ရှင်ဂေါတမ၊ မရှိသည့်နောက် နှစ်ပေါင်း ၄၅၀ နှစ် ရှိသောအခါ၊ ရှင်မဟိန္ဒမှ ဆင်းသက်သော။ သီဟိုဠ် ရဟန်းဆရာတို့သည်၊ အထက်က ပြခဲ့သော ဗြဟ္မဏဆရာတို့ စီရင်ရေးထားသည့် ကျမ်းစာတို့ကို အမှီပြုပြီးလျှင် အချို့သောစကားတို့ကို ရှင်တော်ဂေါတမ အဟောလုပ်သည်၊ အချို့သော ပုံပြင် ၀တ္ထုတို့ ကို ရှင်တော်ဂေါတမ အဖြစ်တော်ပေါင်းလုပ်၍၊ မိမိတို့ညာဏ် ဖြင့်များစွာသော ကျမ်းတို့ကိုစီရင်ပြီးမှ၊ သက္ကသ ဘာသာဖြင့် ပေထက်အက္ခရာ တင်ထားလေ၏။ ၎င်းမှတဖန် ၀ဋ္ဋဂါမဏီမင်းလက်ထက်၊ အနုရာဒမြို့ တောင်မလာ ဇနပုဒ်၊ အာသောကလှိုင်၌ သွင်းထားလေ၏၊ ဤကား သီဟိုဠ်ကျွန်း၌ ရှေးဦးစွာ ပေထက်အက္ခရာ တင်ထားခြင်းဖြစ်သတည်း။ ၎င်းအချိန်တွင်ပိဋကတ် ၃ ပုံဟူ၍ အမည်နာမ မရှိသေးချေ၊ ဓမ္မခန္ဓာဟူ၍သာ အမည်တွင်လျှက်ရှိသည်၊ ၎င်းဓမ္မခန္ဓာဆိုသော စကား၏အဓိပ္ပါယ်မှာ၊ ဓမ္မ=တရား၊ ခန္ဓာ=အစု၊ တရားအစုဟူ၍ဆိုသည်။၎င်းပေထက်အက္ခရာ တင်ထားသောကျမ်းတို့ကို၊ မည်သည့်ကျမ်းတို့ကို မည်သည့်ဆရာရေးသည်ဟူ၍ မြန်မာလို ပဌမရေးထားသော မဟာဝင်ကျမ်း၊ စူဠ၀င်ကျမ်းတို့ ၌ မဘော်ပြသောကြောင့် မသိရချေ။ ။
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment