက်တော့ အမေကကောင်းကင်ဘုံရောက် သားကထာဝရငရဲရောက်သွားကော။ အဲဒီမှာကောင်းကင်ဘုံမှာ အိန်ဂျယ်လ်ဖြစ်နေတဲ့အမေက သူ့သားငရဲကျသွားတာကိုလည်းသိကော စိတ်ဆင်းရဲပါလေရော။ အဲဒီလိုအခါမျိုးမှာဆိုရင် ထာဝရဘုရားသခင်က မျက်ရည်တွေကိုဘယ်လိုသုတ်ပေးမလဲ (ဝါ) ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ သိချင်ပါတယ်။ ငရဲရောက်နေတဲ့သားကို ကောင်းကင်ဘုံပေါ်ခေါ်တင်ထားမလား ဒါမှမဟုတ် အမေလုပ်တဲ့လူကိုပဲ သားနဲ့အတူတူနေရအောင်လို့ ငရဲထဲကန်ချလိုက်မလား။


အဖြေ။ အဆွေပြောသော သားအမိပုံပြင်သည် မြန်မာပြည်တွင် ခေတ်စားနေသော ညအိပ်ရာဝင်ပုံပြင်တွင်သာ အသုံးပြုသင့်ပါသည်။ အကြောင်းမှာ သမ္မာကျမ်းစာတွင် ယုံကြည်သူမည်သည် ဘယ်သောအခါမျှ ကောင်းကင်တမန်ဖြစ်သွားသည်ဟု ဆိုရိုးစကားမရှိသလို ဖြစ်လာမည်လည်း မဟုတ်ပေ။ တဖန် ငရဲသွားသော သားအတွက် မျက်ရည်ကြီးငယ်ကျစရာလည်း အကြောင်းမရှိပါ ကောင်းကင်နိုင်ငံတည်းဟူသော အို၊ နာ၊ သေခြင်း၊ ပူဆွေးသောက၊ ဒုက္ခကြီးငယ် အသွယ်သွယ်လည်း မရှိသောကြောင့် အဆွေပြောသော ပေါက်တတ်ကရမျိုးလည်း မရှိနိုင်တော့ပေ။ လူသည် တခါတည်းသေ၍ ထို့နောက်တရားစီရင်ခြင်း ခံရမည်ဆိုသည့်အတိုင်း အဆွေသည်လည်း တနေ့တွင် ထိုစီရင်ခြင်းအတွက် အသင့်ရှိမရှိသာဂရုပြုခြင်းဖြင့် အနာဂတ်ကိုရင်ဆိုင်နိုင်ပါစေ။


မေးခွန်း(၆)

ဖန်ဆင်းရှင်ဘုရားသခင်ဆိုတာ ပြည့်စုံတယ်လို့ပြောကြတယ်နော်။ ပြည့်စုံတယ်ဆိုတာ တစ်နည်းအားဖြင့် ဘာမှမလိုအပ်တော့တာပေါ့။ ပြည့်နေတဲ့ရေအိုးထဲကို ရေထပ်ဖြည့်လို့မရသလိုပေါ့။ ဒါဆိုရင် ချို့ယွင်းမှုကင်းတဲ့ ပြည့်စုံပြီးသား ဘုရားသခင်က ဘာလို့အရာရာကို ဖန်ဆင်းတာပါလဲ? ပြည့်စုံပြီးသားဆိုရင် ကိုယ့်ဘာကိုယ်တစ်ယောက်တည်းနေလို့ရတာပဲ။ ရေအိုးထဲရေမပြည့်သေးလို့ ထပ်ဖြည့်လို့ရတာပေါ့။ အဲဒီတော့ဘုရားသခင်ဆိုတာမပြည့်စုံသေးပါဘူး မပြည့်စုံသေးတဲ့အတွက်ဘုရားသခင်လို့ခေါ်လို့မရပါဘူး။ ဒါကြောင့်မို့လို့ ဘုရားသခင်ဆိုတဲ့အရာဟာ မရှိပါဘူးလို့ လော့ဂျစ်ပိုင်းဆိုင်ရာ သက်သေပြလို့ရပါတယ်။



အဖြေ။ ပြည့်စုံ၍ သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားရှင်က ဤလောကနှင့် ကျွန်ုပ်တို့အား ဖန်ဆင်းခြင်းသည် မပြည့်စုံ၍ မဟုတ်သလို သင့်နှင့် ကျွန်ုပ်တို့ကို ဖန်ဆင်းပေးခဲ့သည်ကိုပင် ကျေးဇူးတသိတတ်သော အဆွေလောက် မိုက်မဲသောသူသည် ရှိမည်မဟုတ်ပေ ( အို၊ နာ၊ သေခြင်း အကြောင်းများ အဖြေကို အရင်ပိုစ့်တွင် ကြည့်ပါ မေးခွန်းပြန်ထုတ်ရန်မလိုတော့) ။ ဘုရားမြတ်ရှင်၏ အဖြစ်တော်တွင်၊ မာရ်ငါးပါး၊ သဗ္ဗညုတ၊ ဒိဗ္ဗသောတ၊ ဒိဗ္ဗစက္ခု၊ အနာဂတဿ၊ ဣဒ္ဓိဝိဒ၊ စသော တန်ခိုးတော်အစုံ ညာဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူပါသည်။ ၄င်းအရာကို အဆွေလည်း အသိပင်။ တဖန် ဤကား အဖြစ်တော်သာလျှင်ဖြစ်ပြီး၊ တန်ခိုးတော်အားဖြင့် ဖန်ဆင်းရာတွင်။ ပြည့်ဝစုံလင်တော်မူသော ဘုရားမြတ်က ဖန်ဆင်းခြင်းသည် လူသားများအတွက်ဟူ၍ အတိအလင်းဆိုထားသည်ကို ကြည့်ပါက....
ဟေရှာယ အနာဂတ္တိကျမ်းတွင် ၄၅း၁၈ မှ ၁၉ တွင်
ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေ တော်မူသောအရှင်၊ အချည်းနှီးဖန်းဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသောဘုရားသခင် မိန့်တော်မူသည်ကား ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတပါးအခြားသောဘုရားမရှိ။ ၁၉ငါသည်တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သော အရပ်၌မဟော။ သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ကိုရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည်ဖြောင့်မတ်စွာ ပြော၍အတည့်အလင်း ဟောတတ်သောထာဝရ ဘုရားဖြစ်၏။ တဖန်ကျိုးကြောင်း ခိုင်လုံသောမူကိုကြိုက်သော အသင်သည် ဂေါတမ၏ ကနဦး ကြွေးကြော်ခြင်း သုံးခုကို ပြန်လည် မြင်ယောင်ကြည့်လိုက်ပါဦး မိတ်ဆွေ။ အဖြစ်တော်နှင့် တန်ခိုးတော်ကို ကွဲကွဲပြားပြား ခြားနားစွာနားလည်နိုင်ပါစေ အဆွေ။


မေးခွန်း(၇)

ဘိုင်ဘယ်လ်ရဲ့ပထမဆုံးငါးကျမ်းဖြစ်တဲ့ တိုရာကျမ်းတွေကို မောရှေရေးတာလို့ယုံကြည်ကြပါတယ်။ မောရှေရေးတာဆိုရင် ဘယ်လိုလုပ်ပြီး မောရှေရဲ့အသုဘအကြောင်းပါနေရတာလဲ? မောရှေက သေရွာကနေထပြီး မြေကြီးထဲကနေလှမ်းရေးတာလား? ပြီးတော့ ဓမ္မသစ်ထဲက ဟေဗြဲသြဝါဒစာကို ဘယ်သူရေးတာပါလဲ?



အဖြေ။ မောရှေသည် ပညတ္တိကျမ်းငါးကျမ်းကို ရေးသားရသည့်အရာအတွက် ဒုက္ခကို တွေးကာ သနားမိပါသည်။ ကြည့်ပါ ထိုအဖြစ်အပျက်ကိုသာမက နောင်ကြွလာမည့် ကယ်တင်ရှင် အကြောင်းနှင့် စပ်လျှဉ်း၍ပင် ကမ္ဘာဦး ၃း၁၅ တွင်တွေ့ရခြင်းက အဘယ့်ကြောင့်နည်း။ ဘုရားရှင်သည် သူ၏ အနာဂတဿညာဏ်တော်ဖြင့် ဖွင့်ပြထား၍ ရေးသားထားသော ထိုကျမ်းငါးကျမ်းကို ရေးသားသော မောရှေအား အသင်နောက်ထပ်မည်ကဲ့သို့သော မေးခွန်းဖြင့် ဘုရား၊ တရားရေးရာတွင် မိုက်တွင်းနက်နေဦးမည်နည်း။
ဟေဗြဲသြ၀ါဒ စာစောင်အား ပေါလုရေးသားခဲ့ပါသည်။ အထောက်အထားကို ကြည့်လိုပါက.. ပေါလုသည် နို့အား အမြဲတမ်း မရင့်ကျက်သော အသက်တာကို အမြဲပြောခဲ့သလို၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဆိုသော စကားကို ( ရောသြ၀ါဒ၊ ဂလာတိ၊ နှင့် ဟေဗြဲ) ရေးခဲ့သည်။


မေးခွန်း(၈)

ထိုအခါကိုယ်တော်က"ငါသည်ပျောက်နေသောသိုးစု ဖြစ်သည့်ဣသရေလအမျိုးသားများအတွက်သာ လျှင်လာရောက်ခြင်းဖြစ်သည်" ဟုဖြေကြားတော်မူ၏။ (ရှင်မဿဲခရစ်ဝင် ၁၅:၂၅)


ယေရှုကိုယ်တိုင်ကဝန်ခံထားတာက အစ္စရေးလ်လူမျိုးတွေအတွက်သာ လူ့ပြည်ကိုရောက်လာခြင်းဖြစ်ပါတယ်လို့ ဆိုထားပါတယ်။ အဲဒါဆိုရင် လူသားတစ်ရပ်လုံးအတွက်မဟုတ်ဘူးပေါ့။ အဲဒါဆိုရင် ယေရှုဟာ ဂျူးမဟုတ်တဲ့လူမျိုးခြားတွေအတွက် မဟုတ်တော့ဘူးဆိုတာလက်ခံလား? ဂျူးမဟုတ်တဲ့လူတွေ ကယ်တင်ခြင်းမရတော့ဘူးလား?
အဲဒါကိုလက်ခံနိုင်လောက်တဲ့ အဖြေပေးပါ။


အဖြေ။ ခရစ်တော်သည် မိမိလူမျိုးတော်များအတွက် လာခဲသည်ကို ယောဟန် ၁း၁၄ တွင်ကြည့်ပါ၊ သို့တိုင်အောင် ယနေ့ လူမျိုးခွဲခြားနေသော လူ့ဘောင်ကြီးတွင် အကျွတ်တရားလမ်းကို ရနိုင်ရန် လမ်းစမရှိသော ကျွန်ုပ်တို့အားလုံး ( တပါးအမျိုးသားများ) အတွက်ဂျူးများ၏ ငြင်းပယ်ခြင်းအားဖြင့် ဖွင့်ပေးတော်မူခဲ့ပါသည်။ ၄င်းမှာ ဘုရားမြတ်၏ ကြီးမြတ်သော အကြံအစည်တော်နှင့် မဟာကရုဏာတော်မည်မျှ ကြီးမြတ်ကြောင်းကို အတိအလင်းသိမြင်နိုင်ပါသည်။ အဆွေစာရှုသူသည် မည်မျှတိုင်အောင် လူမျိုးရေး အစွဲဖြင့် ဘဝနွံတွင် နစ်နေမည်နည်း၊ အမျိုး၊ ဘာသာ တို့မည်သည် လွှတ်ရာလမ်းကို မပေးနိုင်ပါ၊ ဘုရားကို ဘုရားလိုမြင်မှသာ ( အစွဲကျွတ်မှသာ) ဤဝဲဩဂမှ လွှတ်နိုင်ပေမည်ကို အထူးသတိပြုစေချင်ပါသည်။ လူသားလုံးကို ဖန်ဆင်းသော ဘုရားရှင်က ဦးစွာ ဂျူးလူမျိုးများအားဖြင့် ဤလောကကြီးအား အကျွတ်တရားလမ်းကို သိစေရန် ရွေးချယ်တော်မူခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဂျူးလူမျိုးသည် ဘုရားရှင်၏ အစီအစဉ်တွင် အဓိက လူမျိုးတော်အတွက်ဖြစ်ခဲ့သော်လည်း ကယ်တင်ခြင်းအကျွတ်တရားလမ်းစဉ်အတွက်မူကား ကျွန်ုပ်တို့ လူမျိုးတွင်ရှိသော အမြင်ကျဉ်းသော လူမျိုးရေး ဘောင်ကန့်သတ်မှုမရှိကြောင်း အဆွေရှင်းလင်းမြင်တွေ့နိုင်ပါစေ။



မေးခွန်း(၉)

သခင်ယေရှုကလည်း"အမှန်အကန်ငါဆိုသည်ကား၊ ဥစ္စာကြွယ်ဝသူသည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိုင်ရန်ခဲယဉ်းလှ၏။- တစ်ဖန်ငါဆိုသည်ကား၊ အပ်နဖားကိုကုလားအုပ် လျှိုဝင်ရန်လွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော် သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားခဲယဉ်းလှ၏" ဟု တပည့်တော်တို့အားမိန့်တော်မူ၏။ (ရှင်မဿဲ ၁၉:၂၃-၂၄)

သူဌေးတွေကောင်းကင်ဘုံရောက်ဖို့က အပ်နဖားပေါက်ထဲကို ကုလားအုပ်ဝင်ဖို့ထက်ကို ပိုခက်တယ်လို့ပြောထားပါတယ်။ အဲဒါ လုံးဝမဖြစ်နိုင်ဘူးလို့ ယေရှုက သွယ်ဝိုက်ဆိုလိုက်တာပါပဲ။ အပ်ပေါက်ထဲ ကုလားအုပ်အကောင်ကြီးက ဘယ်လိုလုပ်ဝင်လို့ရမှာလဲ။ ကုလားအုပ်မွှေးဆိုလည်း ဖြစ်နိုင်သေးတယ်။ ဒါဆိုအခုခေတ်ခရစ်ရှန် မစ်ရှင်နရီကြီးတွေကို ဓနအင်အားနဲ့ဖြည့်တင်းနေကြတဲ့ ကမ္ဘာတစ်ဝှမ်းကသူဌေးကြီးတွေ သေရင်ဘယ်ရောက်ကြမှာပါလဲ? ငရဲပဲပေါ့မဟုတ်ဘူးလား။



အဖြေ။ ဤနေရာတွင်လည်း ခရစ်တော်ဘုရားက ကြွယ်ဝချမ်းသာခြင်းကို ပြောသည်မဟုတ်သည်ကို မသိသောအဆွေစာရှုသူသည် ထိုကျမ်းချက်ကိုပင် အဆုံးတိုင်မဖတ်သောသူမှန်း အထင်းသားသိနားလည်နိုင်ပါသည်။ ထိုနေရာတွင် ခရစ်တော်ဘုရားက ကြွယ်ဝချမ်းသာခြင်းကို အပြစ်ဆိုခြင်းမဟုတ်ပါ။ မိမိတို့၏ ကြွယ်ဝချမ်းသာခြင်းကို ဘုရား၊ တရား၊ တမလွန်အရေးထက် ဦးစားပေးသော ဘောဘသားကောင်ဖြစ်သော သူဋ္ဌေးသားတစ်ဦးကို အတ္တဖယ်ခွါရန်ခက်ခဲနေခြင်းကြောင့် ထိုသူမျိုးတို့သည် ဘုရားရှင်၏ နိုင်ငံတော်ကို ဝင်စားရန်ခက်သည်ဆိုသော စကားတော်ကို မိန့်ဆိုတော်မူခဲ့ခြင်းဖြစ်ကြောင်း ဥပုဒ်စာဖြေကျောင်းသို့သွားကာ သင်္ခန်းစာများ ရယူလိုက်ခြင်းက အဆွေအတွက် အကောင်းဆုံးပင်ဖြစ်ပေလိမ့်မည်။



မေးခွန်း(၁၀)

မင်းကြီးများကိုလုပ်ကြံရာမှ ပြန်လာသောအာဗြဟံကို ခရီးဦးကြိုပြု၍ ကောင်းကြီးပေးပြီးလျှင်၊ အာဗြဟံ လှူသောလက်ရဥစ္စာရှိသမျှကို ဆယ်ဘို့တဘို့ခံယူသော ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့်ဆုံးသောဘုရား သခင်၏ ယဇ်ပုရောဟိတ်မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့်တရားမင်း၊ ထိုမှတပါး၊ ငြိမ်သက်ခြင်းမင်းဟု ဆိုလိုသောရှာလင်မင်းဖြစ်လျက်၊ အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက်အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့်တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။ အမျိုး၏ အဘအာဗြဟံသည်၊ လက်ရဥစ္စာ များကို ဆယ်ဘို့တဘို့လှူ၍ အလှူခံသော ထိုမင်းသည် အဘယ်မျှလောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။ (ဟေဗြဲသြဝါဒစာ ၇:၁-၄)


  • ယာဇ်ပုရောဟိတ် မေလခိဇေဒက်ဆိုတာ မိဘလည်းမရှိ ရှေးမျိုးလည်းမရှိ အသက်အပိုင်းအခြားလည်းမရှိ၊ ဘုရားသခင်ရဲ့သားတော်ဆိုတော့ ယေရှုနဲ့တစ်တန်းတည်းထားပြီး ကိုးကွယ်သင့်ပါတယ်။ အဲဒါခရစ်ရှန်များ ဘာလို့မကိုးကွယ်ကြတာပါလဲ?


  • အခုမေးခွန်းတွေကတော့ အလွယ်ဆုံးဖြစ်မယ်လို့ထင်ရတဲ့ ဆယ်ခွန်းကိုမေးထားတာဖြစ်ပါတယ်။ အထက်ပါဘလော့ဂါဖြေဖို့အတွက်ပါ။ ရှောင်ပြေးနေမယ် ဒါမှမဟုတ် ဝေ့လည်ကြောင်ပတ်ဖြေနေမယ်ဆိုရင်ဖြင့် လက်ရှိဘလော့ကနေ ခရစ်ရှန်ဆန့်ကျင်ရေးဘလော့အဖြစ် ပြောင်းသွားမှာဖြစ်ကြောင်း ပြင်းပြင်းထန်ထန်သတိပေးအပ်ပါတယ်။


အဖြေ။ မေလခိဇေဒက်အား A type of Christ ဟူ၍သာ သမ္မာကျမ်းစာတွင် ဆိုထားပါသည်။ ခရစ်တော်ဟု မဆိုထားပါ။ထို့ကြောင့် ကိုးကွယ်ရန်လည်း မလိုအပ်ပါ။ ဘုရားမှ တပါး ကိုးကွယ်ရာ မရှိဆိုသော စကားကို ကျွန်ုပ်တို့ လက်တွေ့ကျင့်သုံးသောကြောင့် ခရစ်တော်နည်းတူ မကိုးကွယ်ခြင်းပင်ဖြစ်ပေသည်။ ဆိုပါစို့ ယနေ့ သင်၏ အမေ၊ အဖေနှင့် သဏ္ဌာန်တူသောသူကို တွေ့သည်ဆိုပါစို့ ထိုသူကို အဖေခေါ်မည်လား၊ တဖန် အဆွေ၏ အမေ (သို့) နှစ်မသည် ကျွန်ုပ်ဇနီးနှင့်တူနေသောကြောင့် အတူနေထိုင်ခြင်းကို ပြုသောကျွန်ုပ်သည် ဘုရား၊ တရား၊ လူမှုရေး၊ စသော အရာများအရ သင့်တော်မည်လော။

အခြားသော အမှာစကားများကို ပြောကြားလိုသည်မှာကား ခွေးသည် ခဲကိုသာဟောင်၍၊ ခြင်္သေ့သည် လာရာလမ်းကိုရှာ၍ ဖြေရှင်းသည်ဟု နားလည်ရပါသော်လည်း အဆွေတို့သည်ကား မြန်မာပြည်၏ ဆိုဒ်ဘိုးအေ ဖြစ်သော ပလန်းနက် ( အဖွဲ့ဝင် များအပါအ၀င်) သည် ဘာသာရေးကိုသာ သွင်သွင် တိုက်ခိုက်ရေးသားနေခဲ့သည်မှာ မှောင်ခိုတရားဝင်အားဖြင့် ယနေ့တိုင်အောင်ပင် ရှိနေသည်ကို မြင်တတ်နိုင်ကြပါစေ။ ယဉ်ကျေးမှု ဦးစီးဌာနရဲ့ ခွင့်ပြုချက်အောက်မှာဖွင့်ထားသည် ဆိုသော ပလန်းနက်သည် အမှန်တကယ် ယဉ်ကျေးသည် မယဉ်ကျေးသည်ကိုတော့ဖြင့် ကမ္ဘာက မြန်မာစာမတတ်လို့ မသိပေမဲ့ မြန်မာ ပြည်သားအချင်းချင်းကတော့ သေသေချာချာ သိကြပါတယ်။


 ပြည်ကြီးသားများ အနေဖြင့် အဖြေမှန်သည် မှားသည်ကို ကောင်းစွာ ပိုင်းခြားတတ်နိုင်ကြပါစေ ( ဦးစွာ အစွဲအလမ်းကိုသာ ဖြုတ်လိုက်ပါ )

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS