RSS

သထုံပြည်မှသီဟိုဠ်ကျွန်းသို့ ၊ရှင်ဗုဒ္ဓဃောသကူးသည်ကိုပြခြင်းအကြောင်း။ ။

ရှင်ဂေါတမ၊ မရှိသည့်နောက် နှစ်ပေါင်း ၉၀၀ ကျော်လောက်အတွင်းမှာ။ သုဝဏ္ဏဘုမ္မိတိုင်းဟု ခေါ်သောသထုံပြည်ကို အစိုးရသော မဟာနာမ်မင်း လက်ထက်၌၊ ယခုမြန်မာရဟန်းတို့။ ကံဒွါယဂိုဏ်း ကွဲပြားသည်နည်းတူ၊ တလိုင်းရဟန်းတို့သည် အယူဝါဒကွဲပြား၍၊ အငြင်းအခုံ ဖြစ်ပွားကြသောအခါ။ ၎င်းသထုံမြို့ နေ။ မွေးဖွားရင်း ဇာတိ၊မဇ္ဇျိမဒေသ။ ဃောသကရွာက ဗြဟ္မဏ အမျိုးဖြစ်သော၊ ရှင်ဗုဒ္ဓဃောသကို၊ သူ၏ဆရာ ရှင်ရေ၀ဒက၊ သီဟိုဠ်ကျွန်း၌ ရှင်မဟိန္ဒမှ ဆင်းသက်သော သီဟိုဠ် ရဟန်းဆရာတို့သည်၊ ရေးသားစီရင်၍။ သက္ကသ ဘာသာဖြင့်။ ပေထက်အက္ခရာ တင်ထားခဲ့သော။ ဓမ္မခန္ဓာအစဉ်ကို မာဂဓဘာသာ ဖြင့်ပြန်ဆိုရေးကူးချေဟု စေခိုင်းသောအခါ၊ ရှင်ဗုဒ္ဓဃောသသည်၊ သီဟိုဠ်ကျွန်းသို့ကူး၍။ မာဂဓဘာသာဖြင့် ပြန်ဆိုရေးကူးပြီးလျှင်၊ သက္ကရာဇ် ၉၃၀ ပြည့်နှစ်တွင်။ သီဟိုဠ်ကျွန်းမှ၊ ရှင်ဗုဒ္ဓဃောသသည် သထုံပြည်သို့ ပြန်၍ရောက်ကြောင်းကို ၊စူဠ၀င် ဗုဒ္ဓဃောသသုပ္ပတ္တိကျမ်း၌ ပြလေ၏။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments: