RSS
ကံတရားအကြောင်းအဆက်။
ကံတရားအကြောင်းအဆက်။
       ကံတရားသည် ဗုဒ္ဓဘာသာ အယူ၌၊ မူလ အရင်းဖြစ်ကြောင်း ကံကိုသာ ယုံကြည်ကိုးစားရမည် အကြောင်းကို အထက်က ပြခဲ့ပြီးသည့်အတိုင်း။ ၄င်းကံကို ဖြစ်စေသော တရားကိုကား။ အကုသလကမ္မပထ တရားဆယ်ပါး။ အကုသိုလ်ကို ဖြစ်မြောက်စေသော တရားဟူလို။ ကုသလကမ္မပထ တရား ဆယ်ပါး။ ကုသိုလ်ကို ထမြောက်စေသော တရားဟူလို။ ထိုတရားနှစ်ပါးတို့သည်၊ လွယ်၍၊ လူတိုင်း သိသင့် သိထိုက်သော်လည်း၊ မသိသော သူများလည်း ရှိလိမ့်ဦးမည်ဖြစ်၍၊ မသိသောသူများအဘို့ ရေတွက်၍ ပြလိုက်ပါဦးမည်။
       က။ အကုသိုလ်ကံဆယ်ပါး။
              ၁။ ပါဏာတိပါတ - သူ့အသက်ကိုသတ်ခြင်း။
              ၂။ အဒိန္နာဒါန - သူ့ဥစ္စာကိုခိုးခြင်း။
              ၃။ ကာမေသုမိစ္ဆာစာရ - သူ့မယားကိုပြစ်မှားခြင်း။
              ၄။ မုသာဝါဒ - မမှန်သည်ကို အမှန်ပြောခြင်း။
              ၅။ ပိသုဏဝါစာ - ချောပစ်သောစကား။( ကုံးတိုက်သောစကား)။
              ၆။ ဖရုသဝါစာ - ကြမ်းကြုတ်ယုတ်မာသော စကာကိုဆိုခြင်း။
              ၇။ သပ္ဇပ္ပလာပဝါစာ - ကျေးဇူးမဲ့သောစကားကို ဆိုခြင်း။
              ၈။ အဘိဇ္ဈာ - သူ့စည်းစိမ်ကို ရှေ့ရှုသော အားဖြင့် ကြံတတ်သော လောဘ။
              ၉။ ဗျာပါဒ - စီးပွား ချမ်းသာကို ဖျက်ဆီးလိုသော ဒေါသ။
              ၁၀။ မိစ္ဆာဒိဌိ - ဖေါက်ပြန်သော အားဖြင့် အယူမှားသော မောဟ။
       ဤတရားသုံးပါးတို့သည်၊ စိတ်အားဖြင့်သာ ပြစ်မှားသောကြောင့် မနောကံမည်၏။
မှတ်ရန်။ ။ ၄င်းဆယ်ပါးတို့တွင် နောက်ဆုံးဖြစ်သော မိစ္ဆာဒိဌိ ကံသည်၊ အကြီးလေးဆုံးဖြစ်၍၊ ရှောင်ကြဉ်အပ်၊ ကြောက်အပ်သော ကံကြီးဖြစ်သည်။ ၄င်းကံမှာ၊ ကမ္ဘာသစ်ငတ်၊ စုန်းစုန်းမြုပ်သည်၊ ဆိုသဖြင့် မိစ္ဆာမဖြစ်ရန် များစွာ သတိထားရမည်။ ပိဋကတ်၌ ၄င်းမိစ္ဆာဒိဌိ ကံမှာ၊ သက္ကာယ ၂၀ ပင်ဖြစ်ကြောင်းကို ဘော်ပြသည်။ သက္ကာယ ဆိုသော် ခန္ဓာငါးပါးတွင်၊ တပါးပါး၌၊ လေးပါး လေးပါးပြား၍ ငါစွဲလန်းခြင်းပင် ဖြစ်၏။
       တနည်းကား၊ ၄င်းမိစ္ဆာဒိဌိသည်၊ ငါ၏ကံ၊ ငါ၏ဥာဏ်၊ ငါ၏ကိုသိုလ်ဟု စွဲလန်းခြင်းပင်ဖြစ်သည်၊ ဘုရားရှင်နှင့် ကင်းကွာကင်းလွတ်၍၊ ဘုရားကျေးဇူးမဲ့သောကြောင့်၊ အကြီဆုံးသော မိစ္ဆာဒိဌိပင်ဖြစ်သည်။ ။ ဗုဒ္ဓဿအဝဏ္ဏံဘာသတိ။ ဗုဒ္ဓဿ၊မြတ်စွာဘုရားသခင်၏၊အဝဏ္ဏံ၊ ကျေးဇူးမဲ့သော စကားကို။ဘာသတိ၊ ပြောဆို၏။ တဖန် ထိုမြတ်စွာဘုရားရှင်၏ တရားတော်အားလည်း၊ ဓမ္မဿ၊ တရားတော်မြတ်အား။ အဝဏ္ဏံ၊ ကျေးဇူးမဲ့စကားကို။ ဘာသတိ၊ ပြောဆို၏။"ဘုရားကျေးဇူး၊ အထူးသိက၊ ကျွတ်တန်းရ"
"ကျေးဇူးနက်နက်၊ အချက်ချက်ကြောင့်၊ ရွှေလက်ထုတ်ဘော်၊ ဧဟိခေါ်" ဟု ရှင်မဟာသီလဝံသမထေရ် စပ်တော်မူလေသဖြင့်၊ မိမိတို့၏ဥာဏ်၊ ကံကို အားမကိုးဘဲ ၊ ဘုရားသခင်၏ဥာဏ်တော်၊ ဘုရားသခင်၏ ကုသိုလ်တော်ကို အမှီပြုကြပါကုန်လေ။
       ခ။ ကုသိုလ်ကံဆယ်ပါး။
              ၁။ ဒါန - အလှူပေးခြင်း။
              ၂။ သီလ - ငါးပါး၊ ဆယ်ပါး စသည်ဖြင့် စောင့်ရှောက်ခြင်း။
              ၃။ ဘာဝနာ - ကမ္မဌာန်းစီးဖြန်ခြင်း။
              ၄။ ပစာယန - အရွယ်ကြီးသူ၊ ဂုဏ်ကြီးသူကို ရိုသေခြင်း။
              ၅။ ဝေယာဝစ္စ - အသက်ကြီးသူ၊ ဂုဏ်ကြီးသူတို့၏ အမှုကိုဆောင်ရွက်ခြင်း။
              ၆။ ပတ္တိဒါန - မိမိကောင်းမှုကို သူတပါးတို့အား ပေးဝေခြင်း။
              ၇။ ပတ္တနုမောဒနာ - သူတပါးအလှူကို ဝမ်းမြောက်ခြင်း။
              ၈။  ဓမ္မသဝန - တရားကိုနာခြင်း။
              ၉။ ဓမ္မဒေသနာ - တရားကိုဟောခြင်း။
              ၁၀။ ဒိဌိဇုကမ္မ - အယူကိုဖြောင့်မတ်စွာယူခြင်း။
       မှတ်ရန်။ ။ ဤကိုသိုလ်ကံ ဆယ်ပါးတို့တွင်၊ နံပါတ် ( ၁၀ ) ၌ပါသော ဒိဌိဇုကမ္မ ဟူသည်ကား၊ သမ္မာဒိဌိပင်ဖြစ်သည်။ သမ္မာဒိဌိ နှစ်ပါးရှိရာ၊ မဂ္ဂင်တရား ရှစ်ပါး၌ ( ၁ ) နံပါတ် သမ္မာဒိဌိဟူ၍ တပါးပါရှိလေ၏။ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်မြင်မှသာ၊ ဖြောင့်မတ်သော အယူဖြစ်ချေမည်။ ဥပမာဆိုရပါက စိတ်ထားတတ်ကမြတ်သည် ဆိုသော စကားအတိုင်း၊ ဘူးသီးကို ဖရဲသီးထင်မှတ်၍၊ စိတ်ထဲက ဖရဲသီးပါဘဲဟု အောက်မေ့လျှက်၊ အစိမ်းခွဲ၍စားက၊ ချိုလိမ့်မည်မဟုတ်၊ စိတ်ထားတတ်သည် မမည်။ ဘူးသီးကို၊ ဘူးသီးဟု စိတ်ထားတတ်မှ၊ သင့်ရာချက်ပြုတ် ကြော်လှော်စားက၊ အရာသာရှိလိမ့်မည်။ ထိုနည်းတူ၊ တရားသဘော၌ မှန်ရာကို မှန်ရာအဖြစ်ယူမှသာ သမ္မဒိဌိဖြစ်လိမ့်မည်။ အကုသိုလ်ကံဆယ်ပါး မှတ်ချက်၌ ပြခဲ့သည့်အတိုင်း ခန္ဓာငါးပါးကို၊ ငါဟုမစွဲ၊ ငါ့ကံ၊ ငါ့ဥာဏ်၊ ငါ့ကုသိုလ်ဟု မစွဲမယူရသည်သာမက၊ အတုလံ၊ အတုမရှိသော။ အစိန္တေယျ၊ အနုတ္တရ၊ သေဌ၊ ဇေဌ၊ဖြစ်တော်မူသော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးနှင့်၊ လူနတ်ဗြဟ္မာ သုံးဆယ့်တဘုံအတွင်း ဓမ္မတာ တရားအောက်၌ ရှိလေသမျသော၊ ရူပအရာ၊ အရူပအရာ ရှိရှိသမျ ပုဂ္ဂိုလ်၊ အရာဝတ္ထုတို့ကို၊ ဘုရားဟုစွဲလန်းခြင်းသည် သမ္မာဒိဌိမှန်ကန်မြင့်မြတ်သော အယူမဖြစ်နိုင်ချေ။ မိစ္ဆာဒိဌိသို့သာ သက်ရောက်လေတော့သည်။
       တနည်း။ ။ သစ္စာလေးပါးကို၊ သိသောဥာဏ်ပင် သမ္မာဒိဌိဖြစ်သည်။ သို့သော် သစ္စာလေးပါးကိုသိ၍၊ စတုသစ္စဓမ္မတို့ကို၊ ထင်ထင်မြင်တတ် သိတတ်သော သူကို ကလျာဏာ ပုထုဇဉ်ဟူ၍ ခေါ်သည်။
       တနည်း။ ။ ဝိပဿနာ သမ္မာဒိဌိ ဟူသော သူတော်ကောင်းတရား ဥစ္စာခုနှစ်ပါးတို့တွင်၊ ပညာဟူသော သူတော်ကောင်းတရား တပါးကို အမှန်ရမှ၊ ထူးမြတ်သော သမ္မာဒိဌိဖြစ်နိုင်မည်။ ထို့ကြောင့် မှန်သော ပညာကို အလိုရှိပါသည်၊ မှန်သောပညာရှိသောသူသာ၊ မှန်ကန်စွာ ပိုင်းခြား၍ မှန်သောတရားအရှင် မှန်သော ဘုရားမြတ်အရှင်ကို သိနိုင်ပါလိမ့်မည်။
ခရစ်ယာန်။ ။ သင်၏ ကုသိုလ်နှင့် သင်ပြုသော အမှုကို ငါဘော်ပြမည်။ ထိုသို့သော အမှုသည် အကျိုးကို မပေးနိုင်( ဟေရှာယ ၅၇း၁၂-၁၃) ။ကုသိုလ်ကားကောင်းသော်လည်း ဘုရားမပါသောကြောင့်။  အကျွန်ုပ်တို့ရှိသမျသည် စင်ကြယ်ခြင်းမရှိ၊ ပြုဘူးသမျသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့်တူကြပါ၏ ။ အကုသလံ ကုသလံ ( ဟေရှာယ ၆၄း၎)။
       ကျွန်ုပ်တို့သည် ကိုယ့်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုသာ အမှီပြု၍၊ ပဌနာစကားကို ရှေ့တော်၌ ဆက်ကပ်ပါ။ ( ဒံယေလ ၉း၁၀)။ အထက်ကျမ်းချက်များအတိုင်း ခရစ်ယာန်တို့သည် ကုသလ တရားတို့ကို အားမကိုးချေ။ သို့သော် အားမကိုးသော်လည်း ခရစ်ယာန်တိုင်း၌၊ စိုက်သည့်အတိုင်း ရိက်ရမည်ဆိုသည့်အတိုင်း  ဤလောကတွင် ကိုယ်ကျင့်တရား သီလများရှိပါသည်။ ထိုသီလ အကျင့်တရားလမ်းစဉ်တို့အားလုံကိုကား ဘုရားသခင်ကို ယုံကြည်ခြင်းတည်းဟူသော သဒ္ဒါစေတသိက် တလုံးအားဖြင့်၊ အကုန်ပြည့်စုံလေသည်။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
ကံတရားအကြောင်း။
ကံတရားအကြောင်း။
       ဗုဒ္ဓသာသနာ၏ မူလ တရားအရင်းမှာကား၊ ကံ၊ ကံ၏ အကျိုးကိုသာ ယုံကြည်ခြင်းဖြစ်လေသည်။ ကျမ်းစကားမှာ။
ဂဗ္ဘမေကေဥပ္ပဇ္ဇန္တိ၊ နိရိယံပါပကမ္မိနော၊ သဂ္ဂံသုဂတိနောယန္တိ၊ ပရိနိဗ္ဗာန္တိအနာသဝေါ။ ။ဓမ္မပဒပါဠိတော်။ ။ အနက်ကား။ ဧက၊ အချို့သောသူတို့သည်။ ဂဗ္ဘံ၊ အမိဝမ်းတွင်း၌။ ဥပ္ပဇ္ဇံတိ၊ ဖြစ်ကုန်၏။ ပါပကမ္မိနော၊ မကောင်းမှုရှိသော သူတို့သည်။ နိရိယံ၊ ငရဲ၌။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ သုဂတိနော၊ ကောင်းသောပညာရှိတို့သည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ယန္တိ၊ ရောက်ကုန်၏။ အနာသဝေါ၊ အာသဝေါ ကင်းသော ပုဂ္ဂိုလ်တို့သည်။ ပရိနိဗ္ဗာန္တိ၊ ပရိနိဗ္ဗာန် စံတော်မူကုန်၏။
          ဤဒေသနာတော်ကား။ ကံတရားသာလျှင် လူတို့၏ ကောင်းဆိုး ယုတ်မြတ်တို့ကို ဖြစ်စေကြောင်းဖေါ်ပြ၏။ ၄င်းပါဠိတော်နှင့် လျှော်ညီစွာ၊ သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်၊ ဥပရိပဏ္ဏာသပါဠိတော် အစရှိသည်တို့၌ ကံတရားကို ညွတ်ကြားဟောပြော အပ်သော ကမ္မသကာ ဒေသနာတော် လာရှိသည့်အတိုင်း၊ မကောင်းသော အကုသိုလ် ဒုစရိုက်ကိုပြုလျှင်၊ မကောင်းသော အကုသိုလ်ကံဖြစ်သည်။ ထိုအကုသိုလ်ကံသည် အပါယ်လေးပါးကို ချ၍၊ ဆင်းရဲကို ဖြစ်စေတတ်သည်။ ကောင်းသော ကုသိုလ်သုစရိုက်ကိုပြုလျှင်၊ ကောင်းသော ကုသိုလ်ကံဖြစ်သည်။ ထိုကုသိုလ်ကံသည် ကောင်းသော သုဂတိဘုံ ဘဝသို့ပို့၍ ချမ်းသားသုခကို ဖြစ်စေတတ်၏။ သတ္တဝါတို့ လောက၌၊ အယုတ်အမြတ်၊ အထူးထူး အထွေထွေ ဖြစ်ပေါ်လာရခြင်းသည်၊ ကံသာ ပြုပြင် စီရင်ဖန်ဆင်းရာ ဖြစ်သည်ဟု၊ သုဘလုင်အား ၊ဥပရိပဏ္ဏာသပါဠိတော် စူဠကမ္မဝိဘင်္ဂသုတ်၌ အောက်ပါစကားအတိုင်း ဟောတော်မူ၏။ ဟောနည်းကား၊ ရှေ့ဘဝက သူ့အသက်ကို သတ်မိ၍၊ ယခုဘဝ၌ အသက်တိုရခြင်း။ သူ့အသက်ကို မသတ်ဘဲ ရှောင်ကြဉ်ခဲ့၍၊  အသက်ရှည်ရခြင်း။ သူတပါးကို မသနား မညှာတာ ရိုက်ခတ်ညှဉ်းဆဲခဲ့ဘူးသောကြောင့်၊ အနာရောဂါများရခြင်း။ နောက်ဘဝက သူတပါးတို့အား သနားညှာတာ မေတ္တာသက်ဝင် ချစ်ခင်သနားခြင်း ကရုဏာကံတို့ကြောင့်၊ အနာရောဂါ ကင်းရှင်းရခြင်း။ လူအချို့တို့သည် နောက်ဘဝက ဒေါသအမျက်ထွက်၍ စိတ်ဆိုးလေ့ရှိလေ၏။ သည့်ခံလေ့မရှိ၊ ထို့ကြောင့် အဆင်းသဏ္ဌာန် အရုပ်ဆိုးကုန်၏။  အမျက်မရှိ ဒေါသကင်းမဲ့ သည်းခံတတ်ကုန်၏၊ ထိုသူတို့သည် အဆင်းသဏ္ဌာန် လှကုန်၏။ သူတပါးတို့၏ ပူဇော်သက္ကာရ လာဘ်လာဘတို့ကို ငြူစူ စောင်းမြောင်း မကောင်းသော ဣဿာပြုလေ့ရှိကုန်၏။ ထို့ကြောင့် ယခုဘဝတွင် ဘုန်းစည်းစိမ်နည်း၍၊ လူတချို့တို့က ထိုကိစ္စတို့တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်၏၊ ထိုအကျိုးဆက်ကြော့်ပင် နတ်ပြည်၌ဖြစ်ကြ၏။ ထိုနည်းတူ ဥစ္စာနည်းခြင်း၊ များခြင်း၊ အမျိုးမြတ်ခြင်း၊ ယုတ်ခြင်း၊ ပညာရှိခြင်း၊ မရှိခြင်းဟူသမျတို့သည် မိမိတို့ကံကြောင့်သာ ဖြစ်ရကုန်၏။ ကံသည် အထူးထူးအပြားပြားဖြစ်ကုန်၏၊ ကံသာ ပြုပြင်ဖန်ဆင်းကုန်သည်ဟု သုဘ အမည်ရှိသော ပုဏ္ဏားလုလင်ကို ဟောတော်မူ၏။
မှတ်ရန်။ ။ ( ၁ )
        အထက်ဖေါ်ပြသော ကမ္မသကာ တရားသည်၊ ယခုပစ္စက္ခ မျက်မြင်နှင့် ဆုံးဖြတ်သော တရားဖြစ်၏။ ယခု လူ့အသက်ကို သောသူများမှာ၊ ချက်ခြင်း လတ်လတ် လောလောကြိုးပေးခံရ၏။ သို့ဖြစ်လျှင် အသက်သတ်၍ အသက်တိုသည်မည်၏။
       အတိတ်ဘဝ၊ တကြိမ်တခါမှ သတ္တဝါမဖြစ်သေးသော၊ လက်မွတ်မဆွ၊ တစ်နံပါတ် သတ္တဝါမှာ၊ မည်သည့်ကံကြောင့် ဖြစ်လာသနည်း။ အကုသိုလ်၊ ကိုသိုလ်လည်း မပြုရသေး၊ လောက၌ သတ္တဝါဟူ၍ တခါမှ မဖြစ်ရသေးသဖြင့်၊ မည်သို့သော ကံက စီမံပါသနည်း။
       တဖန်၊ ကံဟူသော စကားသည်၊ ကမ္မ၊ ပုဒ်ကလာသော စကားဖြစ်၏။ ကမ္မံ ကရောတီတိ ကံ။ ။ကမ္မံ၊ အမှုကို။ ကရောတိ၊ ပြု၏။ဣတိတသ္မာ၊ ထို့ကြောင့်။ ကမ္မံ၊ ကံမည်၏။ ။ အဓိပ္ပါယ်ကား။ ကိုယ်ပြုသော အမှုကိုပင် ကိုယ်ကံမည်၏။ ထိုသို့ ကိုယ်ကာယပြု၍၊ ကံကိုဖြစ်စေသော ဥပဒေသ တရားကား၊ ကုသလကမ္မပထတရား ဆယ်ပါး၊ အကုသလကမ္မပထတရားဆယ်ပါး၊ ၄င်းတို့ပြုလုပ်၊ ကျူးလွန်မှသာ၊ ကံမြောက်လေသည်။ ဆင်ခြင်ရန်မှာကား၊ အိန္ဒိယ ရာဇသတ် ဥပဒေစာအုပ်၌ ပုဒ်မများစွာ ရှိ၏။ သို့သော် တစုံတယောက်သောသူသည် မကျူးလွန်သမျှ။ ထိုဥပဒေက အပြစ်ပေးမည်မဟုတ်။ အကယ်၍ ပုဒ်မ တခုတည်းဟူသော လု့အသက်သတ်ခြင်းကို ကျူးလွန်ခဲ့သော်၊ ထိုသူ၌ လူသတ်သော ပါဏာတိပါတကံဖြစ်၏။ သို့သော်လည်း ၄င်းအိန္ဒိယ ရာဇသတ်ကြီးက၊ ထိုသူကို ကြိုးပေးလိမ့်မည်မဟုတ်။ ၄င်းရာဇသတ်၏ အရှင် ဘုရင်မင်းမြတ်ကသာ၊ ၄င်းသူအမှုနှင့် လျှော်စွာ တရားစီရင်၍ အကျိုးနှင့် အပြစ်ကို ဆပ်ပေးတော် မူလိမ့်မည် မဟုတ်ပါလော။ ထို့ကြောင့် အိုးကုန်းစာ၌၊ အကုသိုလ်ပိုင်၊ ကုသိုလ်ပိုင်၊ ပေးနိုင်သောဘုရား မရှိလားဟု မေးခွန်းထုတ်လေသည်။
မှတ်ရန်။ ။ ( ၂ )
မှတ်ရန်။ ။ ( ၃ )
       တနည်း။ မိလိန္ဒမင်းကြီးက၊ ရှင်နာဂသိန်အား၊ အရှင်ဘုရား အဘယ်တရားသည် ကံကြောင့်ဖြစ်ပါသနည်းဟု မေးလျှောက်ရာ၊ စိတ်၊ ဝိညာဉ် ရှိကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့သည် ကံကြောင့်ဖြစ်ကုန်၏ဟု ဖြေ၏။ ။ မှန်ပေ၏၊ စိတ်ရှိမှသာ ကောင်းဆိုး ယုတ်မြတ် ပြုနိုင်၏။ စိတ်မရှိခင် မပြုနိုင်။ သို့အတွက် ကံတရားသည် စိတ်ဝိညာဉ်ရှိပြီးသော လူသတ္တဝါတို့ကို မှီ၍ ဖြစ်သောတရားဖြစ်ပေ၏။ မိလိန္ဒပညှာ၊ ဟံသာဝတီတိုက်ထုတ်၊ စာမျက်နှာ ၄၄၃ တွင်ကြည့်ပါလေ။
မှတ်ရန်။ ။ ( ၄ )
              တနည်း၊ ဧက၊ ကရဏ ဒိဌိ။ သဗ္ဗပုပ္ပကတ ဟေတုက ဒိဌိ ဖြစ်မည်။
       ဣဓဧကစ္စေသမဏောဝါ၊ ဗြဟ္မဏောဝါ၊ ဧဝံဝါဒီဟောတိ ဧဝံဒိဌိ။ ယံ ကိစ္စာ ယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ၊ သုခံဝါ၊ ဒုက္ခံဝါ၊ အဒုက္ခ မသုခံဝါ။ သဗ္ဗန္တံပုပ္ပေကတ ဟေတုကဒိဌိ။ ပဏ္ဏာသပါဠိတော်။ ။အဘိဓမ္မာ ဝိဘင်းပါဠိတော်။
       ဣဓလောကေ၊ ဤ လောက၌၊ ဧကစ္စော၊ အချို့သော။ သာမဏဝါ၊ ရဟန်းတို့သည်၎င်း။ ဗြဟ္မစေဏာဝါ၊ ပုဏ္ဏာတို့သည်၎င်း။ ဧဝံဝါဒီ၊ ဤသို့ဆိုလေရှိသည်။ ဧဝံဒိဌိ၊ ဤသို့မှားသော အယူရှိသည်။ ဟောတိ၊ဖြစ်၏။ ယထာ၊ ထိုယူပုံကား။ ပူရိသပုဂ္ဂလော၊ ပုရိသပုဂ္ဂလဟု ဆိုရသော။ အယံ၊ ဤသတ္တဝါ ကောင်သည်။ သုခံဝါ၊ သုခလည်းဖြစ်သော။ဒုက္ခဝါ၊ ဒုက္ခလည်းဖြစ်သော။ ယံကိဉ္စိ၊ အလုံးစုံသော ဝေဒနာမျိုးတို့ကို။ ပဋိသံဝေတိ၊ ခံစားရ၏။ သဗ္ဗံ၊ အလုံးစုံသော ဝေဒနာမျိုးတို့ကို၊ ပုဗ္ဗကတဟေတု၊ ရှေး၌ပြုဘူးသော ကံကြောင့်သာလျှင်။ ပဋိသံဝေဒေတိ၊ ခံစားရ၏။ဣတိ၊ ဤသို့။ ဝါဒီ၊ ဆိုလေ့ရှိသည်။ ဒိဌိ၊ မှားသော အယူရှိသည်။ ဟောတိ၊ဖြစ်၏။
မှတ်ရန်။ ။ ( ၅ ) ဧက ကရဏဒိဌိဖြစ်ပုံ။
              အပ္ပံကမ္မဝါပါကံ၊ ဗဟုတရံအဝသေသံ၊ တတ္တဗာလံ သမ္မံကမ္မဝါပါကံ ယေဝါတိ၊ အတိဓါဝန္တိ။ ။မိလိန္ဒပညှာပါဠိတော်။ ။ ဤအကြောင်းကို၊ ဟံသာဝတီတိုက်မှ ၁၉၀၂ ခုနှစ်မှထုတ်ဝေသည်၊ စာမျက်နှာ ၁၀၇-၁၂၇တို့တွင်ကြည့်နိုင်လေသည်။
       ကမ္မဝိပါကံ၊ ကံ၏အကျိုးသည်။ အပ္ပံ၊ အနည်းငယ်သာတည်း။ အဝသေသံ၊ြွကင်းသော ကံတပါးသော မလိမ္မာခြင်း အကြောင်းကြောင့်ဖြစ်သော၊ သုခ၊ ဒုက္ခ အမျိုးမျိုးကို၎င်း၊ ကောင်းကျိုး မကောင်းကျိုးကိုတို့သည်။ ဗဟုတရံ၊ အလွန်များ၏။ တတ္တ၊ ထိုသို့ဖြစ်ရာ။ ဗာလာ၊ လူပြိန်းတို့သည်။ သဗ္ဗံ၊ အလုံးစုံ ကောင်းကျိုး မကောင်းကျိုးဝေဒနာမျိုးတို့သည်။ ကမ္မဝိပါကံယေဝ၊ ကံ၏ အကျိုးတို့သာတည်း။ ဣတိ၊ ဤသို့။ အတိဓါဝန္တ၊ အမှန်သဘော ဘုရားဟောကို လွန်၍ပြောကုန်၏။ ။ မှန်ပေ၏၊ အနာရောဂါ ရှစ်မျိုးပြရာ၊ ကံကြောင့်တပါးသာပါ၏။ အသက်ရှင်ခြင်း အကြောင်းတရားလေးပါးပြရာ၊ ကံကြောင့် တပါးသာပါ၏။ ။ပဌာန်း ပါဠိတော်၌ အကြောင်းတရား ၂၄ ပစ္စည်းပြရာ၊ ကမ္မပစ္စည်း တပါးသာပါ၏။
       ထို့ကြောင့်၊ ဝိသုဒ္ဓိမဂ် အဌကထာ၌ အနေကေဟိပနကာရေနေဟိ အနေကမေဝဟောတိ။ ။ပပ၊ စင်စစ်သော်ကား။ အနေကေဟိ၊ များစွာသောအကြောင်းတို့ကြောင့်။ အနေကမေဝ၊ အကျိုးများသည်သာလျှင်။ ဟောတိ၊ဖြစ်၏။ ။လူမတန် ကံချ ဟူသကဲ့သို့၊ ကံကိုသာ ရိုးမနေနှင့် သို့မဟုတ်ပါက မျက်မှောက် ဘုရားတရားကို ရှိဖွေဆည်းကပ်ရန် အခွင့်ထူးကို ရရှိထားသော်လည်း ဘုရားနှင့်လွဲ၍ ဘဝနောင်ရေးလည်းမွဲကာ ဧကကရဏဒိဌိ အဖြစ်သို့ရောက်ကုန်ပေလိမ့်မည်ဖြစ်ကြောင်း မေတ္တရှေ့ထား ရေးသားဖေါ်ပြလိုက်ရပေသည်။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
တရားတော်အကြောင်း။
တရားတော်အကြောင်း။
       ပိဋကတ်ကျမ်း၌၊ ဗုဒ္ဓအရင် နိယာမတရားရှိနှင့်ကြောင်း။ ထိုနိယာမတရားကို၊ ဗုဒ္ဓမြတ်စွာက၊ သဗ္ဗညုတ ညာဏ်အားဖြင့် ထုတ်ဖေါ်ဟောကြားတော်မူကြောင်း။ မြတ်စွာဘုရားသခင် ဟောကြားတော်မမူမီ၊ တစုံတယောက်သော သူမျှ၊ ထိုနိယာမတရားကို၊ ထင်ရှား မသိနိုင်ချေ။ ထို့ကြောင့် ပဉ္စနိယာမော ဗုဒ္ဓင်္ဂလော၊ ဗုဒ္ဓေါတိဝါစနတောဟု၊ အဌကထာ ဆရာမြတ်တို့ မိန့်ဆိုတော်မူလေသည်။ လယ်တီဆရာတော်ကြီးသည် ရေးသား၍၊ ဥရောပတိုက်သို့ ပို့သော "ဥရောပ ဗုဒ္ဓဘာသာ အလင်းပြကျမ်း" ဟုခေါ်ဝေါ်သော၊ နိုင်ငံခြားသို့ ဗုဒ္ဓဘာသာ ထွန်းလင်းထိန်လင်းပါစေဟု ရေးလွတ်လိုက်သော ထိုကျမ်း၏ အစ ပဌမပိုင်း၌ပင် ထိုနိယာမ တရားကို အစပြု၍၊ အခြေခံတည်ပြီးလျှင် ရေးသားထားလေသည်။ ထို့ကြောင့် တရားတော် အကြောင်းပြရာ ဤအခဏ်းတွင်လည်း နိယာမ တရားကပင် စ၍ပြဆိုပေအံ့။
နိယာမတရား ငါးပါး အကြောင်း။
၁။ ဥတုနိယာမ။
       ဥဒေတိပသဝတီတိဥတု။ ။ဥဒေတိပသဝတီတိ၊ ပွားစီးတတ်၏။ ဣတိတသ္မာ၊ ထိုသို့သောအကျိုးစီးပွားကြောင့်။ ဥတု၊ ဥတုမည်၏။ ထိုဥတုသည်၊ ဗီဇံ၊ မျိုးတို့ကို၊ သို့မဟုတ် ဖြစ်ပြီးသော ရုပ်တုတို့ကို ပွားစီးစေ၍ မဖြစ်သေးသော ရုပ်တို့ကိုဖြစ်စေ၏။ ထို့ကြောင့် ဥတုမည်၏။ ထိုသို့ပွားစီးကြောင်းဖြစ်သော ဥတုကား၊ နှစ်ပါးရှိ၏။
              က။  သီတာဥတု... အအေး။
              ခ။ ဥဏှဥတု...အပူ၊ အပူ၊ အအေး နှစ်ပါးတို့ကြောင့် ပွားစီးခြင်းဖြစ်ရလေသည်။ တနည်း ဥတုသုံးပါး။
              ဂ။ (၁) ဂိမ္မန္တ... နွေဥတု။ ( ၂) ဝဿန္တ.... မိုးဥတု။ ( ၃) ဟေမန္တ..... ဆောင်းဥတု။ ဥတုသုံးပါးကိုလည်းပြ၏။
ဤဥတုတို့သည်၊ အစဉ်မပြတ်ရှိလေ၏။ ၄င်းဥတုနိယာမ အထူးကား၊ တေဇော တည်းဟူသော မီးဓါတ်ရှိ၏၊ ပဌမ ရှေးဦးဖြစ်သော အခိုက်အတန့်ဖြစ်သည်ဟုလည်းပြ၏။
၂။ ဗီဇနိယာမ။
       ဝိဝိဒေနဇာယန္တိရုက္ခာဒယော ဧတေနာတိဗီဇံ။ ဧတေန၊ ထိုမျိုးစေ့ဖြင့်။ ရုက္ခေဒယော၊ သစ်ပင်နွယ်ပင်စသည်တို့သည်။ ဝိဝိဒေန၊ အထူးထူး အပြားပြား အားဖြင့်။ ဇာယန္တိ၊ ဖြစ်ပွားပေါက်ရောက်တတ်ကုန်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဗီဇံ၊ ဗီဇမည်၏။
       လူတို့အခေါ်အားဖြင့် ဗီဇ ၅ မျိုးကို ပိဋကတ်၌ပြသည်မှာ။
                  ၁။ မူလဗီဇ - အမြစ်ကပေါက်သောမျိုး။
              ၂။ ခန္ဓဗီဇ - ပင်မည်မျိုးစေ့၊ အခက်ပေါက်သောမျိုး။
              ၃။ ဖလုဗီဇ - အဆစ်မျိုးစေ့၊ အဆစ်ကပေါက်သောမျိုး။
              ၄။ အဂ္ဂဗီဇ - အညွန့်မျိုးစေ့၊ အညွန့်ပေါက်သောမျိုးစေ့။
              ၅။ ဗီဇဗီဇ - အစေ့မျိုးစေ့၊ အစေ့ကပေါက်သောမျိုးဟူသမျာတို့တည်း။
                     ဤမူလဗီဇ - အစရှိသောမျိုးတို့မှာ ကမ္ဘာဦးတည်ဦးမှ စ၍၊ အမြစ်ကပေါက်သောမျိုး အမြစ်ကသာ။ အခက်ကပေါက်သောမျိုး အခက်ကသာ အမြဲဖြစ်လေသောကြောင့် နိယာမဟု ခေါ်ရလေသည်။
၃။ ကမ္မနိယာမ။
    ကရောန္တိဇနာဟိတာ ဟိတကိစ္စာနိစ၊ ပုညာပုညကိစ္စာနိစ ဧတေနာတိကမ္မံ။ ဧတေန၊ ဤစေ့စော်မူ စေတနာဖြင့်။ ဇနာ၊ သတ္တဝါများတို့သည်။ ဟိတာဟိတကိစ္စာနိစ၊ အကျိုးရှိသောအမှု၊ အကျိုးမဲ့သောအမှုတို့ကို၎င်း။ ပုညာပုညကိစ္စာနိစ၊ ကောင်းမှု မကောင်းမှုတို့ကို၎င်း။ ကရောန္တိ၊ ပြုတတ်ကုန်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ကမ္မံ၊ ကံမည်၏။ ။စင်စစ်အားဖြင့်၊ အကုသိုလ်ကံ၊ ကုသိုလ်ကံတည်းဟူသော ကောင်းကျိုး မကောင်းကျိုး၊ ကောင်းမှု မကောင်းမှု နှစ်ပါးပါဝင် ကံမည်လေသည်။ နောက်ကံတရား အကြောင်းမှာ အကျယ်ကြည့်ပါလေ။
၎။ စိတ္တနိယာမ။
       စိန္တေတီတိစိတ္တံ။ အာရမ္မဏံ ဝိဇာနာ တီတိအတ္ထော။ ။ စိန္တေတိ၊ ကြံစည်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ စိတ္တံ၊ စိတ်မည်၏။ အာရမ္မဏံ၊ အာရုံအမျိုးမျိုးကို၊ ဝိဇနာတိ၊ သတတ်၏။ ဣတိအယံ၊ ဤအဓိပ္ပါယ်ကား။ အတ္ထော၊ အနက်တည်း။ အာရုံအမျိုးမျိုးကို သိတတ် ကြံတတ်သောကြောင့် စိတ်မည်၏။ အာရုံအမျိုးမျိုးကို ဆန်းကြယ်စွာ ကြံစည်တတ်သော တရားပင် စိတ်မည်၏။ ဤစိတ်သည် အစဉ်ရှိ၍မြဲ၏။ ထို့ကြောင့်လည်း နိယာမဟုခေါ်သည်။ ၄င်းစိတ် အကျဉ်းမှာ။
       အကုသိုလ် စိတ် ၁၂ ခု၊ အဟိတ်စိတ် ၁၈ ခု၊ ပေါင်း ၃၀ သောဤစိတ်တို့သည် ယုတ်နိမ့်သော စိတ်မျိုး၊ မတင့်တယ်သော စိတ်မျိုးဖြစ်၍ အသောဘဏစိတ်ခေါ်၏။ ကာမာဝစရစိတ် ၂၄၊ ရူပစိတ် ၁၅ ၊ အရူပစိတ် ၁၂ ၊ လောကုတ္တရာစိတ် ၈ ၊ ပေါင်း ၅၉ ၊ဤစိတ်တို့သည်၊ မြတ်သောစိတ် နှစ်သက်သောစိတ်ဖြစ်သောကြောင့်၊ သောဘဏစိတ်ခေါ်၏။
၅။ ဓမ္မနိယာမ။
       သဘာဝံ ဓာရေတီတိ ဓမ္မော။ ။သဘာဝံ၊ မိမိသဘောကို၊ ဓါရေတိ၊ ဆောင်တတ်၏။ ဤတိတသ္မာ၊ ထို့ကြောင့်။ ဓမ္မော၊ ဓမ္မမည်၏။ မိမိသဘောကို ဆောင်တတ်သောကြောင့် တရားမည်လေသည်။
       ဓမ္မနိယာမဆိုသော အမြဲတရား ဘယ်သို့မြဲသည့်အကြောင်း။
              ဗုဒ္ဓဝံသပါဠိတော်၌......
                  ၁။ ဗုဒ္ဓတိုင်း ဓမ္မစကြာတရားကို ဟောကြောင်း။
              ၂။ ဗုဒ္ဓတိုင်း နိပါတ် သုတ္တံကိုဟောကြောင်း။
              ၃။ ဗုဒ္ဓတိုင်း ဝိနည်းသိက္ခာကိုဟောကြောင်း။
              ၄။ ဗုဒ္ဓတိုင်း အဘိဓမ္မာကိုဟောကြောင်း တို့ပါရှိလေသောကြောင့်၊ ထိုဘုရားဟု အမည်ခံသော အရာအားလုံးတို့သည် ဤထက်မထူးသဖြင့်၊ ဤတရားသည် မြဲသောတရားပင်ဖြစ်သောကြောင့်၊ နိယာမတရားဟု ခေါ်ဆိုခြင်းပင်ဖြစ်လေသည်။
မှတ်ရန်မျာ။ ။ နိယာမတရား ငါးပါးတို့သည်၊ အစတရား မဟုတ်။ ဖြစ်ပြီးမှသာ စဉ်၍မြဲနေသော တရားစုဖြစ်လေသည်။ နေ၊ လ၊ နှစ်ပါးတို့ကို၊ နေသည်၊ ဥဏှ၊ အပူ။ လသည် သီတ၊ အအေးယူရသောကြောင့်၊  နေ၊ လ မရှိခင် ဥတုမရှိနိုင်။ နေရှိသောအားဖြင့် သာ၊ ဥတုသုံးပါးလည်း ပွားစီး၍ဖြစ်လာရသောကြောင့် ၊ နေ တည်းဟူသော၊ ဥဏှ ဥတု၏ အစသည် မည်သည်က စပါသနည်းဟု ဆင်ခြင်ရန်တချက်။
ဗီဇနိယာမ၌၊ ဗီဇဗီဇ၊ အစေ့မှ ပေါက်သော မျိုးအစဦးက၊ ပိန္နဲ သရက်၊ စပါးကဲ့သို့သော မျိုးများမှာ၊ အစေ့က အရင်ဖြစ်သလော။ အပင်ကအရင်ဖြစ်သလော၊ ယခု ကျွန်ုပ်တို့မြင်သော ပစ္စက္ခဝတ္ထုမှာ၊ အပင်က အသီးသီး၍ အစေ့ဖြစ်လာခြင်း၊ အစေ့က အပင်ပေါက်၊ ထိုသို့ဖြစ်လာ၍ ဖြစ်မြဲဖြစ်လျှက်ရှိသဖြင့်၊ ပဌမ မျိုးစေ့သည် ဘယ်ကရပါသနည်း။ ဥတုတည်းဟူသော တေဇောဓါတ်၌ မရှိဘူး၊ မျိုးစေ့ထဲ၌သာ တေဇောရှိသည် မဟုတ်ပါလောဟု မေးဘွယ်ရှိပါသည်ဆိုသည်က တချက်။
ကမ္မ၊ စိတ္တ၊ ဓမ္မ ဤတရားသုံးပါးတွင်၊ ပုဂ္ဂိုလ် မရှိမီက မဖြစ်နိုင်ရာ၊ ကမ္မ၊ ကံသည်။ ပုဂ္ဂိုလ်၏ အပြုအမူ၊ စိတ္တ၊ စိတ်သည်၊ ပုဂ္ဂိုလ်၏ အကြံအစည်၊ ဓမ္မ၊ တရားသည်၊ အဘိဓါန် အနေကတ္ထဝဂ်၌ ဘော်ပြသည် အတိုင်း။ သဘော၊ ပရိယာယ်၊ပညာ၊ အသင့်၊ သစ္စာ၊ ကြပတေ့၊ ကောင်းမှု၊ သိခြင်း၊ ကျေးဇူး၊ အကျင့်၊ သမာဓိ၊ အလွတ်၊ အာပတ်၊ အကြောင်း၊ သီလစသော ကျေးဇူး သူတော်တရားဟူ၍ ၁၆ အနက်ပြလေသည့်အတိုင်း၊ ပုဂ္ဂိုလ်၏ သဘော၊ ပညာ၊ အစရှိသော အစုပင်ဖြစ်သဖြင့်၊ လူမရှိမီ၊ ၄င်းနိယာမ အစုတို့သည် မရှိဘဲ ၊ လူရှိမှသာ ရှိသော နိယာမ အစုဖြစ်သဖြင့်၊ လူကအရင်ရှိရမည်။ ထိုနည်းတူ၊ အကုသိုလ်ကံ ကုသိုလ်ကံ တို့ကိုလည်းထားသူ အရင်ရှိရမည်၊ အာဏာပိုင်ရှင်ဓမ္မိဿ ၊ ဓမ္မရာဇာ ရှိရမည်မဟုတ်ပါလော။
ဗုဒ္ဓများမရှိခင်က၊ ဥတုရှိနှင့်လေပြီ။ ထိုဥတုနှင့် ဗီဇကိုပင် ဗုဒ္ဓများက ခံစားစံစား၍ သွားခဲ့ရပြီးဖြစ်၍ ငါတို့မရှိမီ ရှိနှင့်သောကြောင့်၊ ဤဥတု ဗီဇတို့သည် နိယာမ ဖြစ်၏။ ငါတို့ကား ဇင်္ဂ မဖြစ်။ ငါတို့မမြဲ၊ ဥတု၊ ဗီဇ၊ ကမ္မ တရားတို့ကသာ မြဲလေသည်ဟု ဟောကြားခဲ့ကြခြင်းပင်ဖြစ်သည်။
တနည်းဆိုရပြန်သော်၊ ဘယ်သူမပြု မိမိမင၊ ငါယခုဖြစ်ရသော ဘဝသည်ပင် ကံ၊ကမ္မ=ပြုလုပ်မှု၊ သို့မဟုတ် စေတနာ (ပြုလုပ်ခြင်းကြောင့်ဖြစ်သည်) အကျိုးဆက်ကြောင့်ပင် ဖြစ်သောကြောင့် ငါကားမမြဲ၊ အနိစ္စ၊  ကံကား နိစ္စနိယာမ ဖြစ်၏။ ထို့ကြောင့် ကမ္မနိယာမဟု ခေါ်ရ၏ဟု ဟောရခြင်းပင် မဟုတ်ပါလော။
ခရစ်ယာန် တရားတော်အကြောင်း။
       တရားသည် ဘုရားမှဖြစ်ကြောင်း။ ဗုဒ္ဓနိယာမက ဆိုနှင့်ပြီးသောကြောင့် ဓမ္မနိယာမ ရှိကြောင်း။ ဗုဒ္ဓနိယာမ ရှိသော ဘုရားကဟောမှ ၊ ဆုံးမမှ တရားဖြစ်ကြောင်းပင်တည်း။ သို့ကြောင့်တရားကို နှုတ်ကပါတ်တော်ဟု ခေါ်ရခြင်းပင်ဖြစ်သည်။ နှုတ်ကပါတ်တော်ဆိုသော စကားလည်း သေချာစွာ အရင်းအမြစ်ကို ကြည့်ပါက။ မုခပါဒပုဒါ မှ လာသောကြောင့်ဝိဂြိုလ်ပြုကြည့်ပါစို့။
              မုခ၊ နှုတ်။ ပါဒ၊ ပုဒ်။ နှုတ်မှထွက်သော ပုဒ်ပိုဒ်စကားများဖြစ်သည်။
       လူသားအားလုံးအတွက် ဘုရားမြတ်ရှင်တော်ပေးတော်မူသော နှုတ်ကပါတ်တော် သမ္မာကျမ်းစာ၌ကြည့်ပါက....
ဆာလံ ၁၁၉ နှင့် ၁၉ နှစ်ခဏ်း သည် နှုတ်ကပါတ်တော်တည်းဟူသော တရားတော်၏ ဂုဏ်ပုဒ်များကို ထုတ်ပြသော အခဏ်းဖြစ်သည်။
       ၁။ ထာဝရ ဘုရား၏ တရားတော်သည် စုံလင်သည်ဖြစ်၍၊ စိတ်၊ ဝိညာဉ်ကိုပြုပြင်တတ်၏။
       ၂။ ထာဝရ ဘုရား၏ သက်သေခံတော်မူချက်တို့သည် ဟုတ်မှန်သည်ဖြစ်၍၊ မလိမ္မာသောသူကို လိမ္မာစေတတ်၏။
       ၃။ ထာဝရ ဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍၊ စိတ်နှုလုံးကို ရွှင်လန်းစေတတ်၏။
       ၄။ ထာဝရ ဘုရား၏ ပညတ်တော်တို့သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကိုရှင်းလင်းစေတတ်၏။
       ၅။ ထာဝရ ဘုရားကို ကြောက်ရွှံ ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍၊ ကာလ အစဉ်အမြဲတည်၏။
       ၆။ ထာဝရ ဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။
       ၇။ ရွှေထက်မကများစွာသော ရွှေစင်ထက် နှစ်သက်ဖွယ်ဖြစ်၏။ ပျားရည်ထက် မက၊ ပျားလပို့ထက်ချိုကြ။
မှတ်ရန်။ ။ ထိုသို့ ဘုရားသခင်ပေးသော တရားတော်သည် ပညတ်တရား၊ ကျေးဇူးတရားဟူ၍နှစ်ပါးရှိ၏။ ပညာတ်တရားတော်သည် ကျေးဇူးတရားအားဖြင့်သာ စုံလင်ခြင်းသို့ရောက်ကြောင်း။ ခရစ်တော်ဘုရားက မဿဲ ၅း၁၇ ၌၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်၊ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်၊ ပြည့်စုံစေခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။ တဖန် ရောမဩဝါဒစာစောင်၌ ပညတ်တရားသည် ခရစ်တော်အားဖြင့် ပြည့်စုံခြင်းရှိ၏ဟု လာပြန်၏။ ထို့ကြောင့် ပညာတ်တရားသည် ကျေးဇူးတရားအားဖြင့် စုံလင်စေကြေင်းထင်ရှား၏။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
ဘုရားဂုဏ်ရည်စစ်စစ်ကိုထည့်ရန်
ဘုရားဂုဏ်ရည်စစ်စစ်ကိုထည့်ရန်
       ၁။သဟံပတိဗြဟ္မာမင်းက၊
                  သဗ္ဗေဝနိက္ခိပိဿန္တိ၊ ဘူတာလောကေ သမုဿယံ၊ တတ္ထဧတာဒိသောသတ္တာ၊ လောကေအပ္ပဋိပုဂ္ဂလော တထာကတောဗလပတ္တော၊ သမ္ဗုဒ္ဓေါ၊ ပရိနိဗ္ဗူတော။
        ဘောန္တော၊ အိုအရှင်တို့။ ယတ္ထယသမိံလောကေ၊ အကြာင် သတ္တလောက၌။ပရိယာပန္နော၊ အကျုံးဝင်သော။ သတ္ထာ၊ နတ်နှင့်တကွသော လူတို့၏ဆရာ ဖြစ်တော်မူထသော။ အပ္ပဋိပုဂ္ဂလော၊ တုဘက်မရှိသော ပုဂ္ဂိုလ်ဖြစ်တော်မူထသော။ သမ္ဗုဒ္ဓေါ၊ အလုံးစုံတရားတို့ကို၊ သယမ္ဘူဥာဏ်ဖြင့် သိတော်မူပြီးထသော၊ တထာဂတောပါ၊ မြတ်စွာဘုရားသည်လည်း။ ပရိနိဗ္ဗူတော၊ ပရိနိဗ္ဗာန်ပြုသေး၏။ အညော၊ တပါးသောသူမည်သည်ကား။ မရဏသော၊ သေခြင်းမှ။ ကတော်မုစ္စတိ၊ ဘယ်မှာလွတ်ပါအံ့နည်း။ သတ္တတသမိံလောကေ။ ထိုသတ္တလောက၌၊ ပရိယန္နာ၊ အကျုံးဝင်ကုန်သော။ သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။ ဘူတာ၊ သတ္တဝါတို့သည်။ သမုဿယံ၊ ခန္ဓာငါးပါးအပေါင်းဟု ဆိုအပ်ကုန်သော အတ္တဘောကို၊ နိက္ခိပိဿန္တိ၊ ပစ်ချကုန်လတံ့။ ။၎င်းအချက်၌ကား၊ ဘုရားမှာ "နိဗ္ဗာန်ယူ"သည်။ တပါးသောသူမှာ "သေ" သည်ဟု ပရိယာယ်တူ သုံးသည်ဖြစ်၍။ နိဗ္ဗာန်ဆိုသော်၊ သေခြင်းကိုပင်မှတ်ယူရမည်။ ( အကျုံးဝင်သည်ဟူသော ဝေါဟာရသည် ပါဝင်သည်။) သင်္ခါရဘဲဖြစ်သည် အဓိပ္ပါယ်ရှိ၏။
       ၂။ အရှင်အနုရုဒ္ဓါက။
   နာဟုအဿသ ပဿာသော၊ ဓိတိစိတ္တသာတာဒိနော၊ အနေဇောသန္တိမာရဗ္ဘ၊ ယံကာလမကရိမုနိ။ အသလ္လိနေန စိတ္တေနေန၊ ဝေဒနံ အဇ္ဈဝါသတိ၊ ပဇ္ဇောသေဿဝနိဗ္ဗာနံ ဝိမောက္ခော စေတသောအဟု။ ။အဓိပ္ပါယ်ချုပ်သဘောမှာ၊ ဆီမီးခွက်ကိုမှုတ်လိုက်သောအခါ မီးတောက်ငြိမ်း၍ သေသွားသကဲ့သို့၊ ထို မြတ်စွာဘုရား၏ စိတ်တော်သည်။ သင်္ခါရတရား ခန္ဓာမှ လွန်သွားပြီးဟူသတည်း။
       လူကို၊ သေ၊ ကံကုန်၊ စုတေ့၊ အနိစ္စရောက်၊ သဇိဘဝမှ နိဇိဝသို့ပြောင်းသည်၊ အသက်ထွက်သည်၊ ဝိညာဉ်ချုပ်သည်၊ ရှင်ဘုရင်ကို နတ်ရွာစံသည်၊ ဘုန်းကြီး ရဟန်းကို ပြန်တော်မူသည်။ ရှင်တော်ဂေါတမမှ စသောသူများကား ပရိနိဗ္ဗာန်ပြုသည်။ မုချ ပရမတ္တသဘောမှာ၊ ဝိညာဉ်နှင့် ခန္ဗာခွဲခြားခြင်းပင်ဖြစ်သည်။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
ဗောဓိပင်နှင့် ပလ္လင်တော်ကိုရ၍ မာရ်နတ်ကိုအောင်ခြင်း။
ဗောဓိပင်နှင့် ပလ္လင်တော်ကိုရ၍ မာရ်နတ်ကိုအောင်ခြင်း။
       သက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓတကာတို့ လက်ဦးခံမြဲဖြစ်သော၊ သုဇာတာ လှူသော နွားနို့ဆွမ်းမြတ်ကို၊ အဇ္ဇပါလ ညောင်ပင်ရင်း၌ ရွှေခွက်နှင့်ခံတော်မူ၍၊ နေရဉ္စရာမြတ်နားသို့ ရှေ့ရှု ကြွသွားတော်မူလျှက်၊ လေးဆယ့်ကိုးလုပ် ဘုဉ်းပေးတော်မူပြီးလျှင်၊ ဓိဌာန်တော်မူလျှက် ရွှေခွက်ကို မျှောတော်မူပြီးသည့်နောက်၊ နေရဉ္စရာမြတ်နားမှ၊ ဗောဓိမဏ္ဍိုင်သို့ ကပ်ပြီးလျှင် အရှေ့မျက်နှာ အရပ်၌ ဖြန့်ခင်းတော်မူသဖြင့်၊ ၁၄ တောင်ရှိသော ပလ္လင်တော်ပေါ်ပေါက်၍၊ ထိုပလ္လင်တော်ပေါ်ဝယ်၊ ထက်ဝယ်ဘွဲ့ခွေနေတော်မူလေ၏။ ထိုအခါ ဝဿဝတီနတ်ပြည်ကို အစိုးရသော မာရ်နတ်သားသည် ၊ စစ်သည်ဗိုလ်ပါအပေါင်းနှင့် လာ၍ စစ်တိုက်တော်မူသည်ကို ဒါန ပါရမီတော်အားဖြင့် နေမဝင်မီ အောင်တော်မူလေသည်။
       မှတ်ရန်။ ။ အောင်သည်ဟူသော စကားမှာ အဆုံးတိုင်အောင်ရောက်၍ အောင်ပန်ဆွတ်ခူးမှသာ ဆိုအပ်သောစကားပင်ဖြစ်လေသည်။ မာရ်နတ်စစ်သည်များ ပြိုပျက်၍ ထွက်ပြေးရသော်လည်း၊ အသက်တော် ( ၈၀ ) စေ့သောအခါ၌၊ မာရ်နတ်၏ အလို၊ မာရ်နတ်၏ တောင်းဆိုချက်အတိုင်း နားထောင်လိုက်နာ၍ အသက်တော်ကို စွန့်ရရှာလေသည်။ မာရ်နတ်ပြောဆိုလေသည်ကား။ ပရိနိဗ္ဗာနဿုဒါနိ ဘန္တေဘဂဝါ၊ ပရိနိဗ္ဗာနဿုသုဂတော၊ ပရိနိဗ္ဗာနကာလောဒါနိ၊ ဘန္တေဘဂဝါ အစရှိသဖြင့်၊ အသင်သည် ယခုပင်     ပရိနိဗ္ဗာန်ပြုတော်မူပါတော့၊ ယခုပင် အချိန်တန်ခြင်းရောက်ပါပြီဟု ပြောသောအခါ။ ဟယ်....မာရ်နတ်ယုတ်၊ သင်...မကြောက်လင့်၊ ငါသည် ပရိနိဗ္ဗာန်ပြုပါတော့အံ့၊ ဤလမှ သုံးလလွန်သော် ငါသည် ပရိနိဗ္ဗာန်ပြုတော်မူပါအံ့ဟု တိဏ္ဏံမာသနံ မမပရိနိဗ္ဗာယိဿတိ ဟု အခွင့်ပြုရလေတော့သည်။
       ခရစ်ယာန်။ ။ အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့..... မာရ်နတ်သည် အထံတော်မှထွက်သွား၏။ မဿဲ ၄း၁၀-၁၁။လုကာ ၄း၁-၁၁။ ဆုံးအောင်လည်း ဖတ်ပါလေ။ ယော ၁၄း၃၀ ၌အသေခံခါနီးလာသော်လည်း အခွင့်မရ၊ မာရ်နတ်ဆုံးရှုံးကြောင်း ထင်ရှားစေတော်မူပါလေသည်။
ရှင်အာနုရုဒ္ဓါ နှစ်သိမ့်ပြောသောစကား။
       ရှင်တော်ဂေါတမ ပရိနိဗ္ဗာန်ပြုသောနောက် ပုထုဇဉ်၊ သောတာပန်  ( အပါယ်လေးဘုံမှလွတ်သူ)သကဒါဂါမ်ဖြစ်ကုန်သော ရဟန်းတို့သည်၊ လက်တို့ကို ချီ၍ လက်နှစ်ဘက်တို့ကို ဦးခေါင်းပေါ်၌တင်၍၊ ငိုမြည်းတမ်းကြကုန်၏။ လူးလည်းလူးကြကုန်၏။ ဘုန်းကြီးတော်မူသော မြတ်စွာဘုရားသည်။ အလွန်လျင်မြန်စွာ၊ နိဗ္ဗာန်ပြုတော်မူ၏၊ ဤသို့မြည်းတမ်းကုန်သည်ရှိသော် အနာဂါမ်  ( အလုံးစုံ ကာမဘုံမှ လွတ်သူ) ရဟန်းတို့ကား သတိပညာနှင့်ပြည့်စုံသည်ဖြစ်၍၊ အဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။ သင်္ခါရ တရားတို့သည် အမြဲမရှိကုန်။ ဤသင်္ခါရ တရားတို့၌အကျုံးဝင်သော မြတ်စွာဘုရား၏ ကိုယ်တော်ကို မပျက်စီးစိမ့်သောငှါ၊ အဘယ်မှာ ရနိုင်အံ့နည်းဟု နှလုံးသွင်း၍၊ သည်းခံကုန်၏။ ထိုအခါ အရှင်အနုရုဒ္ဓါသည်၊ ရဟန်းတို့ကို ခေါ်တော်မူ၍၊ ငါ့ရှင်တို့ မစိုးရိမ်ကြလင့်၊ မငိြုွေကးကြလင့်၊ ငါတို့မြတ်စွာဘုရားသည်၊ ရှေးဦးစွာကလျင်၊ ဤသို့သော စကားကို ဟောကြားတော်မူပြီမဟုတ်လော။ ချစ်နှစ်သက်အပ်ကုန်သော အဆွေအမျိုး အစရှိသော သူတို့နှင့်၊ နာနာဘာဝ၊ ဝိနာဘာဝ၊ အညာတာဘဝ၊ ကွေကွင်းရခြင်းရှိ၏။ ငါ့ရှင်တို့၊ ဤသင်္ခါရတရား၌ အကျုံးဝင်သော ဘုရားသခင် ကိုယ်တော်ကို မပျက်စီးစေဘဲ၊ အမြဲတည်စိမ့်သောငှါ၊ အဘယ်မှာ ရနိုင်ပါအံ့နည်း။ ငါတို့မြတ်စွာဘုရား ကိုယ်တော်မြတ်သည် ထင်ရှားဖြစ်ခြင်းရှိ၏။ အကြောင်းတရားတို့သည် ပြုပြင်အပ်၏။ ပျက်စီးခြင်းသဘောတရားလည်းရှိ၏။ ထိုမြတ်စွာဘုရား၏ ကိုယ်တော်သည် မပျက်စီးဘဲ အမြဲတည်ပါမူ၊ ကောင်းလေစွာ့ တကားဟု၊ မပျက်စီးကြောင်းကို သင်တို့တောင့်တကုန်၏။ ထိုမပျက်စီးခြင်း အကြောင်းမရှိဟု ရှင်အာနုရုဒ္ဓါဟောလျှက်၊ ရဟန်းတို့ကို နှစ်သိမ့်စေလေသည်။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
ဘွားမြင်တော်မူသည်မှ တော်ထွက်တော်မူသည်ကိုပြခြင်း။
ဘွားမြင်တော်မူသည်မှ တော်ထွက်တော်မူသည်ကိုပြခြင်း။
              ယခုရှိသော ဗာရာဏသီပြည်၏မြော်က၊ အဂ်လိပ် မိုင် ၁၀ဝ ခန့်အကွာ ဟိမဝန္တာ တောင်ကိုမြင်နိုင်လောက်သော၊ သက္ကတိုင်း၊ ကပိလဝတ်ပြည်၊ သကျသာကီဝင်မင်းမျိုးတို့ကို အစိုးရတော်မူသော၊ အာဒိစ္စဝင်မင်းမျိုး သုဒ္ဓေါဓန မင်းကြီး၏ မိဖုရားခေါင် တောင်ညာဒေဝီ မာယာဒေဝီ မိဖုရားကြီးက တပါးတည်း ဘွားတော်မူသော သားတော်ကို၊ ပုဏ္ဏားတို့အနက်၊ ခုနှစ်ဦးသော ပုဏ္ဏားတို့က၊ ထိုမင်းသည်၊ စကြာမင်းသော်၎င်း၊ ဘုရားသော်၎င်း၊ ဖြစ်လတံ့ဟု နှစ်ခွန်းသောစကားဖြင့် နိမိတ်ဘတ်ကြားလျှောက်တင်ကြလေသည်။ အငယ်ဆုံးသော သုဒတ္ထ ပုဏ္ဏားကလေးကား၊ ဘုရားအလောင်း၏ မြတ်သော လက္ခဏာကိုမြင်၍၊ ဤမင်းသားသည် လူ့ဘောင်၌မနေ၊ ဧကန်စစ်စစ်ဝဋ်တရားမှ ပြတ်သောဘုရားဖြစ်လတံ့ဟုဆိုလေသတတ်။ အဘယ့်အကြောင်းကြောင့် တော်ထွက်တော်မူမည်နည်းဟုမေးရာ၊ နိမိတ်ကြီး လေးပါးကိုမြင်တော်မူ၍ တော်ထွက်တော်မူမည်ဟု ဟောသောကြောင့်၊ခမည်းတော်မင်းကြီးသည်၊ သား၏ ဘုရားဖြစ်ခြင်းထက် စကြာမင်းအဖြစ်ကို မြင်လိုရကား၊ ထိုအခါမှစ၍ ပြည်တွင်း၊ ပြည်ပ၊ တဂါဝုတ်( သုံးမိုင်ပါတ်လည်) မျှသော အရပ်တို့၌၊ အစောင့်အကြပ်ကို ထားကုန်လျှက်၊ သူအို၊ သူနာ၊ သူသေ၊ ရဟန်း အသွင်တို့ကို မမြင်စေခြင်းငှါ၊ လွန်စွာ အားထုတ်တော်မူ၏၊ ထိုမင်းသားကို မှည့်ခေါ်သောနေ့၌ကား
သဗ္ဗလောကဿ၊ အတ္တသိဒ္ဓိ ကာရတ္ထာ၊ သိဒ္ဓတ္ထောတိနာမံ၊ အကံသု။ သဗ္ဗလောကဿ၊ အလုံးစုံသော လူ၏၊ အတ္ထသိဒ္ဓိကရတ္ထာ၊ အကျိုးပြီးခြင်းကို ပြုတတ်သောကြောင့်။ သိဒ္ဓတ္ထောတိနာမံ၊ သိဒ္ဓတ္ထ မင်းသားဟူသော အမည်ကို။ အကံသု၊ မှည့်ကုန်၏။
ထိုသို့ အစဉ်အတိုင်း ကြီးပွား၍ အသက်တော် တဆယ့်ခြောက်နှစ် အရွယ်ရောက်လတ်သော်၊ လေးအတတ်ကို ထင်ရှားစွာ ပြပြီးနောက်၊ ယသော်ဓရာ အမှုးရှိသော မင်းသမီးအပေါင်း လေးငါးသောင်းခြံရံလျက်၊ ရမ္မ၊ သုရာမ၊ သုဘ အမည်ရှိသော နန်းပြဿာဒ် သုံးဆောင်တွင်၊ မင်း၏စည်းစိမ်ကို ခံစားပြီးမှ။ အသက်တော် ၂၈ နှစ်ရောက်လတ်သော်၊ လေးလတကြိမ် ဥယျာဉ်တော်သို့ ထွတ်တော်မူစဉ်၊ နိမိတ်ကြီးလေးပါးကို မြင်သဖြင့်၊ ထိတ်လန့်သံဝေဂဖြစ်ပြီးလျှင် အသက်တော် ၂၉ နှစ်တွင် သားတော် ရာဟုလာမင်းသားကို ဘွားမြင်သောနေ့၊ သန်းခေါင်ကျော်အချိန်၌၊ ကဏ္ဍကမြင်းတော် ကိုစီးတော်မူပြီးလျှင်၊ ဆန္ဒအမတ်ကို နောက်ပါခေါ်ပြီးလျှင်၊ တော်ထွက်တော်မူလေသည်။ လမ်းခရီး၌ မာရ်နတ် တားမြစ်ခြင်းကို ပယ်ရှားတော်မူပြီး၊ အနော်မာမြစ်ကို ကူပြီးမှ၊ ဆံတော်ကို ပယ်တော်မူပြီးလျှင်၊ ဃဋီကာရ ဗြဟ္မာမင်း လှူသော သင်္ကန်းတော်ကို ဝတ်ရုံတော်မူပြီး၍၊ ရဟန်းပြုတော်မူ၏။ ထိုနောက်မှ အမတ် ဆန္ဒကိုလည်း သိတင်းတော်ကြားပြောစေခြင်းငှါ၊ မြင်းတော်နှင့် တကွပြည်တော်သို့ပြန်လွတ်တော်မူလေစဉ်၊ မြင်သည် ရင်ကွဲနာကျကာ ဆုံးပါးသွားလေသည်။
မှတ်ရန်။ ။ ( ၁ )သကျသာကီဝင် ဟူသောစကား၏ အဓိပ္ပါယ်မှာကား။ ။သကျဝတော် ဘောရာဇာကုမာရောဟု၊ ဥက္ကကရာဇ်မင်းကြီး၏ စကားကို အစွဲပြု၍ခေါ်၏။ မောင်နှင့်နှမ အိမ်ထောင်ကြသည်ကို ခမည်းတော်မင်းကြီးနှစ်သက်သဖြင့်။ ။ဘော၊ အို အချင်းတို့။ ရာဇာကုမာရော၊ မင်းသားတို့သည်ကား။ သကျာဝတ၊ အမျိုးအနွယ်ကို စောင့်နိုင်ကုန်စွတကားဟူသော စကားကိုပင် စွဲ၍ ခေါ်သော အမည်ဖြစ်၏။ ။ထို့ကြောင့်၊ ဒေဝဒဟ၊ ကပိလတွင် နှမနှင့် မောင် ပြည်တည်ထောင် ဟူ၍လာ၏။
မှတ်ရန်။ ။ ( ၂ ) အာဒိစ္စဝင်ဆိုသော် အစပဌမမင်းမျိုးကိုဆိုလိုသည်။ ထို့ကြောင့် အဂ္ဂညသုတ်ပါဠိတော်၌။ ။မဟာဇန သမ္မတော်တိခေါဝါသေဌ။ မဟာသမ္မတောတွေဝ ပဌမံအက္ခရံဥပနိဗ္ဗတ္တံ။ ။ဝါသေဌံ၊ ဝါသေဌံ၊ မဟာသမ္မတော၊ လူများ သမုတ်အပ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ မဟာသမ္မတောတွေဝ၊ မဟာသမ္မတ ဟူ၍သာလျှင်။ ပဌမံ၊ လက်ဦးစွာသော။ အက္ခရာသည်။ ဥပနိဗ္ဗတ္တံ၊ဖြစ်၏။
       သုတ်သိလက္ခန် အဌကထာ၊ အမ္ဗဌသုတ်အဖွင့်၌။ ။ပဌမံ၊ ကပ္ပိကာနံ၊ ကိရရညော၊ မဟာသမ္မတဿရောရာဇနာမပုတ္တော အဟောသိ။ အစရှိ ပဌမ မဟာသမတမင်းက ဆင်းသက်၍ လာကြောင်း ကျမ်းအစောင်စောင်တို့၌ ဘော်ပြထား၏။
       ဆင်ခြင်တုံတရားကား။ ။ဤကမ္ဘာ၌ လေးဆူသော ဗုဒ္ဓတို့တွင် နောက်ဆုံးဖြစ်သော ဗုဒ္ဓအလောင်းသည်။ ဤကမ္ဘာ၌ ပဌမ မဟာသမတမင်းဖြစ်ခဲ့၏။ ကျမ် ၃ ဆူသော အလောင်းတို့ကာ၊ အဘယ့်ကြောင့် မဖြစ်ပါသနည်း။ သူ့ကပ်နှင့်သူ့ဘုရားအလောင်းဟု ဘယ်သူမျ မလှည့်ဖြားစေနှင့်၊ အဂ္ဂညသုတ် ပါဠိတော်၌။ ဝိဇဋ္ဋဌာယီကပ်ဦးအစဟု၍ သေချာစွာ ဟောထားခဲ့လေပြီ။
       ဝိသုဒ္ဓိမဂ်အဌကထာအဘိညာနိဒ္ဒေသပါဠိ စာမျက်နှာ ၄၃၊ နိဿယ မျက်နှာ ၄၄ ၌၊ ဣမသိံတာသကပ္ပေ၊ ဤဘဒ္ဒကမ္ဘာ၌၊ ဗောဓိသတ္တာဘူတော၊ ထင်ရှားဖြစ်သော ဘုရားအလောင်းသည်၊ အယမေဝဘဂဝါ၊ ဤငါတို့ ဘုရားမြတ်စွာပင်တည်းဟု သေချာစွာ ဘော်ပြလေပြီ။
မှတ်ရန်။ ။ ( ၃ )ဘွားဘက်တော် ခုနှစ်ပါး။
       သိကြားထုတ်ဘော်၊ ဘွားဘက်တော်ကား၊ ယသော်ဓယာ၊ အာနန္ဒာနှင့်၊ မဟာသမ္ဗောဓိ၊ ကဏ္ဍကမြင်း၊ ကျွန်ရင်းငဆန်၊ မတ်မွန်ကာလု၊ လေးခုရွှေအိုး၊ ကျမ်းရိုးဟောထား၊ ခုနှစ်ပါးဟု ပညာရှိတို့ စပ်ဆိုကုန်သည်၊ ၄င်းကို၊ မာလာလင်္ကာယဝတ္ထု၊ စာမျက်နှာ ၁၆ မှာကြည့်ပါလေ။ ။ရွှေအိုးလေးလုံးမှာ သင်္ခ၊ ဇာလ၊ဥပ္ပလ၊ပုဏ္ဍရိက၊ တဂါဝုတ်ကစ၍ တယူဇနာထိကျယ်၏၊ စောက်အနက်ကား ၂၄၀ဝ၀ဝ ရှိသည်ဆိုသတည်း။ ၁ ယူဇနာကား၊ ၁၃ မိုင်ခွဲ၊ အချို့က ၁၂ မိုင်၊ ယခု ပြန်၍ ခေတ်နှင့်ညီထွေ၊ ယုံကြည်စေရန်၊ တည်းဖြတ်ရေးသား၊ ဆိုကြစကားက၊ယူကြရာယူဇနာ၊ ၈ မိုင်သာတည်း။ ထိုသို့ဆိုသော် ၄ ဂါဝုတ်တွင်၊ ယူဇနာယှဉ်၍၊ ၁ ဂါဝုတ်ကား  ၃ မိုင်ထားမလား၊ ၂ မိုင်ထားမည်လားဆိုသည်ကို စာရှုသူသာကြည့်ပြင်ပါတော့။
မှတ်ရန်။ ။ ( ၄ ) ဘွားခဏခြင်း စကားဆိုခြင်း။
       ရှင်တော်ဂေါတမသည် မွေးဘွားစ၌ပင် မြောက်မျက်နှာသို့ ခုနှစ်လှမ်ြးွကလျှက်၊ အဂ္ဂေါဟသမိံ လောကဿ၊ သေဌောဟသမိံ လောကဿ၊ ဒေဌောဟသမိံ လောကဿ၊ အယမန္တိမာဇတိ၊ နတ္ထိဇာတိ၊ ပုနဗ္ဘဝေါဟု သံမွှမ်းကျူးတော်မူလေသည်။ အဓိပ္ပါယ်မှာကား ဤလောက၌၊ ငါသာ အတတ်ဆုံး၊ အမြတ်ဆုံး၊ အသိဆုံး၊ အရာရာတို့အထက်တွင် ငါသည်ရှိတော်မူပြီ ဟူသတည်း။
မှတ်ရန်။ ။ ( ၅ ) ယသောဓရာ အမှုးရှိသော မယားများ။
       ယသောဓရာ အမှုးရှိသော မင်းသမီးအပေါင်းတွင်၊ ထင်ရှားသော မိဖုရားခေါင်ကြီး  ၅ ပါးနှင့် သားတော် ငါးပါးတို့ကို ဟံသာဝတီတိုက်ထုတ်၊ ဗုဒ္ဓဝင်ဝတ္ထု၊ စာမျက်နှာ ၁၅၅ တွင် ဖေါ်ပြထားသည်မှာ အောက်ပါအတိုင်းပင်ဖြစ်လေသည်ကို ပြည်သူအများသိစေရန် ရေးသာတင်ပြလိုက်ပါသည်။
         ၁။ ယသောဓရာ နှင့် သားတော် ရာဟုလာ။
       ၂။ သုမိတ္တာ နှင့် သားတော် ပုတ္တ။
       ၃။ ကဉ္စန နှင့်သားတော် ဥပရောဂ။
       ၄။ မင်္ဂလ နှင့် သားတော် သင်္ဃာဝရ။
       ၅။ မလ္လိကာ နှင့် သားတော် ဇာတိဝရ။
မှတ်ရန်။ ။ ( ၆ ) ကပ္ပိလဝတ်ပြည်သည်၊ နိပေါပြည်ဖြစ်၍၊ လုဗ္ဗနီဥယျာဉ်သည် ပါလိပနယ်တွင် တည်ရှိကြောင်း၊ ခရစ်တော် မပေါ်မီ၊ သီရိဓမ္မာသောကမင်း စိုက်ထူထားသော၊ အာသောကာကျောက်စာလာရှိသည့်အတိုင်း တွေ့သိရကြောင်း ရှေးဟောင်း ရှာဖွေရေးအဖွဲ့ထုတ် သတင်းစာတွင်တွေ့ရလေသည်။
       ခရစ်ယာန်။ ။ခရစ်တော် ဘွားမြင်တော်မူခြင်းကို လုကာ ၂း၈-၂၀ တွင်ကြည့်နိုင်လေသည်။ ခရစ်တော်သည် အစဉ်အတိုင်းကြီးထွား၍၊ အသက်တော် ၃၀ တွင် နှစ်ခြင်းမင်္ဂလာကို နှစ်ခြင်းဆရာ ရှင်ယောဟန် ထံတွင် ယော်ဒန်မြစ်၌ ခံယုတော်မူခဲ့လေသည်။ မဿဲ ၂း၁၃-၁၇။ နှစ်ခြင်းခံခြင်းသည် တော်ထွက်ခြင်း မဟုတ်၊ ဘိသိပ်ခံခြင်းသာဖြစ်သည်။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
ရန်သူဖြစ်လျှက်ပင်မေတ္တထားသော ဘုရား ပေါ်ထွန်းတော်မူပြီ။
ရန်သူဖြစ်လျှက်ပင်မေတ္တထားသော ဘုရား ပေါ်ထွန်းတော်မူပြီ။
       လူအပေါင်းတို့သည် မှန်သောတရားလမ်းမှ လွှဲဖယ်၍နေကြသောကြောင့်၊မှန်သော လမ်းသို့ ပြန်ရောက်ရန် ကြိုးစားသော်လည်း မရောက်နိုင်ဘဲ၊ ကြာလေကြာလေ စိတ်နေ စိတ်ထား သဘောသွားတို့သည် ဆိုးသွားလေဖြစ်နေသောကြောင့်၊ လူ၏ အဖြစ် ဇာတိသဘောသည်။ ]အကုသလံ ကုသလံ} ကုသိုလ် မဖြစ်ခင် အကုသိုလ် တက် ဆိုသောစကားအတိုင်း၊ ကုသိုလ်တပဲ ငရဲတပိဿာ ဆိုသည့် အခြေအနေတွင် အားနည်းလျှက် ရှိနေစဉ်။ တော်လျှော်သော အကူအမကို လူတို့ လိုလိမ့်မည်ကို၊ ထာဝရအရှင် ဘုရားမြတ်သည် အနန္တဥာဏ်တော်ဖြင့် ရှုမြင်တော်မူသောကြောင့် လောကကိုကယ်လွတ်ရန် သားတော်ကို ပေးတော်မူကြောင်း။ ထိုသားတော်သည် လူတို့ကို ကယ်တင်အံ့သောငှါ ကြွလာတော်မူမည့်အကြောင်း၊ ဗျာဒိတ်တော် အချက်များစွာကို ပရောဖက်ပြုချက်များအားဖြင့် ထားတော်မူရာ၊ အချုပ်အားဖြင့် အနည်းငယ်သာ ဖေါ်ပြလိုက်ပါသည်။
       ၁။ မိန်းမသားအနွယ် ဖြစ်လိမ့်မည်။ ကမ္ဘာဦး ၃း၁၅။
       သင်နှင့် မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည်သင်၏ ခေါင်းကိုကြိမ်လိမ့်မည်။ သင်သည် သူ၏ ဖနောင့်ကို ကြိမ်လိမ့်မည်။ ။မှတ်ရန်.... ၄င်းအချက်၌ မိန်းမသားအနွယ်တည်းဟူသော အရှင်တပါးသည် မာရန်နတ်၏ တန်ခိုးကို ချိုးရန် ပေါ်ထွန်းမည်အကြောင်း အနာဂါတ် ဗျာဒိတ်တော်စကားတည်း။ ခရစ်တော်မပေါ်မီ၊ နှစ်ပေါင်း လေးထောင်ကျော်အထက်က ဖြစ်၏။ ရှေးမဆွက ဥာဏရှုမျော်၊ ကြံတော်မူရင်း၊ ရှိလျှင်းလက်စ၊ ဗျာဒိတ်ချ၍၊ မိန့်ဟစကား၊ မိန်းမသားဟု၊ ထင်ရှားနောင်ခါ၊ လူချမ်းသာကို၊ ရှာမည်ယောင်္ကျား၊ ရှင်တပါးလည်း၊ ပေါ်ငြားလိမ့်ပင်၊ ထိုသခင်သည်၊ အစဉ်သနား၊ လူအများကို၊ တရားပေးခါ၊ မာရန်နတ်ဝါ၏၊ နှိမ်ခါတန်ခိုး၊ ထိုရှင်ချိုးလိမ့်။ ။လူမျိုးငါတို့ ကျိုးရင်းတည်။ ။ဟု ကျွန်ုပ်တို့ အာဒိကပ္ပပျို့သစ်၌ ရေးလေသတည်း။
       ၂။ သတို့သမီးကညာ သားဖြစ်လိမ့်မည်။ ဟေရှာယ ၇း၁၄။
              ကြည့်ရှုလော၊ သတိုးသမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောင်္ကျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မည့်ရလတံ့ဟုလာသည်နှင့်အညီ။ မဿဲ ၁း၂၃ ၌တိတိကျကျ တွေ့မြင်ကာ လက်တွေ့ဤလောက၌ အမှန် ပေါ်ထွန်းတော်မူခဲ့ပါသည်။
       ၃။ လူဖြစ်၍ လူ့သားဟု ခေါ်ရလိမ့်မည်။ ဆာ ၈း၎။
       လူသားသည် အဘယ်သို့သောသူဖြစ်၍၊ အကြည့်အရှုကြွလာတော်မူရသနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်ချတော်မူပြီ။ သူ၏ဦးခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။      
       ဒံယေလ ၇း၁၃ တွင် လူသားနှင့်တူသော တဦးသည် မိုးတိမ်ကိုစီးလျှက်၊ အသက်ကြီးသူတို့ ထံသို့ရောက်လာ၏။ ထိုသူကို အထံတော်သို့သွင်းကြ၏။
       မှတ်ရန်။ ။ လူ့သားဟု ခေါ်သော ဘွဲ့တော်သည်၊ခရစ်တော်မှာ လူကမွေးဖွားတော်မူမည်ဖြစ်၍ လူစစ်စစ်ဖြစ်တော်မူမည်အကြောင်း၊ ဗျာဒိတ်ရှိသတည်း။ လူ့သားဟူသော ဘွဲ့တော်ကို ဓမ္မသစ်၌ ခရစ်တော်ကိုယ်တော်တိုင် အကြိမ် ၈၀၊ သတေဖန် ၁ ကြိမ်၊ ဗျာဒိတ်ကျမ်းမှာ ၂ ကြိမ်တွေ့နိုင်ပါလေသည်။
       ၄။ အာဗြဟံ အမျိုးအနွယ်ထဲမှ ပေါ်ထွန်းတော်မူလိမ့်မည်။ ကမ္ဘာဦး ၁၂း၃၊၂၂း၁၈။
              သင်၏ အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည်၊ ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ ၄င်းအချက်ကို တမန်တော် ၃း၂၅၊ ဂလာတိ ၃း၈ တို့တွင် ခရစ်တော်ကို ရည်ဆောင်ကြောင်း အတိအလင်းဖွင့်ဆိုဖေါ်ပြထားလေသည်။
       မှတ်ရန်။ ။ အာဗြဟံမှ လူမျိုးနွယ်အားလုံး ဆင်းသက်မည်ဖြစ်၍၄င်း၊ ဘုရားရှင်မြတ်ကို ယုံကြည်၍၄င်း၊ ငါတို့သည်ကား ဘုရားမျိုးပင် နွယ်တော်သားပင်ဖြစ်ကြလေဆိုသော စကားနှင့် အညီ အာဗြဟံ၏အမျိုး၊ ဟေဗြဲလူတို့မှ ဆင်းသက်ပေါ်ထွန်းတော်မူခဲ့လေသည်။ စသည်ဟူ၍ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂၀ဝ၀ ကျော်က  ဟောပြောနှင့်လေပြီ။
       ၅။ ယုဒခရိုင်၌ ပေါ်ထွန်းတော်မူမည်။ ကမ္ဘာဦး ၄၉း၁၀။
              ရှိလော မရောက်မီတိုင်အောင်၊ ရာဇ လှံတံသည် ယုဒထံမှ၎င်း၊ မင်းအာဏာစက်သည် သူ၏ အမျိုးအနွယ်ထံမှ၎င်း၊ မရွှေရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။
       မှတ်ရန်။ ။ အာဗြဟံမှ ဆင်းသက်သော ဣသရေလသား ၁၂ ယောက်တို့သည်၊ တဆယ့်နှစ်ခရိုင် ပါလေတိနပြည်ကို ခွဲဝေ၍ ယူကြရာ၊ ယုဒခရိုင်ထဲမှသာ ရှိလောတည်းဟူသော ငြိမ်သက်ခြင်းအရှင် ပေါ်ထွန်းတော်မူလိမ့်မည်အကြောင်းတည်းဟူ၍ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၁၆၈၉ ကျော်က  ဟောပြောနှင့်လေပြီ။
       ၆။ ဒါဝိဒ်မှ ဆင်းသက်တော်မူမည့်အကြောင်း။ ၂ ရာ ၇း၁၁-၁၆။
              သင်သည် အသက်ကာလစေ့၍၊ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင်၏ရင်သွေး၊ သင်မှ ဆင်းသက်သော သားကို၊ ငါချီးမြောက်၍၊ သူ၏နိုင်ငံကို တည်ထောင်မည်။
       ထိုသို့နှင့်အညီ ခရစ်တော်ဘုရားအား ညွန်းဆိုဖေါ်ပြထားရာတွင်....
              က။ ယေရှဲ၏ အငုတ်ဟူ၍၄င်း၊ ဟေရှာယ ၁၁။
              ခ။ ဒါဝိဒ်အညွန့်ဟူ၍၄င်း၊ ယေရမိ ၂၃း၅-၆။
              ဂ။ ဒါဝိဒ်ဟူ၍၄င်း၊ ယေရမိ ၃၀း၉။
       ဒါဝိဒ်မှ ဆင်းသက်ရမည့်အကြောင်း ဗျာဒိတ်တော် အချက်များရှိနှင့်လေသည်။
       ၇။ ဗက်လင်မြို့၌ ဘွားမြင်ခြင်းကိုခံတော်မူလိမ့်မည်။ မိက္ခာ ၅း၂။
       အို... ဗက်လင် ဧဖရက်မြို့ အစိုးရသော ယုဒမြို့တို့တွင်၊ သင်သည် မြို့ငယ်၊ မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလ လူမျိုးကို အုပ်စိုးသော သခင်သည် ငါတို့အဘို့ သင့်အထဲက ပေါ်ထွန်းလတံ့ဟူ၍ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၇၀ဝ ကျော်က 
ဟောပြောနှင့်လေပြီ။
       မှတ်ရန်။ ။ ဗက်လင်၏ အမည်ဟောင်းမှာ၊ ဧဖရက်မြို့ဖြစ်သည်။ ဇာဗုလုံခရိုင်၌ ရှိသော ဗက်လင်နှင့် ခြားနားအံ့သောငှါ၊ ဗက်လင် ဧဖရက်ဟု အမည်ဟောင်းနှင့် တွဲ၍ခေါ်၏။ ထိုမြို့၌ ခရစ်တော်သည် ဘွားတော်မူ၏၊ လုကာ ၂း၆-၇။
       ၈။ မည်သည့်နေ့တွင် ဘွားမြင်တော်မူမည်ကို ဟောပြောပြညွန်ခြင်း။ လုကာ ၂း၁၁။
              ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလို့ငှါ ဘွားမြင်တော်မူပြီ။
ကြည့်ခြင်းငါးပါး။
ထိုအခါ အလောင်းတော်နတ်သားသည်၊ ငါးပါးသော ကြည့်ခြင်းဖြင့် ကြည့်တော်မူလျှက်၊ ယခု အခါ ဘုရားဖြစ်ရန် အချိန်တန်တော်မူလေပြီဟု မြင်တော်မူ၍ တုသိတာ နတ်ပြည်မှ စု့တေပြီးလျှင်၊ သီရိမဟာမာယာဝမ်း၌ ပဋိသန္ဓေ ယူလေ၏။ ပဋိသန္ဓေယူသောနေ့ကား၊ ဝါဆိုလပြည့် ဥတ္တရသဠ်နက္ခတ်ယှဉ်၍ ပဋိသန္ဓေယူ၏။ ကြည့်ခြင်းကြီးငါးပါးဟူ၍ ဆိုရာတွင်ကား။
       ၁။ ကာလ= ဘုရားဖြစ်ရာ အချိန် လူတို့အသက် အနှစ်တသိန်း အထက်၌၄င်း၊ အနှစ်တရာ အောက်၌၄င်း မဖြစ်ရ။
       ၂။ ဒီပ= ဘုရားဖြစ်ရာ ကျွန်း။ ဇမ္ဗူဒီပါ တောင်ကျွန်းမှ တပါး အခြားသော ကျွန်းနေရာ၌ ဘုရားဖြစ်ခွင့်မရှိ။
       ၃။ ဒေသ= ဘုရားဖြစ်ရာအရပ်၊ မဇ္ဈိမဒေသ တည်းဟူသော တောင်ကျွန်း၏ ဗဟို ကပိလဝတ်ပြည်မှ တပါး အခြားနေရာ၌ဖြစ်ခွင့်မရှိ။
       ၄။ ကုလဇနေတ္တိ= ဘုရားဖြစ်ရာ အမျိုး ဘုရားတို့မည်သည် ဆင်းရာသားမျိုး၊ ကုန်သည်မျိုး၌ မဖြစ်ရ။ မြတ်သည်ဟု သမုတ်အပ်သော ပုဏ္ဏားမျိုး၌သာ၎င်း၊ မင်းမျိုး၌သာ၎င်း ဖြစ်ရမည်။
       ၅။ အာယုပရိစ္ဆေဒ= မယ်တော်၏ အသက်အပိုင်းအခြား။ ဘုရားအလောင်း၏ မယ်တော်သည်၊ အသက် ၁၀ လနှင့် ခုနှစ်ရက်သာ ကြွင်းသေးသဖြင့်၊ ဘုရားအလောင်းဘွားမြင်ပြီးနောက်၊ ခုနှစ်ရက်တွင် သေရမည်ဖြစ်သည်။
       မှတ်ရန်။ ။ ဘုရားဖြစ်ရန် ဒေသတည်းဟူသော အိန္ဒိယတိုင်း၊ ကပိလဝတ်ပြည်သည်၊ မြေကြီး ကမ္ဘာလုံး၏ အလယ်မဟုတ်။ အိန္ဒိယ၏ အလယ်မျသာဖြစ်လေသည်။ ထို့ကြောင့် တကမ္ဘာလုံးအဘို့ မလုံလောက်ကြောင်း ထင်ရှားလေသည်။
       ကာလအချိန်စေ့ခြင်း၌၊ မဟာဝင်ကျမ်း၊ သီလက္ခန်ဋီကာ၊ အင်္ဂုတ္ထိုရ်ဋီကာ ကျမ်းတို့၌၊ ရှင်တော်ဂေါတမအဖြစ်တွင်၊ ဝေဿန္တရာ အဖြစ်သည် အဆုံးစွန်သော အဖြစ်ဖြစ်၍၊ ၄င်းဘဝမှ စုတေ၍၊ တုသိတာ နတ်ပြည်၌ သေတကေတု နတ်သားဖြစ်ကြောင်း၊ ၄င်းနတ်သားဘဝမှ၊ နတ်သက်စေ့၍ စုတေပြီး မာယာဝမ်း၌ ပဋိသန္ဓေနေလာကြောင်းပြ၏။ ထိုသို့ဆိုသော် နည်းမှန်အတိုင်းကြည့်ပါက၊ ကဿပဘုရားနှင့် ဂေါတမဘုရား အသင်္ချေယျကပ်တကပ်ခြား၏။ အသင်္ချေယျကပ်၏ သယုတ် မရေတွက်နိုင်ကြောင်း၊ (ဤစာအုပ် ကပ်ကြီးလေးပါးအကြောင်း မှတ်ချက်၌ ပြန်၍ကြည့်ပါလေ) ဝေဿန္တရာ အဖြစ်မှသည် သေတကေတု နတ်သားအဖြစ်၌ နှစ်ပေါင်း ၅၇ ကုဋေ ၆ သန်းသာ ရှိခဲ့၏။ အသင်္ချေယျမရှိသေး၍။ ဘုရားတို့မည်သည်မှာ တက်ကပ်မှာ မပွင့်၊ ဆုတ်ကပ်မှာသာ ပွင့်သည် ဆိုခဲ့ပြန်သောကြောင့် ချင့်ချိန်ကာ ယုံမှတ်ကြပါလေ။
       ခရစ်ယာန်။ ။ကာလအချိန်စေ့ခြင်း။ ဂလာတို ၄း၎-၅။
       ကာလအချိန်စေ့သောအခါ၊ ငါတို့သည် သား၏ အခွင့်အရာ ရမည်အကြောင်း ပညတ်တရားလက်အောက်၌ ငါတို့ကို ရွေးနှုတ်ခြင်းငှါ၊မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဘွားမြင်ရသော သားတော်ကို ဘုရားသခင်စေလွှတ်တော်မူလေပြီ။
       မှတ်ရန်။ ။ ခရစ်တော်ြွကလာဘို့ရန် ကာလအချိန်စေ့သောအခါ၊ လောကသည် အသင့်ပြင်ဆင်လျှက် တောင့်တလျှက်ရှိနေပြီ၊ ဂရိတ်စကားကို လူမျိုးတိုင်းသိ၍ စာကိုလည်း တတ်ကြပြီ။ ရောမ လူတို့သည်လည်း အုပ်စိုး၍ ငြိမ်သက်စွာ ကူးသန်းရောင်းဝယ် သွားလာလွယ်လေပြီး လူအမျိုးမျိုးတို့၌၊ ကိုယ်ကျင့်တရားသည် မလောက်ကြောင်းထင်ရှား၍၊ ကယ်တင်ရှင် တပါးလိုကြောင်း လူမျိုးတိုင်းမြော်လင့်နေကြပြီ။ အထက်အခဏ်း၌ ဘော်ပြသည်အတိုင်း ခရစ်တော်ြွကလာမည်ကို သိစေရန်၊ ဓမ္မဟောင်းကျမ်းစာကို ( ခေါမ) ဟေသလ ဘာသာကို အနက်ကို ပြန်ပြီဖြစ်၍၊ ကောင်းကင်မှ ခရစ်တော်ဆင်းသက်၍ ဘွားမြင်တော်မူလေသည်။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
ကောလာဟာလသုံးပါး။
၁။ ကောလာဟာလသုံးပါး။
       ကောလာဟာလ ဟူသည်ကား။ အုတ်အုတ်ကျက်ကျက်သော အသံဖြစ်လျှက်။ လောက၌ ကျော်စောနှင့်ခြင်းဖြစ်သတည်း။ အဘယ်သို့ဖြစ်နှင့်သနည်းဆိုသော်၊ လောကဗြူဟာ အမည်ရှိသော နတ်သားတို့သည် ဦးခေါင်းငိုက်ဆိုက် ဖြစ်ကုန်လျှက်၊ ဆံပင်ဖါးရား၊ ငိုသောမျက်နှာ ရှိကုန်လျှက်၊ နီသော အဝတ်ပုဆိုးတို့ကို ဝတ်ကုန်၍၊ မလှသောအသွင်အပြင်ကို ဆောင်ကုန်သည်ဖြစ်၍၊ လူတို့၏ လမ်းခရီး၌ သွားလာကုန်လျှက်၊ ဤသို့ဆိုကုန်၏၊အချင်းတို့ ဤနေ့မှစ၍ အနှစ်တသိန်းလွန်လျှင် ကမ္ဘာပျက်လတံ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မာစိုရ် တရားတို့ကိုပွားစေကုန်အံ့။ အမိ၊ အဘတို့ကို လုပ်ကျွေးကုန်ဟူ၍ြွေကးကြော်ကုန်း၏။ ထိုနည်းတူ၊ လောက၌ ဘုရားပွင့်တော်မူမည်ကို၎င်း၊ စကြာမင်းဖြစ်တော်မူမည်ကို၎င်း၊ ကောလာဟာလဖြစ်လျက် လောကဗြူဟာနတ်တို့သည်ြွေကးကြော်ကုန်း၏။
       ဝိသုဒ္ဓိမဂ်  အဘိညာဉ် နိဒ္ဒေသ စာမျက်နှာ ၂၂ ၌လာ၏။
       ၁။ ကပ္ပကောလဟာလ=ကမ္ဘာပျက်မည်ကို အနှစ်တသိန်းက အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်း။
       ၂။ ဗုဒ္ဓကောလဟာလ=ဘုရားဖြစ်မည်ကို အနှစ်တထောင်က အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်း။ ဗုဒ္ဓေါလောကေ ဥပ္ပဇ္ဈိဿတိ။
       ၃။ စကြာဝတ္တိ ကောလဟာလ=စကြာမင်းဖြစ်မည်ကို အနှစ်တရာက အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်း။
              ဤသုံးပါးသော ကောလဟာလတို့တွက် ၊ ဘုရားဖြစ်လတံ့ဟူသောြွေကးကြော်သံကို ကြား၍ နတ်အပေါင်းတို့သည် တုသိတာ နတ်ပြည်၌ရှိသော အလောင်းတော် နတ်သားအားသွား၍ တောင်ပန်ကြကုန်၏။
မှတ်ရန်။ ။ဤ၌ အသံနှင့် အမှန်ခြားနားစေရန် ပြောဆိုရန် ရှိပေသည်။ လောက၌ ဘုရားတည်းဟူသော အသံသည် ရှေးဦးစွာ ရောက်နှင့်သည်။ အမှန်ဘုရားသည် နောက်မှပေါ်လာသည်။ ထိုနည်းတူ မြန်မာပြည်၌လည်း နှစ်ပေါင်း ၂၀ဝ၀ ကျော်ကောလဟာလ ဖြစ်လျှက်ရှိနှင့်ပြီး၊ အမှန်ဘုရား ပေါ်လာလေပြီ။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
ဗုဒ္ဓများအကြောင်း။
ဗုဒ္ဓများအကြောင်း။
ဗုဒ္ဓအယူယူသော သူတို့ယုံကြည်သောအယူမှာ၊ ဗုဒ္ဓဟူသော ပုဂ္ဂိုလ်သည်၊ ဧကော ဗုဒ္ဓေါ တပါးတည်း (တစ်ဆူတည်း) သာရှိသည် မဟုတ်ဘဲ၊ ဗဟုဗုဒ္ဓေါ ဂင်္ဂါဝါဠုကံ စုန္နံပရံဇိတွာ ဟူ၍ ယုံကြည်သဖြင့်။ ဂင်္ဂါသဲတူ၊ ပွင့်တော်မူ၊ ဆူဆူများလေပြီ ဟူ၍၄င်း ရေးသားကြလေသည်။ သို့ကြောင့် ဗုဒ္ဓဟူသော မာဂဓ စကား၏ အဓိပ္ပါယ်ကိုမြန်မာစကားအားဖြင့်သိရန် အောက်၌ ဝိဂြိုလ်ကလေးများကို စဉ်းစားရန် ထည့်သွင်းပေအံ့။
       သဗ္ဗဓမ္မေဗုဇ္ဈတီတိဗုဒ္ဓေါ။ ။သဗ္ဗဓမ္မေ၊ ခပ်သိမ်းသော တရားတို့ကို။ ဗုဇ္ဈတိ၊ သိ၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏။ ။ ဗုဇ္ဈိတာ သစ္စာနိတိဗုဒ္ဓေါ။ ။သစ္စာနိတိ၊ သစ္စာတရားလေးပါးတရားတို့ကို။ ဗုဇ္ဈိတာ၊ သိတော်မူတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဗုဒ္ဓေါ၊ ဗုဒ္ဓေမည်တော်မူ၏။ ။ဗောဒေဘာပဇာယာတိဗုဒ္ဓေါ။ ။သစ္စာနိ၊ သစ္စာတရားလေးပါးတို့ကို။ ပဇာယ၊ သတ္တဝါအပေါင်းတို့အား။ ဗောဓေတော၊ သိစေတော်မူတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဗုဒ္ဓေါ၊ ဗုဒ္ဓေ မည်တော်မူ၏။ ။သမ္မာသာမဉ္စသဗ္ဗဓမ္မာနံ ပနဗုဒ္ဓတ္ထာသမ္မာသမ္ဗုဒ္ဓေါ။ ။ဝိသုဒ္ဓိမဂ် အဌကထာ၊ အနုဿတိနိဒ္ဒေသ၊ သမ္မာသမ္ဗုဒ္ဓအဖွင့်မျက်နှာ ၁၇၁ ၌ကြည့်ပါလေ။ ပန၊ ထိုမှတပါး။ သမ္မာအဝိပရိတံ၊ မဖေါက်မပြန်။ သာမဉ္စသယမေဝ၊ အြွကင်းမဲ့သာလျှင်။ သဗ္ဗဓမ္မာနံ၊ြွကင်းမဲ့ကုန်အောင် စုံသော။ ဥေယျဓမ္မတို့ကို။ ဗုဒ္ဓတ္ထာ၊ သိတော်မူပြီးသည့်အဖြစ်ကြောင့်။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။ဟူ၍လာသည်ကို ထောက်သော်။ သစ္စာတရားကို ကိုယ်တိုင်သိ၍၊ သူတပါးတို့အားလည်း သိစေသော သူကို၊ ဗုဒ္ဓဟု ခေါ်ဆိုရသောကြောင့် ဗုဒ္ဓံဟူသော ပုဂ္ဂိုလ်တို့သည် အတိုင်းမသိများလေသတည်း။
က။ ဗုဒ္ဓလေးမျိုး။
       ၁။ သုတဗုဒ္ဓ---- စာပေကျမ်းဂန် တတ်သိလိမ္မာ၍ အကြားအမြင်နှင့်ပြည့်စုံသောသူကို ဆိုလိုသည်။
       ၂။ သဝကဗုဒ္ဓ--- တပည့်ခံ၍ သိကျွမ်း လိမ္မာသူ၊ ရှင်တော်ဂေါတမ၏ တပည့်ရဟန္တာများကဲ့သို့သော သူကိုဆိုလိုသည်။
       ၃။ ပစ္စေကဗုဒ္ဓ---မိမိအလိုလို သစ္စာတရားကိုသိသောသူ၊ တပါးသောပုဂ္ဂိုလ်၏ သာသနာကိုမှီ၍ သိသည့်သူမဟုတ်။             မိမိအသီးအခြား သိကျွမ်း လိမ္မာသူ၊ အလိုအလျှောက် ဘာသာသိသူဖြစ်၍ ဘုရားငယ်လည်း ခေါ်သေး၏။
       ၄။ သမ္မာသမ္ဗုဒ္ဓ---ခပ်သိမ်းသော ညေယျဓံတရာတို့ကို အြွကင်းမဲ့ သိနိုင်တော်မူသော မြတ်စွာဘုရားဟု ဆိုသည်။          အထက်ပုဂ္ဂိုလ် ၃ ဦးတို့ထက် ထူးသောသူကို ဆိုလိုသည်။ ထိုသို့ ခွဲခြမ်းစိတ်ဖြာထားကြသော်လည်း၊ ဧကန်ဧက စစ်မှန်သော ဘုရားမူကား မိမိအလိုလို သယံဘူညာဏ်ဖြင့် အလုံးစုံကို အြွကင်းမဲ့ သိမြင်နိုင်တော်မူသော တစ်ဆူတည်းသော ဘုရားရှင်သာလျှင် ဖြစ်ပေတော့သည်။
ခ။ ဘဒ္ဒကမ္ဘာတွင်ပေါ်ထွန်းသော ငါးဆူသော ဗုဒ္ဓတို့၏ မတူညီမှု ရှစ်မျိုးအကြောင်းများ။
       ၁။ အရပ်တော်ချင်း။
       ၂။ အသက်တော်ချင်း။
       ၃။ အမျိုးတော်ချင်း။
       ၄။ ဒုက္ကရစရိယ ကျင့်တော်ချင်း။
       ၅။ ရောက်ခြည်တော်ချင်း။
       ၆။ စီးတော်ယဉ်ချင်း။
       ၇။ ပွင့်တော်မူသောသစ်ပင်။
       ၈။ ပလ္လင်တော်ချင်းတို့ဖြစ်သည်။
              နောက် သေချာစွာ ရေးပြရမည်ဆိုပါက.....
       ၁။ ကကုသန် ... အရပ်-- အတောင် ၄၀
                      အသက်-- ၄၀ဝ၀ဝ
                       အပင် --ကုက္ကိုလ်ပင်
                      ရောင်ခြည်တော်-- ၁၀ ယူဇနာစီ
                     အမျိုး --ပုဏ္ဏား
                     စီးတော်ယဉ်--ရထား
                     ဒုက္ကရစရိယာ -- ၇ ရက်
                     ပလ္လင်-- အတောင် ၂၆ တောင်
       ၂။ ကောဏာဂုံ ... အရပ် အတောင်-- ၃၀
                      အသက်-- ၃၀ဝ၀ဝ
                      အပင်  -- ရေသဖန်းပင်
                      ရောင်ခြည်တော်--  ၁၀ ယူဇနာစီ
                     အမျိုး --ပုဏ္ဏား
                     စီးတော်ယဉ်--ဆင်
                     ဒုက္ကရစရိယာ -- ၆ လ
                     ပလ္လင်-- အတောင် ၂၀ တောင်
       ၃။ ကဿပ .... အရပ် အတောင်-- ၂၀
                      အသက်--၂၀ဝ၀ဝ
                      အပင် --ပညောင်
                     ရောင်ခြည်တော် -- ၁၀ ယူဇနာစီ
                     အမျိုး --ပုဏ္ဏား
                     စီးတော်ယဉ်--ပြဿဒ်
                     ဒုက္ကရစရိယာ -- ၇ ရက်
                     ပလ္လင်-- အတောင် ၁၅ တောင်
       ၄။ ဂေါတမ ... အရပ်  အတောင် ၁၄ တောင်
                      အသက် ၈၀
                     အပင် ညောင်ဗုဒ္ဓဟေ
                     ရောင်ခြည်တော် ၁ လံ
                     အမျိုး --မင်းမျိုး
                     စီးတော်ယဉ်--မြင်း
                     ဒုက္ကရစရိယာ -- ၆ နှစ်
                     ပလ္လင်-- အတောင် ၁၄ တောင်
       ၅။ အရိမတ္တေယျ ...အရပ် အတောင် ၈၀
                      အသက်  ၈၀ဝ၀ဝ
                     အပင် ဂန့်ဂေါ်
                     ရောင်ခြည်တော် ကုဋေတသိန်းသောစကြဝဠာတိုက်လုံး
                     အမျိုး --ပုဏ္ဏား
                     စီးတော်ယဉ်--ပြဿဒ်
                     ဒုက္ကရစရိယာ -- ၇ ရက်
                     ပလ္လင်-- အတောင်  တောင်
       မှတ်ရန်။ ။ဗုဒ္ဓဂေါတမသည်၊ အသက်တော်မှစ၍ အရာရာတိုင်းတို့ငယ် အငယ်ဆုံးဖြစ်လေသည်။ ထိုမှတပါး ၄ ဆူတို့သည် ပုဏ္ဏား မျိုးများဖြစ်၍ အမျိုးတော်တူလေသည်။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS