RSS

ရှင်တော်ဂေါတမအတ္ထုပ္ပတ္တိကိုအကျဉ်းပြခြင်းအကြောင်း

ရှင်တော်ဂေါတမ သည်အသက် ၂၉ နှစ် ရှိသောအခါ၊ ယသော်ဒယာမင်းသ္မီးနှင့်၊ သားရာဟုလာကို စွန့်ပစ်၍၊ ဗြဟ္မဏတို့၏ ကျင့်စဉ်အတိုင်း တောထွက်၍၊ ဆရားကိုကျင့်လေ၏ အသက်၃၅ နှစ် ပြည့်သောအခါတွင် ဗြဟ္မဏတို့  ဘာသာတရားလမ်းကိုစွန့်၍၊ အသစ်သော တရားလမ်းကို မိမိဥာဏ်အားဖြင့် လူအပေါင်းတို့ကို ဟောလေ၏။ ထိုအခါ အများသောသူတို့သည်၊ သူ၏ဘက်သို့ ပါသွားလေတော့သည်၊ ထို့ကြောင့် သောဠသ ပြည်အနှံ့ အပြားဖြစ်၍၊ သူ၏ သာသနာသည် တည်ထွန်းလေ၏။၎င်းအချိုန်တွင်၊ သာဝတ္ထိပြည်၊ ပသေနဒီ ကောသလမင်းကြီးသား ၀ိဋဒူပနှင့်၊ ကပ္ပိလ၀တ်ပြည် ရှင်တော်ဂေါတမအမျိုး၊ မဟာနာမ်မင်းတို့သည် စစ်ဖြစ်ကြသောအခါ၊ စစ်ရှံး၍ သာကီဝင် အမျိုးအပေါင်းတို့ ကို၊ ၀ိဋဒူပသည်၊ ရက်စက်စွာ နှိုပ်စက် ညှင်းဆဲ သောကြောင့်၊ ပါတဠိပုတ် ပြည်မှစ၍၊ သီဟိုဠ်ကျွန်းးတိုင်
အောင်၊ တိမ်းရှောင် ထွက်ပြေးကြရလေသည်။ရှင်ဂေါတမသည်လည်း၊ အသက် ၈၀ ပြည့်သောအခါ၊ ကုသိန္ဒာရုံပြည် မလ္လာမင်းတို့ ၏ အင်ကြင်းတော၌ ကွယ်လွန်လေသည်၊ ၎င်းအချိန်၌၊ ရှင်တော်ဂေါတမ ဟောသောတရားတို့ကို၊ စာအက္ခရာ ဖြင့်ရေးသားထားသော ကျမ်းစာမရှိသေးချေ။ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

esther said...

ဒီအထဲမှာ တချို့ဟာတွေ့ လိုနေသေးတယ် Admin ဒီအကြောင်းကို buddha wiki ကနေ ပြန်လည်ဖော်ပြတားပါ. ရှင်ဂေါတာမကို မွေးပြီးတဲ့နောက် တပတ်ပြည့်ပြီးတဲ့နောက် ၇ှင်ဂေါတာမ မိခင် ကွယ်လွန်သွားတယ်. သူဟာ သူ၏ အဒေါ်၏ လက်အောက်မှာ သားသဖွယ် နေထိုင်ခဲ့ရတယ်. သူအသက် ၁၆ နှစ်ပြည့်လို့ အစောပိုင်းမှာဘဲ သူ၏ဖခင်ကှရှင်ဂေါတာမကို ရှင်ဂေါတာမရဲ့ ညီမတ၀မ်းကွဲနဲ့ ပေးစားခဲ့တယ်. ဆိုတဲ့အကြောင်းကို buddha wiki တို့၌ ဖော်ပြထားပါတယ်လို့ ပြောချင်ပါတယ်. သူဟာ သူညီမတ၀မ်းကွဲနဲ့ ၁၃ နှစ်လောက်ပေါင်းပြီးမှာ တောထွက်ခဲ့တာပါ. နောက်သူမှာ နောက်ထက် မယားများရှိကြောင်းကို လဲ သိရပါတယ်. မယားများ၇ှိသေးဆိုတဲ့ အကြောင်းကတော့ buddha wiki မှာ မဖော်ပြထားဘူး။ မယား၅ယောက်ရှိတဲဆိုတဲ့ အကြောင်းကို ဗုဒ္ဓ၀င်ကျမ်းများ၌ ဖော်ပြထားတယ်လို့ ဘုန်းကြီးကျောင်းသား တယောက်အားဖြင့် သိခဲ့ရပါတယ်.